Thursday, April 10, 2014

ဆုပန်ထွာ ရဲ. စေ.စပ်ပွဲ နဲ.နောက်ဆက်တွဲ ဂယက်များ


အရင်ကတော. ပြောကြပါတယ်
ရုပ်ရှင်ဆိုတာ ရင်ရှုပ်တယ်ဆဲ့
ခုကတော. VCD/DVD/3D ခောတ်ဆိုတော.ေ၇ှးလူကြီးတွေသာ ရှိသေးရင် ဘယ်လိုတွေ ပြောကြမယ်မသိပါဘူး ... အနုပညာ လောကသူ/သားတွေဟာ အချို.တွေလောက်ကလွဲပြီး များသောအားဖြင်.ကတော. အခြားနယ်ပယ်က လူတွေနဲ. တစ်ဘ၀စာ လက်တွဲကြတာများပါတယ်
ခုနောက်ပိုင်းမှာခောတ်စားလာတာကတော. အနုပညာလောကသူ/သားတွေဟာ ပြည်ပနိုင်ငံအခြေပြု မြန်မာနိုင်ငံသားတွေနဲ. လက်ထပ်ပေါင်းသင်း ကြတာက Style တစ်ခုလိုတောင်ဖြစ်နေပါတယ် ။ ဒီလိုကိစ္စရပ်မျိုးတွေမှာ အမျိုးသမီး ပ၇ိသတ် အတော်များများကတော. နားလည်ပေးနိုင်ကြတာ တွေ.ရပြီး အမျိုးသား ပ၇ိသတ်ကတော. ဒါတွေနဲ.ပတ်သက်လို. အတိုင်းအတာ တစ်ခုအထိ ဝေဖန်ကြလေ.ရှိပါတယ် ။


အဲ့ဒီလိုဝေဖန်ကြတဲ့ကြားထဲမှာပဲ အမျိုးသမီး သရုပ်ဆောင်အချို.ရဲ. အိမ်ထောင်ရေး အဆင်မပြေမှုတွေ ရှိလာတာ. ပိုအပြောများလာခဲ့ပြီး ခုနောက်ဆုံး ကြုံလာရတာကတော. အမျိုးသမီး သရုပ်ဆောင် ဆုပန်ထွာ ရဲ. စေ.စပ်ပွဲနဲ. နောက်ဆက်တွဲ သတင်းများပါပဲ ။


ဓါတ်ခဲ ဇာတ်ကားထဲမှာ လှထုံ ဆိုတဲ့ ဇာတ်ရုပ်နဲ. အလွန်လိုက်တယ်လို. ပရိသတ်လက်ခံခဲ့ကြပြီး အတိုင်းအတာ တစ်ခုအထိ အောင်မြင်နေဆဲ မင်းသမီး ဆုပန်ထွာ တစ်ယောက် ကိုဥက္ကာကျော်နဲ. စေ.စပ်ပွဲ လုပ်ချိန်မှာပဲ ကိုဥက္ကာကျော်ရဲ. မယားကြီး ဆိုသူက သတင်းစာကတစ်ဆင်.ကြော်ငြာမှု တစ်ခုပြုလုပ်လာခဲ့ပါတယ် ။


အဲ့ဒီ ဒေါ်မဉ္စူအောင် ရဲ. ကြော်ငြာချက်မှာ ... သူနဲ. ဦးဥက္ကာကျော် နဲ.ဟာ ၂၀၀၂- ဒီဇင်ဘာ ၁၈ ရက်နေ.က တရားဝင်လက်ထပ်ခဲ့ပြီး ၂၀၀၄ ဒီဇင်ဘာ ၂ ရက်နေ.က သားဖြစ်သူ မြတ်သီဟကျော် ထွန်းကားခဲ့ကြောင်း ၊  ဒေါ်မဉ္စူအောင် အနေနဲ. သားဖြစ်သူရဲ. ပညာရေးနဲ.ကျန်းမာရေးကြောင်. အမေ၇ိကန် နိုင်ငံ ရောက်နေခဲ့ပေမယ်. မြန်မာနိုင်ငံသားများသာဖြစ်ကြောင်း   ဒေါ်မဉ္စူအောင် နဲ.  ဦးဥက္ကာကျော် တို.ဟာ ယခုအထိ တရားဝင်လင်မယားဖြစ်ပြီး သားဖြစ်သူ မြတ်သီဟကျော် ၏ဖခင်အဖြစ် ရပ်တည်လျှက်ရှိကြောင်း Facebook နှင်.ပြင်ပကောလဟာလ သတင်းများကြောင်. အများသိစေ၇န် ကြေညာအပ်ပါကြောင်း .... ဆိုပြီး ပါလာခဲ့ပါတယ် ။



