Tuesday, September 10, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၀ ) - ရဲမိုး


စောဘိုမြ

၁၉၉၂ သြဂုတ် (၄) ရက်နေ့ မှာ ကေအန်ယူအဖွဲ့ က ဦးစီး ဖွဲ့ စည်းပေးခဲ့ တဲ့  NCUB ဟာ …….အရင်
ရှိနှင့်ပြီးသား DAB , NDF , NLD ( LA ) , NCGUB တို့ ကိုစုစည်းပြီး ……ပြန်လည်တည်ထောင်ခဲ့တာ
ဖြစ်ပေမယ့် သူ့ရဲ့ နိုင်ငံရေးအံတုမူ ကော်မတီက ထိုးနှက်ချက်တွေဟာ တပ်မတော် အစိုးရ အဖို့ တော့ အတော့်ကို စိတ်အနှာင့်အယှက်ဖြစ်ဖွယ်ကောင်းခဲ့ပါတယ်…။၁၉၉၄ မတ်လ ၂၃ ရက်နေ့ က နေ......ဇွန်လ ၁၅ ရက်နေ့ အတွင်းမှာတော့ …..ကေအန်ယူက ဗိုလ်ချုပ်မြ ကိုယ်တိုင် အမေရိကန်ကို သွားရောက်ခဲ့ပြီး .....Carter Centerမှာအချက် (၇)ချက်ပါတဲ့  စာတမ်းတစ်စောင်ကို တင်သွင်းခဲ့ ပါတယ်။ ဒီ စာတမ်းရဲ့ တောင်းဆိုချက်ကတော့အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်အပေါ်ပိတ်ဆို့ အရေးယူ့မှု တွေ ပြင်းပြင်းထန်ထန်ဆောင်ရွက်ပေးဖို့ ပါပဲဒါဟာ…မြန်မာနိုင်ငံအပေါ်မကြာခင် ပြင်းပြင်းထန်ထန် ပိတ်ဆို့ ခံရတော့မယ့် နိုင်ငံတကာက နိုင်ငံရေး၊
စီးပွားရေးပိတ်ဆို့မှုတွေရဲ့အကြောင်းခံတစ်ခုလဲဖြစ်ပါတယ်….။

Photo by Lubo601


၁၉၉၅ ခုနှစ် ဇန်န၀ါရီလ (၂၂) ရက်နေ့ မှာ ပွိုင့် ၄၀၄၄ ခွေးအိပ်တောင် စခန်းက အမှတ် ၆
အမြောက်တပ်ရင်း တပ်ရင်းမှူးဟာ စပစ်ဆိုတဲ့ အမိန့် သံ တစ်ခုကို ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။ဒီ အမိန့် ပေးသံဟာ မာနယ်ပလောဒေသ တိုက်ပွဲစဉ်တွေရဲ့ အစဖြစ်သလို ၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့ မှာ
တပ်မတော်က တစ်ဖက်သတ်ရပ်စဲပေးခဲ့တဲ့ ……အပစ်အခတ်ရပ်စဲရေးရဲ့ အဆုံးသတ် လည်းဖြစ်ပါတယ်။
တိုင်းရင်းသားအဖွဲ့  ၁၃ ဖွဲ့ နဲအပစ်အခတ်ရပ်စဲရေးအောင်မြင်သွားတဲ့ တပ်မတော် အစိုးရဟာ….ဒီ ထိုးစစ်မဆင်မီကာလအတွင်းတော့ နိုင်ငံတကာသံခင်းတမန်ခင်းဆောင်ရွက်ချက်တွေမှာ သိပ်အဆင်ပြေ လှတယ် မဟုတ်ပါဘူး။
နေအိမ် အကျယ်ချုပ်နဲ့ အတိုက်အခံပါတီခေါင်းဆောင်ကို ….နိုဘယ်ဆု ချီးမြှင့်လိုက်ပြီးတဲ့ 
နောက်မှာပြည်ပနိုင်ငံအတော်များများမှာသွားရောက်စုစည်းမိကြတဲ့.. အတိုက်အခံအင်အားစုတွေဟာတစ်နေ့တစ်ခြားတိုးပွားလို့ လာနေပါတယ်.။သူတို့ထဲမှာ မဆလပါတီ လက်ထက်ကတည်းက ရောက်ရှိ အခြေကျနေတဲ့ 
သူတစ်ချို့ ပါဝင်ပေမယ့် အများစုကတော့ ၈၈ အရေးအခင်းရဲ့ မျိုးဆက်တွေဖြစ်ပြီး ….နည်းလမ်း အမျိုးမျိုးနဲ့ 
ပြည်ပကိုရောက်ရှိ စုစည်းမိလာလို့ အသင်းအဖွဲ့များအနေနဲ့ ရပ်တည်လာကာ……နိုင်ငံခြားသားအချို့ ပါ
ပါဝင်လာခဲ့ပါတယ်။သူတို့ရဲ့တူညီတဲ့ ရည်မှန်းချက်ကတော့ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းများက…
တပ်မတော်အစိုးရအပေါ်ဖိအားပေးပိတ်ဆို့မူတွေပြုလုပ်ပြီးအစိုးရပြုတ်ကျသွားစေဖို့ပါပဲ။

