Sunday, September 22, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၂၁ ) - ရဲမိုး



Photo by Wikipedia


၁၉၆၀ ပြည့်လွန် နှစ်တစ်ခုရဲ့ နွေဦးကာလမှာ …..မြန်မာပြည်ရဲ့ အိမ်နီးချင်းနိုင်ငံကြီးတစ်ခုမှာ ……
ယဉ်ကျေးမှုတော်လှန်ရေး လို့  ကမ္ဘာက သမုတ်မယ့် ……တော်လှန်ရေးကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်……
ဒီတော်လှန်ရေးကို …….၀၀ဖိုင့်ဖိုင့်နဲ့ မျက်နှာခပ်ဝိုင်းဝိုင်းရှိတဲ့ ဥက္ကဌကြီး မော် ကဦးဆောင်ခဲ့ ပြီး …..
တော်လှန်ရေးကာလ အတွင်း ဖြုတ်ထုတ်သတ် လမ်းစဉ်ကြောင့် ……လူထောင်ပေါင်းများစွာဟာ …..ကျဉ်းစခန်းတွေမှာ အသက်ဆုံးရှုံးခဲ့ ရပါတယ်…..အဲဒီ တော်လှန်ရေး ရဲ့ အထွတ်အထိပ်ကာလ အတွင်းမှာတော့ …..တရုတ်ပြည်ရဲ့ ပြောင်းလဲလာတဲ့  နိုင်ငံခြားရေးမူဝါဒဟာ…..မြန်မာပြည်အတွက်တော့
တိုက်ပွဲခေါ်သံဖြစ်လို့ လာတော့မှာလဲ ဖြစ်ပါတယ်………။

၁၉၆၇ ခုနှစ် ဇွန်လ ၁၆ရက်နေ့ နံနက်ပိုင်း မှာ ….ရန်ကုန်မြို့ ရဲ့ တင်းမာနေတဲ့ အခြေအနေဟာ ….ရုတ်တရက် ပေါက်ကွဲလို့ သွားပါတယ်……ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက…..တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးဂယက်အဖြစ်……မော်စီတုံး ပုံ ရင်ထိုးလေးများကို တပ်ဆင်ပြီး …..လက်တစ်ဝါးလောက်ရှိတဲ့ မော်စီတုံးမိန့် ခွန်းစာအုပ် အနီလေးတွေနဲ့ ကျောင်းတက်လေ့ရှိတဲ တရုတ်ကျောင်းသားများဟာ…..ပညာရေး ၀န်ကြီးဌာနရဲ့  အသစ်ထုတ်ပြန်လိုက်တဲ့ …..ပညာရေးနဲ မပတ်သက်တဲ့ …..ဘယ်တံဆိပ်မှ ကျောင်းကိုတပ်မလာရဘူးဆိုတဲ့ အမိန့် ကို ….သိပ်ပြီးကျေနပ်လှတယ်တော့ မဟုတ်ပါဘူး …..ပေကပ်ကပ် နိုင်လှတဲ့  ကျောင်းသားအချို့ ရဲ့ ရင်ဘတ်က တံဆိပ်ကို ……မြန်မာ ဆရာတွေက ဖြုတ်သိမ်းချိန်မှာတော့……ဒီပြသနာဟာ ရုန်းရင်းဆန်ခတ် အဆင့်ကို စတင်ပြီး ကူးပြောင်းခဲ့ပါပြီ……။

မကြာခင်ပဲ ဒီပြသနာဟာ မြို့ တွင်းကို ကူးစက်သွားပြီး …..နံနက် ၁၁ နာရီ ၀န်းကျင်လောက်မှာတော့ ….
မောင်ခိုင်လမ်းထိပ်က တရုတ်နဲ့ မြန်မာ လူငယ် အဖွဲ့ တွေဟာ ….တစ်ဘက်နဲ့ တစ်ဘက် စတင်ပြီး…….
အပြန်အလှန် ရိုက်နှက် တိုက်ခိုက် ကုန်ကြပါတယ်………နောက်ရက်တွေမှာတော့……ရန်ကုန်မြို့ ဆင်ခြေဖုံး အရပ်တွေ ဖြစ်တဲ့ …….အင်းစိန် သာကေတ ဥက္ကလာပ စတဲ့ အရပ်တွေက ……ဗမာ လူအုပ်စုကြီးတွေဟာ…..မြို့ တွင်းကို ဒလဟော စီးဝင်လို့ လာခဲ့ပြီ ဖြစ်ပါတယ်……


