Saturday, April 5, 2014

ဝါးခယ်မ အထက၁ ရွှေ၇တု ကထိန် နှင်. အာစရိယ ပူဇော်ပွဲ ကြိုတင်လှုပ်ရှားမှုများ



ဝါးခယ်မ အထက ၁ ၏ နှစ် ၅၀မြောက် ရွှေရတု ရုပ်စုံ ဘုံကိန် နှင်. အထက ၁ တက်ရောက်ဖူးသော မည်သည်.ကျောင်းသားမဆို ပါဝင်ခွင်.ရှိသော အာစရိယ ပူဇော်ပွဲအခမ်းအနား တို.ကို စည်ကားထူးခြားစွာ ပူးတွဲကျင်းပနိုင်ရေးအတွက် ၀ါးခယ်မ နှင်. ရန်ကုန်ဘက်ခြမ်း ကျောင်းသားဟောင်းများ တက်ညီလက်ညီ စတင် လှုပ်ရှားဆောင်ရွက်နေကြပြီ ဖြစ်သည် ။



ပထမဆုံးအကြိမ် ရန်ကုန်ဘက်ခြမ်းအကြိုညှိုနှိုင်းမှုကို ၂၀၁၃ ဒီဇင်ဘာ ၂၂ ရက်နေ.က ရန်ကုန်မြို. သိမ်တော်ကြီးတွင် ပထမဆုံး စတင်ညှိုနှိုင်း တိုင်ပင်ခဲ့ကြပါသည် ။ ထိုအချိန်က ဤ အခမ်းအနား ၂ခု ပူးတွဲကျင်းပနိုင်ရေးနှင်. ရန်ကုန် ၊ ၀ါးခယ်မ ပေါင်းစပ်လုပ်ဆောင်နိုင်ရန် အဓိက တိုင်ပင် ခဲ့ကြပါသည် ။



ထို.နောက် ၄ ရက် ၁ လ ၂၀၁၄ နေ.တွင် ရန်ကုန်ဘက်ခြမ်း ဒုတိယအကြို ညှိုနှိုင်းမှု ကို ၀ါးခယ်မမြို.နယ်အသင်းတွင် ပြုလုပ်ခဲ့ပါသည် ။ ထိုပွဲတွင်လည်း ငွေကြေးကောက်ခံမှုပုံစံ ၊ ကော်မတီ ဖွဲ.စည်း၇န် ကိစ္စ ၊ ပါဝင်နှစ်များ ကိစ္စ တို.ကို ဆွေးနွေးကြပါသည် ။



၁၉ ရက် ၁လ ၂၀၁၄ နေ.တွင်မူ ၀ါးခယ်မဘက်ခြမ်းမှ ဒေါက်တာအောင်နိုင်ပါ တက်ရောက်ပြီး ရန်ကုန်ဘက်ခြမ်း ကျောင်းသားဟောင်း အချို.တို. AK ဆေးဆိုင်တွင် တွေ.ဆုံညှိုနှိုင်းကြပြီး ၀ါးခယ်မ ဘက်ခြမ်း ကော်မတီ ဖွဲ.စည်းရန် နှင်. အစည်းအဝေး ကျင်းပနိုင်ရန် ၊ အတန်းငယ်များ ပါဝင်လာနိုင်စေရေး စည်းရုံးလှုံ.ဆော်ရန် ၊ ကျင်းပပြီးခဲ့သည် ၂၀၁၂ ဒီဇင်ဘာ ဆရာကန်တော.ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင်. စာရင်းဇယားဆိုင်ရာ ကိစ္စရပ်များ ကိုဆွေးနွေးကြပါသည် ။



ဝါးခယ်မ ဘက်ခြမ်းကျောင်းသားဟောင်းများ ၏ ပထမဆုံးအကြိမ် တွေ.ဆုံညှိုနှိုင်းမှုကို ၂၅ ရက် ၁ လ ၂၀၁၄ နေ. ဟိုစိန် ဘုရားကျောင်းတွင် ကျင်းပပြီး ထိုနေ.က ၁၉၉၁- ၉၂ မှ ၂၀၀၇ အတွင်းကျောင်းသား / သူ ၁၂ ဦး.တက်ရောက်ခဲ့အမျိုးသမီး ဦးရေ   ထက်ဝက်ခန်.အထိ ပါဝင်ခဲ့ပါသည် ။ ထိုအစည်းအဝေးတွင် နှစ်စုံကျောင်းသားများ ကော်မတိတွင်ပါဝင်နိုင်ရေး ၊ ဖိတ်ကြားရေး ကိစ္စရပ်များနှင်. ကထိန် နှင်.ဆရာကန်တော.ပွဲ ပူးတွဲကျင်းပရန် သဘောတူကြောင်း စသည်တို.ညှိုနှိုင်း သဘောတူခဲ့ကြပါသည် ။



