Sunday, February 22, 2015

ကိုးကန်.သောင်းကျန်းသူ များနှင်. တိုက်ပွဲအကြောင်း တပ်မတော် သတင်းစာရှင်းလင်းပွဲ





ကိုးကန့်သောင်းကျန်းသူအဖွဲ့ သမိုင်းကြောင်းနှင့် လောက်ကိုင်ဒေသသို့ ကိုးကန့် သောင်းကျန်း သူများ ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ် ရှင်းလင်းပွဲအား ၂၀၁၅ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ နာရီတွင် နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ရှင်းလင်း ခဲ့ပြီး ပြည်တွင်း သတင်းဌာန ၂၇ ခုနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာန ခုတို့ တက်ရောက်ခဲ့ကြ သည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ သမိုင်းကြောင်းနှင့် ပတ်သက်ပြီးပြောကြားရာတွင် ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရ တက်လာပြီးနောက် စော်ဘွား များအာဏာစွန့်လွှတ်ရေးဆောင်ရွက်ခဲ့ရာ ကျေနပ်မှုမရှိ၍ ကိုးကန့်စော်ဘွား၏သား ဂျင်မီယန်း သည် ကိုးကန့်ကာကွယ်ရေးတပ်အချို့ကို ဦးဆောင်၍ ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ခွာသွား ခဲ့ပြီး ကျန်ရှိသော ကိုးကန့်ကာကွယ်ရေးတပ်များကို ဖုန်ကြားရှင် က ဦးစီးလှုပ်ရှားခဲ့ကြောင်း၊ ယင်းအဖွဲ့သည် ကူမင်တန်(တရုတ်ဖြူ) ဗကပတို့နှင့် ဆက်သွယ်မှုများပြုလုပ်၍ အထောက် အပံ့များ ရယူခဲ့ခြင်းကြောင့် တပ်မတော်စစ်ကြောင်း များက ၁၉၆၃ ခုနှစ်တွင် စတင်တိုက်ခိုက် ခဲ့ရာ ဖုန်ကြားရှင်က တစ်ဖက်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ ၁၉၆၇ ခုနှစ်တွင် ဗကပ၏ စည်းရုံးသိမ်းသွင်းမှုကြောင့် ဖုန်ကြားရှင် သည် ဗကပ ဘက်သို့ကူးပြောင်းခဲ့ကြောင်း၊ ၁၉၈၉ ခုနှစ်၊ မတ်လတွင် မုံးကိုးရှိ မြောက်ပိုင်းဗျူရိုကို ကိုးကန့် အုပ်စုမှ သိမ်းပိုက်ခဲ့ပြီး ဗကပ လက်အောက်မှခွဲထွက်ခဲ့ကြောင်း၊ ဗကပမှခွဲထွက်ခဲ့သည့် ကိုးကန့် တိုင်းရင်း သား ခေါင်းဆောင်များသည်" မြန်မာနိုင်ငံအမျိုးသားပေါင်းစုံ ဒီမိုကရေစီ တပ်မတော်" အနေဖြင့် ၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် တပ်ဖွဲ့ဝင်အင်အား ၂၇၀၆ ဦး၊ လက်နက်မျိုးစုံ ၁၃၄၅ လက်ဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြောင်း
တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးရရှိပြီး ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ () အဖွဲ့ပေါ်ပေါက်လာချိန်တွင် ဖုန်ကြားရှင်ဦးစီးသည့် "ဖုန်" အုပ်စုသည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ယူပြီး ရန်မိုးလျန်ဦးစီးသည့် "ရန်" အုပ်စုသည် စစ်ရေးလုံခြုံရေးအပိုင်း တာဝန်ယူခဲ့ကြောင်း၊ အုပ်စုလိုက် တန်ခိုးကြီးထွားစေရေး မူးယစ်ဆေးဝါးကို အပြိုင်အဆိုင်ထုတ်လုပ်ခဲ့ရာမှ အချင်းချင်း အာဏာလုကြပြီး "ဖုန်" "ရန်" ပြဿနာများ စွာပေါ်ပေါက်ခဲ့ကြောင်း၊ ယင်းပြဿနာများကိုလည်း တပ်မတော်မှ ပင် ရင်ကြားစေ့ဖြေရှင်းပေး ခဲ့ကြောင်း။