တစ်ခုရှိတာကတော. ဒီကြေငြာချက်က ဘယ်နေ.ထုတ် ဘယ်သတင်းစာမှာ ပါတယ်ဆိုတာ လောလောဆယ် အတည်ပြုလို.မရသေးတာ တစ်ခုပါပဲ ။ ဒါပေမယ်. ကိုဥက္ကာကျော်ကတော. ဟိုယခင်တည်းက နာမည်ကျော်ဖူးခဲ့သူပါ ။ အဆိုတော် သဇင်တစ်ယောက် Online မှာ Cyber Abuse အလုပ်မခံရ သေးခင်ကတည်းက အမေ၇ိကား ဖျော်ဖြေရေး ခ၇ီးစဉ်မှာ ပေါ်ထွက်လာတဲ့ ဓါတ်ပုံတွေကြောင်. သို.လော သို.လော တွေ ဖြစ်ခဲ့ရပါသေးတယ် ။



အဲ့ဒီတုန်းကတော. ကိုဥက္ကာကျော်က အလင်းတန်းဂျာနယ်ကို ဖုန်းနဲ.ဆက်သွယ်ပြီး ..... မိမိအနေနဲ. မြန်မာ အနုပညာရှင်များ သွားလာလည်ပတ်မှုတွေမှာ အကူအညိပေးခဲ့ကြောင်း ၊ ဓါတ်ပုံ၇ိုက်တာ ၀ါသနာ ပါတာကြောင်. သဇင်နဲ.တွဲပြီး ဓါတ်ပုံ ၇ိုက်ခဲ့တာဖြစ်ကြောင်း ၊ မိမိမှာ အိမ်ထောင်သည်ဖြစ်တဲ့အတွက် မိတ်ဆွေအဆင်.ထက် မပိုပါကြောင်း   ပြောကြားခဲ့ပြီး   သဇင်ကလည်း .... သူတို.ဟာ မိတ်ဆွေတွေသာဖြစ်ပြီး ဒီပုံတွေကို ဘယ်သူတင်တယ် မသိကြောင်း ၊ ဒီပုံတွေကြောင်. မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိမိချစ်သူနဲ.လည်း ပြဿဿနာက်နေပါကြောင်း ဆက်သွယ်ပြောကြား ရှင်းလင်းခဲ့ရပါသေးတယ် ။

သူကတော. ဒီလိုပုံတစ်ချို.မှာလည်း တွေ.ရပါတယ်
ခုထွက်ပေါ်လာတဲ့ သတင်းနဲ.ပတ်သက်ပြီး စာနာနှစ်သိမ်းကြသလို ဝေဖန်ပြစ်တင်သူတွေလည်း ရှိခဲ့ပါတယ် ။ အနုပညာရှင်ဆိုတာ ကျော်ကြားသူတွေရဲ. ထုံးစံအတိုင်း သာမာန်လူတွေထက် စားသတိ သွာသတိ နေသတိ ရှိနေကြရမယ်.သူတွေ ဖြစ်နေတာမို.  ခုကိစ္စရပ်နဲ. ပတ်သက်လို. တကယ်သာဆိုရင်တော. မဖြစ်သင်.တဲ့အရာလို.ပဲ ထင်ပါတယ် ။ ဘာကိုအခြေပြု ရွေးချယ်တာလဲဆိုတဲ့ ဝေဖန်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာစေမှာဖြစ်သလို မြန်မာအမျိုးသမီးတစ်ယောက်မို. ( ပိုဆိုးတာက နာမည်ကျော် အနုပညာရှင် တစ်ဦးမို.) အနည်းနဲ.အများတော. ထိခိုက်၇တော.မှာပါ ။

Data & Photos from Myanmar Celebrities

ဆက်စပ်ဖတ်ရှု ရန် ......   ဆုပန်ထွာ ရဲ. စေ.စပ်ပွဲ အခြေအနေမှန်

No comments:

Post a Comment