၉ ရက် ၂လ ၂၀၁၄ နေ.ကမူ ၀ါးခယ်မဘက် ကျောင်းသားဟောင်းများ ၏ ဒုတိယအကြိမ် တွေ.ဆုံပွဲကို ဟိုစိန် ဘုရားကျောင်းတွင်ပင် ကျင်းပခဲ့ပြီး ထိုနေ.က ၁၉၈၁ မှ ၂၀၀၉ အထိအတွင်း ကျောင်းသားဟောင်း ၄၀ တက်ရောက်ခဲ့ပါသည် ။ ထိုနေ.ကတိုင်ပင်ညှိုနှိုင်းကြပြီး ကထိန်နှင်. ဆရာကန်တော.ပွဲအတွက် နှစ်အလိုက်ငွေကြေးစုဆောင်းပြီး ဥပမာ ၃ နှစ် (သို.) ၅ နှစ် တစ်ဖြတ် အရုပ်တစ်ခုလုပ်ရန် ၊ ၇ငွေအားလုံး စုဆောင်းထည်.၀င်ပြီး အရုပ်လုပ်ရန် သတ်မှတ်ငွေကြေး ပြန်လည်ထုတ်ယူပြီး ပြုလုပ်ရန် စသည်တို.လောက်ကိုသာ အကြမ်းမျဉ်း ဆွေးနွေးပြီး လာမည်.အစည်းအဝေးတွင် ပင်မကော်မတီ ၊ ဆပ်ကော်မတီများ အပြီးသတ် ဖွဲ.စည်း၇န်သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည် ။ထိုနေ.က တက်ရောက်လာသူအားလုံးကို ဒေါက်တာသက်ရှည်က မုန်.ဟင်းခါးဖြင်. ဧည်.ခံခဲ့ပါသည် ။



၂၃ ရက် ၂ လ ၂၀၁၄ နေ.တွင် ၀ါးခယ်မဘက် ကျောင်းသားဟောင်းများ၏ တတိယအကြိမ် အစည်းအဝေး ပြုလုပ်ခဲ့ပါသည် ။ အစည်းအဝေးသို. ကျောင်းသား/သူ ဟောင်း ၄၀ ခန်. တက်ရောက်ခဲ့ပါသည် ။ ဒုတိယအကြိမ် အစည်းအဝေးသို.တက်ရောက် ဦးရေ နှင်. မကွာခြားသော်လည်း လူသစ်များ ထပ်မံပါဝင်လာခဲ့ပါသည် ။ ထိုနေ.က အစည်းအဝေးတွင် ကော်မတီ အလိုက် (သို.) နှစ်အလိုက် ရန်ကုန်ကိုယ်စားလှယ်တစ်ဦး ၊ ၀ါးခယ်မ ကိုယ်စားလှယ်တစ်ဦး ထားရှိရန် ဆွေးနွေးခဲ့ကြပြီး နှစ်အလိုက်ကျောင်းသားဟောင်းများဖြင်. ပြန်ကြား ၊လှုံ.ဆော် ၊ စည်းရုံးရေး ကော်မတီ  နှင်.ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီ တို.စတင်ဖွဲ.စည်း ခဲ့ပါသည် ။

၁၆ ရက် ၃ လ ၂၀၁၄ နေ.တွင် တွင် ၀ါးခယ်မဘက် ကျောင်းသားဟောင်းများ၏ စတုတ္ထအကြိမ် အစည်းအဝေး ပြုလုပ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင်. ထိုနေ.က တက်ရောက်သူ နည်းပါးခဲ့သဖြင်. ကော်မတီဝင်ထပ်မံတိုးချဲ.ဖြည်.သွင်းခြင်း နှင်.အခြားခေါင်းစဉ် အသစ်များထပ်မံမဆွေးနွေးနိုင်ခဲ့ပဲ Vinyl တွေ ရိုက်နှိပ်ပြီး ဖြစ်နိုင်ရင် သင်္ကြန် မတိုင်ခင် ထောင်ဖို. ၊ Pamplet တွေ ရိုက်နှိပ် ဖြန်.ဝေဖို. ၊ ကျောင်းသားဟောင်းတွေ တင်ပြတဲ့ အမှတ်တရ Magazine ထုတ်ဝေဖို.ကိစ္စအချို.သာ ဆွေးနွေးနိုင်ခဲ့ပါတယ် ။