တရုတ်လူမျိုးပိုင် ဆိုင်အများအပြား မီးရှို့ ဖျက်ဆီးခံရပြီး ……တရုတ်သံရုံးကို ၀ိုင်းဝန်းဆန္ဒပြ ချိန်မှာတော့ …
သံရုံးခေါင်မိုးပေါ်က တရုတ်အမျိုးသားတစ်ဦးဟာ…..မြန်မာနိုင်ငံတော် အလံကို ခြေထောက်မှာ ပတ်ပြလိုက်တဲ အတွက် ……တရုတ်သံရုံးဟာ ပျက်စီးလုနီးပါး ဖြစ်သည်အထိ …..လူအုပ်ကြီးရဲ့ တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်……။

အဓိကရုဏ်းကို .....ရဲတပ်ဖွဲ့ နဲ့ တပ်မတော်တို့ က နှိမ်နှင်းပြီးချိန်မှာတော့ ….အသေအပျောက်ဟာ …..
ဆယ်ဂဏန်း အတော်များများရှိခဲ့ပါပြီ……သေဆုံးသွားတဲ့ တရုတ် လူမျိုး ရုပ်အလောင်းတွေကို …
တရုတ်ပြည်က အထူးလေယာဉ်နဲ့ လာရောက်သယ်ယူခဲ့ ပြီး …တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဇာနည် အဖြစ်
ဂုဏ်ပြု အခမ်းအနားနဲ့ ကြိုဆို င်္သဂြိုလ် ခဲ့ပါတယ်….ဒါဟာ …တရုတ်ပြည်ရဲ့  ဒေါသတကြီး စွပ်စွဲချက်တွေ ….
အများအပြား ပေါ်ထွက်ခဲ့ စေခဲ့ပြီး…..ဗမာပြည် ကွန်မြူနစ်ပါတီကို နဂိုကတည်းက …..အကြီးအကျယ် ထောက်ပံ့ နေတဲ့  တရုတ်အဖို့ ကတော့ …..သူတို့ ရဲ့ မဟာစီမံချက်ကြီးကို စတင်ဖို့ အချိန်ဆိုက်ရောက်လာခဲ့ပြီ လို့ လဲ ဆိုနိုင်ပါတယ်…….။

 
တရုပ်နိုင်ငံ ပထမဆုံးအကြိမ် အနုမြူဗုံး စမ်းသပ်စဉ်က  ( Photo by chinamail )

၁၉၆၇ခုနှစ် ဇူလိုင်လမှာ ….တရုတ်ပြည်ဟာ သူ့ ရဲ့ ပထမဆုံး အနုမြူဗုံးကို …..ကိုတာရင်မ် ချိုင့်ဝှမ်းရဲ စိမ့်တောများအတွင်းမှာ….ကမ္ဘာကို စမ်းသပ်ဖောက်ခွဲပြလိုက်ပါတယ်…..ရက်ပိုင်းအတွင်းမှာပဲ ပီကင်းရေဒီယိုကနေ …..နေ၀င်း စန်းယု အစိုးရရဲ့ ……စစ်ခွေးတပ်တွေကို တွန်းလှန်ဖို့ လှုံ့ ဆော်သံကို ……
မြန်မာဘာသာနဲ့ ….စတင်ထုတ်လွှင့်လို့ နေနေပါပြီ……။


Photo by MoeMaKha
 
၁၉၆၈ခုနှစ် ဇန်န၀ါရီလ တစ်ရက်နေ့ မှာ ……ထောင်နဲ့ ချီတဲ့ တရုတ်တပ်ဖွဲ့ ဝင်တွေဟာ ……
နယ်စပ်မျဉ်းကို ကျော်ဖြတ် ၀င်ရောက်လာပြီး….မြူခိုးအတိ ဖုံးလွှမ်းနေတဲ့  မုံးကိုးရွာငယ်လေးက …..
တပ်မတော်စခန်းကို ၀င်ရောက်တိုက်ခိုက်လိုက်ပါတယ်…..ဒီတိုက်ခိုက်မှုဟာ မကြာမီ ရက်ပိုင်းအတွင်း ……
ထပ်မံရောက်ရှိ လာတော့မယ့်  တပ်ဖွဲ့ များနဲ့ ပူးပေါင်းကာ ……ဒေသတွင်း တပ်မတော်ရဲ ခံစစ်စခန်းများအားလုံးကို ချေမှုန်းလိုက်ပြီးကိုးကန့် ဒေသတစ်ခုလုံး နဲ့ .....
ဂျင်မီယန်းရဲ ကိုးကန့် ကာကွယ်ရေးတပ်ကိုပါဗကပ အရှေ့ မြောက် စစ်ဒေသရဲ့  တပ်မဟာတွေ အဖြစ် …..
အသွင်ပြောင်းဖွဲ့ စည်းပေးလိုက်တာလဲ ဖြစ်ပါတယ်….တိုက်ပွဲများဟာ ……မုံးကိုး ဖောင်းဆိုင် လုံထန် ကုန်းကြမ်း ပန်ဝိုင် တာရွှေထန် စတဲ့ ……နေရာအနှံ့ အပြား အကြီးအကျယ်ဖြစ်ပွားနေခဲ့ ပြီး …..စစ်ကူလိုက်လာတဲ့ မြန်မာ့တပ်မတော် တပ်ရင်းများဟာအဆမတန် များပြားလှတဲ့ ရန်သူနဲ့ ……
အပြင်းအထန် ရင်ဆိုင် တိုက်ခိုက် ရပါတော့တယ်…..တပ်မတော်ရဲ့ အကြီးကျယ်ဆုံး စိုးရိမ်ပူပန်မှု ကတော့
ပဲခူးရိုးမက ရန်သူတွေ နဲ့ အရှေ့ မြောက် ဒေသက ရန်သူတွေ……တစ်ဆက် တစ်စပ်တည်း ဆက်စပ် ပူးပေါင်း မိသွားကြမှာကိုပါပဲ ……..။

