Sunday, September 22, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၂၂ ) - ရဲမိုး




ကွမ်းလုံတိုက်ပွဲအပြီး နောက်ပိုင်းမှာတော့…..ရှမ်းပြည် အရှေ့ မြောက်ဒေသရဲ့ အခြေအနေဟာ …..
ဗကပ တပ်မဟာများ သူတို့ ရဲ့ ခြေကုပ်ဒေသများထံ ……အခိုက်အတန့် ပြန်လည် ဆုတ်ခွာသွားခဲ့ ပြီးတဲ နောက်……နှစ်ဖက်တပ်တွေဟာ …..ရင်ဆိုင် တပ်စွဲထားတဲ့ အနေအထား ရှိကြပြီး…..တိုက်ပွဲကြီးတွေတော့ …..
၁၉၈၈ခုနှစ်ထိ ……အများအပြား ထပ်မံ မဖြစ်ပွားတော့ပါဘူး…..။

ဗမာပြည်ကွန်မြူနစ်ပါတီ အနေနဲ့  ကတော့….တစ်ဘက်နိုင်ငံက လူတစ်သောင်းစာ ……
လက်နက်ခဲယမ်း ရိက္ခာ စစ်ဝတ် …..အပြည့် အစုံကို ထောက်ပံ့ ပေးခဲ့ တဲ့ အပြင်……နားလီ ၊မိုင်းလား ၊ ပန်ဆန်း ၊ ကန်ပိုက်တီး မြေပုံညွန်း ၄ ခုမှာ ……ပုံမှန်ပဲ လစဉ် ရိက္ခာ လက်နက် ခဲယမ်း ......ဆေးဝါး ငွေကြေး တွေကို ထောက်ပံ့ ပေးနေပေမယ့်လည်း ……စီမံချက်ပါအတိုင်း ....လားရှိုး ပြင်ဦးလွင်ထိ မသိမ်းပိုက်နိုင်ခဲ့ တဲ့ အပြင် ……ပဲခူးရိုးမက အဖွဲ့ တွေနဲ့ လဲ …..တစ်ဆက်တည်း ဖြစ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ ပါဘူး……။

တပ်မတော် အနေနဲြ့ကည့် ရင်လဲ …..အဆမတန် များပြားလွန်းလှတဲ့ ရန်သူကို …..အမြစ်ပြတ်ချေမှုန်းဖို ဆိုတာ …..မဖြစ်နိုင်သေးတဲ့ အခြေအနေမှာရှိသလို…စီးပွားရေးလုပ်ငန်းများကို အလွန်အကျွံ လုပ်ကိုင်လာပြီး …
နဂိုတည်းကမှ ဘိန်းနဲ့ ပတ်သက်မှုများပြားလွန်းတဲ့  ….ကိုးကန့် ကာကွယ်ရေးပြည်သူ့ စစ်တွေကိုလဲ ……
မထိန်းချုပ်ရင် မဖြစ်တော့တဲ့ .....အခြေအနေတစ်ခုကို ရောက်ရှိလာခဲ့ ပါပြီ …..။

၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ မှာ….
တပ်မတော် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်ဟာ….ရှမ်းပြည်နယ်အတွင်းက …..ကာကွယ်ရေး ပြည်သူ့ စစ်အဖွဲ ၂၃ ဖွဲ့ လုံးကို ....လက်နက်ဖျက်သိမ်းဖို့ အတွက်……မလွဲ မရှောင်သာ လုပ်ဆောင်ရပါတော့တယ်….
အဲဒီအခါမှာ ……အဖွဲ့ အတော်များများ တောခိုသွားခဲ့ ကြပြီး ….လော်စစ်ဟန် ကိုယ်တိုင်လည်း ……
ဒီထဲမှာပါဝင်ခဲ့ ပါတယ်…..SSA နဲ့ သွားရောက်ပူးပေါင်းခဲ့ တဲ့ လော်စစ်ဟန်ဟာ....တပ်မတော်ရဲ့ အောင်သံလွင် စစ်ဆင်ရေးကြောင့် …..ယိုးဒယားနိုင်ငံထဲ ၀င်ပြေးခဲ့ရပြီ၁၉၇၃ ဇူလိုင် ၁၆ ရက်နေ့  …..
ယိုးဒယားနိုင်ငံ ၀မ်လုံ ဟိုတယ်မှာ…..ယိုးဒယား အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ ရပါတယ်….၁၉၇၃ခုနှစ် သြဂုတ် ၂ ရက်နေ့ မှာတော့ …..ယိုးဒယား အစိုးရဟာ …..လော်စစ်ဟန်ကို…..မြန်မာနိုင်ငံကိုပဲ ပြန်လည် လွှဲပြောင်းပေးခဲ ပါတယ်……..။

