Wednesday, September 18, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၈ ) - ရဲမိုး

ဒဂုံစင်တာ ဗုံးပေါက်ကွဲမှု ( Photo by Irawaddy)


တပ်မတော်ထောက်လှမ်းရေး အဖွဲ့ အစည်းကို ဖျက်သိမ်းလိုက်တဲ့ အတွက် …..နိုင်ငံအနှံ့ အပြားမှာ ရင်ဆိုင်နေရတဲ့  …..ထောက်လှမ်းရေး ပါဝါ အလွန်အမင်းမြင့်တက်လာပြီး …..အုပ်ချုပ်ရေးယန္တရားကို အနှောင့်အယှက်ပေးလာတဲ့ …..ပြသနာကြီးကို ပြေလည်သွားစေသလို …..တစ်ဖက်ကလဲ …….
ဘေးထွက် ဆိုးကျိုးအမြောက်အများကို ရင်ဆိုင်ခဲ့ ရပါတယ်….

နယ်မြေဒေသအသီးသီးက ……ဒေသဆိုင်ရာ အုပ်ချုပ်သူတွေ အနေနဲ့ …..သူတို့ နဲ့ ပါဝါ ဟန်ချက်ညှိထားတဲ့ အဖွဲ့ အစည်း တစ်ခုမရှိတော့သလို …..အစိုးရအဖွဲ့ ဆီ တိုက်ရိုက်တင်ပြနေတဲ့ …..တစ်ခုတည်းသော အစီရင်ခံစာ လမ်းကြောင်း ပျောက်ကွယ်သွားပြီမို့  ……အထိန်းအကွပ်မဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ ….
အများအပြားပေါ်ပေါက်လာကာ …..မသမာမှု နဲ့ ခြစားမှု အမြောက်အများကိုလဲ ဖြစ်ပေါ်စေခဲ့ပါတယ်…
နှစ်ရှည်လများ တည်ဆောက်လာတဲ့ …..ထောက်လှမ်းရေးကွန်ယက်ကြီးတစ်ခုလုံးပြိုကျသွားတဲ့ အတွက် …..အရေးကြီး သတင်းပေးအမြောက်အများကို ဆုံးရှုံးခဲ့ ရပြီး …..လုံခြုံရေးကျိုးပေါက်မှုများကိုလဲ …..
အများအပြား ဖြစ်ပေါ်စေခဲ့ ပါတယ်…..

ဒဂုံစင်တာ အတွင်းပိုင်း ( Photo by Reuters)
ဒါဟာ နောက် လအနည်းငယ်အတွင်း စတင်ရင်ဆိုင်ရတော့မယ့် …..JUCTION 8 အပါအ၀င် နေရာ အနှံ့ အပြားက …..ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရမှုတွေရဲ့ …..အဓိကအကြောင်း တစ်ချက်လို့ လဲ ဆိုနိုင်မှာဖြစ်ပါတယ်…။

၇ မေ ၂၀၀၅ နေ. ဒဂုံစင်တာ ပေါက်ကွဲမှု အပြီး ( Photo by AFP )
၂၀၀၄ ခုနှစ်ရဲ့ နွေဦးကာလတစ်ချို့ မှာ…..ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးဟာ…..
တပ်မတော် တပ်ရင်း တပ်ဖွဲ့ များအားလုံး ….တိတိကျကျ လိုက်နာရမယ့် …..အမိန့် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်…....။

ဒီအမိန့် ဟာ….တပ်ရင်းတပ်ဖွဲ့ အသီးသီးက …တပ်ရင်းမှူး တပ်မှူးများ အားလုံးကို.....
ဦးနှောက် အတော်ခြောက်သွားစေခဲ့ပြီး….တပ်ရေး တပ်ထောက် အရာရှိများ အတွက်တော့ …..
၆လခန့် နေ့ မအိပ်ညမအိပ် စာရင်းဇယားများနဲ့ …..ခေါင်းမဖော်တန်း အကြီးအကျယ် အလုပ်ရှုပ်သွားစေမယ့်…..အမိန့် တစ်ခုလည်း ဖြစ်ပါတယ်……...။

