Tuesday, July 22, 2014

အထက ၁ ၀ါးခယ်မ ရွှေ၇တုကထိန် နှင်. အာစရိယ ပူဇော်ပွဲ ဘဏ္ဍာငွေ ရှာဖွေရေး အစည်းအဝေး



၂၀၁၄ ဇူလိုင် ၂၀ ရက်နေ.မနက် က ရန်ကုန်မြို. ကန်တော်ကြီး အတွင်းရှိ White Rice စားသောက်ဆိုင်တွင် အထက ၁ ရွှေ၇တု ကထိန်နှင်. အာစရိယ ပူဇော်ပွဲ အတွက် ဘဏ္ဍာငွေ ရှာဖွေရေးဆိုင်ရာ အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါသည် ။ထို အစည်းအဝေးသို.  ရန်ကုန်မြို.ရှိ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ ၊ ကျောင်းသား/သူ ဟောင်းများ ၊ ၀ါးခယ်မကော်မတီဝင်အချို. စုစုပေါင်း ၄၀ နီးပါးခန်.တက်ရောက်ခဲ့ကြပါသည် ။


အစည်းအဝေးတွင် ပထမဦးစွာ တက်ရောက်လာသူအားလုံး တစ်ဦးစီ မိမိစာသင်နှစ်ဖြင်.တွဲ၍ မိတ်ဆက်ကြပါသည် ။ ထို.နောက် ဖြစ်မြောက်ရေး ကော်မတီ ၏ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ နှုတ်ခွန်းဆက်စကားပြောကြားပါသည် ။ ထို.နောက် ကိုဇော်မင်းလွင်မှ နိုဝင်ဘာ ၁ ရက်နှင်. ၂ ရက်နေ. ၀ါးခယ်မတွင် ကျင်းပမည်. ပွဲအစီအစဉ်များ ၊ သွားလာမည်.အစီအစဉ်များ နှင်. ညစာစားပွဲ တွင် ထည်.သွင်းမည်.ဖျော်ဖြေရေး အစီအစဉ် အတွက် ကိုမျိုးအောင် နှင်.သူငယ်ချင်းများက သီးခြား စုဆောင်းငွေ ( ကော်မတီမှ ဆရာကန်တော.ပွဲအတွက် အလှုကောက်ခံရရှိထားငွေ များနှင်. မပတ်သက်ပဲ ) ဖြင်.သာ အတတ်နိုင်ဆုံး ပွဲကို စီစဉ်မည်.အခြေအနေ များကို ရှင်းလင်းပြောကြားပါသည် ။


ထို.နောက် လက်ရှိ ဘဏ္ဍာငွေ ရဖွေရရှိမှု ၊ သုံးစွဲရန် လျာထားသော ပမာဏ ၊ ထပ်မံရှာဖွေရမည်. အခြေအနေ နှင်. နည်းလမ်း များကို ကော်မတီ အတွင်းရေးမှုး ၁ ကိုအောင်ကြီးမှ ရှင်းလင်းပြောကြားပါသည် ။ တက်ရောက်လာသူများ မှ ကိုယ်တိုင်အဆိုပြု လှုဒါန်းမှုကို ဆက်လက်ပြုလုပ်ရာ စုစုပေါင်း၁၁၅သိန်း ခန်. လှုဒါန်းရန် အဆိုပြုခဲ့ကြပါသည် ။



