Wednesday, July 16, 2014

SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) ၏ Educational Supporting Program 2014 အရ လှုဒါန်းမှု များ


Secluded Serene Avenue of WKA Group – SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) ၏ Educational Supporting Program 2014 အရ လှုဒါန်းမှု အစီအစဉ်များကို ၂၀၁၄ ဇူလိုင် ၆ ရက်နေ. က ၀ါးခယ်မမြို.တွင် ပြု  လုပ်ခဲ့ပါသည် ။
နေရာဒေသ၊ နိုင်ငံစုံတွင် ရောက်ရှိနေကြသော ၀ါးခယ်မသားများ ၊ ၀ါးခယ်မသားများ၏ မိတ်ဆွေများ ၊ အမှန်တကယ်လိုအပ်သော ကွက်လပ်တို.ကို တတ်စွမ်းနိုင်သော ဘက်က ကူညီဖြည်.စွမ်းပေးလိုသူများ စုပေါင်းလှုဒါန်းသော ပညာရေးဆိုင်ရာ ထောက်ပံ.လှုဒါန်းမှုတို.ကိုတတိ ယ မြောက် နှစ်အဖြစ် ဆက်လက်ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး စေတနာ ရှင်များ ၏ လှုဒါန်းမှုကို SS Avenue of WKA Group ၏ Collector များ ၊ Sub- Collector များ  ၊ Supporter များ က ကူညီ စီမံခန်.ခွဲ လှုဒါန်းပေးခဲ့ခြင်းဖြစ်ပါသည် ။
၆-၇-၂၀၁၄ နေ.မနက် ၉နာရီက ၀ါးခယ်မမြို. ဘုရားကြီးနောက်ရှိ ကျုံစိန်ရေကျော် အမက ကျောင်း တွင် တက်ရောက်နေသော ကျောင်းသား / သူ ၇၈ ယောက်တို.အနက် ချို.တဲ့ကျောင်းသား / သူ များအား ကျောင်းဝတ်စုံ ၊ ထီး ၊ မိုးကာ ၊ ဖိနပ် ၊ လွယ်အိတ် စသည်တို.လှုဒါန်းပြီး ကျန်ကျောင်းသား အားလုံးတို.အား ဗလာစာအုပ် ၊ ခဲဆံ ဘောပင် ၊ ခဲဆံ ဘူး များလှုဒါန်းခဲ့ပါသည် ။ ကျောင်းအုပ်ဆရာကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောဆိုရာတွင် ပညာတတ် လူငယ်များ ဦးစီးသောကြောင်. ဘာသာ / လူမျိုး မရွေး အကျိုးပြုနိုင်သည်.ပညာတတ်ဆန်သောဆုံးဖြတ်တွေးခေါ်မှုများဖြင်. ဆုံးဖြတ်ကူညီခဲ့သည်.အတွက် အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည် ။
ထိုမှနေ၍ မနက် ၁၀နာရိတွင် ၀ါးခယ်မမြို. လူငယ်ဖွံ.ဖြိုးရေး စင်တာ ( Youth Development Center ) သို.ရောက်ရှိကာ Technological Knowledge Development & Sharing Group WKA မှ စီစဉ်သော ကွန်ပြူ တာ သင်တန်း အပတ်စဉ် ၁ သို. ခေတ္တတက်ရောက်လေ.လာခဲ့ကြပါသည်  ။ ထို.နောက် TKDS-WKA သို.အလှုငွေ ၅၀၀၀၀ ကျပ် လှုဒါန်းခဲ့ရာ အဖွဲ. ဥက္ကဋ္ဌ ၊ အတွင်းရေးမှုး နှင်. အမှုဆောင် တစ်ဦးတို.မှ လက်ခံရယူပေးခဲ့ပါသည် ။
ထို.နောက် မြသိန်းတန် ရပ်ကွက်ရှိ ပရဟိတကျောင်းသို.ရောက်ရှိကြပြီး မနက် ၁၁နာရီ အချိန်တွင် အားမာန်သစ် မသန်စွမ်းအဖွဲ.သို. ထောက်ပံ.လှုဒါန်းခြင်းအခမ်းအနား ကျင်းပခဲ့ပါသည် ။ လွန်ခဲ့သော ၃ လခန်.က ဖွဲ.တည်ခဲ့သော အားမာန်သစ် မသန်စွမ်းအဖွဲ. ဆိုသည်မှာ မြို.လေးနှင်. ၀န်းကျင်ကျေးရွာဒေသများ ရှိ မသန်စွမ်းသူများစုစည်းဖွဲ.တည်ထား ခြင်းဖြစ်ပြီး မသန်စွမ်းသူတို.အကျိုးအတွက်အကောင်အထည်ဖော်ဆောင်ရွက်နေသော အဖွဲ.အစည်းတစ်ခုဖြစ်သည် ။ ယခုလှုဒါန်းရာတွင် ထိုအဖွဲ. အတွင်းမှ ကျောင်းတက်နေသော ကျောင်းသားလေးများ အနက် နားကြားကိရိယာ လိုအပ်နေသော ၅တန်းကလေးငယ်တစ်ဦးအား ၁၉၀၀၀၀ တန်ဖိုးရှိ နားကြားကိရိယာ တစ်ဖက်၊ ဘောပင် ၊ ဗလာစာအုပ် နှင်.  ခြေအဂါင်္ မသန်စွမ်း ၈တန်းကျောင်းသားငယ်အတွက် Steel ချိုင်းထောက်တစ်စုံ ၊ မိုးကာ အကျီင်္ ၊ ဗလာစာအုပ် ၊ ဘောပင် တို.ကိုလှုဒါန်းခဲ့ပါသည် ။ ထိုအခမ်းအနားတွင် အားမာန်သစ်မသန်စွမ်း အဖွဲ.၏ ဥက္ကဋ္ဌ နှင်. ကလေးမိဘ တစ်ဦးတို.မှ ကျေးဇူးတင်စကားနှင်. ရှေ.ဆက်လက်အောင်မြင်ပါစေကြောင်း နှင်. နောင်လည်း လက်တွဲဆောင်ရွက်လိုပါကြောင်း ပြောဆိုခဲ့ကြပါသည် ။ထိုအခမ်းအနားသို.အားမာန်သစ်အဖွဲ.၀င် ၂၀ခန်. တက်ရောက်ခဲ့ပါသည် ။
နေ.လည်   ၁၁း ၃၀ နာရီတွင် ပရဟိတကျောင်းမှ ၉တန်း နှင်. ဆယ်တန်း တက်ရောက်နေသော ကျောင်းသား များ၏ တစ်နှစ်တာ ပညာသင်စရိတ် ( ကျုရှင်လစာ အပါအ၀င် ) ကို ဆရာတော် ရှေ.မှောက်တွင် ကျောင်းသားများထံ ပေးအပ်လှုဒါန်းခဲ့ပါသည် ။
ထို.နောက် မကွေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဦး ၊ ဒေါက်တာကိုကိုလင်း နှင်. SS Avenue of WKA Group တို.စုပေါင်း လှုဒါန်းသော ပရဟိတကလေးငယ်များအတွက် နေ.လည်စာ ကျွေးမွေးခြင်းနှင်. လှုဒါန်းမှု အခမ်းအနား တက်ရောက်လာပေးသော အားမာန်သစ် မသန်စွမ်း အဖွဲ.၀င်များအား တည်ခင်းဧည်.ခံခြင်းတို.ကို ပြု လုပ်ခဲ့ကြပါသည် ။