 
ထို့အပြင်ကိုးကန့်ဒေသအတွင်း ခယက၊ မယက များဖွဲ့စည်း ထားသော်လည်း တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ခြင်း မရှိစေရန် ဖုန်ကြားရှင်မှ လိမ္မာပါးနပ် စွာဖြင့် ချုပ်ကိုင်လာခဲ့ကြောင်း၊ တစ်ဖက်မှလည်း မူးယစ်ဆေးဝါးကိစ္စ၊ လောင်းကစားမှုများနှင့် အခြားသောမှောင်ခိုစီးပွားရေးလုပ်ငန်းများ ဖြင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာတွင် လက်ဝါးကြီး အုပ်နိုင်ရန် စီစဉ်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်၌ ဖုန်ကြားရှင်အဖွဲ့၏ ကိုးကန့်ဒေသ၊ ရန်လုံကျိုင်း ရွာတွင် လက်နက်စက်ရုံဖြင့် လက်နက်၊ ခဲယမ်းများထုတ်လုပ်လျက်ရှိသည်ဟု အတည်ပြု သတင်း များရရှိခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ တွင် သတင်းအရ လောက်ကိုင်မြို့၊ တုံချန်မြို့သစ်ရုံးရှေ့ တိုက်ခန်းအမှတ်၊ ၁၅ သို့ ဝင်ရောက်ရှာဖွေရာ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် ဖုန်ကြားရှင်အပါ ဦးအား ဥပဒေနှင့်အညီ စစ်ဆေး အရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးရန် အကြောင်းကြားစာအား အထူး ဒေသ()ဗဟိုကော်မတီဝင်များထံ ပေးအပ်ခဲ့ပါကြောင်း၊ ဩဂုတ်လ ၂၅ ရက်တွင် ဖုန်ကြားရှင်မှာ တောင်ညီနောင်ဘက်မှတစ်ဆင့် ဘီပီ (၁၂၅/၁၂၆) ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့၍ ဖုန်ကြားရှင်၊ ဖုန်ကြာဖူး ၊ဖုန်တာရွှင် တို့အား လက်နက်/မူးယစ်/သွင်းထုတ်/ ပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် ဥပဒေကြောင်းအရ အမှုဖွင့် လှစ်ခဲ့ကာ တရားခံ ပြေးများအဖြစ် ကြေညာခဲ့ကြောင်း
ဖုန်ကြားရှင် ထွက်ပြေးတိမ်းရှောင်ပြီးနောက် ကိုးကန့်နယ်မြေ၏ အေးချမ်းတည် ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းရန်လိုအပ်ခြင်း၊ နိုင်ငံတော်၏ဦးဆောင်မှုအောက်တွင် နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်ရန်လိုအပ်ခြင်း၊ အထူးဒေသ() တွင် ခေါင်းဆောင်မှု ကင်းမဲ့သွားခြင်းတို့ကြောင့် ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီကို ၂၀၀၉ ခုနှစ်၊ ဩဂုတ် ၂၅ ရက်တွင် ဦးပယ်စောက်ချိန်အား ဥက္ကဌအဖြစ် ဖွဲ့စည်းပေး အပ်ခဲ့ ကြောင်း၊ ထိုအခြေအနေကို ကျေနပ်မှုမရှိ၍ ရန်လုံကျိုင်းနယ်စပ် စစ်ဆေးရေးဂိတ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ၅၂ ဦးအား ဖုန်တာရွှင်တပ်များမှ ပိတ်ဆို့ထားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များအား ပြန်လည်စေလွှတ်ပေးရန် ဆက်သွယ်ပြောဆိုသော်လည်း စေလွှတ်ပေးခြင်း မရှိသဖြင့် သွားရောက်ကယ်ထုတ်ခဲ့ရာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးအား ရဲစခန်းအချုပ်ခန်းအတွင်း၌ လူမဆန်စွာ သတ်ဖြတ်ခဲ့ပါကြောင်း၊ ထို့အပြင် တပ်မတော် လှုပ်ရှားစစ်ကြောင်းများနှင့်စခန်းများကို လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စတင် ပစ်ခတ် တိုက်ခိုက်ခဲ့၍ ဩဂုတ်လ ရက်မှ စက်တင်ဘာ ရက်အထိ ပြည်သာယာ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ကာရဲတပ်ဖွဲ့ဝင် ၂၄ ဦးအား ကယ်တင်နိုင်ခဲ့ပါကြောင်း၊ တိုက်ပွဲတွင် လက်နက်ကြီး ၂၂ လက်၊ လက်နက်ငယ် ၂၀၀၈ လက်၊ခဲယမ်းမျိုးစုံ ၁၉၈၆၃၀၁ တောင့်၊ မိုင်းမျိုးစုံ ၂၄၀၆ လုံး၊ ဒုံးသီးမျိုးစုံ ၁၀၁၆ လုံး၊ ယာဉ် ၃၅ စီး၊ ဆေးပြားရိုက်စက် လုံး၊ မူးယစ်ဆေးဝါး ဆေးပြားမျိုးစုံ ၁၄၆၈၁၅၂ ပြား၊ အက်ဖီဒရင်း ၇၉၆၅၂၀၀ ပြားတို့နှင့် ဘိန်းဖြူ၊ ဘိန်းမဲ၊ ဓာတုဆက်စပ်ပစ္စည်း စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂၀ ကျော်ခန့် သိမ်းဆည်းရမိခဲ့ကြောင်း။

လောက်ကိုင်ဒေသတွင်း တပ်မတော်သားများ ( Photo from Irrawaddy )
 အထက်ပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လောက်ကိုင်မြို့နယ်၊ စီအော ကျေးရွာတွင် အမှတ်(၁၀၀၆)နယ်ခြားစောင့်တပ်အဖြစ် ဒီဇင်ဘာ ရက်တွင် ဖွင့်လှစ် ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်တွင် ဦးစိုင်းလင်းမှ ဖုန်ကြားရှင်အား ဖမ်းဝရမ်းရုတ်သိမ်း၍ တိုင်းရင်းသားလူမျိုးပေါင်းစုံထံ ပြန်လည်ဝင်ရောက်နိုင်ရန်အတွက် နိုင်ငံတော်မှလက်ခံ ပေးပါ ရန် နိုင်ငံတော်သမ္မတထံသို့ အသနားခံစာတင်ပြလာခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတမှ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကို ရှေးရှု၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း၊ သို့သော်လည်း ဖုန်ကြားရှင်အဖွဲ့သည် မူးယစ်ဆေးဝါးနှင့် အခြားနည်းလမ်း များမှ ရရှိသော ငွေကြေး ပိုင်ဆိုင်မှုများကို တရုတ်နိုင်ငံနှင့် မိုင်းလားတို့တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် ထားပါကြောင်း

