Wednesday, September 25, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၂၅ ) - ရဲမိုး





၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ မှာ ….တပ်မတော်အစိုးရဟာ ….. ရန်ကုန်မြို့ ရဲ့ မြောက်ဘက် မိုင် ၂၀၀ ခန့် အကွာမှာရှိတဲ့ ….ရှမ်းရိုးမ နဲ့  ပဲခူးရိုးမကြား …..၂၇၂၃ စတုရန်းမိုင် ခန့် ရှိတဲ့ ဧရိယာတစ်ခုကို ……
အစိုးရရုံးများ အခြေစိုက်ရာ .....နေပြည်တော်မြို့ အဖြစ် …..သတ်မှတ် ပြောင်းရွေ့ ခဲ့ ပါတယ်…….။


 

ဒီမြို့ တော် တည်ဆောက်ရေးစီမံကိန်းဟာ ……၂၀၀၂ ခုနှစ်က မှ …..ဆောက်လုပ်ရေး ကုမ္ပဏီကြီး ၃၀ ခန့် နဲ့ …..လုပ်ငန်းများစတင်ခဲ့ တာဖြစ်ပေမယ့် …..တကယ့် တကယ်ကတော့ ……အဲဒီကာလထက် အများကြီး စောပြီး …..၁၉၉၅- ၉၆ ၀န်းကျင်လောက်ကတည်းက …..မဟာဗျူဟာမြောက် စီမံချက်အနေနဲ့ 
ရေးဆွဲထားနှင့်ပြီး ဖြစ်ပုံရပါတယ်….……ကုန်ကျစားရိတ် ဘီလျံအတော်များများ ကုန်ကျခဲ့ ပြီး ……တိုင်းပြည်ရဲ့ ဘက်ဂျက် အတော်များများကို ….သုံးစွဲခဲ့ ရတဲ့  ဒီစီမံကိန်းဟာ…..တကယ်တော့လဲ ….
အာရှ နိုင်ငံအတော်များများက …..ကာကွယ်ရေးအဖွဲ့ အစည်းတွေ အလိုချင်ဆုံး…..စိတ်ကူးယဉ်အိပ်မက်ထဲက မြို့ တော်တစ်ခုလိုပါပဲ…..။


 

၁၉၈၈ ခုနှစ်မှာ …..ပြည်ပနိုင်ငံကြီးတစ်ခုရဲ့  …..ကမ်းတက်တိုက်ခိုက်ဖို့  ခြိမ်းခြောက်ခံရမှု နဲ့  …..
နှစ်စဉ် ယိုးဒယားနိုင်ငံမှာ ကျင်းပပြုလုပ်နေကျ …..Cobra Gold စစ်ရေးလေ့ကျင့်ခန်းတွေထဲက ……
ပါဝင်နေကျ လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့  ……ရန်ကုန်မြို့ နဲ့  အကွာအဝေးတူ နေရာဒေသ တစ်ခုကို …….
လေကြောင်းက ထိုးဖောက် တိုက်ခိုက်လာပြီး ……အထူးတပ်ဖွဲ့ တွေက ……အချက်အခြာနေရာတွေကို ၀င်ရောက်စီးနင်းလိုက်တဲ့  .....စစ်ရေး လေ့ကျင့်မှုတွေဟာ…..ကိစ္စအတော်များများကို …..လုံခြုံရေးရှုထောင့်က အလေးပေးစဉ်းစားလေ့ရှိတဲ့  ……နိုင်ငံရေး မတည်ငြိမ်တဲ့ နိုင်ငံတစ်ခုက…..တပ်မတော် အစိုးရ အဖို့ တော့ …..
အတော့်ကို စိတ်အနှောင့်အယှက် ဖြစ်ဖွယ် …..အကြောင်းအရာတစ်ခုလဲဖြစ်ပါတယ်…….။


 

၁၉၈၈ ခုနှစ်အရေးအခင်းမှာ …..အစိုးရယန္တရားတစ်ခုလုံး ……လည်ပတ်မှု ရပ်တန့် သွားတဲ့ အတွေ့ အကြုံဟာ…….ဘယ်နိုင်ငံက အစိုးရဖြစ်ဖြစ် …..နောက်တစ်ကြိမ်တော့ ….ထပ်မံ အဖြစ်ခံကြတော့မယ် မဟုတ်သလို…….နိုင်ငံရေးမငြိမ်မသက် အကြမ်းဖက်မှုတွေက …..အစိုးရအဖွဲ့ ရုံးတွေနဲ့  .....
အစိုးရ ၀န်ထမ်းတွေကို မခြိမ်းခြောက်နိုင်ဖို့ ဆိုရင်….လွှတ်တော် …တရားရုံးချုပ် ….အစိုးရအဖွဲ့ နဲ့ ……
ကာကွယ်ရေး ၀န်ကြီးဌာနတို့ ရုံးစိုက်ရာ မြို့ တော်ဟာ…..အဲဒီ ခြိမ်းခြောက်မှုတွေ အားလုံးနဲ့ သီးခြားကင်းလွတ်ရာ .....မဟာဗျူဟာမြောက် နေရာဒေသ တစ်ခုမှာ …..တည်ရှိနေဖို့  လိုအပ်တယ်လို့ ….
တပ်မတော် အစိုးရက စဉ်းစားဆုံးဖြတ် ခဲ့ ပုံရပါတယ်……။
