ကျောင်းများသို.လှုဒါန်းရမည်. ပစ္စည်းများ စစ်ဆေးပြင်ဆင်ခြင်းပြုလုပ်ပြီး TKDS-WKA ဥက္ကဋ္ဌ မှကူညီသော ကားဖြင်. ပစ္စည်းများတင်ပြီး ထော်ကနွတ် ကျေးရွာ မူလတန်းကျောင်းသို. ဆက်လက်ထွက်ခွာခဲ့ကြပါသည် ။ လမ်းဆိုးရွားသဖြင်. မိန်းကလေးများနှင်. လှုဒါန်းရန် ပစ္စည်းတို.ကို ကားဖြင်.သွားစေပြီး ကျန်အဖွဲ.သားများ လမ်းဆင်းလျှောက်ကြရပါသည် ။
ထော်ကနွတ်ကျောင်းသို. မွန်းလွဲ ၂နာရီ ၃၀ မိနစ်တွင် ရောက်ရှိပြီး ကျောင်းသား ၁၀၇ ယောက်အနက် ချို.တဲ့သူများကို ကျောင်းဝတ်စုံ ၊ ထီး စသည်တို. ပံ.ပိုးလှုဒါန်းခဲ့ပြီး ကျန်ကျောင်းသားအားလုံးအား ဗလာစာအုပ် ၊ ခဲဆံဘောပင် ၊ ခဲဆံ ဘူးများ လှုဒါန်းခဲ့ပါသည် ။ ကျောင်းအုပ်ဆရာမကြီးက ယခုကဲ့သို.လှုဒါန်းမှုအတွက် ကျေးဇူးအထူးတင်ပါကြောင်း ၊ အမှန်တကယ်ချို.တဲ့သော ကလေးငယ်များဖြစ်သဖြင်. လာရောက်လှုဒါန်းမည် ဆိုတည်းက အထူးဝမ်းသာမျှော်လင်.နေကြကြောင်း ၊ ယခုလို လိုအပ်နေသော နေရာများကို လိုက်လံ လှုဒါန်းပေးကြခြင်းအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည် ။
ပြန်အထွက်တွင်လည်း ယောက်င်္ကျားလေးများက လမ်းလျှောက်ထွက်ကြရသည် ။ တရုတ်တန်း အမက ကျောင်း သို.အသွားတွင် ကားနှင်. အဆင်မပြေဖြစ်ပြန်သဖြင်. အထုပ်အပိုး အားလုံးအဖွဲ.သားတို. ကိုယ်တိုင်ထမ်းပြီး ကျောင်းဆီသွားကြရသည် ။ လှုဒါန်းကြသော ခရီးလည်းဖြစ် ၊ ဘေးပတ်ဝန်းကျင်က ကွင်းပြင်ကျယ်ကို ဖြတ်သန်းလာသော လတ်ဆတ်သည်.လေကလည်း အားဖြစ်စေသဖြင်. တစ်နေ.လုံး တောက်လျှောက် မနားကြရသေးသော်လည်း သွက်လက်တက်ကြွ ကြတုန်းရှိနေသေးသည် ။ကျောင်းနားအရောက် တွင်တော.လာကြိုသော အဖွဲ.က ကူထမ်းပေးကြပါသည် ။
တရုတ်တန်း ကျောင်းတွင် ဧည်.ခံသော အအေးသောက်ရင်း ခေတ္တနားကြသည် ။ လမ်းအဆင်မပြေမှုကြောင်. အချိန်များနောက်ကျရခြင်းကိုတောင်းပန်ကြပြီး ညနေ ၃း၃၀ မိနစ်တွင် ကလေးငယ် ၇၇ ယောက်အနက် ချို.တဲ့ ကလေးငယ်များအား ကျောင်းဝတ်စုံများ ၊ ထီးများ လှုဒါန်းပြီး ကျန်ကလေးငယ်အားလုံးတို.အား ဗလာစာအုပ် ၊ ခဲဆံဘောပင် ၊ ခဲဆံဘူးများ လှုဒါန်းခဲ့ကြပါသည် ။
မနက် ၉နာရီက စတင်ခဲ့သော အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ လှုဒါန်းမှု ခရီးစဉ် ပြီးဆုံးချိန်မှာ ညနေ ၄း၃၀ ဖြစ်သည် ။
သွားရောက်ခဲ့သော ကျောင်းများတွင် Group ၏ Collector တစ်ဦးမှ SS Avenue of WKA Group ကိုစတင်ဖွဲ.တည်ဖြစ်ခဲ့ပုံအကြောင်း ၊ ဘာသာမရွေး ၊ လူမျိုးမရွေး ပါဝင်နိုင်သလို မကွဲမပြား အကျိုးများစေမည်.အပြင် တစ်ယောက်ချင်းစီ၏ နောင်ရေး ၊ တိုင်းပြည်၏ အနာဂတ် ကို သေချာပေါက်အထောက်အပံ.ပြုနိုင်မည်. ပညာရေးကိုသာ ဦးတည် လှုဒါန်းရန် ဆုံးဖြတ်ပြီး ယခုတတိယမြောက်နှစ်အဖြစ် Educational Supporting Program များကို ဆက်လက် အကောင်အထည်ဖော်နေပုံ ၊ ယခုလှုဒါန်းရာတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ က သူတို.ပိုလျှံငွေများကို လှုဒါန်းခြင်းမျိုး မဟုတ်ပဲ ၀ါးခယ်မသား လူငယ် ၊ လူလတ်များ နှင်. သူတို.၏ အရပ်ရပ် ဒေသ အသီးသီး ရှိမိတ်ဆွေများ က ကိုယ်ပိုင်အတတ်ပညာဖြင်. ရှာဖွေရရှိသော ငွေများမှ ခြိုးခြံ စုဆောင်း လှုဒါန်းခဲ့ကြပုံများ ၊ စာရေးဆရာကြီး တစ်ဦးပြောသကဲ့သို. တပါးသူဆီမှ ယူဖို.သာအမြဲ ကြံစည်နေသူသည် လေးပင်နစ်မြုပ်သွားရပြီး မိမိစွမ်းသမျှ တပါးသူကိုပေးရန် ကြံစည်နေသူများအဖို.မှာမူ တစ်စထက်တစ်စ ပေါ.၍ အထက်သို.သာတက်သွားကြကြောင်း ၊ ကျောင်းသား /သူ ငယ်များအနေဖြင်.လည်း မိမိတို.ကိုယ်ပိုင်အတတ်ပညာဖြင်. ၀င်ငွေ ရှာနိုင်ကြချိန်တွင် ယခု မိမိတို.အဖွဲ.ကဲ့သို.ပင် မြို.လေးဆီမှ လိုအပ်နေသူများထံ ထောက်ပံ. ကူညီလှုဒါန်း၇န် မဖြစ်မနေ တာဝန်ရှိကြကြောင်း ကိုပြောဆို၇ှင်းလင်းခဲ့ကြပါသည်။
ကလေးငယ်များကလည်း တက်ကြွစွာ ဂတိခံဝန်ပေးကြပြီး စတင်ဝင်ရောက်ချိန်တွင် ညီညာသွက်လက်စွာ ခရီးဦးကြို နှုတ်ဆက် ခဲ့ကြသလို လှုဒါန်းမှုများအပြီးတွင်လည်း ညီညီညာညာ ဆုတောင်းမေတ္တာ ပို.သပေးသံများက ကြက်သီးဖျန်းဖျန်းထမျှ ပီတိဖြစ်ကြရပါသည် ။

