Sunday, September 15, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၅ ) - ရဲမိုး



၂၀၀၃ ခုနှစ် မေလ ၃၁ ရက်နေ့  နံနက် ၄း၃၀ ခန့် မှာ ……
ပဲခူးမြို့ အ၀င်နေရာက …..လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ် တစ်ဦးဟာ…….စိတ်ရှုပ် နားမလည်ခြင်းများစွာနဲ့  …..ခေါင်းကို မသိမသာရမ်းလိုက်မိပါတယ်……..။

ဒီနေ့ တစ်ညလုံး သူ ကြုံတွေ့ နေ ရတဲ့ .အမှတ် ၃ တပ်မတော် ထောက်လှမ်းရေးတပ်က တပ်ဖွဲ့ ဝင်တွေရဲ့ လုံခြုံရေးဆောင်ရွက်နေမှုဟာ သူ့ ရဲ့  ရဲမှုထမ်းသက် တစ်လျောက်တော့ တစ်ခါမှမကြုံဘူးသလို.အင်မတန်မှလဲ အူကြောင်ကြောင်နိုင်လှပါတယ် အရင်လုံခြုံရေးဆောင်ရွက်တိုင်း ….သူတွေ့ နေကျ ထောက်လှမ်းရေး သတင်းပေး တစ်ယောက်မှမတွေ့ ရသလို ထောက်လှမ်းရေး တပ်မှူးကိုယ်တိုင် လမ်းကြောင်း လုံခြုံရေးလုပ်နေတဲ့ အဖြစ်မျိုးဟာလဲ …..သူ့ တစ်သက်မှာ အင်မတန် ကြုံတောင့်ကြုံခဲ လည်း ဖြစ်ပါတယ်……
အရေးကြီးခရီးစဉ်တွေဟာ ရဲတပ်ဖွဲ့  …တပ် နဲ့ ထောက်လှမ်းရေး တို့ ပူးပေါင်းတာဝန်ယူနေကျမှန်း သူသိထားပေမယ့် …..ဒီ လုံခြုံရေး အစီအစဉ်မှာ …..ကျန်တဲ့ သူတွေ တစ်ကောင်တစ်မြီးမှ သိပုံမရ သလို ……ဆက်သွယ်ရေး စက်တွေက အသံအားလုံးကလဲ ….ထူးထူးဆန်းဆန်း တိတ်ဆိတ်လို့ နေပါတယ်…….။

သူနဲ့ ခင်မင်နေပြီး ကွမ်းဒလစပ် စားလေ့ရှိတဲ့ တပ်ကြပ်ကြီး တစ်ဦးဆီ မယောင်မလည်နဲ. ချဉ်းကပ်သွားပြီး ဆရာကြီး ကွမ်းလေး ကျွေးပါဦးလို့ သွားပြောမိတဲ့ ရလာဒ်ကတော့ မျက်နှာထား တင်းတင်းနဲ့ …..မပါဘူးလို့  တုံ့ ပြန်ခံလိုက်ရတာပါပဲ ဒီနေ့ အဖို့  ….သူ့ အတွက် အကောင်းဆုံးကတော့ ……နောက်ထပ် ၁၅ မိနစ် အကြာမှာ
 
တစ်နာရီကို .....ကီလိုမီတာ တစ်ရာနီးပါးနဲ့  တလကြမ်းမောင်းသွားတဲ့  …..ကားအနက်ကြီး ၆ စီး မဖြတ်သန်းခင်ထိ …ထောက်လှမ်းရေးတပ်မှူး ကိုယ်တိုင်ပဲ ဖုန်းဆက်ပြီး ……
တိုတိုပြတ်ပြတ်နဲ့  " ခပေါင်း ၃ ဖြတ်ပြီ " လို့ တစ်ခွန်းထဲပြောပြီး …..ဖုန်းချမသွားခင်ထိတော့ …….
သူ့ ကင်းတဲလေးထဲမှာ နေနေတာပဲ …သူ့ အတွက် အကောင်းဆုံးဖြစ်ပါလိမ့် မယ်……။


