Sunday, September 8, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၈ ) - ရဲမိုး



Photo by Irrawaddy

၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ရဲ့ သာမန်နေ့ လည်ခင်း တစ်ခုမှာ ….ရန်ကုန်မြို့ ရေဝေးသုသာန်ထဲကို

E 2000 ရုံးကား အပြာနှစ်စီးဟာ …တိတ်တိတ်ဆိတ်ဆိတ် ၀င်ရောက်လာပါတယ်…..လည်ဂတုံး အကျီ င်္အဖြူနဲ့ တိုက်ပုံဝတ်လူရွယ်အချို့ ဟာ အချိန်အနည်းငယ်အတွင်းမှာပဲသုသာန်ရဲ့ နေရာအနှံ့အပြားမှာ ကျင့်သားရစွာနေရာယူပြီးသွားပြီးပါပြီ…ဒါဟာ ..မကြာမီ ရောက်ရှိလာမယ့် ကားလေးငါးစီးသာ ပါဝင်တဲ့ အသက် ၉၁ နှစ်ရွယ်ပုဂ္ဂိုလ်တစ်ဦးရဲ့နာရေးကို စောင့်မျှော်နေတာ ဖြစ်သလို ……ပြိုလဲကျဆုံးသွားတဲ့ ခေတ်တစ်ခေတ်ရဲ့ နောက်ဆုံး

လက်ကျန်ကိုနူတ်ဆက်နေတာလည်းဖြစ်နိုင်ပါတယ်။ သတင်းစာ တစ်ခုနှစ်ခု မှာအပိုင်းတိုလေးအနေနဲ့ သာ

ဖော်ပြခြင်းခံရမယ့် နိုင်ငံတော် သမ္မတဟောင်းတစ်ဦးရဲ့ စာပန အခမ်းအနားလည်း ဖြစ်သလို….စစ်အစိုးရရဲ့ 

နောက်ကွယ်ကတစ်ချိန်လုံးချုပ်ကိုင်နေသူလို့စွပ်စွဲနေတဲ့ ပါးစပ်အတော်များများကို …..အာစေးထည့်လိုက်

သလိုဖြစ်သွားစေတဲ့အခမ်းအနားလည်းဖြစ်ပါတယ်……..။



သူတို့ အမြဲတွေးနေကျ စစ်အုပ်စု ခေါင်းဆောင် သေဆုံးသွားရင်ဆိုတဲ့  မျှော်လင့်ချက်ဟာ လုံးဝ

ပါးလျ ပျောက်ဆုံးခဲ့ပါပြီ ပုဂ္ဂိုလ်ကြီးဟာ ၉၁-၉၂ ခုနှစ်ရဲ့ နောက်ပိုင်းကတည်းက .မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်

ကအပြီးဆင်း သွားခဲ့ပုံရပါတယ်။



 ၁၉၉၀ ဇူလိုင်(၂၈) မှာရွေးကောက်ပွဲအနိုင်ရပါတီဟာ… ရန်ကုန်မှာရှိတဲ့

ဂန္ဒီဟော မှာတောင်းဆိုချက်တစ်ခုကိုတောင်းဆိုခဲ့ပါတယ်….အဲဒါကတော့ ...သူတို့ ကို အာဏာလွှဲပေးဖို့  ဖြစ်ပြီးပြီးခဲ့တဲ့ကာလကတပ်မတော်ရဲဆောင်ရွက်ချက်တစ်ချိုအပေါ်အရေးယူမှုရှိနိုင်တယ်
ဆိုတာကိုပါ…အရိပ်အမြွှက်

ထည့်သွင်းကြေငြာခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာ....တပ်မတော်အတွက်တော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်

တစ်ခုကိုသေသေချာချာချဖြစ်သွားစေခဲ့တဲ့ဖြစ်ရပ်လည်းဖြစ်ပါတယ်……..။

သူတို့အနေနဲ့သူတို့ ရဲ့ ရန်သူတော် အဖွဲ့ အစည်းတွေ စိမ့်ဝင်နေတဲ့ ……ရန်သူတွေ နဲ့ အဆက်အသွယ်

အမြောက်အမြားပြုလုပ်နေတဲ့…အဖွဲ့အစည်းကိုအာဏာကိုလွှဲပေးတော့မယ်မဟုတ်ပါဘူး။ ဒါဟာ ကြောင်းကျိုး

မညီညွတ်ပေမယ့်လည်း တပ်မတော်ကို တူးတူးခါးခါး မုန်းနေတဲ့ကာလမှာ ……ဒီလို အဖွဲ့ အစည်းလက်ထဲ

အာဏာကိုလွှဲပေးခဲ့ရင်.တပ်မတော်အနေနဲ့ ကိုယ့်သေတွင်းကိုယ်တူး သလိုဖြစ်မယ်ဆိုတာတော့ သူတို့

ကောင်းကောင်းရိပ်စားမိပုံရပါတယ်………။



သူတို့ ရဲ့ ရန်သူ တောတွင်းအဖွဲ့ အစည်းတွေဟာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းတွေကို ရှင်းထုတ်