၂၀၁၄ ခုနှစ်၊ အေပြီလ ၂၅ ရက်တွင် တမူးမြို့ မိုင်စစ်ဆေးရေးဂိတ်၌ ပူးပေါင်း အဖွဲ့မှ တရုတ်နိုင်ငံသား ဦးအား လက်နက်မျိုးစုံ လက်၊ လက်ပစ်ဗုံး ၃၁ လုံး၊ လက်နက်၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ကြောချက်များ အရ ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ ငွေကြေးဖြင့် မက်လုံးပေး၍ ကိုးကန့်သောင်းကျန်းသူ အဖွဲ့အတွင်းဝင်ရောက် ထာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့ ဦး သည် မိုင်းလားမြို့ သွေးစည်းညီညွတ်ရေးတပ်ဌာနချုပ်ရှိ စစ်သားစုဆောင်းရေး စခန်း သို့ ရောက်ရှိခဲ့ကြောင်း၊ မိုင်းလားတွင် လူသစ်စုဆောင်းသိမ်းသွင်းခံရသူများ၌ တရုတ်လူမျိုး၊ "" လူမျိုး၊ ကိုးကန့်လူမျိုးများဖြစ်ကြကြောင်း၊ ၎င်းတို့ ဦးသည် သံလွင်မြစ်အနောက်ခြမ်း မုန်းယော်၊မုံးကျက်ဒေသအတွင်း နယ်မြေလှုပ်ရှားဆောင်ရွက်စဉ် မျှော်မှန်းထားသကဲ့သို့ လစာ၊ ရိက္ခာမရရှိခြင်း၊ နှိမ့်ချဆက်ဆံမှုများရှိခြင်းတို့ကြောင့် ထွက်ခွင့်တောင်းရာတွင် ခွင့်မပြုခြင်းကြောင့် ဒုတပ်ခွဲမှူးဖြစ်သူ ဝုန်ကျားဖူကို လုပ်ကြံသတ်ဖြတ်၍ ထွက်ပြေးလာ ခဲ့ ခြင်းဖြစ်ကြောင်း။

ကိုးကန့်သောင်းကျန်းသူအဖွဲ့သည် ၎င်းတို့နယ်မြေကို ပြန်လည်ရယူနိုင်ရေး အတွက် စစ်ရေး၊ နိုင်ငံရေးနည်းလမ်းများဖြင့် လူ/လက်နက်အင်အားတောင့် တင်းအောင် ဆောင် ရွက်ခဲ့ကြောင်း၊ တစ်ဖွဲ့တည်းအင်အားဖြင့် မဖြစ်နိုင်၍ အခြားသောအဖွဲ့အစည်း များဖြစ်သည့် UWSA NDAA KIA နှင့် TNLA အဖွဲ့တို့၏အကူအညီဖြင့် တပ်ပေါင်းစု ဖွဲ့စည်းကာ အင်အားတည်ဆောက်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် လောင်းကစားရုံ လုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများ၊ အခြားကောက်ခံရရှိသောငွေများ၊ အခြားအဖွဲ့များ အားပေး ကူညီမှုများဖြင့် ရပ်တည်လျက်ရှိပါကြောင်း၊ လက်နက်များအနေဖြင့် အေကေ-၄၇ ၊အမ်-၁၆၊ ပုံစံ-၅၆- ချေမှုန်းရေးရိုင်ဖယ်၊ UWSA ()အဖွဲ့မှ ထုတ်လုပ် သည်ဟုသိရသော ပုံစံ-၈၁- ချေမှုန်းရေးရိုင်ဖယ် အစရှိသောလက်နက်ငယ်များ ကိုယ်စီ တပ်ဆင်ပေးထားပြီး လက်ပစ်ဗုံး၊ မိုင်း၊ လောင်ချာ၊ စိန်ပြောင်း၊ စက်ကြီးများတပ်ဆင် ထားရှိပါကြောင်း။

