Thursday, February 5, 2015

ကောင်းခါးရွာ လူသတ်မှု မှ စိတ်ဝင်စားစရာများ ( ၂ )







ကောင်းခါ ရွာ ဆရာမ နှစ် ဦးအား သတ် ဖြတ်ခဲ့သူ များဟု သံသယရှိကြသော KIA တပ်မဟာ ၂ မှ တပ်ကြပ် အဆင့်အမည် ဖောယူဂွမ် ဆိုသူ နှင့် သူ ၏ နောက် လိုက်၂ ဦး အား  KIA မှ စစ် ဘေး ရှောင် စခန်း တွင် ခို လှုံခွင့်ပေး ထား ကြောင်း သတင်းထွက်ပေါ်လာပြီး မကြာမှီမှာပင်   ဇန်န၀ါရီ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က KIA တပ်မဟာ ၂ မှ ဒုဗိုလ်အဆင့်ရှိသူနှင့် တပ်ဖွဲ့ဝင်စစ်သည် ၇ ဦးမှ  ဖော်ယူဂွမ် နှင့် အပေါင်းပါ ၃ ဦးအား ကချင်ဒုက္ခသည် နယ်စပ်စခန်းတစ်ခုတွင် လာရောက်ခေါ်ဆောင်သွား ကြောင်း သိရှိရသည် ...မည်သည့်နေရာသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ကို မသိရှိရသေးပါ ...ဟူသော သတင်းဆက်ထွက်ပေါ်လာသလို နောက်ဆက်တွဲဖြစ်သော    ဇန်န၀ါရီ ၃၁ ရက်နေ့ နံနက်ပိုင်းက သတ်ဖြတ်မီးရှို့ထားရှိသော အလောင်း ၄ လောင်းကို တွေ့ရှိခဲ့ကြောင်းနှင့် စစ်တပ်မှ သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲမှုများနှင့် ၀ါဒဖြန့်လာ နေသည်ကို တွေ့ရှိရပြီး အမှန်တွင် အဆိုပါ အလောင်းများသည် ဖော်ယူဂွမ်နှင့် အပေါင်းပါ များ၏ အလောင်းများသာ ဖြစ်ကြပြီး ဆရာမ ၂ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ KIA မှ နှုတ်ပိတ်လိုက်ခြင်းသာ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည် ဟူသော သတင်းတို.က အထူးစိတ်ဝင်စားစရာဖြစ်လာခဲ့သည် ။

စစ်ဆေးရေးအဖွဲ.အနေဖြင်.မူ ဇန်န၀ါရီ ၂၉ ရက်တွင် ကောင်းခါးရွာသား ခြောက်ဦးအား စစ်ဆေးခဲ့ပြီး ယင်း မတိုင်မီက ရွာသားနှစ်ဦးကို စစ်ဆေးရန်   နှစ်ရက်ကြာ ခေါ်ဆောင်သွားခဲ့ကာ ရွာသို.ပြန်လည်ပို.ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည် ။ တာဝန်ရှိသူတစ်ဦးဖြစ်သော ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားရာတွင် “အထူးစုံစမ်းရေး ကော်မတီ ဖွဲ့ထားပြီး အမှုမှန် အမြန်ဖော်ထုတ်နိုင်ဖို့ သက်ဆိုင် ရာ အဖွဲ့တွေက အပူတပြင်း စုံစမ်းနေပါတယ်။ လက်ရှိ ကျူးလွန်ခဲ့တဲ့ တရားခံ အစစ် ကို မဖော်ထုတ်နိုင်သေးတာကြောင့် ကျူးလွန်ခဲ့သူတွေက အရပ်သားတွေ လား၊ တပ်မတော်ကလား၊ KIA ကလား ဆိုတာ ဘာမှ မပြောနိုင်သေးပါဘူး” ဟု ဆိုခဲ့သည်။

အမှုဖြစ်ပြီးနောက်တစ်နေ. ဇန်န၀ါရီ ၂၀ ရက်နံနက် အစောပိုင်းချိန်တွင် တပ်မတော်သားအချို့ကားဖြင့် ရွာမှ ထွက်သွားခဲ့သည်ကို တွေ့ရသောကြောင့် ရွာသားများက သံသယပိုကြီးခဲ့ကြောင်း ပြောဆိုခဲ့မှု နှင်.ပတ်သက်၍ ကားဖြင့် ထွက်သွားသည်ဆိုသည့် တပ်မတော်သားသုံးဦးမှာ တပ်ကိစ္စဖြင့် သွားခြင်းဖြစ်ပြီး ၎င်းတို့ကို မူဆယ်ရဲစခန်းတွင် စစ်ဆေးခဲ့ကြောင်း တပ်မတော် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။


 ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်ကူညီမှု အားနည်းချက်အချို.ရှိခဲ့ပြီး ခေါ်ယူစစ်ဆေးမေးမြန်းတဲ့အခါမှာလည်း ဖုံးကွယ်မှုတွေ ရှိနေတတယ်ဆိုတဲ့ သတင်းအချို.ထွက်ပေါ်လာချိန်မှာပဲနောက်ထပ် စစ်ဆေးတွေ့ရှိချက်တစ်ခုက စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ် ။သူကတော့ အခြားမဟုတ်ပါဘူး။ ဆရာမနှစ်ဦးအသတ်ခံရတဲ့ အိမ်အနား က ဒေါ်ခွန်မိုင်ရဲ့သား မာတီး ဆိုတဲ့လူပဲဖြစ်တယ်လို.ဆိုပါတယ်

ဆရာမနှစ်ဦးနေသည့်အိမ်သည် ကျောင်းနှင့်ရွာရှိအိမ်အချို့နှင့် လမ်းခြားထားသည့်နေရာတွင် တည်ရှိသည်။ ဆရာမနှစ်ဦး နေထိုင်သည့် အဆောင်သည် ဘုရားကျောင်းဝင်းအတွင်း တည်ရှိပြီး ဘေးပတ်လည်၌ ကြံခင်းများ ၀ိုင်းရံလျက်ရှိသည်။ အဆိုပါကြံခင်းများထဲတွင် ကောင်းခါးရွာသူတစ်ဦးဖြစ်သည့် ဒေါ်ခေါန်မိုင်၏ နေအိမ်လည်း
ရှိသည်။
 ဒေါ်ခေါန်မိုင်၏ နေအိမ်သည် ဆရာမများနေအိမ်မှ ကိုက် ၂၀ ခန့်အကွာအဝေးတွင် တည်ရှိခြင်းဖြစ်သည်။

‘‘သမီးက အဒေါ့်ကိုနှိုးတယ်။ မိန်းကလေးတစ်ယောက် အော်လိုက်တဲ့ အသံကြားတယ်လို့။ တအားအော်သံတော့ မဟုတ်ဘူး။ ပါးစပ်ကိုပိတ်ထားပြီးမှ လည်ပင်းကိုညှစ်ထားပြီး ထွက်လာတဲ့အသံမျိုးနဲ့။ သေချာပြန်နားထောင်တော့ ဘာသံမှမကြားတော့ဘူး’’ဟု ဒေါ်ခေါန်မိုင်က ပြောသည်။

နားထဲကြားသည့်အသံများမှာ အမှန်တကယ်လား၊ ချောက်ချားမှုများလားဆိုသည့် သံသယများလွန်ဆွဲရင်း ဒေါ်ခေါန်မိုင်နှင့် အခြားနှစ်ဦးတို့သည် ကြံခင်းကိုဖြတ်ရင်း ဆရာမများကို သွားရောက်နှိုးခဲ့ကြောင်း ဒေါ်ခေါန်မိုင်ကပြောသည်။ အိမ်ထရံကိုပုတ်နှိုးခဲ့သော်လည်း အချိန်အတန်ကြာတုံ့ပြန်မှုမရှိပေ။ ထို့ကြောင့် ကြားရသည့် သံသယဖြစ်ဖွယ်အသံများမှာ ဆရာမများ၏နေအိမ်မှမဟုတ်ဟု ယူဆပြီးနေအိမ်သို့ ပြန်လှည့်လာခဲ့ကြောင်း ဒေါ်ခေါန်မိုင်ကပြောသည်။