Photo by MoeMaKha
 
၁၉၇၀ ခုနှစ် နှစ်ကုန်ပိုင်း မှာတော့ …...ရန်သူဟာ ၀ ကုန်းမြင့်ဒေသကိုပါ သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပြီး …….
ရှမ်းပြည်နယ်ရဲ့ မြို့ တော် လားရှိုးနဲ့ …..၁၀ မိုင်အကွာမှာ ရှိတဲ့  ပန်ကျုံ မှာကို …..တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတဲ့  အခြေအနေကို ….ဆိုက်ရောက်လို့ နေ နေပါတယ်……ဒါပေမယ့်လဲ ….
အခြေအနေဟာ တပ်မတော်ဘက်ကို…စတင်ပြီး ယိမ်းယိုင်လာပါတော့မယ်….ဗမာပြည်ကွန်မြူနစ်ပါတီ ကြိုတင်မျှော်လင့်မထားမိတဲ့  ……စစ်နတ်ဆိုးတစ်ပါးဟာ…..ပဲခူးရိုးမ တောနက်တွေထဲကနေ …..မြန်မြန်ဆန်ဆန် ပြန်ထွက်လာပြီးတီအီး အလဲဗင်း စစ်ကားကြီးတွေစီးလို့ ….အရှေ့ မြောက်ဒေသကို အပြင်းချီတက်လို့ လာနေပါပြီ……အဲဒါကတော့…..မြန်မာ့တပ်မတော်မှာ ထိပ်ပြောင်ပြီး …..နပိုလီယန် လို နာမည်ပြောင်ပေးခံရတဲ့ ရပခ လှုပ်ရှားစစ်ဗျူဟာ အမှတ် (၁) ဗျူဟာမှူး …..ဗိုလ်မှူးကြီး ထွန်းရီ နဲ့ 
တပ်မတော်ရဲ့ နာမည်ကျော် …….အမှတ်( ၇၇ ) ခြေမြန် တပ်မ တို့ ပဲ ဖြစ်ပါတယ်….။

၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့  ည ၈ နာရီ ခန့် မှာပီအာစီ ၁၀ တပ်မတော် ဆက်သွယ်ရေးစက်က ပေါ်ထွက်လာတဲ့  ……..
" ကောင်းတုံ" …. " ကောင်းတုံ " …. " ကောင်းတုံ " …..ကြားလား….…ဒါပဲ…..ဆိုတဲ့ စကားသံဟာ……
တိုက်ပွဲဝင် ရှေ့ တန်းတပ်တွေကို ……ကွမ်းလုံမှာ အခြေပြုကွပ်ကဲနေတဲ့  ကွပ်ကဲမှုရုံးက …..
နည်းဗျူဟာမှူးနဲ့ အမြောက်တပ်ခွဲမှူး ရဲ့ မျက်နှာကို …..ကွက်ကနဲ ပျက်သွားစေပါတယ်……..
ဒါဟာ ၁၉၇၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ……ဖုန်ကြားရှင်ကိုယ်တိုင် တပ်မဟာမှူး အဖြစ်ပါဝင်တဲ့ …...
ဗကပ အရှေ့ မြောက်စစ်ဒေသဟာ….အင်အား ၄၀၀၀ နီးပါးနဲ့ ချီတက်လာပြီးကွမ်းလုံမြို့ မြောက်ဘက် ၇မိုင်အကွာ …….တာမြင်ရှန် တောင်ထိပ်မှာ တပ်စွဲထားတဲ့ ….လော်စစ်ဟန် ရဲ့ အင်အား ၈၀ လောက်ရှိတဲ့ …
ကိုးကန့် ကာကွယ်ရေး ပြည်သူ့ စစ်စခန်းကို စတင်တိုက်ခိုက်ပြီး ….ကွမ်းလုံဒေသ တိုက်ပွဲစဉ်များကို စတင်ခဲ့လိုက်တဲ့ ……နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သလိုဒီ ဆက်သွယ်ရေး စကားဝှက်ရဲ့ အဓိပ္ပာယ် ဟာ
ကွမ်းလုံမြို့ ရဲ့  နောက်ဆုံးခံစစ် ဟိုက်ကမ်းပါး စခန်းက….အမှတ် ၁၀၅ ခြေမြန်တပ်ရင်း တပ်ခွဲမှူးရဲ့  …..
နောက်ဆုံးအဆင့် အနေနဲ့ …..စခန်း အသက်ကယ် အမြောက်ပစ်ကူပေးဖို့  ……
စကားဝှက်နဲ့ တောင်းဆိုလိုက်တာပါ ……။

