Monday, September 16, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၆ ) - ရဲမိုး

၂၀၀၄ခုနှစ် အောက်တိုဘာ ၁၈ရက်ရဲ့  နံနက်ခင်းဟာရန်ကုန်မြို့ ၉မိုင်ခွဲ မှာရှိတဲတပ်မတော်ထောက်လှမ်းရေးတပ်က.တပ်ရေးဗိုလ်ကြီး အတွက်တော့ သာမန်ရက်တွေ အတိုင်းပဲ သိပ်ထူးခြားလှတယ် မဟုတ်ပါဘူးနံနက် တန်းစီ…အလေးပြု .. သစ္စာဆို ပြီးတာနဲ့ 
ရှုပ်ထွေး များမြောင်လှတဲ့  တပ်ရေးဗိုလ်ကြီး တစ်ဦးရဲ့ တာဝန် ဝတ္တရားတွေကစတင်လို့ နေပါပြီ.

ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူး ဦးစီး ပြုလုပ်မယ့် တိုင်း စည်း/ ကော် အစည်းအဝေး တက်ဖို့ အတွက်
တပ်မှူးကို လိုအပ်တဲ့ စာရွက်စာတမ်းတွေ အသင့်ပြုလုပ် ပြင်ဆင်ပေးပြီးတဲ့ နောက်မှာ.
ကားပေါ်တက် ထွက်ခွာသွားတဲ့ …တပ်မှူး ဗိုလ်မှူးကြီးကို သတိဆွဲ အလေးပြုရင်း …..ရုံးရှေ့ မှာပဲ သူ ကျန်နေရစ်ခဲ့ ပါတယ်…..
သူ.ကြိုတင်မသိနိုင်တဲ့ အချက်တစ်ခုကတော့ သူ့ တပ်မှူးကို နောင် ဆယ်စုနှစ် တစ်ခုနီးပါး …..
ထပ်မံ မြင်တွေ့ ရတော့မယ် မဟုတ်ဘူး ဆိုတာပါပဲ….

အဲဒီနေ့ နံနက် ၉နာရီလောက်မှာ ….ပထမဆုံး လက်ခံရရှိတဲ့ တယ်လီဖုန်း သတင်းပေးပို့ ချက်ဟာ.
တပ်ရေးဗိုလ်ကြီးကို စတင် မျက်မှောင်ကြုတ် သွားစေခဲ့ ပါတယ်သတင်းပေးပို့ သူကတော့
စစ်ရုံးချုပ် အတွင်းစည်း လုံခြုံရေးတာဝန်ခံ ထောက်လှမ်းရေးအရာရှိ တစ်ဦးဖြစ်ပြီး စစ်ရုံးမှာ ခါတိုင်းထက် လုံခြုံရေးအများအပြား ချထားပြီး စောင့်ကြပ်နေသူတွေကိုယ်တိုင် ဘာကြောင့် မှန်းမသိဘူးဆိုတဲ့ သတင်းပါ
မနှေးမနှောင်း ထပ်ဝင်လာတဲ့ တယ်လီဖုန်းကတော့ သူခြေလျင်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က.
သူ့ တပ်ခွဲမှူးဟောင်းဖြစ်ပြီး လက်ရှိ ရဲတပ်ရင်းတစ်ခုရဲ့ တပ်ရင်းမှူးဖြစ်နေသူပါ….
" ညီလေး …ဘာထူးလဲ ကိုယ်တို့  ရဲတပ်ရင်း ၃ ရင်း ကို အသင့်လုပ်ခိုင်းထားလို့ …."
သူလဲ မသိသေးကြောင်း ပြန်ပြောရင်း ဖုန်းခွက်ကို အသာပြန်ချ လိုက်ပါတယ်…..။