 
၁၉၇၀ ခုနှစ်က တိုင်းရင်းသား တပ်ဖွဲ.တစ်ခု ( Photo by empower.asia)

နှစ်ရှည်ထောင်ဒဏ်အများအပြား ချမှတ်ခံရတဲ့ ….လော်စစ်ဟန်ဟာ…..၁၉၈၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှာ….ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီး …..အောင်မြင်စွာ ကျင်းပ ပြီးစီးခြင်းနှင့် ……သံဃာ့ ၀န်ဆောင် အဖွဲ့ကြီး …..အောင်မြင်စွာ ဖွဲ့စည်းနိုင်ခြင်း အထိမ်းအမှတ် အဖြစ်…..အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် (၂/၈၀) အရ…..ဦးနု ၊ ဗိုလ်သက်ထွန်း ၊ ဗိုလ်မှူးအောင်……စောကြာဒိုး၊ ဗိုလ်ရန်နိုင်၊ ဂျင်မီယန်း……..ရန်ကုန်ဘဆွေ အစရှိတဲ့ ပုဂ္ဂိုလ်များနဲ့ အတူ …..လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ ပါတယ်………။

ဒါပေမယ့်လဲ ….ရှမ်းပြည်နယ်ရဲ့ တောင်ပိုင်း တစ်နေရာမှာတော့ ….ဒီအုပ်စုထဲမှာ မပါဝင် ပဲ ရပ်တည်နေတဲ့ 
ပုဂ္ဂိုလ် တစ်ဦးကလဲ .....သီးခြား ကျန်ရှိနေပါသေးတယ်…….သူကတော့ …ဘိန်းလုပ်ငန်းတွေနဲနာမည်ကြီးလှတဲ ….လွယ်မော် ဒေသက ပြည်သူ့ စစ်ခေါင်းဆောင် ….လော်စစ်ဟန်ရဲ့ တပည့်ဟောင်း….ခွန်ဆာ ပဲ ဖြစ်ပါတယ်……..။

၁၉၆၁ ခုနှစ်မှာ ဗကပ ကာကွယ်ရေးအတွက် ……အင်အားလေးဆယ်နီးပါးနဲ့ စတင်ဖွဲ့ စည်းခဲ့ တဲ့ …..
လွယ်မော်ပြည်သူ့ စစ်အဖွဲ့ ဟာ…၁၉၆၄ ဇွန်လမှာ စတင်တောခိုခဲ့ ပါတယ်….၁၉၆၆မှာ ပြန်လည် အလင်းဝင်ခဲ ပေမယ့် …..တစ်ဘက်ကလည်း ဘိန်းလုပ်ငန်းကို …အကြီးအကျယ် လုပ်ကိုင်နေမှုကြောင့် …ခွန်ဆာရဲ တပ်တွေနဲ့ လောစစ်တပ်က ဗိုလ်ချုပ် အုန်းရက်တီအုန်းတို့ …..ဘိန်း အရောင်းအ၀ယ်ပြုလုပ်နေစဉ်……ကူမင်တန် ဗိုလ်ချုပ် မာရဲ့ တပ်များက…..၀င်ရောက်လုယက်သည့် အတွက်….
လောနိုင်ငံ ဗန်ကွန်းရွာမှာ ……တိုက်ပွဲ အကြီး အကျယ် ဖြစ်ပွားခဲ့ ပါတယ်…..။