ထို.နောက် အမှတ်တရ Magazine ထုတ်ဝေရန် ကိစ္စနှင်. လက်ရှိ လုပ်ဆောင်နေမှု အခြေအနေများကို ကိုဇော်မင်းလွင်က ရှင်းလင်းပြောကြားရာတွင် မြို.သက် နှစ် ၁၀၀ ကျော်တွင် မှ Magazine ၅စောင်ခန်.သာ မြို.တွင် ထွက်ရှိခဲ့နိုင်မှု ၊ ငွေကြေး လတ်လော စိုက်ထုတ်ကုန်ကျခံပေးမည်. ဒုဥက္ကဋ္ဌ ၁ ဦးကျော်ဝင်း၏ အဆိုပြုထားမှု ၊ စာတည်းမှုးချုပ်အဖြစ် စေတနာဖြင်. စာပေဗိမာန် စာတည်းမှုးချုပ် ဦးမောင်မောင်လှိုင် ၏ ကူညီနေမှု အခြေအနေ ၊ မျက်နှာဖုံး ဓါတ်ပုံအတွက် ကိုကျော်သူ ( WKA ) မှ ကူညီပေးမည်. အခြေအနေ ၊ စာမူစုဆောင်းရရှိမှု ၊ ကြော်ငြာ အတွက် အသိပေးခြင်း စသည်တို.ကို ရှင်းလင်းတင်ပြပြီး အစောပိုင်း အခြေအနေတစ်ချို.ကြောင်. ပင်မကော်မီဝင်အချို.၏ Magazine အခြေအနေ ခက်ခဲပါက ဆက်မလုပ်ရန် ကိစ္စကို ယခုရရှိလာပြီဖြစ်သော အခြေအနေတို.ကြောင်. ကော်မတီ၏ ဇွဲလုံ.လ၊ ကျောင်းတော်ကြီးနှင်. ကျောင်းတော်သားဟောင်း စာပေချစ်သူများ၏ ဂုဏ်သိက္ခာအတွက် အောင်မြင်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၊ စာမူကိစ္စအတွက်လည်း လိုအပ်သမျှအားလုံးနီးပါး ရှိထားပြီးဖြစ်သလို နောက်ထပ် ထပ်မံရရှိသည်များကိုလည်း ယခုလ တတိယ ပတ်အထိ ဆက်လက်လက်ခံ မည်.အကြောင်း ၊ ကာတွန်း တစ်ခုသာ အားနည်းနေသဖြင်. ကူညီပေးကြ၇န် အကြောင်း ၊ ၀ါးခယ်မ တွင်ပြုလုပ်သော ၀ါးခယ်မ / ၇န်ကုန် ကော်မတီ စုံညီအစည်းအဝေးတွင် Magazine တစ်စောင်ရောင်းဈေး ၁၅၀၀ ခန်.ရောင်းရန် သဘောတူခဲ့ကြပုံ တို.ကို ရှင်းလင်းပြောကြားခဲ့ပါသည် ။


ထို.နောက် အထွေထွေ အနေဖြင်. သီးခြားခေါင်းစဉ်ငယ် အချို. ဆွေးနွေးဖြစ်သော်လည်း လတ်တလော အသေးစိပ်မဆွေးနွေးပဲ လိုအပ်ချိန်တွင် မှသာ ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ကြပါသည် ။ဝါးခယ်မ ဘက်ခြမ်း အခြေအနေများကိုလည်း ၀ါးခယ်မ ဘက်မှ တက်ရောက်လာသူ ၂ ဦးက ၀င်ရောက်ဆွေးနွေး ပေးပါသည် ။



ထိုနေ.က အစည်းအဝေးကျင်းပစရိတ် ၁၁၀၀၀၀ ခန်.ကို ကိုမိုးဇော် ၊ ကိုဇော်လင်း နှင်. ညီအကိုများမှ တာဝန်ယူ လှုဒါန်းပေးခဲ့ပါသည် ။ ပထမ အကြိမ် New Doreen တွင်ကျင်းပသော အစည်းအဝေး ဧည်.ခံ ကုန်ကျစရိတ် များကို ဦးကျော်ဝင်း မှ တာဝန်ယူပေးခဲ့ပြီး ဒုတိယအကြိမ် အစည်းအဝေးကုန်ကျစရိတ်များကို ကိုအောင်ကြီး  မှ တာဝန်ယူ လှုဒါန်းပေးခဲ့ပါသည် ။


No comments:

Post a Comment