Tuesday, April 1, 2014

ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ အကြိမ် ၂၀ မြောက်ဆရာကန်တော.ပွဲ



၂၀၁၄ မတ်လ ၃၀ ရက်နေ. မနက်ပိုင်းက စဉ်.အိုးတန်းလမ်း ရှိ ၀ါးခယ်မမြို.နယ် အသင်းတိုက်တွင် ရန်ကုန်မြို.တွင် ရောက်ရှိနေထိုင်ကြသော ၀ါးခယ်မ အထက ၁ - ၂ - တွဲဖက် အထက နှင်. အလက ၁ တို.မှ သက်ပြည်.အနားယူ ဆရာကြီး/ဆရာမကြီးများအား ၀ါးခယ်မနွယ်ဖွား တပည်.ဟောင်းများက ပူဇော် ကန်တော.ခြင်း အကြိမ် ၂၀ မြောက် အခမ်းအနားကို ကျင်းပခဲ့ပါသည် ။

ထိုအခမ်းအနားသို.  အကန်တော.ခံ ဆရာကြီး/ဆရာမကြီး ၆၆ ဦးအနက် အားလုံးနီးပါး တက်ရောက်ပူဇော်ကန်တော.ခံခဲ့ကြပါသည် ။ အခမ်းအနား မစတင်မှီ ဆရာကြီး/ဆရာမကြီးများ နှင်. တက်ရောက်လာသူများကို မုန်.ဟင်းခါးဖြင်. ဧည်.ခံခဲ့ပြီးထိုကုန်ကျစရိတ် ၆၉၀၀၀ ကျပ်၏ အလှုရှင်မှာ ဆရာကန်တော.ပွဲအခမ်းအနား စတင်ဖြစ်မြောက်စေရေး ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်သော ဦးဝင်းကြွယ် မိသားစု ဖြစ်ပါသည် ။



အခမ်းအနားကို ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ထုံးတမ်းစဉ်လာအတိုင်း နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော.ကာ ဖွင်.လှစ်ခဲ့ပါသည် ။