 ၁၉၉၅ ခု ဇန်န၀ါရီလ (၂၂) ရက်နေ့ ည ၁၀ နာရီ ၀န်းကျင်လောက်မှာ ရှေ့ တန်း အမှတ် ၆၆ ခြေမြန်
တပ်မရဲ့လက်အောက်ခံ တပ်ရင်းတွေဟာ …သံလွင်မြစ်ကို နေရာသုံးခု ကနေ တစ်ဟုန်ထိုး ဖြတ်ကျော်
ဝင်ရောက်လျက် ရှိသလို ရှေ့ တန်း အမှတ် ၂၂ ခြေမြန်တပ်မက တပ်ရင်းတွေကတော့….အရှေ့ တောင် အာရှရဲ့ နာမည်ကျော် နော်တ ခံစစ်ကြောင်းကို တလကြမ်းဝင်ဆောင့်ဖို့ချီတက်နေပါပြီ။ တပ်မ ၂၂ ရဲ့ အောက်ဘက် မိုင်၄၀ ခန့် အကွာမှာ. ရှေ့ တန်းအမှတ်၄၄ခြေမြန်တပ်မဟာ ....ပိန်းပိတ်မှောင်နေတဲ့ ကြားကပဲဝါးခသစ်စခန်းရဲ့ရှေ့ မျက်နှာစာတည့်တည့်ကနေ.... မိုင်ကွင်းနဲခြံစည်းရိုးအတားအဆီးတွေကိုထိုးဖောက်ဝင်ရောက်နေခဲ့ပြီး... ည ၁၁
နာရီချိန်မှာတော့.စည်းရိုးခြောက်ထပ်ကို.ဖျက်ဆီးဝင်ရောက်နေပြီဖြစ်ပါတယ်။ ဒါဟာ သုံးနှစ်နီးပါး ကမ်းလှမ်းခဲ့တဲ့အပစ်အခတ် ရပ်စဲရေးငြင်းပယ်မှုရဲ့ရလာဒ်ဖြစ်သလို ၁၉၉၄ ဒီဇင်ဘာ (၁) ရက်နေ့မှာ ကေအန်ယူကခွဲထွက်လာတဲ့ ဒီကေဘီအေ အဖွဲ့ကိုဝင်ရောက်အကာအကွယ်ပေးခြင်းလဲဖြစ်ပါတယ်……။





