Monday, September 23, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၂၃ ) - ရဲမိုး




၁၉၈၈ ခုနှစ် နှောင်းပိုင်း…..မိုင်းယန်းတိုက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ ရတဲ့ ….ဗမာပြည်ကွန်မြူနစ်ပါတီဟာ……
အရှေ့ မြောက် စစ်ဒေသရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးဖို့  …….ဗိုလ်မှူးချုပ် အဆင့်ရှိတဲ့ ….
တပ်မတော်ထောက်လှမ်းရေး အရာရှိတစ်ဦးက ……..စီစဉ်ဆောင်ရွက်နေပြီမှန်း …..သူဘယ်လိုမှ ကြိုသိနိုင်စွမ်းမယ် မဟုတ်ပါဘူး…..။

ကိုးကန့် ၊ ၀ နဲ့ အခါ တိုင်းရင်းသားတွေပါဝင်တဲ့ …..ရှမ်းပြည်မြောက်ပိုင်းက ဗကပ တပ်မဟာတွေ ကြားကို
တပ်မတော်ရဲ့ ထိတ်ထိတ်ကြဲ လက်ရွေးစင်တပ်မ တွေတောင်….ဆက်လက် မထိုးဖောက်နိုင်ပဲ ……
ရင်ဆိုင်ထိန်းချုပ်ထားရတဲ့ အချိန်မှာ…..အသက်အရွယ်အတော်ထောက်နေပြီဖြစ်တဲ့ …..
အမျိုးသား နှစ်ဦး နဲ့ အမျိုးသမီးတစ်ဦးဟာ…..အနှစ် ၄၀ ကျော် သက်တမ်းရှိတဲ့ …လက်နက်ကိုင် ပါတီကြီးတစ်ခုကို…တစ်စစီ ဖြို ခွဲပြစ်ဖို့  ……ခရီးထွက်လို့ လာနေ ခဲ့ ပါပြီ……။

 
ဗိုလ်မှုးချုပ်ဟောင်းအောင်ကြိး ငယ်စဉ်က ( Photo from book of interviews with Myat Khaing)


တပ်မတော် ထောက်လှမ်းရေးဟာ ……ဗကပ အဖွဲ့ ကြီးအတွင်း …..အချင်းချင်း သဘောကွဲလွဲမှုတွေ .....
ဖြစ်နေတယ်ဆိုတဲ့  သတင်းတွေကို …..ထောက်လှမ်းရရှိနေတာ …….အတော်ကြာခဲ့ ပါပြီ…….
ဒီသတင်းတွေအရ……….လူမျိုးစု တပ်မဟာတွေခေါင်းဆောင်တွေနဲ့ …..ကြိုတင် ထိတွေ့ အဆက်အသွယ် ယူထားစေခဲ့ပြီး…..အချိန်ကျပြီလို့ ယူဆတဲ့ အချိန်မှာတော့လော်စစ်ဟန် ၊ အော လစ်ယန်း နဲ့  …….
ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့ ပါဝင်တဲ့ …..ဒီလျှို့ ဝှက် အဖွဲ့ လေးကို စေလွှတ်လိုက်တာလဲ ဖြစ်ပါတယ်……။

ဒီအဖွဲ့ လေးက သယ်ဆောင်လာတဲ့ ……ညှိနိုင်း ကမ်းလှမ်းချက်တွေအရ…….၁၉၈၉ မတ်လ ၁၂ရက်နေ့ မှာ
ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် တပ်မဟာတွေဟာ…..ဗကပ ကခွဲထွက်ခဲ့ကြပြီး….နောက်ဆက်တွဲ လက်ဆောင်အဖြစ်…..ဧပြီလ ၁၇ ၇က်နေ့ မှာ ၀ တပ်ဖွဲ့ တွေဟာ ……ဗကပ ပန်ဆန်း ဗဟိုဌာနချုပ်ကိုပါ ….
ဝင်ရောက်သိမ်းပိုက်ပြီး ထပ်မံ ခွဲထွက်ခဲ့တာကြောင့် …….ဗကပဟာ အတော် အထိနာသွားခဲ့ပါတယ်…..
ခေါင်းဆောင်များ ကိုယ်တိုင် ……လူလွတ် ထွက်ပြေးခဲ့ ရတဲ့ အခြေအနေကိုရောက်ရှိခဲ့ ပြီး……
ရှမ်းအရှေ့ ရှိ တပ်မဟာ ၇၆၈ နဲ့ …..တပ်မဟာ ၈၁၅ တို့ ကပါ ပုန်ကန်ချိန်မှာတော့ ……ဗကပ အရှေ့ မြောက်စစ်ဒေသဟာ .....လုံးဝ ပြိုကျသွားခဲ့ ရပါပြီ…..။