ယခုလှုဒါန်းမှု အစီအစဉ်တွင် စင်္ကာပူ မှ တက်ကြွစွာ ကူညီစုဆောင်းပေးသော တာဝန်ခံ ၊နှင်းဝတ်ရည်ကြိုင် ၊ ရန်ကုန်ဘက်ခြမ်း တာဝန်ခံများဖြစ်ကြသော ဇော်မင်းလွင် ၊ ဆုဝေဖြိုး ၊ နွေးဝဿသာန်လွင်နောင် ၊ ၀ါးခယ်မတာဝန်ခံများဖြစ်သော ကိုရဲ ၊ ဒေါက်တာကိုကိုလင်း ၊ လိုအပ်သည်များ ချိတ်ဆက် တာဝန်ယူလုပ်ဆောင်ပေးသော ကိုခိုင်ဇော် ၊ ကားအကူအညီပေးခဲ့သော ကို ကျော်ထွေး ၊ လိုအပ်သည်များ အဘက်ဘက်မှ ကူညီခဲ့ကြသော ကိုလှဋ္ဌေး ၊ ကိုညီညီ ၊ ကိုအောင်မင်းထွဋ် ၊ ကိုတင်နိုင်ဦး ၊ ကိုစိုးသီဟ ၊ မအေးအေးခိုင် ၊ ဒေါက်တာ သဇင်နှင်းနှင်. စေတနာအပြည်. ကူညီလှုဒါန်းပေးခဲ့ကြပါသော အလှုရှင်များအားလုံးအား အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် မှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင်. ပြုခဲ့သော ကုသိုလ်ပိတိအားလုံးလည်း ထပ်တူ ရရှိကြပါစေကြောင်း အသိပေးတင်ပြအပ်ပါသည် ။

