Saturday, September 28, 2013

ဇာတိဖွား Pepsi ဦးသိန်းထွန်း


၁၉၉၀ ၀န်းကျင်က Pep-Si ကြော်ငြာ ဘုတ် နှင်. ဦးသိန်းထွန်း


မြန်မာ.စီးပွားရေးလောကတွင် ကျော်ကြားကြသူများထဲ တစ်ဦးအပါအ၀င်ဖြစ် သလို လှုမှုရေးလုပ်ငန်းများ ကိုပါ စိတ်ပါဝင်စားစွာ ဘက်စုံ လုပ်ဆောင်နေသူ တစ်ဦးဖြစ်သော ဦးသိန်းထွန်း သည် ၀ါးခယ်မမြို.နယ် က၀ဲကျေးရွာ ဇာ တိ ဖြစ်ပြီး ၁၉၃၇ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်...တက္ကသိုလ် ၀င်တန်းထိပညာသင်ကြားခဲ့ပြီး စီးပွားရေးလောကတွင်း ၀င်ရောက်ြပီး မဆုတ်မနစ်ကြိုးစားခဲ့သဖြင်. အောင်မြင်ခဲ့သူတစ်ဦးဖြစ်သည်..

.မိမိမွေးဖွားခဲ့ရာ က၀ဲကျေးရွာ ကို မြတ်နိုးသော အမှတ်ရသော အားဖြင်. (KAWEI Company ) ကိုလည်း တည်ထောင်ခဲ့သည်...Myanmar Golden Star , Tun Foundation Bank ,Cycle and Carriage Golden Star Co.. ,Dagon Dairy Product ,Dagon Brewery Ltd , Myanmar Development Co Ltd , Myanmar Steel Co Ltd စသော လုပ်ငန်းများနှင်. အခြားသောစီးပွားရေးလုပ်ငန်းများစွာ စတင်တည်ထောင်သူ (အချို.လုပ်ငန်းများမှာ ယခုတိုင်လုပ်ကိုင်ဆဲ) တစ်ဦးဖြစ်ပါသည်..သံဘူး ဇီးဖျော်ရည် ဘိလပ်ရည် တို.ဖြင်.သာ ရင်းနှီးနေခဲ့သော နိုင်ငံသားတို.အား ၁၉၉၀ ၀န်းကျင်နှစ်များမှစ၍ နိုင်ငံတကာ နာမည်ကျော် Pep-Si Company၏ products များနှင်.မိတ်ဆက်ပေးခဲ့ပြီး ယိုးဒယားအခြေစိုက် Pes-Si နှင်. ညှိုနှိုင်းကာ ပြည်တွင်းတွင် အချိုရည် စက်ရုံတည်ထောင်ထုပ်လုပ်ပြီး ယခုတိုင်ရှိနေသေးသော ၂၄ လုံးပါ ကဒ် ဖြင်.ဖြန်.ချီသော စနစ်ကို စတင်ခဲ့သူဖြစ်သည် ။၁၉၉၆ တွင် သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ.ချီးမြှင်.ခံခဲ့ရသည်...ကမ္ဘာ.အကောင်းဆုံး ထုတ်လုပ်သူ ဆုနှင်. စီးပွားရေးလုပ်ငန်း အုပ်ချုပ်မှုထူးချွန်ဆုတို.ကို Pepsi Cola International နှင်.အင်္ဂလန်နိုင်ငံတို.က ချီးမြှင်.ခြင်းကိုလည်း ခံခဲ့ရသည်.. Pepsi ဦးသိန်းထွန်းဟု ထိုစဉ်က နာမည်ကျော်ခဲ့သည်

စာပေဆုချီးမြှင်.ပွဲ တစ်ခုတွင်တက်ရောက်ချီးမြှင်.စဉ်


သားသမီး ၃ ဦးရှိပြီး လက်ရှိ MGS အချိုရည် ကုမ္ပဏီ (Star,Quench,Crusher )ကို သား တစ်ဦးက အဓိက တာဝန်ယူနေပြီး သားမက်ဖြစ်သူမှာ IBTC (Grand Royal Whisky)၏ အကြီးအကဲဖြစ်သူ ဦးအောင်မိုးကျော်ဖြစ်သည်...လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းကြီးများ များစွာရှိသည်.အနက် ဥက္ကဌ အဖြစ်တာဝန်ယူထားသော ထွန်းဖောင်ဒေးရှင်းဘဏ်မှာ အအောင်မြင်ဆုံး နှင်. လူမှုရေးအကျိုးပြုလုပ်ငန်းများနှင်. ဆက်စပ်၍ အကျော်ကြားဆုံး လုပ်ငန်းတစ်ခုဖြစ်သည်...

ဦးသိန်းထွန်း ဥက္ကဌအဖြစ် တာဝန်ယူနေသော...လက်ရှိအစိုးရအဖွဲ.၏ စီးပွားရေးအကြံပေးဒေါက်တာဦးမြင်.ဒါရိုက်တာ တစ်ဦးအဖြစ်ပါဝင်သော၁၉၉၄ တွင်စတင်တည်ထောင်ခဲ့သည်. ထွန်းဖောင်ဒေးရှင်း ဘဏ် မှအမြတ်ငွေတို.ဖြင်. မတည်တည်ထောင်ထားသော ထွန်းဖောင်ဒေးရှင်းအနေဖြင်. ထူးချွန်ချို.တဲ့ကျာင်းသားများအား ပညာသင်ဆုထောက်ပံ.ပေးခြင်းပြုလုပ်နေသကဲ့သို. စာပေနှင်.ပတ်သက်၍ လည်း ပညာရှင်များပါဝင်သောလွတ်လပ်သည်.ကော်မတီတစ်ရပ်ဖွဲ.ကာစာပေဆုချီးမြှင်.ခြင်း.. လှိုင်သာယာတွင် အကျိုးအမြတ် မယူသည့် ဆေးရုံတစ်ခုကို တည်ဆောက်ဖွင်.လှစ်ခဲ့ခြင်း ..ပန်းချီပြပွဲ ပြိုင်ပွဲများ ပြုလုပ်ပေးနေခြင်း နိုင်ငံတကာ အဆင်.မှီ စာကြည်.တိုက်တည်ထောင်ဖွင်.လှစ်ခြင်း စသည်တို.ဖြင်. နိုင်ငံတော် အကျိုးပြု လှုမှုရေးဆိုင်ရာ ကူညီထောက်ပံ.မှုများ ပြုလုပ်ပေးနေသကဲ့သို...High Court အဆောက်အဦးအား စာကြည်.တိုက် ၊ ပြတိုက် နှင်.အမျိုးသားယဉ်ကျေးမှုနှင်. ရုပ်သေးပြပွဲကဲ.သို. ဖျော်ဖြေမှုများပြုလုပ်ရန် အမျိုးသား ဇာတ်ရုံ စသည်တို.ပြုလုပ်ရန်အဆိုပြု ပြီး နှစ်ရှည် ငှားရမ်းခဲ့သည် ။

Ref ; ၀ါးခယ်မမြို.နယ် ရွှေရတု Magazine & Other Media Source


No comments:

Post a Comment