ဒီစကားဝှက် ရဲ့ အဓိပ္ပာယ်အရ..……ခမရ ၁၀၅ နဲ့  ကချင် ၃ က တိုက်ပွဲဝင် စစ်သည်တွေဟာ
ကတုတ်ကျင်းတွေရှေ့ မှာပဲ …..ရန်သူနဲ့ လုံးထွေးသတ်ပုတ် နေကုန်ပြီဖြစ်ပြီး …..တပ်ခွဲရဲ့ ခံစစ်စည်းဟာလဲ
လုံးဝ ကျိုးပေါက်သွားပြီလို့  အဓိပ္ပာယ်ရပါတယ်……ဒီစခန်းကျဆုံးသွားရင်တော့ …
ကွမ်းလုံမြို့ ရဲ့ အနာဂတ်ဟာ …အတော့်ကို ဆိုးဆိုးရွားရွားနဲ့  ရင်ဆိုင်ရပါတော့မယ်….
နောက်ဆုံးမှာတော့ …..တပ်ခွဲမှူးဟာ…စကားဝှက် " ကောင်းတုံ " နဲ့ …..
ရန်သူနဲ့ လုံးထွေးနေတဲ့ သူ့ တပ်ခွဲ အပေါ်ကိုပဲ ……၁၀၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက် လေးလက်ရဲ့ 
လေကွဲ အမြောက်ကျည်တွေနဲ့ ပစ်ခတ်ပေးဖို့ …..ပြတ်ပြတ်သားသား တောင်းဆိုလိုက်ပါပြီ…….။

 
ယခု လားရှိုး
ကွမ်းလုံဒေသ တိုက်ပွဲစဉ်များဟာ…..ရက်ပေါင်း ၄၀ ခန့် ကြာမြင့်ခဲ့ပြီး ….တပ်မတော်နဲ့ တစ်ဖက်နိုင်ငံ ကျောထောက်နောက်ခံပြုဗမာပြည် ကွန်မြူနစ်ပါတီ တို့ အသေအကြေ တိုက်ခိုက်ကြတဲ ……တိုက်ပွဲစဉ်များလည်းဖြစ်ပါတယ်……နှစ်ဖက်စလုံးမှာ ....စစ်သည် ထောင် နဲ့ ချီ ပါဝင်တိုက်ခိုက်ခဲ့ ကြပြီး …..
တပ်မတော်ဘက်ကတော့ …လော်စစ်ဟန် ခေါင်းဆောင်တဲ့ …..ကိုးကန့် ကာကွယ်ရေးတပ်ဖွဲ့  အင်အား ၈၀၀ ခန့် ကပါဝင်တိုက်ခိုက်ပေးခဲ့ ပါတယ်….ကွမ်းလုံ တံတားကြီးမှာပါ မိုင်းများတပ်ဆင်ထားခဲ့ ပြီး……
တန်ပြန်တိုက်စစ်ဆင်တဲ့ တပ်များဟာ ….သတ်မှတ်ချိန်အတွင်း စခန်းများကို မသိမ်းနိုင်ခဲ့ ရင်…….
လားရှိုးမြို့ မကျရေးအတွက်….တံတားကြီးကိုပါ ဖောက်ခွဲပြစ်ဖို့  …..စီစဉ်ခဲ့ ရတဲ့ အနေအထားကို ဆိုက်ရောက်ခဲ့ပါတယ်…….ကွမ်းလုံတိုက်ပွဲစဉ်များအပြီးမှာတော့…..ဗကပ ထိုးစစ်ဟာ …
အတော်ကို ဦးကျိုးလို့ သွားခဲ့ ပါပြီ……။


ဆက်စပ်ဖတ်ရှု၇န် ... တပ်မတော်ဘာလဲဘယ်လဲ ( ၂၀ )

No comments:

Post a Comment