ထို.နောက် အသင်း၏ လက်ရှိဥက္ကဋ္ဌ ဦးသန်းဋ္ဌေးမှ ဆရာကြီး/ဆရာမကြီး များနှင်. တက်ရောက်လာသူတို.အား အသင်း၏ လုပ်ဆောင်ချက်များ ၊ ရှေ.ဆက်လုပ်ဆောင်မည်. အစီအမံများ ကို ရှင်းလင်းပြောကြားရာတွင် ……..ယခု ၂၀၁၄-၂၀၁၆ အမှုဆောင်အဖွဲ.သစ်ကို အစဉ်အဆက် အသက်အရွယ်အမှုမထားပဲ မြို.နယ်အကျိုး စွမ်းစွမ်းတမံသယ်ပိုးပေးခဲ့ကြသော အမှုဆောင်ကြီးများကို ဂုဏ်ထူးဆောင်နာယက ၊ နာယက ကြီးများအဖြစ် ဆက်လက်ဦးဆောင်စေလျှက်အတွေ.အကြုံရှိ သူများ ၊လူလတ်ပိုင်းများ ၊ မြို.နယ်အကျိုး တတ်နိုင်သည်.ဘက်မှ သယ်ပိုးနေကြသော လူငယ်အချို. ထပ်တိုးဖွဲ.စည်းခဲ့ပုံ ၊ ၀ါးခယ်မသို.စတုတ္ထအကြိမ်သွားရောက်၍ အခမဲ့ဆေးကုသပေးခဲ့မှုများနှင်. မကြာမှီသွားရောက်ရန် ရှိသည်. မျက်စိ ၊သွားနှင်.ခံတွင်း အခမဲ့ဆေးကုသမှုအစီအစဉ် ၊ လက်ရှိဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) အနေဖြင်.တက္ကသိုလ် / ကောလိပ်အဆင်.တက်ရောက်နေသော   ၀ါးခယ်မ ဇာတိဖွားနှင်. အနွယ်တော် ကျောင်းသား များအနက် တက္ကသိုလ်/ကောလိပ် ၁၂ခု ရှိထူးချွန်ချို.တဲ့ ကျောင်းသားပေါင်း ၆၁ဦးအား ပညာသင်ထောက်ပံ.ကြေးအဖြစ် လစဉ် ၂၆သိန်းခန်.အသုံးပြု ထောက်ပံ.နေမှုများ ၊ ၀ါးခယ်မမေတ္တာဂရုဏာ နာ/ကူ အသင်း၏ အကူအညီတောင်းခံမှု အရ အောက်ဆီဂျင် အိုးအကြီး ၁၅ အိုးအား လှုဒါန်းပေးခဲ့မှု နှင်.ဒေါက်တာခင်မောင်ကြိုင် မှ လှည်းအပါအ၀င်တာဝန်ယူပို.ဆောင်ပေးခဲ့ပြီးမြို.ဘက်ခြမ်းသာမက ရွာသစ်တွင်ပါ အရံသင်.ထားရှိစီစဉ်ထားပုံ ၊ ၀ါးခယ်မရှိ Youth Development Center တွက် Computer များထပ်မံလူဒါန်းခဲ့ပြီး လက်ရှိ ၁၇ လုံးဖြင်. သင်တန်းလည်ပတ်နေပုံ ၊ အထက ၂ အတွက်စက်ရေတွင်းနှင်. ရေစစ်ကန် တည်ဆောက်မှု လုပ်ငန်း ၊ NGO အဖွဲ.အစည်းတစ်ခု၏ 100 School Program ဖြင်. ကျေးရွာ မူလတန်းကျောင်းအချို.ဆောက်လုပ်လှုဒါန်းရန်စီစဉ်နေမှုများ အကြောင်းတို.ကို ရှင်းလင်းပြောကြားပြီး မေလ ၂ရက်နေ. ၀ါးခယ်မသို.သွားရောက်မည်.ခရီးစဉ်တွင် ပြုလုပ်မည်.ဆေးကုသမှု ၊ ဂီတ နှင်. ကွန်ပြူတာသင်တန်း အစီအစဉ် ၊ ထူးချွန်ကျောင်းသားဆုပေးပွဲအကြောင်း များ နှင်. မျက်စိကုသမှုတွင် တစ်ဦးကုန်ကျစရိတ်ပျှမ်းမျှ ၄၅၀၀၀ ခန်.ရှိသဖြင်. လှုဒါန်းလိုသူများဆက်သွယ်လှုဒါန်းနိုင်ကြောင်း အသိပေးပြောကြားခဲ့ပါသည် ။



ထို.နောက် တက်ရောက်လာသော တပည်.များက ဆရာကြီး ဦးအောင်သန်း ရေးသားပေးသော ကန်တော.ချိုးဖြင်. ရွတ်ဆို ပူဇော်ကန်တော.ကြသည် ။

ထို.နောက် တက်ရောက်ပူဇော်ခံကြသော ဆရာကြီး / ဆရာမကြီးများအား ကန်တော.ငွေများ လှုဒါန်းကြပြီး  တိုင်းရင်းဆေးဆရာကြီး ဦးခန်.၏ တိုင်းရင်းဆေးဘူးများကို တက်ရောက်လာသူများပါ ဝေငှလှုဒါန်းခဲ့သည် ။

Photo by Aye Aye Myint
အကန်တော.ခံဆရာကြီးများကိုယ်စား ဆရာကြီးဦးသိန်းလွင်က သြ၀ါဒစကားပြောကြားရာတွင် သူ.အနေဖြင်. ဆရာကန်တော.ပွဲအတော်များများတက်ရောက်ဖြစ်ခဲ့ပြီး အေးမြသော ရာသိတွင် ပြုလုပ်ခဲ့သော ညောင်တုန်း ဆရာကန်တော.ပွဲတွင် ဆီမီးခွက်ထွန်းပူဇော်ခဲ့ကြပြီး ပူပြင်းသောရာသီတွင်ပြုလုပ်ခဲ့သည်. ဆားမလောက်ဆရာကန်တော.ပွဲတွင်မူ သပြေပန်း ၊ ရေချမ်းနှင်. ကန်တော.ခဲ့ကြပုံ မှစပြီး အချိန်အတော်ယူကာ အားရပါးရ ပြောကြားဆုံးမခဲ့သည် ။