ဓါတ်ပုံများကြည်.ရှုနိုင်ရန်
မလှုခင်က ကြိုတင်ပြင်ကြ
* အေးချမ်းရိပ်ငြိမ်ပညာကုသိုလ် ၏ ကျုံစိန်ရေကျော် အမက သို.လှုဒါန်းမှု
* အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် @ Youth Development Center
* အားမာန်သစ် မသန်စွမ်းအဖွဲ.သို. အေးချမ်းရိပ်ငြိမ်ပညာကုသိုလ် ၏ အလှု
* ပရဟိတကလေးများအတွက် အထက်တန်းကျောင်းစရိတ် နှင်. နေ.လည်စာအလှု
* အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ၏ ထော်ကနွတ် အမက သို. အလှု
* အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ၏ တရုတ်တန်း အမက သို.အလှု

ဆက်စပ်ဖတ်ရှု၇န်များ
SS Avenue of WKA Group ( အေးချမ်းရိပ်ငြိမ် ) ၏ လ ၃၀ အတွင်း လုပ်ဆောင်နိုင်ခဲ့မှုများ
* SS Avenue of WKA Group ၏ သော်ကကျောင်းသို.အလှု
* SS Avenue of WKA Group၏ တာဝတိ'သာ ကျောင်းသို. အလှု
* Secluded Serene Avenue of WKA ( SS Avenue of WKA ) ၏ သဲကွင်းကျောင်းသို. အလှု
* Secluded Serene Avenue of WKA Group ၏ ပရဟိတကျောင်း ပညာရေးအလှု (၂၀၁၃)
* နှစ်ဦိးဆုမွန် နှင်. SS Avenue ၏ ပညာသင်ထောက်ပံ.ရေး အစီအစဉ်




No comments:

Post a Comment