၂၃ ရက် ၃ လ ၂၀၁၄ နေ. မွန်းလွဲပိုင်း လသာ ကမ်းနားလမ်း AK ဆေးဆိုင်တွင် ရန်ကုန်ရောက်ကျောင်းသားဟောင်းများ၏ စတုတ္ထအကြိမ် အကြိုညှိနှိုင်းပွဲ ပြုလုပ်နိုင်ခဲ့ပြီး ရန်ကုန်ဘက်ခြမ်းအစည်းအဝေးကျင်းပမည်.ရက် ၊ထိုအစည်းအဝေးအတွက် နှစ်စုံ ကျောင်းသားဟောင်းများ ပါဝင်နိုင်ရန်အတွက်ဆက်သွယ်ဖိတ်ကြား ၇န်များ နှင်. သတင်းဖြန်.ဝေရန် ကိစ္စရပ်များ၊
ထိုအစည်းအဝေးတွင် ဖွဲ.စည်းသင်.သည်. ကော်မတီခွဲများ ယေဘူယျ ဆွေးနွေးခြင်း၊
Adress Book အတွက်အချက်အလက် စုဆောင်းရေးဆိုင်ရာကိစ္စရပ်များ စသည်တို. ဆွေးနွေး ဖြစ်ပါသည် ။


ထို.အပြင် ၀ါးခယ်မ ကော်မတီ အနေဖြင်. အထိမ်းအမှတ် Magazine ထုတ်ေ၀၇န် ခွင်.ပြုလျှင် ၇န်ကုန်ဘက်ခြမ်းမှ တတ်နိုင်သည်. ..လိုအပ်သည်. ကိစ္စ များ ကူညီပေး၇န်  ၊ထို.အပြင် ပြက္ခဒိန်  ထုတ်ဝေရန် ၊ ၀ါးခယ်မ ဘက်မှ Magazine အစီအစဉ် မဖြစ်လျှင်လည်း ပြက္ခဒိန် စီစဉ်ရန် ၊ဆရာ/ဆရာမ များသာမက ကျောင်းသားဟောင်းများပါ ပါဝင်သည်. Adress Book တစ်ခုပြုစု ထုတ်ဝေရန် ၊ ထို AB နှင်. ပတ်သက်၍ အများက ဓါတ်ပုံပါ ထည်.သွင်းလိုသော ဆန္ဒရှိကြပြီး လိုအပ်သော အချက်အလက်များ ၊ ဓါတ်ပုံများ ကောက်ခံ၇န် ၊ စုဆောင်း၇န် အတွက်ကို အလှုငွေကောက်ခံစဉ် တစ်ပါတည်း စုဆောင်း၇န် ယေဘူယျအားဖြင်. ဆွေးနွေးခဲ့ကြသည်။



၃၀ ရက် ၃ လ ၂၀၁၄ ခုနှစ် မွန်းလွဲ ၁နာရီခွဲ ကလမ်းမတော် New Doreen စားသောက်ဆိုင်တွင် ရန်ကုန်ရောက် အထက၁ ကျောင်းသားဟောင်းများ၏ ပထမအကြိမ် စုံညီ အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပါသည် ။ထိုပွဲသို. ၁၉၇၂ မှ ၂၀၀၇ အထိကျောင်းသားဟောင်း ၃၅ ဦးတက်ရောက်ခဲ့ပါသည် ။ ထိုအစည်းအဝေးတွင် ပင်မကော်မတိ ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ ၊ ပြန်ကြား ၊ လှုံ.ဆော် ၊ စည်းရုံးရေးကော်မတီ ၊ ဖိတ်ကြားသယ်ယူရေးကော်မတီ ၊ အမှတ်တရ ပစ္စည်းကော်မတီ ၊ ပုံနှိပ်ထုတ်ဝေရေး ကော်မတီ ( Magazine , Calendar & Invitation Card ) ၊ စာရင်းရှင်းတမ်း ထုတ်ပြန်ရေး ကော်မတီ တို.ဖွဲ.စည်းပြီး တာဝန်များ ခွဲဝေကာ နှစ်အလိုက်တာဝန်ခံများ ထည်.သွင်းကြပါသည် ။ ထို.နောက် သတင်းစာကြော်ငြာ ထည်.သွင်းရန် ၊ ဖိတ်စာရိုက်နှိပ်ရန် ၊ အထိမ်းအမှတ်Magazine ရိုက်နှိပ်ထုတ်ဝေနိုင်ရေး ကြိုတင်လေ.လာစုံစမ်းရန် ၊ အလှုခံ စတင်နိုင်မည်.ရက် သတ်မှတ်ရန် ၊ သွားရောက်မည်.ခရီးစဉ် ယေဘူယျ အစီအစဉ် ၊ မိမိတို. ပြုလုပ်မည်. အစီအစဉ်နှင်. ကျောင်းမှ တာဝန်ရှိသူများချိတ်ဆက် ညျိုနျိုင်နိုင်ရေး ၀ါးခယ်မဘက် အသိပေးရန် စသည်တို.ဆွေးနွေးနိုင်ခဲ့ပါသည် ။