 

နေပြည်တော်မြို့ တော် ဟာ …..လုံခြုံရေးရူထောင့် သက်သက်က စဉ်းစားရင်တော့ ……
မြို့ တော် လုံခြုံရေးအတွက်တင်ကိုပဲ…..တိုက်ခိုက်ရေးတပ်မ တစ်ခုက သီးသန့် တာဝန်ယူထားပြီး…..
အခိုင်အမာ တည်ဆောက်ထားတဲ့ မြေအောက် ဥမင် စခန်းတွေ ……ဒေါင့်စေ့အောင်ချထားတဲ့  စွမ်းရည်မြင့် ရေဒါစနစ်တွေ ……မိုင်တစ်ရာ ပတ်ချာလည် ကောင်းကင်ယံကို .....လက်ယှက်ထိုး ချိန်ရွယ်ထားတဲ့ …..
လေကြာင်းရန်ကာကွယ်ရေး ဒုံးပျံ စနစ်တွေ ……၀င်လမ်းထွက်လမ်း တစ်လျောက်မှာ ပြည့်နှက်နေတဲ့ …..
လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းတွေနဲ့ တိုက်ခိုက်ရေးတပ်မတွေ ….မလှမ်းမကမ်းမှာရှိတဲ့  မိတ္ထီလာတပ်မြို့ က …..သံချပ်ကာနဲ့ တင့်ကား တပ်မတွေ ……မိုင် ၄၀ နီးပါး ပစ်ခတ်နိုင်တဲ့ တာဝေးပစ် အမြောက်တပ်မတွေနဲ့  …..ရှမ်းတဲ လေတပ်စခန်းက ……ကြားဖြတ်တိုက်ခိုက်ရေး ခေတ်မီ ဂျက်တိုက်လေယာဉ် အုပ်စုတွေအပြင်…..ပြည်ပ စစ်ပွဲဖြစ်လာရင်တောင် .....ဖြတ်တောက်ပြစ်ဖို့  သိပ်ခက်ခဲလွန်းတဲ့ …..
ဘယ် ဂြိုလ်တု ဘယ်လေလှိုင်း ကိုမှ အသုံးမပြုပဲ……မြေကြီးအောက် ၆ပေအနက်မှာချထားပြီး……
မြန်မာပြည် အနှံ့ အပြားက ……တပ်ရင်းအားလုံးနဲ့ ဆက်သွယ်ထားတဲ့ …..တပ်မတော် သီးသန့် ....
ဖိုက်ဘာအော့ပတစ် ဆက်သွယ်ရေးကွန်ယက်ကြီးဟာ….အာရှဒေသ က ….အစိုးရ နဲ့  စစ်ရုံးချုပ် အခြေစိုက်တဲ့ ……မြို့ တော်ကာကွယ်ရေး လုံခြုံရေးစနစ်တွေကြားမှာတော့ …..အတော့်ကို အထင်ကြီးဖွယ် ကောင်းလှပြီး ……
အင်အားကြီး နိုင်ငံကြီး တစ်ချို့ က လွဲလို့ ……ကျန်နိုင်ငံများအနေနဲ့ ကတော့ ……တိုက်ခိုက်ဖို့ မဖြစ်နိုင်သလောက်လို့ ပဲ ဆိုရမှာဖြစ်ပါတယ်…..ပြည်တွင်းနိုင်ငံရေးမငြိမ်မသက်မှုတွေဟာလဲ ……
နေပြည်တော် အခြေစိုက် ….အစိုးရ၀န်ကြီးဌာနများရဲ့ တည်ငြိမ်မှုကို မခြိမ်းခြောက်နိုင်တော့သလို …..
ပင်လယ်ဆိပ်ကမ်းနဲ့ အလှမ်းဝေးလှတဲ့ အတွက် …..ပြည်ပ ကမ်းတက်တိုက်ခိုက်မှုတွေရဲ့ ဘေးရန်ကလဲ …..
လုံးဝ စိုးရိမ်ဖွယ်မရှိလှတော့ပါဘူး …….။