တပ်မတော်အစိုးရဟာ ……ကြိုတင်ညှိနိုင်းထားတဲ့ အတိုင်း …….ခွဲထွက် ဗကပ အဖွဲ့ များနဲ့ …..
အပစ်အခတ် ရပ်စဲရေးကို ချက်ချင်းတည်ဆောက်ခဲ့ပြီး……အထူးဒေသများ သတ်မှတ်ပေးကာ…..
တပ်ဖွဲ့ များ ဆက်လက်တည်ရှိခွင့်နဲ့ ….တရားဝင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်တို့ ကို …….
ခွင့်ပြုပေးခဲ့ပါတယ်……..ဖုန်ကြားရှင် ဦးစီးတဲ့ ကိုးကန့် အဖွဲ့ အတွက် …..လောက်ကိုင်ဒေသကို ……
ကိုးကန့် အထူးဒေသ ၁ နေရာ အဖြစ် သတ်မှတ်ပေးခဲ့ပြီး …..မကြာခင်မှာပဲ …..ဖုန်မျိုး နဲ့ ရန်မျိုး ခေါင်းဆောင် အများစုပါဝင်တဲ့ ….MNDAA အဖွဲ့ ဟာ .....စတင် အင်အားကြီးထွားလို့ လာခဲ့ပါပြီ…..။

 

အပစ်အခတ် ရပ်စဲလိုက်ကြတဲ့ …..ငြိမ်းချမ်းရေး အဖွဲ့ အစည်း အတော်များများဟာ….အဲဒီဒေသမှာ ....
ရာစုနှစ် တစ်ခုနီးပါး ကြာမြင့်နေပြီဖြစ်တဲ့ …..အစဉ်အဆက် မိရိုးဖလာ ......ဘိန်းစိုက်ပျိုးရေးလုပ်ငန်းကိုပဲ
ပြန်လည် အဓိကထား လုပ်ကိုင်ကြတဲ့ အတွက်….ငြိမ်းချမ်းရေးကို အဓိကထား စဉ်းစားပြီး….အပစ်အခတ် ရပ်စဲလိုက်တဲ့ .....တပ်မတော် အစိုးရအဖို့ တော့ …..အတိုက်အခံတို့ ရဲ့ စွပ်စွဲမှု အများအပြားကို …
ခါးစည်း ရင်ဆိုင်ခဲ့ရပါတယ်…….။

ဒါပေမယ့်လည်း တပ်မတော် အစိုးရ အဖို့ တော့….ဒီ ဘိန်းပပျောက်ရေးကိစ္စဟာ……ဘယ်သူတွေ ဘယ်လို ဖိအားပေးပေး ….အချိန်ယူဖြေရှင်းဆောင်ရွက်ရမယ့် …မဟာဗျူဟာ တစ်ခုလို့ ပဲ ရူမြင်ခဲ့ပြီး…..
လွတ်လပ်ရေးမရခင်ကတည်းက …..အဲဒီဒေသတွေရဲ့  …..အသက်မွေး ၀မ်းကျောင်းလုပ်ငန်း တစ်ခုလို ဖြစ်နေတဲ့ လူဦးရေ သန်းနဲ့ ချီနေတဲ့ .....ဘိန်းစိုက်တောင်သူတွေ အတွက်….ထိရောက်တဲ့ ဘိန်း အစားထိုး စီမံကိန်းတွေ ......မလုပ်ဆောင်နိုင်သေးပဲ....တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအပေါ်ကို ….
အရင်စလို ဖိအားပေး ....ကိုင်တွယ်ခြင်းမပြုဖို့  ဆုံးဖြတ်ခဲ့ပါတယ်…..။

