Wednesday, September 11, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၁ ) - ရဲမိုး



ညီလာခံ တက်ရောက်ခဲ့သော တိုင်းရင်းသားပါတီ တစ်ခု
၁၉၉၃ ဇန်န၀ါရီ (၉) ရက်နေ့  ရန်ကုန်မြို၊့ အလုံလမ်း၊ သမ္မ တအိမ်တော် အစည်းအဝေးခန်းမမှာ
တပ်မတော်အစိုးရ ဦးစီးတဲ့ ကိုယ်စားလှယ်အတော်များများဟာ.ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အတွက်
အမျိုးသားညီလာခံကိုကျင်းပလျက်ရှိပါတယ်။ ဒါဟာရွေးကောက်ပွဲအနိုင်ရပါတီနဲ့ တပ်မတော်ကြား အာဏာ
ချိန်းပြောင်းလွှဲအပ်ရေး အတွက် ဆွေးနွေးပွဲ ဖြစ်သလို နိုင်ငံရေးပါတီတွေ အနေနဲ့ အနာဂတ်မှာ တပ်မတော်ရဲ့အနေအထားကိုအာမခံချက်ဘယ်လိုပေးမလဲဆိုတာအပြန်အလှန်ညှိနိုင်းကြတဲ့ပွဲလည်းဖြစ
်ပါတယ်.။
ကနဦးမှာရွေးကောက်ပွဲ အနိုင်ရပါတီ၊ မဲရထားသောအခြားပါတီ ကိုယ်စားလှယ်တွေနဲ့
တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များပါ ပါဝင်ခဲ့ပေမယ့် ထိန်းသိမ်းခံထားရတဲ့ ပါတီခေါင်းဆောင်ကိုဇူလိုင်လအတွင်း …..နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးခဲ့ ပြီးတဲ့ နောက်၊ ၁၉၉၅ နိုဝင်ဘာရဲ့ နေ့ တစ်နေ့ မှာရွေးကောက်ပွဲ အနိုင်ရပါတီရဲ့  ညီလာခံကိုယ်စားလှယ်( ၈၆) ဦးဟာ အမျိုးသား ညီလာခံကို သပိတ်မှောက်ခဲ့ ပါတယ်……။

တပ် စကားနဲ့ ပြောရရင်တော့ အခြေအနေ ဖန်တီးနိုင်ခွင့်ကိုယ့်ဆီမှာ မရှိပဲရန်သူကို ထိုးစစ်သွား
ဆင်သလိုဖြစ်ခဲ့ပြီး၊ တပ်မတော်အစိုးရကတော့ သပိတ်မှောက်ပြီး သုံးရက်အကြာမှာကိုယ်စားလှယ် (၈၆) ဦးလုံးကိုညီလာခံကထုတ်ပြစ်လိုက်တာနဲ့ပဲတုန့်ပြန်ခဲ့ပါတယ်။ အနှစ်လေးငါးဆယ်တိုက်ပွဲတြွေကားမှာပဲတိုက်ရင်းခိုက်ရင်းကြီးထွားလာပြီး၊ အရပ်ဖက် နိုင်ငံရေးပါတီတွေကို သတိနဲ့ ပဲ ဆက်ဆံဖို့ အကြောင်းဖန်လာတဲ့ 
တပ်မတော်တစ်ခုအတွက် ဒီလိုသဘောထားတင်းတင်းမာမာ တုန့်ပြန်တာဟာ သိပ်မထူးဆန်းလှပေမယ့်
ပြည်သူအများစု ထောက်ခံတဲ့ ပညာတတ်ခေါင်းဆောင် အများအပြားပါဝင်တဲ့ ……အရပ်ဖက် နိုင်ငံရေးပါတီကြီးတစ်ခုအနေနဲ့ တော့….ဒီ သဘောထားတင်းမာလှတဲ့ ညီလာခံကို သပိတ်မှောက်တဲ့ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက် ကို နောက်ထပ် ၁၇ နှစ်တိတိ နင့်နေအောင် ခံရပါတော့မယ်။ ၁၇ နှစ်အတွင်း ပါတီရဲ့ အင်အား အများစုဟာချိနဲ့ ပြုန်းတီးသွားအောင် ချေမှုန်းခံခဲ့ ရပြီး၊ နောင် ၁၇ နှစ်အကြာမှာလဲ ၁၉၉၅ ခုနှစ်ကထက်….ပိုမိုဆိုးရွားတဲ့ အခြေအနေမျိုးကိုပဲ အလျော့ပေး လက်ခံခဲ့ရပါတော့တယ်။ ဒါဟာစစ်တပ်က ၂၂ နှစ်လောက်ကြာအောင်နေရာယူဖြစ်သွားစေတဲ့အကြောင်းပေါင်းများစွာထဲကတစ်ခုလို့လဲဆိုနိုင်ပါတယ်။

အမျိုးသားညီလာခံဟာတကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ဆိုတဲ့ မှတ်ချက်ထက်
စာရင်တပ်မတော်အနေနဲ့  အနာဂတ်နိုင်ငံရေးခရီးမှာ သူ့ ကို အားအင်ချိနဲ့ သွားအောင် မဖြိုခွဲပါဘူးဆိုတဲ့ 
အာမခံချက်မျိုး၊ များပြားလှတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးကို တပ်မတော်ရဲ့ကွပ်ကဲမှု
အောက်မှာ.တစ်စုတစ်စည်းတည်းစနစ်တကျထားရှိဖို့ဆိုတဲ့ကတိက၀တ်မျိုး၊ ပြည်နယ်တွေအနေနဲ့ ဘယ်တော့မှခွဲမထွက်သွားပါဘူးဆိုတဲ့သဘောတူညီချက်မျိုးကိုခိုင်ခိုင်မာမာရချင်တာပဲဖြစ်နိုင်ပြီး၊ ဒီအချက်တွေ ထည့်သွင်းရေးဆွဲထားမယ့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို နောက်လာမယ့် အစိုးရများက အလွယ်တကူ ပြင်ပြစ်လို့မရနိုင်ဖို့ ဥပဒေပြုလွှတ်တော်တွင်းမှာ တပ်မတော်သားအမတ်ရာခိုင်နူန်းတစ်ခုကို အချိန်အတိုင်းအတာ တစ်ခုအထိထည့်သွင်းထားခဲ့ဖို့ရည်ရွယ်တာပဲဖြစ်နိုင်ပါတယ်။



တပ်မတော်နေရာကစဉ်းစားရင် သူတို့ အကြိမ်ကြိမ် လှံစွပ်ထိုးသိမ်းပိုက်၊ တပ်ရင်းလိုက်
ပြုတ်လုနီးပါးရင်းနှီးတည်ဆောက်ထားတဲ့စခန်းတွေဟာ အနာဂတ်ကာလမှာ အာဏာရပါတီက လူကြိုက်များတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပ၊ လက်ခုပ်သံတဖြောင်းဖြောင်းလျံကျ၊ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနူတ်ဆက်ဓာတ်ပုံတွေတဖျတ်ဖျတ်ရဲ့နောက်ဆက်တွဲအဖြစ်၊ တောင်ကုန်းပေါ်က ပြန်ဆုတ်လာတဲ့  ….နောက်ဆုံး
စစ်သည်အောက်မရောက်ခင် တောင်ကုန်း တစ်ဖက်က လက်နက်ကိုင်တပ်တွေက ၀င်ရောက်နေရာယူနေတဲ့ မြင်ကွင်းမျိုးကိုသူတို့အကြိမ်ပေါင်းများစွာ ကြည့်ခဲ့ရပေါင်းများလှပါပြီ။ မအောင်မြင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
တွေ တောင်လိုပုံနေတဲ့ မြန်မာပြည်မှာ စခန်းတစ်ခုထဲကို လေးငါးခြောက်ခါ ပြန်သိမ်းရင်း ကျဆုံးခဲ့ ရတဲ့ စစ်သည်အရေအတွက်ဟာအဲဒီတောင်လောက် နီးပါးမြင့်နေရပြီဆိုတာ သူတို့ ဖြတ်သန်းလာတဲ့  သမိုင်းက သူတို့ ကိုကောင်းကောင်းသင်ပြထားခဲ့ပြီးလဲဖြစ်ပါတယ်။



တပ်မတော်အနေနဲတော့ အုပ်ချုပ်ရေးအာဏာကို ဆုပ်ကိုင်ထားလို့ မရဘူးဆိုတာ ရှင်းရှင်း
လင်းလင်း နားလည်ပုံရပေမယ့် သူတို့လိုချင်တဲ့ ကတိက၀တ်မျိုး၊ သူတို့ လိုချင်တဲ့ အာမခံချက်မျိုး၊ သူတို့ 
ရပ်တည်မှုကိုခြိမ်းခြောက်မယ့် နိုင်ငံရေးအခင်းအကျင်းမျိုးနဲ့တော့ အာဏာကိုလွှဲပေးဖို့ မဖြစ်နိုင်ဘူး ဆိုတာ
တပ်မတော် အနေနဲ့ ယတိပြတ်ဆုံးဖြတ်ထားပြီး ဖြစ်ပုံရပါတယ်။

ဆက်စပ်ဖတ်ရှု၇န် ....  တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၀ )

No comments:

Post a Comment