 
၂၀၀၃ ခုနှစ် မေလ ၃၀ ရက် ရဲ့  ညနေ မှောင်ရီပျိုးပြမှာ….အဓိက အတိုက်အခံပါတီခေါင်းဆောင်ရဲ. ယာဉ်တန်းဟာ…စစ်ကိုင်းတိုင်း ရွှေဘို ခရိုင် ဒီပဲယင်းမြို့ နယ်ထဲမှာ .အစိုးရ ကျောထောက် နောက်ခံပြုတယ်လို့ စွပ်စွဲခံရတဲ .လူအုပ်စုတစ်ခုနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ ပါတယ်……။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ .ပြည်တွင်းပြည်ပ စွပ်စွဲချက်တွေ အမြောက်အများ ပေါ်ထွက်ခဲ့ ပေမယ့်
တပ်မတော်အစိုးရကတော့ အတိုက်အခံခေါင်းဆောင်ကို ထောက်ခံတဲ့ လူအုပ်စုနဲ .
ကန့် ကွက်တဲ့  လူအုပ်စု နှစ်ခု ခိုက်ရန်ဖြစ်ပွားခဲ့တယ် ဆိုတဲ့ သဘောမျိုး ပဲ
ခပ်တိုတို ကြေငြာခဲ့ပါတယ်.ပြည်ပ နဲ့  အတိုက်အခံ ဘက်က.ဒီပဲယင်း အစီရင်ခံစာလို့ အမည်ရတဲ့  မှတ်တမ်းတွေ အများအပြားထုတ်ဝေခဲ့ပေမယ့်လည်းဒီအစီရင်ခံစာ အများစုဟာ..ဖြစ်စဉ်ကိုပဲ ပုံဖော်ပေးနိုင်ခဲ့ပြီး အဓိက အရေးကြီးတဲ့ အချက်အတော်များများကိုတော့ .ဖော်ထုတ်နိုင်စွမ်းမရှိခဲ့ ပါဘူး…….။

ဒီဖြစ်စဉ်ကြီးရဲ့ အံသြစရာအကောင်းဆုံးအချက်ကတော့ …..အဓိက ကာယကံရှင်ဖြစ်တဲ့  အတိုက်အခံခေါင်းဆောင်ဟာ ဒီနေ့ ထက်ထိ လုံးဝ ရေငုံနူတ်ပိတ် တစ်ခွန်းမှ ထုတ်ဖော်ပြောကြားခြင်း မရှိတာပါပဲ .ဒါဟာ.ပါးနပ်တဲ့ နိုင်ငံရေးအမြင်ရှိသူများအတွက်တော့ဒီနောက်ကွယ်မှာ မြုပ်ကွက်တွေ အများအပြားရှိနေသလို .တပ်မတော် အစိုးရ နဲ့ အတိုက်အခံ ခေါင်းဆောင်ကြားညှိနိုင်းဆွေးမှုတွေ အများအပြားရှိနေပြီ ဆိုတဲ့ အချက်နဲ့ ဒီ ဆွေးနွေးမှုတွေရဲ့ သက်တမ်းဟာအခုမှ မဟုတ်နိုင်ဘူးဆိုတာကိုလဲအတော်အတန်ရိပ်စားသွားမိစေခဲ့ပါတယ်ဒါဟာ နှစ်ဖက်လုံးက.သဘောထား ပျော့ပြောင်းလာတာလဲ ဖြစ်နိုင်သလိုသဘောတူညီမှုတစ်ခုခု.ရရှိထားပြီ ဆိုတဲ့ အနေအထားမျိုးလဲ ဖြစ်နိုင်ပါတယ်.။


Photo by Wikipedia

ဒီ အရေးအခင်းရဲ့ လူသိ အနည်းဆုံး အချက်အလက်တစ်ခုကတော့ အစိုးရ ဌာနတစ်ခုဟာ
ယာဉ်တန်းကို တိုက်ခိုက်ခဲ့ သူ အမြောက်အများကို.နောက်ဆက်တွဲ ဖမ်းဆီး အရေးယူမှု တွေ အများအပြား.ပြုလုပ်ခဲ့တယ်ဆိုတဲ့ အချက်ပါပဲ .။

No comments:

Post a Comment