တိုက်ပွဲဟာ သုံးပွင့်ဆိုင် ဖြစ်ပွားခဲ့ပြီး….စစ်သည်အင်အား ထောင်နဲ့ ချီ ပါဝင်တိုက်ခိုက်ကြကာ….နောက်ဆုံးမှာ လောစစ်တပ်က ….လေထီးတပ်ရင်းများနဲ့ …..တိုက်လေယာဉ်များ သုံးပြီး မောင်းထုတ်ရတဲ့ အထိ …..
တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်…….၁၉၆၉ အောက်တိုဘာ ၂၅ မှာ ….အစိုးရက ခွန်ဆာကို ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်းခဲ.ပြီး တရုတ်ဖြူထောက်လှမ်းရေး တပ်မှူးဟောင်း…..ဒုခေါင်းဆောင် ကျန်ဆုရှင် ဦးစီးတဲ့ အဖွဲ့ ကတော့ထပ်မံတောခိုသွားခဲ့ပါတယ်…..။

အဲဒီအဖွဲ့ ဟာ…..
၁၉၇၃ ဧပြီ ၁၆ ရက်နေ့ မှာ…တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံက …ရုရှား ဆရာဝန် နှစ်ယောက်ကို ပြန်ပေးဆွဲကာ…….ခွန်ဆာနဲ့ လှဲလှယ်ဖို့ တောင်းဆိုခဲ့ တဲ့ အတွက်....၁၉၇၄ စက်တင်ဘာမှာ လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာကာ ….ခွန်ဆာကို လွှတ်ပေးခဲ့ ရပေမယ့်လည်း ….
၁၉၇၆ ဖေဖော်ဝါရီ ၇ မှာ ထပ်မံတောခိုခဲ့ ပြီး…..တစ်စထက်တစ်စ အင်အားကြီးထွားလာခဲ့ပါတယ်……

 

၁၉၈၅ မတ် ၂၆ ရက်မှာ …….SURA မိုးဟိန်းအဖွဲ့ နဲ့ ပူးပေါင်းပြီး …..MTA အဖွဲ့ အဖြစ်ပြောင်းလဲ ဖွဲ့ စည်းခဲ့ ကာ….အင်အား ၃၀၀၀၀ နီးပါးထိ…..ရောက်ရှိလာခဲ့ တဲ့  ခွန်ဆာရဲ့ အဖွဲ့ ဟာ….ရှမ်းပြည်မှာ အင်အား အကြီးဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်လာခဲ့ပြီး....အမေရိကန် DEA က အလိုအရှိဆုံးလူ ၇ ဦး ထဲမှာ ……ထည့်သွင်းကြေငြာခဲ့ပေမယ့်လည်းတစ်ဖက်ကလည်း…..ဟိုမိန်း ဌာနချုပ် စခန်းမှာ …..စီအိုင်အေနှင့် ဒီအီးအေ အရာရှိများ…..ပြည်ပ သတင်းစာ ဆရာများ နဲ့ …အမေရိကန် အစိုးရရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ အကြံပေးအရာရှိ ….Peter Bourne တို့ ကို အမြဲလက်ခံ တွေ့ ဆုံနေခဲ့ တဲ့ အထိ….ကြီးကျယ်ခမ်းနားလာခဲ့ပါတယ်…….။

 

၁၉၉၃ ဒီဇင်ဘာ ၁၄ ရက်နေ့ မှာ ……လွတ်လပ်သောရှမ်းပြည်ကို ထူထောင်ကြောင်းနဲ့ ….သူ့ ကိုယ်သူ ရှမ်းပြည်နယ်ရဲ့ သမ္မတ ဖြစ်ကြောင်း …..ကြေငြာခဲ့ ပေမယ့်လည်း …..ဘယ်သူကမှအသိအမှတ်မပြုခဲ့ သလို
နိုင်ငံရေးအရ တော့ …..ခြေလှမ်းတစ်ကွက်မှားသွားတယ်လို့ လဲ ဆိုနိုင်ပါတယ်…အဲဒါကတော့ …..
အဲလိုကြေငြာပြီးနောက်ပိုင်းမှာ……တပ်မတော်ရဲ့ ကျောထောက်နောက်ခံပြုထားတဲ့  …..၀ တပ်ဖွဲ့ တွေဟာ
ခွန်ဆာရဲ့ ရှမ်းပြည်တောင်ပိုင်းက နယ်မြေတွေကို ……အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်လာတာပါပဲ …..။