သိမ်းဆည်းရမိ လက်နက်များ ( Photo from Facebook )
 တိုင်းရင်း သားသွေးစည်းညီညွတ်ရေးတပ်တွင် KIA မှ အင်အား ၃၀၀ ခန့်ရှိသော တပ်ရင်း ရင်း၊ UWSA ()တပ်ဖွဲ့မှ တပ်ရင်း ရင်းပါဝင်သော တပ်မဟာ ခုနှင့် ကိုးကန့် သောင်းကျန်းသူအင်အား ၁၀၀၀ ခန့်ရှိကြောင်း၊ တပ်ပေါင်းစုတပ်မတော် ရည်ရွယ်ချက်မှာ ကိုးကန့်ဒေသတစ်ခုလုံးအား တိုက်ခိုက်သိမ်းယူသွားရန်နှင့် ၎င်းမှ တစ်ဆင့် မြန်မာ- တရုတ်နယ်စပ် မုံးကိုး၊ဖောင်းဆိုင်မှ မြစ်ကြီးနားဘက်သို့ ချီတက်တိုက်ခိုက် သိမ်းပိုက်သွား ရန် ဖြစ်ကြောင်းဖြင့် ဖေါ်ထုတ်သိရှိခဲ့ရပါကြောင်း
၂၀၁၄ ခုနှစ်၊ အေပြီ၊ မေလများတွင် ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ အလင်းဝင် ဦးနှင့် ဖမ်းဆီးရမိသူ ဦးတို့ကို စစ်ကြောချက်များအရ ယင်းအချက်များကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ကိုးကန့်သောင်းကျန်းသူအဖွဲ့သည် မုံးစီး၊ နမ့်ကျွမ်း၊ ဝေါခြုံ၊ မုံးကိုးနှင့် မုံးယား ဒေသ များတွင် ငွေကြေးဖြင့်လည်းကောင်း၊ အကြောက်တရားဖြင့် လည်းကောင်း၊ စည်းရုံး သိမ်းသွင်း၍ လွှမ်းမိုးချုပ်ကိုင်ကာ လူ၊ လက်နက်၊ အင်အားစုဖွဲ့ပြီး အခြေခံနယ်မြေ တည်ဆောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ ဖုန်ကြားရှင်ဦးစီး အင်အား ၁၀၀၀ ခန့်သည် မိုင်းလားတွင် အင်အား စုစည်းလေ့ကျင့်မှုများပြု လုပ်ခဲ့ကြောင်း၊ ဒေသရှိ တိန်းတန်၊ နားဝီး အခြေပြုစခန်းများတည်ဆောက်ကာ ယာယီအခြေပြု၍ တိန်းတန်ကူးတို့မှတစ်ဆင့် မုံးယော်၊မုံးကျက်သို့ဝင်ရောက်ခဲ့ပြီး KIA အင်အား ၁၀၀ ခန့် SSA (ဝမ်ဟိုင်း)၁၀၀ ခန့်နှင့် TNLA အင်အား ၁၀၀ ခန့်တို့ဖြင့် ပူးပေါင်း၍ မုံးစီး၊ နမ့်ကျွမ်း၊ ဝေါခြုံ၊ မုံးကိုးနှင့် မုံးယားဒေသများသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်၊ အေပြီ ၂၁ ရက်တွင် ဖုန်တာရွှင် ခေါင်းဆောင်သော အင်အား ၃၀၀ ဦးခန့်မှာ မန်ကန်ရွာသို့ လည်းကောင်း၊ KIA အဖွဲ့မှ တောက်ဟုန်ခေါင်းဆောင်သော အင်အား ၈၀ ခန့်နှင့် TNLA အဖွဲ့မှ ၁၂၀ ခန့်သည် မန်ဂျယ်ကျေးရွာသို့လည်းကောင်း၊ ဖုန်ဝမ် အမ်းခေါင်းဆောင်သော အင်အား ၁၀၀ ခန့်နှင့် SSA (ဝမ်ဟိုင်း)အဖွဲ့မှ စိုင်းလောဝ်ခေါင်းဆောင်သော အင်အား ၁၀၀ ခန့်သည် မုံးပေါ်လေးတံတားမှ တာပါးတံတားသို့ လည်းကောင်း ချီတက်ခဲ့၍ လောက်ကိုင်၊ မုံးကိုး ဒေသအား တိုက်ခိုက်ရန် လမ်းကြောင်း ကြောင်းဖြင့် ဝင်ရောက်ခဲ့ကြောင်း၊ တပ်မတော်မှ ကြိုတင်သတင်းရရှိ၍ နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ လောက်ကိုင်အား သိမ်းပိုက်မည့် ၎င်းတို့၏ ရည်ရွယ်ချက် အောင်မြင်မှုမရရှိဘဲ တာမုံဝါးသို့ ဆုတ်ခွာစောင့်ဆိုင်းခဲ့ကြောင်း၊ ကျန်အဖွဲ့များ လောက်ကိုင်ဒေသ ကျေးရွာများတွင် စိမ့်ဝင်၍ အရပ်သားအသွင် တပ်ဖျောက်သွား ခဲ့ကြောင်း။