အဲဒါကတော့ …..တပ်ရင်း တပ်ဖွဲ့ များ အားလုံး ….တပ်အစီအစဉ်နဲ့ မည်သည့်လုပ်ငန်းကိုမှ ……
လုပ်ကိုင်ခွင့်မပြုတော့ကြောင်းနဲ့ ….လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းများအားလုံးကို…..
စာရင်းဇယားများနဲ့ တကွ…..စစ်ထောက်ချုပ်ရုံးကို လွှဲပြောင်း အပ်နှံပေးဖို့ ပဲ ဖြစ်ပါတယ်…….။

ကာကွယ်ရေး ၀န်ကြီးဌာနဟာ …..တကယ်တော့ တိုင်းပြည်ရဲ့ ဘက်ဂျက်ကို …..ရာခိုင်နူန်း အများဆုံး ရရှိနေတဲ့ ဌာနဖြစ်ပေမယ့် …..သူ့ အသုံးစားရိတ်ဟာလဲ ကြီးမားလွန်းလှပါတယ် ….ခေတ်မီ စစ်လက်နက်တွေရဲ့ တန်ဖိုးဟာ …..အတော်မြင့်မားလှပြီး တစ်ဖက်ကလဲ …..အိမ်နီးချင်းနိုင်ငံတွေရဲ့ တပ်မတော်တွေနဲ့ …..
အမီလိုက်ရမယ့် အနေအထားကိုလဲ ….ရှောင်လွဲလို့ မရနိုင်ပါဘူး…….။



၁၉၉၄ ခှုနှစ်နောက်ပိုင်း ….အသစ်ထပ်မံတိုးချဲ့ ဖွင့်လှစ်လိုက်တဲ့  …..များပြားလှတဲ့ တပ်မ တွေဟာ …..
အရင်ဘယ်တုန်းကမှ မစိုးမိုးခဲ့ တဲ့ နယ်စပ်ဒေသတွေထိ ……ဖြန့် ကျက် အခြေပြုလာခဲ့ ပြီး…..
ရှမ်းပြည်မြောက်ပိုင်း တစ်ခုထဲမှာကို ……တပ်မ အတော်များများတိုးချဲ့ ဖွင့်လှစ်ခဲ့ ပြီးဖြစ်လို့ ……
နယ်မြေစိုးမိုးမှု အတော်ကောင်းလာပေမယ့်လည်း …..များပြားလှတဲ့ စစ်စားရိတ်ရဲ့  ဖိစည်းမှူဒဏ်ကိုတော့ ……တိုင်းပြည်လဲ အတော်ခံခဲ့ ရပါတယ်…..။

ဒါပေမယ့်လည်း ဒါဟာ …….တိုင်းရင်းသား လက်နက်ကိုင်လူမျိုးစုတွေ အများအပြားရှိနေပြီး …..
အပြီးသတ် လက်နက်စွန့် ဖို့ ဘယ်လိုမှ ညှိနိုင်းလို့ မရသေးတဲ့ …..တိုင်းပြည်တစ်ခု အတွက်တော့ …….
ဒီ တပ်တိုးချဲ့ မှုတွေဟာ…..ဘယ်လိုမှ ရှောင်လွှဲလို့  ရနိုင်မယ်မဟုတ်ပါဘူး….လူမျိုးစု လက်နက်ကိုင်တွေ အများအပြားရှိနေမှုအပေါ် ……အမြတ်ထုတ်နေတဲ့  အိမ်နီးချင်းနိုင်ငံတွေဟာလည်း….ဒီ စစ်အင်အားတိုးချဲ့ မှုရဲ့ ……တစ်စိတ်တစ်ဒေသ အကြောင်းလဲ ဖြစ်နိုင်ပါတယ်……။




