Friday, September 20, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၂၀ ) - ရဲမိုး



                      

 တကယ်တော့လဲ ……မြန်မာနိုင်ငံရဲ့ ပြည်နယ် အများအပြားထဲကမှ ....ရှမ်းပြည်နယ်ဟာ …….အင်မတန်မှ ရှုပ်ထွေးပွေလီပြီး …..အမြဲတန်း မငြိမ်းချမ်းခဲ့တဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်….အင်္ဂလိပ်တို့  မြန်မာပြည်ကို သိမ်းပိုက်ပြီးတဲ့ နောက် ……တောင်တန်း မြေပြန့် ခွဲခြားအုပ်ချုပ်ရေး စနစ်အရ ……မြေပြန့် ဒေသများက ဗမာလူမျိုး တွေဟာ …….ဘုရင်စနစ် ဖျက်သိမ်းခံရပြီး …..အင်္ဂလိပ်တို့ ရဲ့ အပြင်းအထန် .....ဖိနှိပ်အုပ်ချုပ်ခြင်းကို ခံခဲ့ရပေမယ့်လည်း …….တောင်တန်းဒေသ တွေမှာတော့ …..အင်္ဂလိပ်တို့ ဝင်ရောက်လာတာသည် …….
ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတယ်လို့ မဆိုနိုင်ပါဘူး …….။

ပဒေသရာဇ် စနစ်ကို မြေပြန့် မှာဖျက်သိမ်းခဲ့ ပေမယ့်လည်း …….တောင်တန်းဒေသတစ်ချို့ မှာ ဆက်လက်ထားရှိခဲ့တာကြောင့် ……ရှမ်းစော်ဘွား အများအပြားဟာ …….အင်္ဂလိပ်ကို သိပ်ဆန် ကျင်လှတယ်လည်း မဟုတ်ပဲ ……နဂိုအတိုင်း ခပ်အေးအေးပဲ ……ဆက်လက်တည်ရှိနေခဲ့ပါတယ်…….
လွတ်လပ်ရေးရပြီးခါစ ၁၉၅၀ ပြည့်လွန် နှစ်တွေမှာတော့ ……ရှမ်းစော်ဘွားအများအပြားနဲ့ သူတို့ ရဲ မျိုးဆက်တွေဟာ ……အင်္ဂလိပ် သာသနာပြုကျောင်းဆင်းတွေပဲဖြစ်နေလေ့ရှိပြီး …….၁၉၄၉ ခုနှစ် နှောင်းပိုင်း……တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ကို စစ်ရှုံးလာတဲ့  …….တရုတ်ဖြူအမှတ် ၉၃ တပ်မ ဟာ ……ရှမ်းပြည်ထဲကို ၀င်ရောက်လာတဲ့ အခါမှာတော့ …….ရှမ်းစော်ဘွားအချို့ နဲ့ အတော့်ကိုအလွမ်းသင့်ခဲ့ကြပါတယ်…..။

ဒါဟာ တရုတ်ဖြူတပ်တွေကို ……အဆမတန် အင်အားကြီးထွားလာစေတဲ့ ……အကြောင်းအရင်းတစ်ချက်လဲဖြစ်သလို ……၁၉၅၂က စပြီး မြန်မာ့တပ်မတော်က အဲဒီဒေသတွေကို ……
စစ်ဆင်ရေးကြီးများ ပြုလုပ် တိုက်ထုတ်တော့မယ့် …..အကြောင်းချင်းရာတစ်ချက်လဲ ဖြစ်စေခဲ့ပါတယ်…..
ဒီလိုတိုက်ထုတ်နေတဲ့ ကာလအတွင်းမှာ ……အဲဒီဒေသများဟာ …..စစ်အုပ်ချုပ်ရေးသဖွယ် အုပ်ချုပ်ခံရတော့မှာဖြစ်ပြီး ……ဒါဟာ နယ်ခံစော်ဘွားတို့ ရဲ့ မကျေနပ်မှုကို အကြီးအကျယ် …….
ဖြစ်ပေါ်စေခဲ့ တဲ့ အကြောင်း တစ်ချက်လဲ ဖြစ်ပါတယ်…… ။