၂၀၁၄ ခုနှစ်၊အောက်တိုဘာတွင် အင်အား ၃၂၀ ခန့်သည် လွင်ကန်ဒေသ တစ်ဝိုက် ပြန်လည်ရောက်ရှိ ဖြန့်ခွဲခိုအောင်းခဲ့ကြောင်း၊ နိုဝင်ဘာ တတိယပတ်တွင် သိန်းနီ မြို့နယ်၊ မန်လင်ကျေးရွာအုပ်စုမြောက်ဘက်ရှိ တောင်ကုန်းများသို့ ဝင်ရောက်လှုပ်ရှား ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းများ သတင်းအရ ဝင်ရောက်ရှင်းလင်းခဲ့၍ နန့်ကျွမ်း၊ ဝေါခြုံနှင့် မုံးပေါ်လေးနယ်မြေတစ်ဝိုက် တိမ်းရှောင်တပ်ဖျောက်သွားခဲ့ကြောင်း၊ ၎င်းအဖွဲ့ တွင် KIA TNLA SSA (ဝမ်ဟိုင်း)အဖွဲ့များလည်း ပါဝင်သည်ဟု ဖော်ထုတ်နိုင် ခဲ့ပါ ကြောင်း၊ ၎င်းအဖွဲ့များသည် လောက်ကိုင်ဒေသအတွင်း ဆက်သွယ်ရေးလမ်းကြောင်း များသို့ ဝင်ရောက်၍ တပ်မတော်စစ်ကြောင်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ အရပ်သား များအားဖမ်းဆီးခြင်းတို့ လုပ်ဆောင်ခဲ့၍ နယ်မြေရှင်းလင်းရာ တိုက်ပွဲကြီး/ငယ် ၂၀ ကြိမ် ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူအလောင်း လောင်း၊ ဖမ်းမိ ဦး၊ အလင်းဝင် ၁၇ ဦး သိမ်းဆည်း ရမိကာ တပ်မတော်မှ စစ်သည် ၁၂ ဦးအသက်ပေးလှူခဲ့ပြီး အရာရှိ ဦး၊ စစ်သည် ၃၃ ဦး ဒဏ်ရာရရှိခဲ့ပါကြောင်း၊ ကိုးကန့်သောင်းကျန်းသူအဖွဲ့ တပ်လှုပ်ရှားမှု နှင့်တစ်ချိန်တည်းတွင် ဒီဇင်ဘာလ ၁၅ ရက်၌ တရုတ်နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ် ဘီပီ-၁၂၇ ၏အရှေ့ဘက် မိုင်အကွာ တရုတ်နိုင်ငံ၊ မိန်းတိန်၊ နမ့်ဆန် ကားလမ်းပေါ်တွင် ယာဉ်ကြီး စီးပေါ်မှ မောင်းပြန်ရိုင်ဖယ်သေနတ် ၆၁၁ လက်၊ ကျည် ၁၂၆၀၀၀ တောင့်နှင့် ၄၀ မမရော့ကတ်လောင်ချာ ၃၀၀ ခန့်၊ ၄၀ မမ ဒုံးကျည် ၁၀၀၀ ကျော်တို့အား သံသယရှိသူ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တရုတ်စစ်သံရုံး (ရန်ကုန်) သို့မေးမြန်းရာ တရုတ်စစ်သံရုံးမှ စုံစမ်း စစ်ဆေးမှုများပြုလုပ်ဆဲဖြစ်ကြောင်း၊ ဖမ်းဆီးရမိသည့် ဦးအား စစ်ဆေးမှုများပြုလုပ်ဆဲ ဖြစ်ကြောင်း၊ လက်နက်၊ခဲယမ်းမှောင်ခိုခြင်းသည် တရုတ်ပြည်တွင်းတွင် အရေးကြီးသော ကိစ္စဖြစ်ပြီး တရုတ်နိုင်ငံဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး မည်ဖြစ်ကြောင်း၊ နယ်စပ်အေးချမ်း တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံဘက်မှ အဓိကထားပြီး အထူးစုံစမ်းရေးအဖွဲ့အား ဖွဲ့စည်းစုံစမ်းမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မည်သည့် လက်နက်မှောင်ခိုနှင့် မှုခင်းများကိုမဆို မြန်မာနိုင်ငံနှင့်ပူးပေါင်းနှိမ်နှင်း၍ Sino-Myanmar နယ်စပ်အေးချမ်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ပြန်လည်ပြောကြားခဲ့ ပါကြောင်း။



 
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့ Want China Times အွန်လိုင်းစာမျက်နှာ တွင် ဖော်ပြပါ ရှိသော သတင်းဆောင်းပါးတွင် ဖုန်ကြားရှင်သည် Global Time သတင်း ဌာနနှင့် တွေ့ ဆုံပြောကြားချက်၌ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကို ဦးဆောင်၍ မြန်မာ့ တပ်မတော်နှင့် ပြန်လည်ရင်ဆိုင်တိုက်ခိုက်ရန် လုပ်ဆောင်ထားရှိသည်ဟု ပြော ကြားခဲ့ကြောင်း။

လတ်တလောဖြစ်ပွားနေသည့် လောက်ကိုင်ဒေသအား သောင်းကျန်းသူများ ဝင်ရောက် တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပါတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ရက်တွင် ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ အင်အားစုအချို့သည် လက်နက်ငယ် ကိုယ်စီကိုင်ဆောင်၍ ကွမ်းလုံမြို့မြောက်ဘက်ရှိ တောင်ရွှေကျေးရွာ သို့ မော်တော်ယာဉ် များဖြင့်ရောက်ရှိလာပြီး ကျေးရွာပြည်သူ့စစ်များ ထံမှ လက်နက်ငယ် လက်သိမ်းယူ သွားခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းက လိုက်လံ ရှင်းလင်းရာတွင် ယာယီခံစစ်ယူထား သည့် ကိုးကန့်သောင်းကျန်းသူအင်အားစုများနှင့် စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ကုန်းကြမ်းနှင့်ညံခွမ်းလမ်း ၁၈ မိုင်တစ်ဝိုက်၌ တပ်မတော်စစ်ကြောင်းနှင့် ကိုးကန့်သောင်းကျန်းသူအင်အားစုများ နှစ်ကြိမ်တိုင် ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နယ်နိမိတ်မှတ်တိုင်အမှတ်၊ ဘီပီ-၁၆၁ ()အနီးရှိ မော်ထိုက်မြို့တစ်ဝိုက် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော် စခန်းကိုလည်း နှစ်ကြိမ်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါကြောင်း။