တကယ်တော့လည်း ….စစ်အင်အား ငါးသိန်းနီးပါးရှိတဲ့ တပ်မတော်တစ်ခုအတွက် …..
သူ ရရှိလာတဲ့ ဘတ်ဂျက်ဟာ…သူရဲ့ များပြားလှတဲ့ တိုက်ခိုက်ရေးယာဉ်တွေ ပုံမှန်လည်ပတ်နိုင်ဖို့ ….
အပို ပစ္စည်း ၀ယ်ယူရမှု နဲ့ စက်သုံးဆီ တန်ချိန်ပေါင်း များစွာအပြင်….လစာ ရိက္ခာ တစ်ခုတည်းတင်ကိုက ….လွယ်ကူတဲ့  ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး….။စစ်သည်တွေရဲ့ စစ်ဝတ် နဲ့ …..အသုံးအဆောင် ချပ်ဝတ်တန်ဆာတွေဟာ …..သူ့ သက်တမ်းအလိုက် ….အမြဲလှဲလှယ်ပေးနေရတဲ့ အမျိုးအစားတွေ ဖြစ်တဲ့ အတွက် …..သိပ်ကောင်းလွန်းပြီး ….ထုတ်လုပ်မှု စားရိတ်မြင့်မားတဲ့ အသုံးအဆောင်တွေကိုလဲ …...
ထုတ်ပေးနိုင်စွမ်း မရှိခဲ့ ပါဘူး …….။



တပ်မတော် ကထုတ်ပေးတဲ့ တောစီးဖိနပ်တစ်ရံဟာ …..သက်တမ်း ၁၂လ သတ်မှတ်ထားပေမယ့်လဲ …..
တကယ်ကြမ်းတမ်းတဲ့ စစ်ဆင်ရေးတွေမှာ …..၃လ လောက်ဆိုရင်ပဲ ပေါက်ပြဲကုန်ပြီး …..
စစ်သည်တွေဟာ .....ရရာကင်းဗတ်စနဲ့  ပဲ ဖာထေးစီးရ ပါတော့တယ် ….စီးပွားရေးပိတ်ဆို့ မှု အများအပြားကြောင့်….ချွတ်ခြုံကျ နည်းသထက်နည်းလာတဲ့  ဘက်ဂျက်ဟာ…နောက်ပိုင်းမှာတော့……
ရာသီဥတု အရမ်းဆိုးရွား ပြင်းထန်လွန်းတဲ့ …..ဒေသက တပ်တွေက လွဲလို့ …..ကုန်ကျစားရိတ်မြင့်မားပြီး ….အသားဗူးတစ်ချို့ ပါဝင်တဲ့ တိုက်ခိုက်ရေး ရိက္ခာ ကိုလဲ …..အမြဲတန်း ထုတ်ပေးနိုင်စွမ်း မရှိတော့ပါဘူး…..။




နောက်ထပ် ပြသနာကြီးကြီးမားကတော့ ….တပ်ရင်းဌာနချုပ်တွေမှာ …..ရင်ဆိုင်ရတဲ အခက်အခဲပဲဖြစ်ပါတယ်……တပ်တစ်တပ်ရဲ့ အသုံးစားရိတ်တွေဟာ ….ချွေချွေတာတာ သုံးမယ်ဆိုရင်တောင်မှ….စာရွက်စာတမ်း ရုံးသုံး ပစ္စည်း များစားရိတ် …စစ်သည် သင်တန်းတက် ထောက်ပံ ကြေး လို ထောက်ပံ့ မှုတွေဟာ …..ရှောင်လွှဲလို့ မရနိုင်ပါဘူး….တပ်ရင်း အများစုကတော့ …..
စစ်သည်တစ်ဦး သင်တန်းတက်ဖို့ အတွက် ….ကျပ်တစ်သောင်းလောက်ကိုတောင် ….အနိုင်နိုင်ထောက်ပံ့နေရတဲ့ အပြင် ….သင်တန်းတက် ၁၀ယောက်လောက်ရှိတဲ့ လ ကတော့ …..
အဲဒီတပ်က တပ်ရေးဗိုလ်ကြီးချွေးပြန်ရတဲ့ လမျိုးလဲ ဖြစ်ပါတယ်…...။