တစ်ဆက်တည်းမှာပဲ ……ရှမ်းစော်ဘွားအချို့ ရင်ဆိုင်လာ ရတာကတော့ …..တိုးတက်တဲ့ အမြင်ရှိလာတဲ့ ရှမ်းလူငယ်အချို့ ရဲ့ ……အာဏာစွန့် ဖို့ တောင်းဆိုမှုတွေပါပဲ……
.ဒီတောင်းဆိုမှု တွေဟာ …..
ရှမ်းပြည်နယ်ရဲ့ ဒေသ အလိုက် …..ဘုရင်သဖွယ် ဖြစ်နေတဲ့ စော်ဘွားတွေ အတွက်တော့ ……မခံချိမခံသာ ကိစ္စတွေဖြစ်ပြီး ……ပြည်ထောင်စုအစိုးရကို အတော် မျက်မုန်းကျိုးစေခဲ့ တဲ့  …..အကြောင်းအချက် တစ်ခုလည်းဖြစ်ပါတယ်…….။၁၉၅၇ ခုနှစ် ပြည်ထောင်စု လွှတ်တော်မှာ ….စပ်ခွန်ချို ဦးစီးတဲ့ (ရတစညဖ)အဖွဲ့ ဟာ …..ပြည်ထောင်စုက ခွဲထွက်ဖို့ တောင်းဆိုခဲ့ ပြီး ……ဦးထွန်းအေးခေါင်းဆောင်တဲ့ (ရပလ) အဖွဲ့ ဟာ …..
ခွဲထွက်ရေးကို ကန့် ကွက်ခဲ့ ပါတယ်……..။

သီပေါစော်ဘွား နှင်. ကြင်ယာတော် ( Photo by myatlayngon.blogspot)
 
နောက်ဆက်တွဲ ဂယက်တွေ အဖြစ်…….၁၉၅၇ ဧပြီ ၂၀ရက်နေ့  မိုင်းရယ်မြို့ မှာ ပြုလုပ်တဲ့  …..သီပေါစော်ဘွားနဲ့ မိုင်းရယ်စော်ဘွားတို့ ဦးစီးတဲ့  ရပညဖ ညီလာခံက ……စော်ဘွားတွေ အာဏာစွန့် ဖို့ အချိန်မကျသေးလို့ မစွန့် ရေး ……..သီးခြားရှမ်းပြည်နယ် တည်ဆောက်ရေး နှင့် …….ပင်လုံစာချုပ်အရ ၁၀ နှစ်ပြည့် လျှင် .....ပြည်ထောင်စုမှခွဲထွက်ရေးတို့ ကို ဆုံးဖြတ်ခဲ့ ပြီး …….တစ်ဆက်တည်းမှာပဲ …….
သီပေါစော်ဘွား ၊ မိုင်းရယ်စော်ဘွား ၊ မိုင်းရူးစော်ဘွား…..တောင်ပိုင်စော်ဘွား ၊ ကျေးသီးမန်စံ စော်ဘွား ၊ မိုင်းလင်းစော်ဘွား …..ညောင်ရွှေစော်ဘွားရဲ့ မဟာဒေ၀ီ စ၀်နန်းဟိန်းခန်း …….သိန္နီစော်ဘွားရဲ့ ကိုယ်စားလှယ် မဟာဝှမ်း ……အခြား ရပညဖ အမှုဆောင် ၁၅ ဦးတို့ ပါဝင်တဲ့  အဖွဲ့ ဟာ …….
လက်နက်ကိုင်တော်လှန်ရေးကို ......အထောက်အပံ့ ပေးဖို့ ဆုံးဖြတ်ခဲ့ ပါတယ်…….။

ဒီဆုံးဖြတ်ချက်အရ …….ကျိုင်းတုံစော်ဘွားရဲ့ ဦးလေးတော်စပ်သူ .....စ၀်ခွန်ဆိပ်နဲ့ စိုင်းနွဲ့ တို့ ဦးစီးပြီး ……
လူ လက်နက်စုဆောင်းခြင်းများ စတင်ပြုလုပ်လာတဲ့ အတွက် ……ပြည်ထဲရေးဝန်ကြီးဌာနဟာ ပုဒ်မ ၅ အရ ဖမ်းဆီးခဲ့ရာမှာ….…….စ၀်ခွန်ဆိပ်ကို ဖမ်းဆီးရမိခဲ့ ပြီး …….စိုင်းနွဲ့ ကတော့ …..ထိုင်းမြန်မာနယ်စပ် ကိုထွက်ပြေးတိမ်းရှောင်ကာ …….၁၉၅၈ မေ ၂၁ ရက်နေ့ ဟွေပုဟော (မပည -LT ၀၅၅၆ ) မှာ …….
နွံစစ်ဟန် (NSH - ရဲရင့်သော ရှမ်းလူငယ်များအဖွဲ့ ) ကို ……..အင်အား ၄၀၀ ခန့် နဲ့ စတင်ဖွဲ့ စည်းခဲ့ ပြီး…….
ပြည်ထောင်စုအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့ပါတယ်….ဒါဟာ ရှမ်း လက်နက်ကိုင် အဖွဲ့ တွေထဲမှာ …
ပထမဆုံး ပေါ်ပေါက်ခဲ့တဲ့  လက်နက်ကိုင်အဖွဲ့ ဖြစ်သလို့  …….၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာ ပဲ……နွံစစ်ဟန် အဖွဲ့ ဟာ …..တပ်မတော် ရဲ့ ပုံပါကျင်စခန်းကို ၀င်ရောက်တိုက်ခိုက်ခြင်းနဲ့  …….
စစ်ရေးလှုပ်ရှားမှုကို စတင်ခဲ့ပါပြီ……..အဲဒီနှစ် မတ်လ ၂ရက် နေ့ မှာပဲ ပြည်ထောင်စု အစိုးရက ……..
ရှမ်းစော်ဘွားတွေကို အာဏာစွန့် စေခဲ့တဲ့ အတွက် …….ရှမ်းလူငယ်အများအပြားဟာ ……..
နွံစစ်ဟန် အဖွဲ့ ကို သွားရောက်ပူးပေါင်းခဲ့ပါတယ်……။