ဖေဖော်ဝါရီ ၁၀ ရက်တွင် ညံခွမ်းနှင့် ၁၈ မိုင်ကြားတစ်ဝိုက်၌ ကိုးကန့်အင်အား စုအချို့နှင့် ထပ်မံတွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ရာ ၎င်းနေရာသို့ တပ်မတော်စစ်ကြောင်းက လောက်ကိုင်မြို့မှ စစ်ကူသွားရောက်စဉ် ၁၈ မိုင်နှင့် တာရွှေထန်ကြား သောင်းကျန်းသူ အင်အား ၂၀၀ ခန့်က အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း၊ ဖြစ်စဉ်တွင် မိမိစစ်ကြောင်းအနေဖြင့် အဆိုပါနေရာသို့မရောက်မီ မိုင်ခန့် အကွာရှိ အလုပ်သမား တဲတန်းလျားတွင် ရန်သူ့သတင်းထောက်လှမ်းရာ နယ်မြေရှင်းလင်း ကြောင်းသိရ၍ စစ်နည်းဗျူဟာအရ လျင်မြန်မှုကိုဦးစားပေးသည့်အသွင်ဖြင့် ဆက်လက် ချီတက်ခဲ့ကြောင်း၊ တိုက်ပွဲနေရာအနီး တောင်ကုန်းအတက်ကားလမ်းပေါ်တွင် ကျောက်တုံးများချထားသဖြင့် ပုံမှန်အနေအထားမဟုတ်ကြောင်း စစ်ကြောင်းမှူးမှ သုံးသပ်၍ ယာဉ်များအား ချက်ချင်း ရပ်တန့်စေကာ တောင်ကုန်းအားရှင်းလင်းစဉ် ကိုက် ၅၀ ခန့်အကွာမှ ကြိုတင်နေရာ ယူထား သည့် ရန်သူအင်အား ၂၀၀ ခန့်သည် ပုံသေပစ် ကြောင်းယူ၍ တရုတ်စက်လတ်များ အပါ အဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

From Facebook
 တပ်မတော်ဘက်မှ တိုက်ခိုက်ရေးလေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ အပါအဝင် ပစ်ကူများအသုံးပြု၍ ကျားကုတ်ကျားခဲ တိုက်ခိုက်ခဲ့သဖြင့် သောင်းကျန်းသူများ ထိခိုက် ကျဆုံးမှုများစွာဖြင့် မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင် ဘီပီ-၁၁၇ သို့ ဆုတ်ခွာသွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ဦး၊ စစ်သည် ၂၉ ဦး ကျဆုံးခဲ့၍ အရာရှိ ဦး၊ စစ်သည် ၃၉ ဦးဒဏ်ရာရရှိခဲ့ပါကြောင်း။

အဆိုပါဒေသသည် တောထူထပ်ပြီး တောင်များမြင့်မား မတ်စောက်သော ဒေ သဖြစ်ပြီး တောင်ပေါ်တောတွင်းတိုက်ပွဲများသည် မြေအခြေအနေကို အကျိုးရှိစွာ အသုံးချနိုင်ပါက တိုက်ကွက်ဖော်သူအဖို့ အကျိုးအမြတ်များရရှိနိုင်သောကြောင့် လုံခြုံမှု ထက်လျင်မြန်မှုကို ဦးစားပေးရသောအခြေအနေတွင် စွန့်စားမှုများဖြင့် ရန်သူ၏ အခြေအနေ ဖန်တီးနိုင်ခွင့်ကို ရိုက်ချိုးဖျက်ဆီးရန် လိုအပ်ပါကြောင်း၊ ၎င်းအခြေ အနေမျိုးတွင် မိမိဘက်မှ ထိခိုက်ဆုံးရှုံးမှုများလည်း ရှိနိုင်မည်ကို စစ်ခေါင်းဆောင်များ အနေဖြင့် တွက်ဆ ထားပြီးဖြစ်ပါကြောင်း။

ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းနှင့် ၁၁ ရက် နံနက်ပိုင်းတို့တွင် ကိုးကန့် သောင်း ကျန်းသူအဖွဲ့မှ အင်အားစုအချို့သည် လောက်ကိုင်တပ်နယ်သို့လည်းကောင်း၊ အင်အားစု အချို့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးသို့လည်းကောင်း၊ အင်အားစု အချို့သည် ဆီအော့အကျဉ်းဦးစီးဌာနသို့လည်းကောင်း၊ အင်အားစုအချို့သည် ရန်လုံ ကျိုင်းရဲစခန်း သို့လည်းကောင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်စစ်ကြောင်း များနှင့် ပြင်းထန် စွာတိုက်ပွဲဖြစ်ပွားခဲ့ပါကြောင်း။

ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းနှင့် ၁၂ ရက် နံနက်ပိုင်းတို့တွင် လောက်ကိုင် တပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ ကုန်းကြမ်းရှိ တပ်ရင်းဌာနချုပ်နှင့် ရန်လုံကျိုင်း မဆုတ်တမ်းခံ စစ်စခန်း များအား ဝင်ရောက်တိုက်ခိုက်ခဲ့၍ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် တစ်ကြိမ်ပစ်ကူပေး တိုက်ခိုက်ခဲ့ရပါကြောင်း။

ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်းတွင် တရုတ်နိုင်ငံနယ်စပ်အနီး ရီရှင်း၊ မာအိုက်ချန် လမ်းကြောင်း အတိုင်း ကိုးကန့်သောင်းကျန်းသူများအား တင်ဆောင်လာသော မော်တော်ယာဉ် အစီး ၅၀ ခန့်သည် မီးရောင်တန်းများဖြင့် ဝင်ရောက်လာခဲ့သဖြင့် လောက်ကိုင်ရှိ မိမိတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ကြိုတင်ချေမှုန်းခဲ့ရ ကြောင်း၊ အလားတူ ဝမ်ဟိုထမ်ဘက်မှ ဝင်ရောက်လာသော ကိုးကန့်သောင်းကျန်းသူများ စီးနင်းလာသည့် မော်တော်ယာဉ် အစီး ၅၀ ခန့်ကိုလည်း လက်နက်ကြီးများဖြင့် ကြိုတင် ပစ်ခတ်ချေမှုန်းရာ သောင်းကျန်းသူအဖွဲ့များသည် ရည်ရွယ်ချက်ပျက်ပြားပြီး ပြန်လည် ဆုတ်ခွာသွားခဲ့ရကြောင်း။

လောက်ကိုင်ဒေသဖြစ်စဉ်သည် အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့်ကိစ္စ ဖြစ်ပါကြောင်း၊ ဖုန်ကြားရှင်ခေါင်းဆောင်သည့် သောင်းကျန်းသူအဖွဲ့သည် လောက်ကိုင် ဒေသအား တိုက်ခိုက်သိမ်းပိုက်ပြီး ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရ အဖွဲ့အား ဖြုတ်ချ၍ အာဏာသိမ်းရန်ဖြစ်ရာ နိုင်ငံတော်အစိုးရ၏ အစိတ်အပိုင်း တစ်ခုအား တိုက်ခိုက်လာခြင်းဖြစ်သဖြင့် တပ်မတော်နေဖြင့် လုံးဝလက်မခံကြောင်း၊ လုံးဝ အလျော့ပေး မည်မဟုတ်ကြောင်း၊ မိမိတို့ရရှိထားသော အထောက်အထားများ အရ လောက်ကိုင်ဖြစ်စဉ်တွင် မိုင်းလားအဖွဲ့၊ ""အဖွဲ့၊ KIA အဖွဲ့၊ TNLA အဖွဲ့၊ SSA (ဝမ်ဟိုင်း) အဖွဲ့များမှ ပါဝင်မှုများရှိနေကြောင်းသိရှိရသဖြင့် ယင်းအတွက်ကိုလည်း သက်ဆိုင်ရာ အဖွဲ့များအနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်းကို သတိပေးထားပြီးဖြစ် ပါကြောင်း။


 
လက်ရှိလောက်ကိုင်မြို့တွင် အစိုးရအုပ်ချုပ်မှုယန္တရားရပ်ဆိုင်းသွားပြီး ဒေသ အာဏာပိုင် အဖွဲ့အစည်းမှ တာဝန်ရှိသူများမှာလည်း ၎င်းတို့၏ အသက် အန္တရာယ်ကြောင့် လောက် ကိုင်ဒေသမှ စွန့်ခွာသွားခဲ့သော်လည်း အစိုးရဌာနအဆောက်အဦအားလုံးအား တပ်မတော်မှ ထိန်းသိမ်းကာကွယ်ထားရှိနိုင်ခဲ့ပါကြောင်း၊ သောင်းကျန်းသူများအနေဖြင့် လောက်ကိုင်မြို့အတွင်း အရပ်သားများနှင့်ရောနှောကာ အရပ်သားအသွင် ပုန်းအောင်း နေထိုင်ပြီး တပ်မတော် စစ်ကြောင်းများကို အလစ်အငိုက်ချောင်းမြောင်းပစ်ခတ်မှုများ ပြုလုပ်နေသဖြင့် လက်ရှိကာလ တွင် ရှင်းလင်းဆောင်ရွက်နေဆဲဖြစ်ပါကြောင်း။

လတ်တလောအခြေအနေအရ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဖေဖော်ဝါရီ ၁၇ ရက်တွင် အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုက်ပွဲရှောင်စခန်းများသို့ ရောက်ရှိ နေကြသည့် အရပ် သားပြည်သူများအား လောက်ကိုင်ဒေသသို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရန် အကြောင်းကြား၍ လိုအပ်သော ကူညီစောင့်ရှောက်မှုများ ဆောင်ရွက် လျက်ရှိပြီး ဝန်ထမ်း များနှင့် မိသားစုများကိုလည်း တပ်မတော်မှ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက် ထားရှိပါကြောင်း။

ဖုန်ကြားရှင်အနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ၎င်းတို့မှာ တရုတ်လူမျိုး ဟန်မျိုးနွယ် များဖြစ်ကြောင်း၊ မြန်မာအစိုးရမှ တရုတ်မျိုးနွယ်စုများကို နှိပ်စက်နေခြင်း ဖြစ်၍ လူမျိုးရေးအရ ကူညီပေးကြပါရန် တရုတ်အင်တာနက်စာမျက်နှာများမှတစ်ဆင့် ဝါဒဖြန့်လျက်ရှိသလို တစ်ဘက်တွင်လည်း နိုင်ငံတော်သမ္မတကြီးထံ တိုင်းရင်းသားမျိုးနွယ် စု ၁၃၅ မျိုးထဲတွင် အပါအဝင်ဖြစ်သော ညီနောင်တိုင်းရင်းသားများအပေါ်တွင် သနား ငဲ့ညှာစွာ စဉ်းစားပေးစေ လိုကြောင်း၊ နည်းလမ်းပေါင်းစုံဖြင့် ဝါဒဖြန့်လျက်ရှိပါကြောင်း။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖုန်ကြားရှင်မှ နိုင်ငံတော်သမ္မတထံသို့ ကိုးကန့်တိုင်းရင်းသားများ သည်လည်း နိုင်ငံတော်၏ တာဝန်နှင့်ဝတ္တရားများကို နိုင်ငံတော် မိသားစုအဖွဲ့ဝင်အနေဖြင့် ထမ်းဆောင်ချင်ပါကြောင်း အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်ဟု သိရှိရပါကြောင်း၊ လောက် ကိုင်ဒေသ တိုက်ပွဲစဉ်များတွင် ဖေဖော်ဝါရီ ရက်မှ ယနေ့ အထိ မြန်မာ့တပ်မတော်မှ အရာရှိ ဦး၊ စစ်သည် ၄၈ ဦး နိုင်ငံတော်အတွက် အသက် ပေးလှူခဲ့ရပြီး အရာရှိ ၁၂ ဦး၊ စစ်သည် ၉၆ ဦး ဒဏ်ရာရရှိခဲ့ပါကြောင်း။