စစ်သည်တွေရဲ့ မိသားစုဝင်အတွက် ထုတ်ပေးတဲ့ ဆန်ဟာ …..လောက်ငရုံလောက်သာရှိ ပြီး…..
အခြားအထွေထွေ အသုံးစားရိတ်တွေဟာလည်း …..တပ်မိသားစုတွေရင်ဆိုင်ရတဲ့ …..
အခက်အခဲများစွာထဲကတစ်ခုလည်းဖြစ်ပါတယ်…..ဒီပြသနာဟာ …..အလုပ်အကိုင်ပေါများတဲ့  …..
မြို့ ကြီးပြကြီးများက တပ်အနည်းငယ်နဲ့ …..နယ်စပ်ဒေသက တပ်အချို့  အတွက်တော့ …..
ပြင်ပအလုပ်လုပ်ရင်း ဖြေရှင်းလို့ ရနိုင်ပေမယ့် …တပ်ရင်းအများစုတည်ရှိရာ …..
နယ်စွန်နယ်ဖျားဒေသတွေမှာတော့ …..ဒီလိုဖြေရှင်းလို့ မရနိုင်တဲ့ အပြင် ….တစ်ချို့ ဒေသများဟာ .....
လုံခြုံရေးအခြေအနေ ဆိုးလွန်းတဲ့ အတွက် …..တပ်ပြင်ကိုတောင် …..
စိတ်ထင်တိုင်းထွက်လို့ ရမယ်မဟုတ်ပါဘူး…..။

ဒီအခြေအနေတွေကို တပ်အများစုကတော့ …..ဦးပိုင်က နှစ်စဉ်ထုတ်ပေးတဲ့ အမြတ်ငွေ အပြင် ……
တပ်ပိုင် စီးပွားရေးလုပ်ငန်းများဖြစ်တဲ့  …..စစ်သည်ရဲမေတွေ ရဲ့ အင်အားနဲ့  ……
လယ်စိုက် အုတ်ဖုတ် ကျောက်ထုတ် စတဲ့  ……လုပ်ငန်းတွေက ရတဲ့ ဝင်ငွေတွေနဲ့ ……တပ်ရဲ သက်သာချောင်ချိရေးလုပ်ငန်းတွေကို …..ဆောင်ရွက်ရလေ့ရှိပါတယ်…..ဦးပိုင်က ထုတ်ပေးတဲ့ ….
အမြတ်ငွေ တစ်နှစ်ကို ၁၅သိန်းဟာ …..သိန်း၅၀ အမြင့်ဆုံးထည့်ခွင့်ရတဲ့ …..ခြေလျင် တပ်ရင်း တစ်ခုအတွက်တော့….များလှတယ်မဟုတ်လှပေမယ့် ….အသက်ရူချောင်နေစေတာတော့လဲ အမှန်ပဲ ဖြစ်ပါတယ်…..။




ဒါအပြင် အငြိမ်းစား စုဆောင်းငွေအဖြစ် ….ရဲဘော်ကနေ အရာရှိကြီး အဆင့်ထိ….
သတ်မှတ်နူန်းထားအတိုင်း ….ဦးပိုင်မှာ ရှယ်ယာထည့်ဝင်ခွင့်ပေးထားပြီး….တပ်မတော်က အငြိမ်းစားယူချိန်မှာ ….စုဆောင်းထားတဲ့ အမြတ်ငွေတွေအပြင်….အကျိုးအမြတ်ကို လစဉ် ထုတ်ယူခွင့်ပြုထားပေမယ့် …..
လွဲပြောင်း ရောင်းချခွင့်တော့ ပေးမထားပါဘူး…..ဒါဟာ …အမှန်တကယ် ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပေမယ့် …..အငြိမ်းစားယူချိန်မှ စတင်ထုတ်ယူ ခွင့်ပြုတာဖြစ်သလို ….အကြောင်းအမျိုးမျိုးကြောင့် ….စစ်မှုထမ်းသက်မပြည့်ပဲတပ်က အငြိမ်းစားယူရတဲ့ အချိန်မှာ …..ထည့်ဝင်ထားငွေ နည်းပါးလွန်းသေးတဲ သူတွေအတွက်တော့ …..သိပ်ပြီးထိရောက်လှတယ်လို့  ခေါ်နိုင်မယ် မဟုတ်ပြန်ပါဘူး…...။