အကန်တော.ခံ ဆရာမများကိုယ်စား ဆရာမဒေါ်စန်းမြ မှ သူ.အနေဖြင်.ရန်ကုန်ရောက်ရှိသည်မှာကြာပြီဖြစ်ပြီး ပင်စင်ယူပြီးသည်မှာ ၇ နှစ်ခန်.ရှိပြီဖြစ်သော်လည်း ယခုပထမဆုံးအကြိမ် တက်ရောက်ခဲ.ခြင်းဖြစ်ကြောင်း ၊ အလွန်ဝမ်းသာနေကြောင်း ၊ ကိုယ်.ဆရာများ ၊ လုပ်ဖော်ကိုင်ဖက်များ ၊တပည်.များ တွေ.ခွင်.ရခြင်းကြောင်. အထူးဝမ်းသာနေကြောင်း ပြောဆိုကာ ၇တုတစ်ပုဒ်ရွတ်ဆိုချီးမြှင်.ခဲ့သည် ။

ထို.နောက် ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုအခမ်းအနားအဆုံးသတ်ခဲ့ပါသည် ။

ဆရာကန်တော.ပွဲအတွက် အလှုငွေကို နာယကကြီးများ ၊ အမှုဆောင်အဖွဲ.၀င်များ ၊ အသင်းဝင်များမှသာ အဓိက လှုဒါန်းခဲ့ကြခြင်းဖြစ်သည် ။ အလှုခံရရှိငွေ ( ၇၉၆ , ၀၀၀ ) ဖြစ်ပြီး ဆရာကြီး/ဆရာမကြီး တစ်ဦးကို ၁၅,၀၀၀ ကန်တော.နိုင်ခဲ့သည်ဟု သိရပါသည် ။ တက်ရောက်လာပေးကြသော ဆရာကြီး/ဆရာမကြီးတို.၏ အဓိက ရည်ရွယ်ချက်မှာ တပည်.များ ပူဇော်ကန်တော.နိုင်ကြစေ၇န် ၊ လုပ်ဖော်ကိုင်ဖက်ချင်း တစ်နှစ်တစ်ကြိမ်တွေ.ဆုံနိုင်ရန် ၊ တပည်.ဟောင်းများနှင်. စကားလက်ဆုံပြောနိုင်စေရန် က ရည်ရွယ်ရင်းဖြစ်သည် ။   သူတို.လက်ခံရရှိသော ကန်တော.ငွေက ကားခသာသာ သာရှိသည် ။




ထိုကိစ္စနှင်. ပတ်သက်၍ လက်ရှိဝါးခယ်မမြို.နယ်အသင်း( ရန်ကုန် )၏ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက “မိမိတို.ကန်တော.နိုင်သည်.ငွေပမာဏ နှင်. ပတ်သက်၍ အားမရပါကြောင်း ၊ အလှူငွေ စုဆောင်းရာတွင် မိမိတို.အမှုဆောင် အဖွဲ.ကို အဓိကထား၍ အသင်းသားများ ထံမှသာ စုဆောင်းပါကြောင်း ၊ ထိုသို.စုဆောင်းရာတွင်လည်း ပမာဏသတ်မှတ်မထားပဲ စိတ်ဝင်စားသူများထံမှ တတ်နိုင်သလောက်အလှုငွေသာ လက်ခံပါကြောင်း ၊ ပြင်ပမှ မိမိတို.နှင်. နီးစပ်သူ အချို.၏ အလှုငွေ နှင်.ပေါင်းပြီး လိုအပ်သည်ကို အသင်း၏ အမြတ်ငွေမှ ဖြည်.စွက်ကျခံပါကြောင်း ၊နောင်နှစ်များတွင် ယခုထက် ပို၍ထိုက်သင်.သော ပမာဏ ဖြစ်ရန်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း”  ပြောကြားခဲ့သည် ။

No comments:

Post a Comment