တိုက်ပွဲတွေဟာ ၂ နှစ်နီးပါးလောက်ကြာမြင့်ခဲ့ ပြီး ……နှစ်ဖက်စလုံးမှာ လူထောင်နဲ့ ချီသေဆုံးခဲ့ ချိန်မှာ တော့….
ခွန်ဆာ့ အတွက် အကျပ်ရိုက်စရာ တစ်ခု …….ထပ်မံပ်ါပေါက်လာပါတော့တယ်……အဲဒါကတော့ ….
သူ့ အဖွဲ့ ထဲက SSNA ကမ်းရွက် ၊ စိုင်းမိန်း တို့ အဖွဲ့ ……အင်အား ၄၀၀၀ ကျော်ဟာ ……
အစိုးရ နဲ့ သွားရောက် ပူးပေါင်းလိုက်တာပဲ ဖြစ်ပါတယ်…….။

အင်တာပို၏ Wanted စာရင်းမှ( ဦး )ခွန်ဆာ
 စိတ်ဓာတ်အင်အား အတော်ချိနဲ့ လာတဲ့ ခွန်ဆာ အဖွဲ့ ဟာ …၁၉၉၅ နှစ်ကုန်ပိုင်းမှာ……..အမှတ် ၂၄ တပ်မတော်ထောက်လှမ်းရေးတပ် (တာချီလိတ်) ကို ဆက်သွယ်ပြီး …..ငြိမ်းချမ်းရေးယူလိုကြောင်း ကမ်းလှမ်းခဲ့ပေမယ့်….တပ်မတော် အစိုးရက လက်မခံတော့ပါဘူး…..မူးယစ်ဆေးဝါးနဲ့ လုံးဝ မပတ်သက်တော့ဖို့ ..…..အကြွင်းမဲ့ လက်နက်ချဖို့ နဲ့ ……လက်နက်ချဖို့  သဘောတူခဲ့ ရင် တော့ …….ပြည်ပနိုင်ငံတွေကို လွှဲမပေးဘူးဆိုတဲ့ အချက်လောက်ကိုပဲ …….အကြောင်းပြန်ကြားခဲ့ တဲ့ အတွက်…..၁၉၉၆ ဇန်န၀ါရီမှာပဲ ……
ခွန်ဆာအဖွဲ့ အင်အား ၁၄၀၀၀ ဟာ ……အကြွင်းမဲ့ လက်နက်ချခဲ့ ပြီး …..အဖွဲ ကိုဖျက်သိမ်းလိုက်ပါတော့တယ်……..။

ရွက်ဆစ်
 ခွန်ဆာအဖွဲ့ လက်နက်ချတဲ့ အချိန်မှာတော့ …..သူရဲ့ တပ်မှူးငယ် တစ်ဦးဖြစ်တဲ့  ရွက်ဆစ်ဟာ ….
နောက်လိုက် အင်အား ၈၀၀ လောက်နဲ့ …..ယိုးဒယားပြည်အတွင်း ၀င်ရောက်သွားခဲ့ပြီးဆက်လက်တောခိုခဲ့ ပါတယ်…..ဒါဟာ နောက်ထပ် ၁၀ စုနှစ်တစ်စုစာလောက်တိုက်ပွဲ များကို ဆက်လက်ဖြစ်ပေါ် စေခဲ့ပြီး….
ရှမ်းပြည်နယ်ရဲ့ မပြီးဆုံးနိုင်တဲ့ ….လက်နက်ကိုင်ဇာတ်လမ်းများထဲက တစ်ခုအဖြစ်လည်း …..
ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်….။

ဆက်စပ်ဖတ်ရှုရန်......တပ်မတော် ဘာလဲ ဘယ်လဲ ( ၂၁ )

No comments:

Post a Comment