SSA တပ်ဖွဲ.၀င်များကို ၂၀၁၂ ခုနှစ်အတွင် အခမ်းအနား တစ်ခုတွင်တွေ.ရပုံ
 
၁၉၆၄ ခုနှစ် အကုန်မှာတော့ ……မူလ နွံစစ်ဟန် အဖွဲ့ ကြီးအပြင် ……အဲဒီအဖွဲ့ ကခွဲထွက်ကြတဲ့ …..
လွတ်ကျောက်ဆောက် (ရှမ်းပြည်လွတ်မြောက်ရေးတပ်)(SSIA) …..စ၀်ဟန်စ၀်တိုင်း (ရှမ်းတပ်မတော်အဖွဲ့ ) (SNA) ……မိုးဟိန်းအဖွဲ့  (SURA) ဆိုပြီး အဖွဲ့ ကြီးလေးဖွဲ့ အဖြစ် တည်ရှိလာပါတယ်…။၁၉၆၄ ဧပြီလ မှာတော့ …..မဟာဒေ၀ီ စ၀်နန်းဟိန်းခန်း ကို နာယကတင်ကာ ……..မိုးဟိန်းအဖွဲ့ နဲ့ SSIA တို့ ပူးပေါင်းပြီး ……
ရှမ်းပြည်တပ်မတော် (SSA –Shan State Army ) ကို ……စတင်ဖွဲ့ စည်းခဲ့ပါတယ်….မကြာမီကာလ အတွင်းမှာ ပဲ SSA ဟာ ……တပ်ရင်း ၁၂ ရင်းပါဝင်တဲ့ တပ်မဟာ လေးခု အဖြစ်ဖွဲ့ စည်းခဲ့ ပြီး ……အင်အား ၁၆၀၀ ခန့် အထိ များပြားလာခဲ့တဲ့ အတွက် …….နောင် အနှစ် ၃၀ ကျော် လုံးလုံး ….…ယမ်းငွေ့ တလူလူ ဖုံးလွှမ်းတော့မယ့်….…ရှမ်းပြည်နယ်ကြီးရဲ့ သမိုင်းအစ စာမျက်နှာတွေဆိုလဲ ……မှားမယ်မဟုတ်ပါဘူး………။


ရှမ်းပြည်မြောက်ပိုင်း တစ်ကြော….ဖူးသစ်စ သူပုန်တပ်များနဲ့ မဝေစည်ခင် ကာလအထိမှာတော့ ……
တရုတ်ယူနန်နယ်စပ်က ကိုးကန့် ဒေသဟာ ……၁၇ရာစုလောက်ကတည်းက …..အဲဒီဒေသကို ၀င်ရောက်အခြေချခဲ့ တဲ့ …..တရုတ်နွယ်ဖွား ယန်းမိသားစုရဲလက်အောက်မှာ…တိတ်ဆိတ်အေးချမ်းစွာရှိနေပါတယ်…..စစ်ဖက်မျိုးရိုးဖြစ်ပြီး ကျေးရွာ
အများစုကို …သူခိုးဓားပြတို့ ရန်က ကာကွယ်ပေးနိုင်ခဲ့တဲ့ ယန်း မိသားစုဟာ…..
ယခင်က သိန္နီစော်ဘွားရဲ့ လက်အောက်ခံ ဖြစ်ခဲ့ ပေမယ့်…..ဒုတိယကမ္ဘာစစ်အတွင်း……မဟာမိတ်တို့ ဘက်က ၀င်ရောက်တိုက်ခိုက်ပေးခဲ့ တဲ့ ဆုလာဘ်အဖြစ်….မြန်မာပြည်လွတ်လပ်ရေး မကြေငြာမီ တစ်ရက်အလိုမှာ….
ကိုးကန့် ဒေသကို …သီးခြားစော်ဘွားနယ်မြေတစ်ခုအဖြစ်…..သတ်မှတ်ပေးလိုက်ပါတော့တယ်…….
ကိုးကန့် စော်ဘွား အက်ဒွပ်ယန်း နဲ့ …..သူ့ ရဲ့ နာမည်ကျော် ညီ နဲ့  ညီမ ….ဂျင်မီယန်းနဲ့ အော်လစ်ယန်းတို့ ဟာ …..၁၉၆၀ ပြည့်လွန် နှစ်တွေ မှာတော့ …..ဝေေ၀ဆာဆာ ပွင့်ဖူးလာတဲ့  ……ရှမ်း လက်နက်ကိုင် အဖွဲ့ တွေနဲ ပူးပေါင်းပြီး……ပြည်ထောင်စု က အစိုးရ အသစ်ကို တော်လှန်ဖို့ ….စတင်ပြင်ဆင်နေပြီလဲ ဖြစ်ပါတယ်……။