တပ်မတော်အနေဖြင့် ဒဏ်ရာရအရာရှိနှင့် စစ်သည်များအား သယ်သူပို့ဆောင် ရေး ရဟတ် ယာဉ်များဖြင့် လားရှိုးနှင့် ပြင်ဦးလွင်ရှိ တပ်မတော်ဆေးရုံများသို့ အချိန် နှင့်တစ်ပြေးညီ သယ်ယူပို့ဆောင်ပေးခဲ့ပြီး ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း၊ လောက်ကိုင်၊ ကုန်းကြမ်းနယ်မြေများရှိ ဌာနချုပ်အသီးသီးမှ ရဲမေနှင့်မိသားစု ဝင်များကို လည်း နောက်တန်း ဌာနချုပ်များတွင် အန္တရာယ်ကင်းရှင်းစွာ ကာကွယ်ပေး လျက်ရှိပါကြောင်း၊ ရန်သူ့ဆုံးရှုံးမှု အနေဖြင့် အခြားသတင်းများအရ တပ်မဟာမှူး အဆင့်ရှိသူ ဦး၊ အထူးတိုက်ခိုက်ရေး တပ်ရင်းမှူးအဆင့်ရှိသူ ဦး အပါအဝင် ၇၂ ဦးခန့် သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၁၅ လက်၊ ခဲယမ်းမျိုးစုံ၊ မိုင်းနှင့် မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိခဲ့ပါကြောင်း။


တိုက်ခိုက်ခံရသော ကြက်ခြေနီ ယာဉ်တန်း ( Photo from Irrawaddy )

ဖေဖော်ဝါရီ ၁၇ ရက်တွင် လောက်ကိုင်တွင်ပိတ်မိနေသော ရွှေ့ပြောင်း လုပ်သားများကို ကူညီပို့ဆောင်လာသောအဖွဲ့၏ ယာဉ်တန်းသည် လောက်ကိုင်မြို့မှ ကြက်ခြေနီ အလံလွှင့်တင်ပြီး ထွက်ခွာလာရာ ပါစင်ကျော်နှင့် ချင်းရွှေဟော်ကြားသို့ ရောက်ရှိစဉ် ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ ချုံခိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကြက်ခြေနီ တပ်ဖွဲ့ဝင် ဦးဇော်မင်းထိုက်သည် မျက်စိထိမှန်ဒဏ်ရာနှင့် ဦးမိုးကျော်သန်းမှာ ဝမ်းဗိုက်တွင် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာများအသီးသီးရရှိခဲ့ပါကြောင်း။၎င်းဖြစ်စဉ် နှင့် ပတ်သက်၍ တပ်မတော်စစ်ကြောင်းများက နယ်မြေအား ဆက်လက်ရှင်းလင်း ဆောင်ရွက် လျက်ရှိပါကြောင်း။

ကိုးကန့်သောင်းကျန်းသူအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၏ အချုပ်အခြာ အာဏာပိုင် ဆိုင်သော လောက်ကိုင်၊ ကုန်းကြမ်း၊ တာရွှေထန်ဒေသတို့အား အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အကူအညီများရယူ၍ အင်အားအလုံးအရင်း ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်အနေဖြင့် ဒေသခံပြည်သူလူထုနှင့် တပ်မတော်သားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရပ်တည်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လောက် ကိုင်ဒေသ အား မူလအခြေအနေကို ပြန်လည်ရောက်ရှိကာ ဒေသခံပြည်သူများ တည်ငြိမ်အေးချမ်း စွာနေထိုင်နိုင်ရေးအတွက် သောင်းကျန်းသူများ အခြေချလှုပ်ရှားမှု မရှိစေရေးနှင့် နယ်စပ်ဒေသတစ်လျှောက် စိမ့်ဝင်ထိုးဖောက်ခြင်း မပြု နိုင်ရေး အစွမ်းကုန်ကြိုးပမ်း ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိဒေသ အခြေအနေမှာ တစ်စတစ်စ တည်ငြိမ်တိုးတက်မှုရှိလာပြီဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော Tomorrow , Sankei Shimbun , Yangon Media Group , Ji Ji Press , Messenger , AFP , Trade Time သတင်းဌာနတို့မှ သိရှိလို သည်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မှတ်တမ်း ဓါတ်ပုံများနှင့် အထောက်အထားစာရွက်စာတမ်းများအား လှည့်လည်ကြည့်ရှုရာ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရ ရှိသည်


Copy from OE

ဆက်စပ်ဖတ်ရှုရန်များ





 

No comments:

Post a Comment