 

ကျပ်ငွေ ဘီလီယံ အတော်များများ .....ကုန်ကျခဲ့ တဲ့  ဒီစီမံကိန်းဟာ …..အရပ်သားအစိုးရလက်ထက်မှာတော့ …..ဘယ်လိုမှ ခွင့်ပြုနိုင်ဖွယ်မရှိသလို ……တိုင်းပြည်ကို ဆင်းရဲမွဲတေမှု မြင့်တက်စေတယ်လို့ …..စွပ်စွဲကြမှာ ဖြစ်ပေမယ့် …..တကယ့်တကယ်ကတော့ …..တိုင်းပြည်ရဲ့ အနှစ် ၄၀ ကျော် အတွေ့ အကြုံတွေ အရ ……
အခြား လူမှုရေး စီးပွားရေး ကျန်းမာရေး ပညာရေး ကဏ္ဍ တွေထက် …..ကာကွယ်ရေးနဲ့ လုံခြုံရေးကို ဦးစားပေးခဲ့ တာပဲဖြစ်ပြီး ……တည်ဆောက်ပြီးကာစ ကာလမှာတော့ ….တပ်မတော်ကို အမုန်းပွားစေခဲ့ပေမယ့်လည်း…..နောင် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပဲ…..တပ်မတော်ရဲ့ လုပ်ဆောင်မှုကို …..နားလည်သဘောပေါက်သွားစေမယ့်……Pain & Gain ပေါ်လစီ တစ်ခုလို့ ပဲ …..တပ်မတော် အစိုးရက ယူဆခဲ့ကြပုံ ရပါတယ်…..အံသြဖို့ ကောင်းတဲ့ အချက်တစ်ခုကတော့…..ဒီစီမံကိန်း ကို အပြင်းအထန် အကောင်အထည်ဖော်ခဲ့ တဲ့ ၂၀၀၄ -၂၀၀၅ ခုနှစ်က စတင်ပြီး….အလုပ်အကိုင်ရရှိနူန်း တိုးတက်မြင့်မားလာတဲ့ အတွက်…..တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နူန်းဟာ ……၃၆ ရာခိုင်နူန်း ရှိရာကနေ …….
၂၀၀၉-၂၀၁၀ အရောက်မှာတော့ …..၂၆ ရာခိုင်နူန်းထိ ထိုးဆင်းသွားခဲ့ကြောင်းကို ……
ကုလသမဂ္ဂရဲ့ ဆင်းရဲမွတေမှု စစ်တမ်းမှာ ဖော်ပြခဲ့ တာပါပဲ……..။


 

တကယ်တော့လဲ ….၂၂ နှစ် ကြာမြင့်ခဲ့ ပြီး….ပြည်သူလူထုရဲ့ အထင်လွဲမှားမှုကို ခံခဲ့ ရတဲ့ …..
တပ်မတော်ရဲ့ ……အင်အားတည်ဆောက်ရေး မဟာဗျူဟာ စီမံချက်ကြီးဟာ….တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ဖို့ ဆိုရင်…..ပြည်တွင်းစစ်ကို အဆုံးသတ်မှ ရမယ်…..ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ဆိုတာဟာ ….
လွတ်လပ်ရေးမတိုင်မီ ကတည်းက အခြေတည်ခဲ့ တဲ့ …..တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ညှိနိုင်းနိုင်ရမယ်…ဒါဟာလဲ… ….ဗဟို အစိုးရ နဲ့ ပြည်နယ်တွေအကြား….အာဏာနဲ့ သယံဇာတ အရင်းအမြစ်တွေ …..ဘယ်လို ခွဲခြမ်းရေးလုပ်ကြမလဲ ဆိုတဲ့ အချက်ပေါ်မှာ….အဓိက မူတည်နေပြီး…..
လက်နက်ကိုင် အဖွဲ့ အများအပြားဟာ ….သူတို့ နဲ့ ဆွေးနွေးနေတဲ့ အရပ်သား အစိုးရ ရဲ့ နောက်မှာ….
စွမ်းရည်ပြည့်ဝတဲ့  …..ခေတ်မီ အင်အားကြီး တပ်မတော်ကြီးတစ်ရပ် ရှိမနေဘူးဆိုရင်….မဖြစ်နိုင်တဲ့ စိတ်ကူးယဉ် တောင်းဆိုချက်တွေ အများအပြားကို…စားပွဲဝိုင်း ပေါ် သယ်ယူလာလိမ့်မယ်ဆိုတဲ့ အတွေးအခေါ်က….ပေါ်ပေါက်လာခဲ့ တာပါ……။