၂၃.၁၁.၉၄ ရက်နေ့ မှာ မြစ်ဆုံဒေသ သုမွဲထကျေးရွာမှာ တည်ထားတဲ့ ဖောင်တော်ဦး စေတီနဲ့ 
ပတ်သက်ပြီးဗိုလ်ချုပ်မြ ရဲ့ ဖိအားပေးခြင်းကို ခံရတဲ့ မြိုင်ကြီးငူ ဆရာတော်ဟာသာသနာပြု လုပ်ငန်းများ
ရပ်ဆိုင်းပြီး မြိုင်ကြီးငူဒေသကို ပြန်ကြွသွားခဲ့ ပါတယ်။ ဆရာတော်ကို ဖူးမျှော်ဖို့ ရောက်လာတဲ့ ကေအန်ယူ
တပ်ရင်း ၂ မှ ဒုတပ်ရင်းမှူး ကျော်ဟဲ နဲ့  ရဲဘော်များဟာ ဒီအဖြစ်အပျက်ကြောင့် …..မြိုင်ကြီးငူဒေသထိ
ချီတက်သွားပြီး၊ မြိုင်ကြီးငူနဲ့ သော်လဲထ စခန်းကြား သံလွင်မြစ်ရိုးကို ကေအန်ယူ တပ်ဖွဲ့တွေကို ၀င်ခွင့်  မပေးတော့ပဲစတင်ပိတ်ဆို့ ထားလိုက်ပါတယ်။ မကြာခင်ပဲ ကေအန်ယူ တပ်မဟာ ၁ ၊ တပ်မဟာ ၆ နဲ့  တပ်မဟာ ၇က အင်အားများပါ ပူးပေါင်းပါဝင်လာပြီး ၁၉၉၄ ဒီဇင်ဘာ (၁)ရက်နေ့ မှာ....DKBA အဖွဲ့ ကို စတင်ဖွဲ့ စည်းခဲ့ ပါတယ်။



၁၉၉၅ ဇန်န၀ါရီ ၅ ရက်နေ့ မှာတော့ ကေအန်ယူ တပ်ဖွဲ့ တွေဟာ အင်အား အလုံးအရင်းနဲ့ 
.ဒီကေဘီအေအဖွဲ့ကိုထိုးစစ်ဆင်ချေမှုန်းနေပြီဖြစ်ပါတယ်…..။ သံလွင်မြစ်ကို ဖြတ်ကူးလာတဲ့  .....အမှတ် ၆၆ခြေမြန်တပ်မ ဟာ……မြောက်ဘက် စစ်မျက်နှာမှာ ပွိုင့် ၁၈၀၁ …..တောင်ဘက်စစ်မျက်နှာမှာဘော်နော်စခန်းနဲ့အလယ်တည့်တည့်ကတော့ဆင်ဖြူတောင်စခန်းများကို…
တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီးနော်တခံစစ်ကြောင်းကိုထိုးဖောက်နေတဲ့ တပ်မ၂၂ ရဲ့တပ်ရင်းတွေကတော့ နော်တခံစစ်ကြောင်း ရဲ့ စစ်ဗျူဟာ
အရေးကြီးမြေကျောက်တောင်ကုန်းစခန်းကိုစီးနင်းသိမ်းပိုက်လိုက်ပါတယ်။ ဒီစခန်းကျဆုံးသွားတဲ့ အတွက်
နော်တခံစစ်ကြောင်းက ခံစစ်စခန်း အများအပြားဟာ….တပ်မ ၂၂ တိုက်ခိုက်ရေး တပ်ရင်းတွေရဲ့ …၀င်ရောက်လုံးထွေးမှုကိုခံကုန်ရပြီး ၂၅ရက်နေ့မှာတော့ အဓိကခံစစ်ဖြစ်တဲ့ ကြယ်ပြောင်ကုန်း စခန်းကျဆုံးသွားခဲ့ပါတယ်…..။