ယခုပွဲနှင်.ပတ်သက်၍ ၀ါးခယ်မ အထက ၁ တွင် တစ်ရက်သာ တက်ဖူးပြီး ၅တန်းတွင်ပဲကျောင်းထွက်သွားရ ၊ သွားရ / ဆယ်တန်းကို ဘာသာစုံ ဂုဏ်ထူးနှင်.အောင်သွားသည်ပဲ ဖြစ်ဖြစ် ကျောင်းသားဟောင်းအဖြစ် မည်မျှတက်ဖူးသည်ဖြစ်ပါစေ ၊ မည်သည်.အတန်းအထိသာ တက်ဖူးသည်ဖြစ်ပါစေ ၊ ဘယ်နှစ်တန်းအထိသာ တက်ဖူးသည်ဖြစ်ပါစေ ၊တက်ဖူးသည်.အချိန်ကာလ ၊ တက်ရောက်ခဲ့ဖူးသည်. ပညာအရည်အချင်း ( လုံးဝ ) လုံးဝ ကန်.သတ်ချက်မထားသည်.ပွဲ ဖြစ် ပါသည် ။

  ကျောင်းထွက်လိုက်ရသည်ဖြစ်ပါစေ ၊ ကျောင်းပြီးသွားသည်ဖြစ်ပါစေ ၊ မည်မျှအထိချို.တဲ့ နွမ်းပါးသူဖြစ်ပါစေ ၊အတိုင်းအဆမဲ့ ချမ်းသာသူဖြစ်ပါစေ သူငယ်ချင်းဟောင်းများ ပြန်လည်ဆုံတွေ.နိုင်ရေး ၊ ဆရာကြီး/ဆရာမကြီးများ အချင်းချင်း (သို.) တပည်.ဟောင်းများနှင်. ပြန်လည်ဆုံတွေ.နိုင်ရေး ၊ ကျောင်းသားဟောင်း အနေဖြင်. ထာဝရတမ်းတနေခဲ့ကြရသော ကထိန်ကျောင်းသားဘ၀ ပြန်လည်ခံစားနိုင်ရေး ၊ မိမိတို.၏ ဆရာကြီး/ဆရာမကြီးများအား ကျေးဇူးသိတတ်စွာ ပူဇော်ကန်တော.နိုင်ရေး ဟူသော စေတနာတစ်ခုတည်းဖြင်. မိမိတို.ကိုယ်တိုင် ( သူတစ်ပါးတိုက်တွန်းမှုကိုမစောင်.ပဲ ၊ ကိုယ်.ကိုကိုယ်သိမ်ငယ်မနေပဲ၊ မိမိဘာသာ မာန်ဝင်.ထည်မနေပဲ ) စိတ်လိုလက်ရပူးပေါင်းဆောင်ရွက်နိုင်၇န် မည်သူကိုမဆို ဖိတ်ခေါ်ထားသော ပွဲလည်းဖြစ်ပါသည်




အချုပ်အားဖြင်.ဆိုလျှင် ဆင်းရဲ/ချမ်းသာ ၊ ပညာတတ် /ပညာဆုံးခန်းမတိုင် စသော မည်သည်.ကန်.သတ်ချက်တစ်စုံတစ်ရာမျှမပါပဲ အထက၁ ကျောင်းသားတွေဆိုတာ ဒီလိုညီညွတ်တာ ဟုပြနိုင်ကြမည်. အခွင်.အရေးကောင်း တစ်ခုမို. အားလုံးပူးပေါင်းဆောင်ရွက်နိုင်ကြပါရန် …….. ထပ်မံအသိပေးတိုက်တွန်း နှိုးဆော်အပ်ပါသည် ။


    

No comments:

Post a Comment