 
ထောက်လှမ်းရေး အရာရှိ အတော်များများဟာ ….တိုက်ဆိုင်မှုတွေကို သဘောကျလေ့ မရှိသလို ….
သူလည်းပဲ ဒီတိုက်ဆိုင်မှု တွေကို သဘောမကျပါဘူး…..သူ့ အနေနဲ့  နေရာအတော်များများကို ဖုန်းဆက်ပြီးချိန်မှာတော့ ….ရန်ကုန်မြို့ ပေါ် တပ်ရင်းအတော်များများနဲ့  …..ရဲမွန် က တိုက်ခိုက်ရေး တပ်မ နှစ်ခု
ပြီးတော့ …ရဲတပ်ရင်းတွေကို တပ်လှန့် ထားကြောင်းနဲ့  တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ က ……
ဒီအစီအစဉ်ကို လုံးဝမသိရှိကြောင်းသေချာသွားပါပြီ…….။
ဒါဟာ….တန်ပြန်ထောက်လှမ်းရေး လုပ်ငန်းတွေကို အဓိကထားဆောင်ရွက်လေ့ရှိတဲ့ 
ဗိုလ်မှူးကြီး အဆင့် အုပ်ချုပ်တဲ့  တပ်မတော်ထောက်လှမ်းရေး တပ်ကြီး သုံးတပ်ထဲက.
ပါးရည်နပ်ရည် ရှိလှတဲ့ တပ်ရေးဗိုလ်ကြီး တစ်ဦးအတွက်တော့ ချက်ချင်းပဲ မျက်နှာကွက်ကနဲ ပျက်သွားစေတဲ့ အချက်လည်း ဖြစ်ပါတယ်…..တစ်ချိန်တည်းမှာပဲ
တပ်မတော်ထောက်လှမ်းရေး ဌာနချုပ်ရုံးနဲ့  ရန်ကုန်မြို့ ပေါ် ထောက်လှမ်းရေးတပ် အတော်များများ ဟာလဲ
သာမန်မဟုတ်တဲ့ လှုပ်ရှားမှု တွေ အကြောင်း သတင်းပေးပို့ ချက် တွေကို စတင် လက်ခံရရှိနေကြပြီဖြစ်ပါတယ်
" …ဗိုလ်မှူး …..ကျွန်တော့်ကို သေနတ်လေးအပ်ပေးပါခင်ဗျ…." ..
စားပွဲရှေ့ မှာ သတိမတ်နေအောင်ဆွဲ …..အလေးပြုရင်း ပြောလိုက်တဲ့ ဗိုလ်ကြီးရဲ့ မျက်နှာဟာ …..
သိပ်ကောင်းလှတယ်လို့ တော့ မဟုတ်လှပါဘူး ….တကယ်တော့ သူတို့ ဟာ …..ရန်ကုန်မြို့ တွင်း လုံခြုံရေးတာဝန် ထမ်းဆောင်ရင်း …..နေရာအသီးသီးမှာ …..မကြာခဏတွေ့ ဆုံ မျက်မှန်းတန်းမိနေကြသူတွေပါ….ဘယ်လိုပဲ ဖြစ်ဖြစ် စစ်သားတစ်ယောက် အနေနဲ့ တော့ …..သူ ရရှိတဲ့ အမိန့် အတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး ……နောက်စားပွဲတစ်ခုမှာတော့ …..ညကမှ ဘီယာအတူထိုင်သောက်ခဲ့ သူ ……
သူ့ နဲ့ တစ်ပတ်စဉ်တည်း သူငယ်ချင်း ကိုလဲ ….သူ ရင်ဆိုင်ရအုန်းမှာဖြစ်ပါတယ်….




ဒါပေမယ့်လည်း တစ်ဖက်က သူတွေဟာလဲ ……စစ်သားများသာ ဖြစ်နေတဲ့ အတွက် …..သူ့ တာဝန်ကို နားလည် သဘောပေါက်လို့ နေနှင့်ပါပြီ … အဲဒီနောက်မှာတော့ …အဲဒီနေ့ ရဲ့ ညနေ ၄နာရီလောက် အချိန်မှာ…..ရန်ကုန်မြို့ ပေါ်က ခြေလျင်တပ်ရင်း ၃ရင်းဟာ …..တပ်မတော်ထောက်လှမ်းရေး ဌာနချုပ်ရုံး ထဲကို …..၀င်ရောက်နေရာယူနေပြီဖြစ်သလို ……မြန်မာပြည် အနှံ့ အပြားက….တပ်မတော်ထောက်လှမ်းရေးတပ်များမှာလဲ …….သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးက …..၀င်ရောက်ကွပ်ကဲလို့ နေနေပါပြီ……..။




.ဒီဖြစ်စဉ်ကြီးတစ်ခုလုံး …..အေးအေးချမ်းချမ်းပဲ ပြီးဆုံးသွားတဲ့ အတွက် ……ညအချိန်မှာ ရန်ကုန်မြို့ တွင်း ၀င်ရောက်လာတဲ့ ……ခြေမြန်တပ်မ နှစ်မဟာ …..
နောက်သုံးရက်လောက် အကြာမှာပဲ ….ပြန်လည် ထွက်ခွာသွားတော့မှာလဲ ဖြစ်ပါတယ်….။

ဆက်စပ်ဖတ်ရှု၇န် ... တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၅ )

No comments:

Post a Comment