 

ဒီလက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ …..အနှစ်လေး ငါးဆယ် စစ်တိုက်လာပြီး….မအောင်မြင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ…အများအပြား ကြုံတွေ့ ဖူးတဲ့ .....တပ်မတော်ရဲ့ အတွေ့ အကြုံတွေအရ…
ဒီ ဆွေးနွေးပွဲတွေဟာ .....အချိန်အတော်ပေးရအုန်းမှာဖြစ်ပြီး….ဒီမိုကရေစီ အရပ်သား အစိုးရဟာ….
အဖွဲ့ အစည်း အများစုနဲ့ သဘောတူညီချက်ရပြီဆိုရင်တောင်မှ…ဘယ်လိုမှ ညှိနိုင်းမရတဲ့ …..အဖွဲ့ အစည်းတစ်ချို့ ကိုတော့…..သူတို့ ကပဲ တာဝန်ယူဖြေရှင်းရတော့မယ်ဆိုတာ…..တပ်မတော် အနေနဲ့ ကတော့.....ကောင်းကောင်း သဘောပေါက်ထားပြီးလဲ ဖြစ်ပုံရပါတယ်….။


 

၂၀၀၇ ၂၀၀၈ ခုနှစ်လောက်မှာတော့ ….တပ်မတော်ဟာ….ဒီ မဟာဗျူဟာ စီမံချက်ကြီးရဲ့ ….
နောက်ဆုံးအဆင့် ကာလတွေကို ….ရောက်ရှိလို့ နေနိုင်လောက်ပါပြီ…….ဒီ စီမံချက်ကြီး အရ ....မကြာခင်မှာပဲ တပ်မတော်ဟာ …..စစ်တန်းလျားကို ပြန်လည် ထွက်ခွာတော့မှာ ဖြစ်သလို……စစ်တပ်ရဲ့ ထုံးစံအတိုင်း……
ဆုတ်ခွာသွားတဲ့  မိမိတပ်ဖွဲ့ တွေကို ….အထင်အမြင်လွဲမှားနေတဲ့ အဖွဲ့ အစည်းတွေက….ထပ်ချပ်လိုက်ပြီး ထိုးစစ်မဆင်နိုင်ဖို့ အတွက်….ခွာစစ်ရဲ့ နည်းဥပဒေသတွေ အတိုင်း…ပင်မ ခံစစ် ….ကြားခံစစ်နေရာတွေ…
အဆင့်ဆင့် ဟန့် စစ် ဆင်မဲ့ တပ်ဖွဲ့ တွေ….ထပ်ချပ်လိုက်လာမယ့် ရန်သူကို အရှိန်သပ်စေဖို့ ပြုလုပ်တဲ့ ….
တန်ပြန် တိုက်စစ် အသေးစားလေးတွေ….တစ်ထောက်နားရပ် နေရာတွေ….ခံစစ် ပစ်ကူပေးမယ့် အဖွဲ့ တွေ….
လှည့်စားမှုနဲ့ ဖုံးကွယ်မှု အစီအစဉ်တွေ စတဲ့ ….အသေးစိတ်နည်းဗျူဟာတွေ အများအပြားပါဝင်တဲ့ ....
ခွာစစ်ကြီး တစ်ရပ်ကို စတင်တော့မှာဖြစ်ပါတယ်….။


 

ဒီ ခွာစစ်စီမံချက်ကြီးအရ…..၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတာကြီး….ပေါ်ပေါက်လာတော့မှာ ဖြစ်သလို …..ဒီ ဥပဒေအရ ….လွှတ်တော်ထဲမှာ ပါဝင်လာတော့မယ့်…..တပ်မတော်သား အမတ် ၂၅ ရာခိုင်နူန်းဟာ….တပ်မတော်ကို အင်အားလျော့ဖို့ …ဘက်ဂျက်လျော့ဖို့ ….ဆန့် ကျင်ဘက် အဖွဲ့ အစည်းတွေက .....ထပ်ချပ် လိုက်စစ် မဆင်နိုင်ဖို့ .....နည်းအမျိုးမျိုးနဲ့ ချုပ်ခြယ် ကန့် သတ်နိုင်ဖို့  စတဲ့…..ဥပဒေတွေကို အတည်မပြုနိုင်ရေးအတွက်…..အခိုင်အမာ နေရာယူ .....ခံစစ်ဆင်နေခဲ့ ကြတော့မှာလည်း ဖြစ်ပါတယ်….။


ဆက်စပ်လေ.လာရန်.... တပ်မတော်ဘာလဲဘယ်လဲ (၂၄ )

No comments:

Post a Comment