ဝါဒရေးရာပြင်းထန်လွန်းပြီး …..စည်းရုံးရေးအားကောင်းလွန်းတဲ့  .....ဗမာပြည်ကွန်မြူနစ်ပါတီကို…….
နိုင်ငံရဲ့  နေရာအနှံအပြားမှာ ရင်ဆိုင်နေရတဲ့  တပ်မတော်ဟာ…..တကယ်တော့လဲ ……၀န် နဲ့  အား က ……..
မျှတလှတယ်လို့ မဆိုနိုင်တော့ပါဘူး……တိုက်ပွဲတွေ မရပ်မနား တစ်ဂျိမ်းဂျိမ်း တိုက်နေရတဲ့ အပြင်…..
နိုင်ငံရေးအကွဲအပြဲတွေကိုလဲ …..တတ်နိုင်သလောက် ကြားဝင်စေ့စပ်ပေးနေရတဲ့ ကြားထဲ …ဒီတိုင်းရင်းသား လက်နက်ကိုင်တွေ အရေးဟာလဲ …..တပ်မတော်အဖို့ တော့ ဗူးလေးရာ ဖရုံဆင့် ဆိုသလိုပါပဲ …..
နောက်ဆုံးမှာတော့ တပ်မတော်ဟာ….ဗကပနဲ့ ရင်ဆိုင်ထားတဲ့  သူရဲ့ စစ်အင်အား အများစုထဲက …….
တပ်တစ်ချို့ ကို မရမက ထုတ်နူတ်ပြီး ……ဒေသခံများပူးပေါင်းပါဝင်တဲ့  ပြည်သူ့ စစ်မဟာဗျူဟာနဲ့ …….
ရှမ်းပြည်နယ် လက်နက်ကိုင်များ အရေးကို …….ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်……အဲဒီအကျိုးဆက်ရဲ နောက်ဆက်တွဲ အဖြစ် …….ဒေသခံပြည်သူ့ စစ်အဖွဲ့ များ အများအပြား .....အင်အား ကြီးထွားလာပြီး ……
လော်စစ်ဟန် ၊ခွန်ဆာ၊ ဖုန်ကြားရှင် တို့ လို ……ဌာနေ ပြည်သူ့ စစ်ခေါင်းဆောင်များဟာ ……မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ …….အရေးပါတဲ့  အခန်းက ပါဝင်လာ ရပါတော့တယ်…..…..။

လော်စစ်ဟန် ငယ်စဉ်က ( Photo by FNG)
 အမှန်တကယ်တော့ ……ကိုးကန့် ဒေသက လော်စစ်ဟန်…..ဖုန်ကြားရှင်တို့ ဟာ ….ယခင်ကတော့ ယန်း မိသားစုရဲ့  …….လက်အောက်ခံ တပ်မှူး ငယ်များသာ ဖြစ်ကြပေမယ့်….နောက်ပိုင်းမှာတော့ တဖြည်းဖြည်း အင်အားကြီးထွားလာပြီး …..ပြိုင်ဘက် အုပ်စုများ အသွင်ဖြစ်လာပါတယ်……..တစ်ဖက်နဲ့ တစ်ဖက် ဟာ ...
နယ်မြေနဲ့ စီးပွားရေး ဈေးကွက်လုရာကနေမကြာခဏပြသနာများ ဖြစ်ပွားလေ့ရှိကြပြီး …….အချင်းချင်းလဲ
သိပ်တည့်လှတယ်တော့ မဟုတ်လှပါဘူး …..ဒါပေမယ့်လဲ ….ဒီအခြေအနေတွေကို …..အားလုံး ကပြောင်းကပြန်ဖြစ်စေတော့မယ့် အရိပ်မည်းကြီးဟာ…..မကြာခင်ပဲ ရှမ်းပြည်နယ်အပေါ်ကို ……ချည်းနင်း ၀င်ရောက်လို့ လာနေပါပြီ

ဆက်စပ်ဖတ်ရှု၇န် .... တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၉ )

No comments:

Post a Comment