 ညနေ ၄ နာရီ ၃၀ ချိန်မှာတော့ ခံစစ်ကုန်းအားလုံး နဲ့ ……ABSDF ရင်း ၂၀၇ ဌာနချုပ် အပါအ၀င်…
နော်တ ခံစစ်ဒေသကြီး တစ်ခုလုံးဟာ….အမှတ် ၂၂ ခြေမြန်တပ်မရဲ့ချေမှုန်း သိမ်းပိုက်မှုကို ခံလိုက်ရပါပြီ……။
မာနယ်ပလောဌာနချုပ်ကို ချီတက်နေတဲ့ တပ်မ ၆၆ ကတော့ ၂၅ ရက်နေ့ တစ်ရက်လုံးလုံး
အပြင်းအထန် တိုက်ခိုက်နေရပြီး ၂၆ ရက်နေ့ မှာ ပွိုင့် ၅၉၅ တောင်ကုန်း နဲ့ ချောင်းဆုံတောင်ကုန်း တို့ ထိ
ဝင်ရောက်တိုက်ခိုက်နေရာယူထိန်းချုပ်လိုက်နိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သောင်ရင်းမြစ် အနောက်ဘက်ပွိုင့် ၉၁၃ စခန်းနဲ့…ပွိုင့် ၁၂၃၈စခန်းဘက်ကချီတက်လာတဲ့စစ်ကြောင်းများဟာ နေရာသုံးခုကနေတစ်ပြိုင်တည်းထိုးဖောက်ဝင်ရောက်လာပြီး မာနယ်ပလောကိုအပြင်းအထန်တိုက်ခိုက်ပါတော့တယ်။ ၂၇.၁.၉၅
ရက်နေ့ ညနေ ၅ နာရီ ၂၅ မှာတော့ ကေအန်ယူတို့ ရဲ့  လွတ်မြောက်နယ်မြေ……မာနယ်ပလော ဗဟိုဌာနချုပ်တစ်ခုလုံးဟာတပ်မ၆၆ရဲ့သိမ်းပိုက်ချေမှုန်းခြင်းခံလိုက်ရပါပြီ…..။

မြစ်အောက်ဘက် မိုင် ၄၀ လောက်အကွာမှာတိုက်ပွဲဝင်နေတဲ့ ...အမှတ် ၄၄ ခြေမြန် တပ်မဟာ.
စခန်းသိမ်းတိုက်ပွဲစတင်တာနဲ့တစ်ပြိုင်နက် တပ်မရဲ့အမာဆုံးတပ်ရင်းများကို ရွေးထုတ်ပြီး ဘယ်ဘက်
စစ်မျက်နှာစာမှာ တပ်ရင်း ၂ရင်း၊ ညာဘက် စစ်မျက်နှာစာမှာ တပ်ရင်း ၂ ရင်း၊ စုစုပေါင်း တပ်ရင်း လေးရင်းနဲ့ တပ်ဖြန့်ဖို့ခက်ခဲလှတဲ့ ဝါးခသစ် စခန်းရဲ့ အိုမီဂါ ပုံ မျက်နှာစာကို ...တစ်နေကုန် အကြိမ်ကြိမ် .....ဇွဲနပဲကြီးစွာနဲ့ ဝင်ဆောင့်နေခဲ့ပါတယ်။ အကျအဆုံးဟာ ကြောက်ခမန်းလိလိများပြားလှပေမယ့် သူရဲမရဲ စီးသလို အကြိမ်ကြိမ်လှံစွပ်ထိုးနေတဲ့ စစ်သည်တွေကြောင့် ညနေ သုံးနာရီ ၀န်းကျင်မှာတော့...ရန်သူ့ ခံစစ်ဟာ လုံးဝ ပြိုလဲသွား ခဲ့ ပြီးစစ်ကြောင်းနှစ်ခုလုံးဟာ ဘန်ကာများအားလုံးကို လှံစွပ်ထိုး သိမ်းပိုက်လိုက်ပါတယ်။ တပ်မ ၄၄ဟာ ၀ါးခသစ်စခန်းကိုထိုက်ထိုက်တန်တန်သိမ်းပိုက်ရ၇ှိသွားခဲ့ပါပြီ။



ဒီကျဆုံးမှုဟာ ကေအန်ယူအဖွဲ့အတွက်တော့ မြန်မာပြည်တွင်းမှာရှိတဲ့နောက်ဆုံး အခြေစိုက်စခန်းကို
လက်လွှတ်လိုက်ရတာဖြစ်သလိုအနာဂတ်ကာလမှာဘယ်လို စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမားကိုမှ ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိတော့မယ့်အခြေအနေလဲဖြစ်ပါတယ်။ ဒေါနမြေက သေနတ်သံတွေကတော့ အတော်အတန်စဲသွားခဲ့ပြီဖြစ်ပြီး၊ တပ်မတော်အနေနဲ့ သမိုင်းမှာဘယ်တုန်းကမှမရခ့ဖဲူးဘူးတဲ့ အသာစီးအနေအထားကို
ရရှိသွားပြီလဲ ဖြစ်ပါတယ်။

No comments:

Post a Comment