၁၉၉၂ ခုနှစ် အရောက်မှာတော့ ……ဒေသတွင်း စီးပွားရေးနဲ့ .....နယ်မြေ အပြိုင်အဆိုင်ချဲ့ ထွင်ရင်း
ရန်သူသဖွယ် ဖြစ်လာတဲ့ .....ကိုးကန့် ဖုန် နဲ့  ရန်မျိုးနွယ်တွေဟာ….နောက်လိုက်တပ်ဖွဲ့ အသီးသီးနဲ့ ….
စစ်ပွဲအသွင် တိုက်ခိုက်လာကြတဲ့ အတွက် ….တပ်မတော်ထောက်လှမ်းရေး တပ်ဖွဲ့ မှ …..စေ့စပ်ဖြန်ဖြေရေး အဖွဲ့ များ နဲ့ အတူ ……တပ်မ (၉၉) ကိုပါ စေလွှတ်ထိန်းသိမ်းပေးခဲ့ရပြီး….ဖုန်မျိုးနွယ် များကို လောက်ကိုင် ချင်းရွှေဟော်ဒေသ…ရန်မျိုးနွယ်များကို ကွမ်းလုံဒေသ တစ်ဝိုက်နဲ့ ….ကချင်နွယ်ဖွား မုန်ဆာလကိုတော့ …
မုံးကိုး ဒေသတစ်ဝိုက် …..နေရာချထားပေးခဲ့ ရပါတယ်……။

 

၂၀၀၀ ပြည့်နှစ်မှာတော့….မုံးကိုးဒေသက မုန်ဆာလအုပ်စုဟာ….အဖွဲ့ တွင်း ပဋိပက္ခများကြောင့် ….
ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင် အကြား ……အုပ်စုလိုက် တိုက်ပွဲများ ……ထပ်မံဖြစ်ပွားလာပြန်ပါတယ်…..
တပ်မတော်အစိုးရအနေနဲ့ ….အကြိမ် ညှိနိုင်းဖြန်ဖြေခဲ့ပေမယ့် …..ဘယ်လိုမှ စေ့စပ်လို့ မရတော့အတွက်….
မုံးကိုး အရေးအခင်း ဖြစ်ပွားလာခဲ့ပြီး….မကြာခင်ပဲ……တပ်မတော် စစ်ကြောင်းများဟာ …..မုံးကိုး ဒေသကို သိမ်းယူလိုက်ပါတော့တယ်…..ဒီတိုက်ပွဲစဉ်များအတွင်း …..ဒုတိယ ခေါင်းဆောင် လီနမင် ကိုယ်တိုင် သေဆုံးခဲ့ ပြီး…..ခေါင်းဆောင် မုန်ဆာလ ကတော့ …….နှစ်ရှည် ထောင်ဒဏ်များ ချမှတ် အရေးယူခံခဲ့ ရပါတယ်….။

ဒီအဖြစ်အပျက်ဟာ…..လောက်ကိုင်မှာ တည်ရှိတဲ့ ……ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) လက်အောက်ခံ …..တိုက်ခိုက်ရေး တပ်ရင်း ၅ ရင်းနဲ့ ……အမှတ် ၅၀၆ အမြောက်တပ်ရင်းအတွက်တော့ …
အရေးပေါ် တပ်လှန့် ခဲ့ ရတဲ့ ....အနေအထားကို ဆိုက်ရောက်ခဲ့ပြီး…..လောက်ကိုင်ဒေသရဲ့ အချက်အခြာနေရာများမှာ….၀င်ရောက်တပ်စွဲဖို့ ပြင်ဆင်ရ
ပါတော့တယ်…..။

 
ဒါပေမယ့်လဲ .....ဖုန်ကြားရှင်ရဲ့ တပ်ဖွဲ့ တွေဟာ….ရပ်တန့် လို့ မသွားတော့ပဲ
အင်မတန်မှ မိုက်မဲတဲ့ ကိစ္စတစ်ခုကို….ဆက်လက် ဆောင်ရွက်လို့ နေ နေပါပြီ…….ဒါဟာ …၁၉၉၀ ပြည့်လွန်နှစ်တွေက…..အရူးမီးဝိုင်း ဖြစ်နေတဲ့ တပ်မတော် တစ်ခု အတွက်….သိပ်ပြသနာမရှိလှပေမယ့်…..
၂၀၀၉ ခုနှစ် မြန်မာ့တပ်မတော် အဖို့ တော့….လုံးဝ သည်းခံနိုင်လိမ့်မယ် မဟုတ်ပါဘူး…..။

ဆက်စပ်ဖတ်ရှု၇န် ....  တပ်မတော်ဘာလဲ ဘယ်လဲ (၂၂ )

No comments:

Post a Comment