ပြစ်ရုံသာမက တပ်မတော်အင်အားကို ချိနဲ့သွားစေမယ့် နိုင်ငံရေးဆုံးဖြတ်ချက် အမျိုးမျိုး ထွက်ပေါ်လာအောင်နောက်ကွယ်ကကြိုးကိုင်ထိန်းချုပ်တော့မယ်ဆိုတာ တပ်မတော်ရဲ့တတိယ မျိုးဆက်ခေါင်းဆောင်ငယ်တွေအထိရှင်းရှင်းလင်းလင်းသိမြင်ပုံရပါတယ်။ အဲဒီသမိုင်းဝင်ဆုံးဖြတ်ချက်ရဲ့ နောက်ပိုင်း မှာတော့ တပ်မတော်ရဲ့

မဟာဗျုဟာစီမံချက်ကြီးဟာ……စတင်အသက်ဝင်လည်ပတ်ပါပြီ………...။



ဒီအစီအစဉ်မှာဘာတွေပါဝင်တယ်ဆိုတာဘယ်သူမှအတိအကျမသိနိုင်ပေမယ့်ခေတ်မီတပ်မတော်

တည်ဆောက်ရေး နိုင်ငံရေးသမားတွေအနေနဲ့တပ်မတော်ကိုဖြိုခွဲမယ့် ဥပဒေဆုံးဖြတ်ချက်တွေ ပြုလုပ်လို့

မရအောင်အနာဂတ် နိုင်ငံရေးမှာ အချိန်အတိုင်းအတာတစ်ခုအထိ တပ်မတော်က ဆက်လက် ပါဝင်နေရေး

အနာဂတ်ကာလ တပ်မတော်ဟာအရေးအခင်းကာလလို အခြေအနေမျိုး ထပ်ဖြစ်ခဲ့ရင်တောင် ဘယ်သူမှထပ်မံမခြိမ်းခြောက်နိုင်တော့တဲ့လုံခြုံစိတ်ချရတဲ့ အနေအထားမျိုး ရှိရေးနဲ့  ……စစ်တန်းလျားပြန်ချိန်မှာတပ်မတော်ကို

မလိုလားသူတွေအနေနဲ့ …….အုပ်ချုပ်ရေးအာဏာမရှိတော့တဲ့ တပ်မတော်ကို……..နောက်ကနေ ထပ်ချပ်မကွာလိုက်စစ်ဆင်လို့ မရအောင် ဟန့်စစ် အတားအဆီး သဘောအဖြစ် အသွင်ကူးပြောင်းရေးကာလ တစ်ခုသတ်မှတ်ကာခွာစစ် စီမံချက် အတိုင်း အဆင့်ဆင့် ဆုတ်ခွာခြင်း စတဲ့  .....ရှုပ်ထွေးလွန်းလှတဲ့ စီမံချက်ကြီးတွေအများအပြားပါဝင်ပုံရပါတယ်……………..…။



မဟာဗျုဟာကြီးတစ်ခုလုံးဟာ ဆယ်စုနှစ်နဲ့ ချီပြီး ကြာမြင့်နိုင်ပေမယ့်လည်း ဒုတိယကမ္ဘာစစ်

စစ်ကြိုကာလတည်းက မငြိမ်းချမ်းခဲ့တဲ့ လွတ်လပ်ရေးရပြီးကတည်းက …အနှစ်လေးဆယ်ကျော် ပြည်တွင်းစစ်ကို လက်ရှိချိန်ထိဆင်နွှဲနေရပြီး ……ရန်ကုန်မြို့ ကွက်ကွက်လေးသာ ကျန်တဲ့ ထိ ခြိမ်းခြောက်ခံခဲ့ ရတဲ့ ကမ္ဘာပေါ်မှာ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းအရေအတွက်အများဆုံး
ရှိနေတဲ့ တိုင်းပြည်က တပ်မတော်တစ်ခုအတွက်တော့သိပ်ထူးဆန်းလှတယ်မဟုတ်လှပါဘူး......။



ငြိမ်းချမ်းရေးမရရှိပဲ တိုင်းပြည်မတိုးတက်နိုင်ဘူးဆိုတာရယ်……ငြိမ်းချမ်းရေးရဖို့ အတွက် ခိုင်မာပြီး

အင်အားကောင်းတဲ့တပ်မတော်တစ်ခုရှိဖို့လိုတယ်ဆိုတဲ့အချက်တွေဟာ ပြည်တွင်းစစ်ကြီးက တပ်မတော်ကိုသေသေချာချာသင်ကြားပေးလိုက်တဲ့ …….သင်ခန်းစာတွေဖြစ်ပုံရပါတယ်။ မြန်မာ့သမိုင်းရဲ့ တစ်
ဆစ်ချိုးအချိုး
အကွေ့တစ်ခုတော့အသစ်စရပြန်ပါပြီ။ ခေတ်မီတပ်မတော်တည်ဆောက်ဖိုစီမံချက်ရဲအစိတ်
အပိုင်းတွေအဖြစ်

လက်နက်ကိုင်တောတွင်း အဖွဲ့ အတော်များများ ဟာ …..အပစ်အခတ် ရပ်စဲရေးကမ်းလှမ်းခံရတော့မှာ ဖြစ်ပြီးလက်မခံတဲ့အဖွဲ့အစည်းတွေဟာ မကြာခင်ကာလမှာအသစ်တိုးချဲ့ဖွဲ့စည်းတော့မယ့် တိုက်ခိုက်ရေးတပ်မ

အများအပြားရဲ့ ပြင်းထန်တဲ့ ထိုးစစ်တွေအရ ……ပြိုကွဲလု နီးပါးချေမှုန်း ခံရတော့မှာ ဖြစ်ပါတယ်……....။



No comments:

Post a Comment