ဒါပေမယ့်လဲ တပ်အများစုဟာ ….တပ် စတင်ဖွင့်လှစ်ချိန်ကတည်းက….စစ်ထောက်ချုပ်ရုံးရဲ့ ခွင့်ပြုချက်နဲ့  …..ဦးပိုင်က ထုတ်ချေးပေးတဲ့ မတည်ငွေနဲ့ သာ မှီခို အစပြုရပြီး ….ဒီငွေကိုပဲ ဦးပိုင်မှာ ထည့်သွင်းကာ ….ရလာတဲ အမြတ်ငွေနဲ့ …..တပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ….လည်ပတ်ဆောင်ရွက်ရတာလဲ ဖြစ်ပါတယ်…..
တပ်ရင်းတပ်ဖွဲ့ မှူး အသီးသီးဟာ …..သက်ဆိုင်ရာ လေးလပတ် ဦးရေးထောက် အစည်းအဝေးတွေမှာ….
ဦးပိုင်ကို တပ်ရင်းက သတ်မှတ်ချက်အတိုင်း …ပြည့်မီအောင် ထည့်ဝင်ထားနိုင်စွမ်းရှိ မရှိ …..
အမြဲတင်ပြနေရပြီး…..သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေကလည်း ….ကကကြည်း လေးလပတ် အစည်းအဝေးမှာ …..ဒီ အချက်တွေကို အမြဲတင်ပြနေရတာဖြစ်ပါတယ်….ဒါဟာ….သူ့ တပ်က ထည့်ဝင်ငွေ ဆိုးဆိုးဝါးဝါး …….ပျက်ကွက်လျော့နည်းတဲ့ တပ်မှူးတွေ အဖို့ တော့…..တစ်ဆင့်မြင့် ရာထူးအတွက် ……
စဉ်းစားမယ်မဟုတ်ဘူးဆိုတဲ့ သဘောလဲ ဖြစ်ပါတယ်……။

၂၀၀၄ ခုနှစ် ကကထောက်ရဲ့  အမိန့် ထုတ်ပြန်ပြီးတဲ့ နောက်မှာ….တပ်ရင်းတပ်ဖွဲ့ တွေဟာ ……တပ်အစီအစဉ်နဲ ပြုလုပ်နေတဲ့ လုပ်ငန်းအားလုံးကို ….ရပ်ဆိုင်းလိုက်ရတဲ့ အတွက်….ဦးပိုင်က ထုတ်ပေးနေတဲ့ အမြတ်ငွေကို ….
ပိုမိုမှီခိုလာရပြီး …လတ်တလော အဆင်မပြေမှုတွေ ရင်ဆိုင်လာရပေမယ့်လည်း…..စစ်ရုံးချုပ်အနေနဲ့ ကတော့ …..တပ်တစ်တပ်ချင်း အလိုက် ……အခြေအနေအရ ကိုယ်စီ စီးပွားရေးလုပ်နေရတာကို….ရေရှည်ခွင့်ပြုလိမ့်မယ်တော့ မဟုတ်ပါဘူး….တပ်မတော် အနေနဲ့ လဲ …..
မကြာခင်မှာ စစ်တန်းလျားပြန်ဖို့ ပြင်ဆင်နေပြီ ဖြစ်တဲ့  အတွက် ….ဒီလို ကိစ္စ မျိုးတွေဟာ ……
အခုလောက်တည်းက ကြိုကြိုတင်တင် …….စီစဉ်ရှင်းလင်းမှ ဖြစ်မယ်ဆိုတာလဲ …
သဘောပေါက်ပြီး ဖြစ်နေလောက်ပြီ ဖြစ်ပါတယ်……


ဆက်စပ်ဖတ်ရှု၇န် ... တပ်မတော်ဘာလဲဘယ်လဲ (၁၇ )

No comments:

Post a Comment