သူမက မူလက ဤသို.ပြောဆိုခဲ့သော်ငြား ဧည်.သည်တွေက သူတို့ရောက်တဲ့အချိန်ကစပြီး မာတီးကို အိမ်မှာ မတွေ့ရတာပါလို.ဆိုပါတယ် ။ ည ၁၁ နာရီခွဲလောက် ဘုရားကျောင်းဘက်ကအော်သံကြားလို့ ကိုမျိုးတင့်တို့ လင်မယားနဲ့ အိမ်ရှင် ဒေါ်ခွန်မိုင်တို့ သွားကြည့်ခဲ့ကြ တယ်။ အဲဒီအချိန်မှာလည်း အိမ်မှာ မာတီး မရှိပါဘူး။
ဆရာမနှစ်ဦးအိမ်ရှေ့ရောက်တော့ ဒေါ်ခွန်မိုင်တို့ အော်ခေါ်ပေမယ့် ပြန်ထူးသံ
မကြားရဘူး။ အိမ်နံရံကိုလက်နဲ့ပုတ်နှိုးခဲ့ပေမယ့် ပြန်ထူးသံမကြားတာနဲ့ ပြန်လာ ခဲ့ကြတယ်။ အိမ်ပြန်ရောက်တဲ့အထိ မာတီးကို မတွေ့ရပါဘူး။ ဒါဆိုရင် အဲဒီညတစ်ညလုံး မာတီးဘယ်သွား နေလဲ သံသယဖြစ်စရာကောင်းပါတယ်။

မနက်မိုးလင်းတဲ့အထိ မာတီး အိမ်ပြန်မလာသေးဘူးဆိုတာ ကိုမျိုးတင့်တို့ မျက်မြင်သက်သေ ရှိနေ ပါတယ်။ သံသယအရှိဆုံးလူဟာ မာတီးပါ ဆိုပြီး ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဒါပေမယ့် မိခင် ဒေါ်ခွန်မိုင်က သူ့သား မာတီး အဲဒီနေ့ညက အိမ်မှာ ရှိနေတယ်လို့ ထွက်ဆိုထားပါတယ်။ ညအိပ်တဲ့အချိန်ထိ မာတီးကို မတွေ့ရဘူးလို့ထွက်ဆိုထားတဲ့ ကိုမျိုးတင့်တို့ရဲ့ ထွက်ဆိုချက်နဲ့ အိမ်မှာ ရှိပါတယ်လို့ ထွက်ဆို ထားတဲ့ ဒေါ်ခိုင်မွန်တို့ဟာ ကွဲလွဲမှုတွေ ဖြစ်နေတာတွေ့ရပါတယ်။

  အိမ်မှာ အမှန်သာရှိခဲ့လျှင် ဧည့်သည် ၃ ဦးလုံး တစ်ယောက် မဟုတ်တစ်ယောက် မာတီးကိုမြင်ပါလိမ့်မည်။ မာတီး အိပ်နေတာ မှန်ခဲ့လျှင်တောင် ဆရာမလေးတွေ အော်သံကြားတုန်းက ဘာလို့လိုက်မကြည့်ခဲတာပါလိမ့်။ ကိုယ့်အိမ်နီးချင်း ဆရာမလေးတွေကို ဧည့်သည် ကိုမျိုးတင့်တို့တောင် စိုးရိမ်ပူပန်စွာ သွားကြည့်သေးရင် မာတီးအနေနဲ့ ပိုပြီးကြည့်သင့်တာပေါ့။ ဒါပေမယ့် အိပ်ရာထဲမှာ အိပ်နေခဲ့တဲ့ ပုံစံမျိုးပြောတာကတော့ ယုံကြည်ဖို့ တော်တော်ခက်ခဲနေပါတယ်။

 မာတီး အိပ်တယ် ၊ မအိပ်ဘူး နှစ်မျိုးကွဲပြားနေပါတယ်။ ခေါ်ခွန်မိုင်က အမေဖြစ်တဲ့အတွက် သားကို ကာကွယ်ပြောဆိုပေးနေခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကိုမျိုးတင့်တို့ ၃ ဦးပြောသလို အဲဒီနေ့ညက မာတီး အိမ်မှာ မရှိဘူးဆိုရင် ဘယ်သွား နေသလဲဆိုတဲ့ အဖြေက အမှန်တရားကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ ယုံကြည့်မျှော်လင့်မိပါတယ် ဆိုတဲ့ အယူအဆတစ်ရပ်ကလည်း တကယ်ထည်.သွင်းစဉ်းစားသင်.တဲ့အချက်ဖြစ်နေခဲ့ပါသည် ။

Ref ; 7 Day Daily , OE , The Voice Weekly , ကျော်စွာ ၊ တကကဖိုးစီ ၊ဇော်လင်းခေါင် ၊ ရဲကျော်သူရ 



ဆက်စပ်ဖတ်ရှုရန် 

No comments:

Post a Comment