Wednesday, July 30, 2014

သာသနာ.ဟိတကာရီ ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသာ မထေရ်






အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
နိုင်ငံတော်သြ၀ါဒါစရိယ ဘဒ္ဒန္တ စန္ဒောဘာသာ မထေရ် ၏ ထေရုပ္ပတ္တိ အကျဉ်း


ဆရာတော် အလောင်းအလျာကို ၁၂၉၃ ပထမ ၀ါဆိုလဆန်း ၉ ရက် ( ၁၉၃၁ ဇွန်လ ၂၃ ရက် ) အင်္ဂါနေ.တွင် ခမည်းတော် ဦးပန်းဆိုင် မယ်တော် ဒေါ်ဒေါ်ယု တို.မှ မွေးဖွားသန်.စင်ခဲ့ပါသည် ။ ဆရာတော်၏ ဖွားရာ ဇာတိမှာ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို.နယ် ကျားနေအိုင် ကျေးရွာအုပ်စု ရေငံကျောင်းကုန်းရွာ ဖြစ်ပါသည် ။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို.နယ် သန်းကြီးကုန်း ဆရာတော် ဦးသာသန ကို ဥပဇ္ဈာယ် ပြု၍ ၁၃၀၅ တပေါင်းလဆန်း ၁၂ ရက် နေ.တွင် ခမည်းတော် နှင်. မယ်တော် တို. ၏ ပစ္စယာ နုဂဟ ကို ခံယူ၍ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ဘွဲ.အမည်မှာ ရှင် စန္ဒောဘာသ ဖြစ်သည် ။
၁၃၁၃ နယုန်လပြည်.ကျော် ၈ ရက်နေ.တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို.နယ် ဆီမီးခုံ ငါ.နန်းတောရကျောင်း ခဏ္ဍသိမ် တွင် ဆီမီးခုံမြို. ယွန်းကျောင်းဆရာတော် ဦးဥာဏိန္ဒ ကို ဥပဇ္ဈယ်ပြုလျှက် ညောင်ပင်သာ ကျေးရွာ ဦးသာကြူး + ဒေါ်ရွှေမြိုင် ၊ ညီမ ဒေါ်ရွှေပိုင်တို.၏ ပစ္စယာ နုဂဟ ကို ခံယူလျှက် မြင်.မြတ်သော ရဟန်းအဖြစ်သို.ရောက်ရှိခဲ့ပါသည် ။


ဆီမီးခုံ နှင်. မန္တလေး တို.တွင် ပညာသင်ယူတော် မူခဲ့ပြီး ၁၃၁၂ တွင် အစိုးရ ပထမငယ်တန်း ၊ ၁၃၁၄ တွင် အစိုးရပထမလတ်တန်း ၊ ၁၃၁၆ တွင် အစိုးရ ပထမကြီးတန်း ၊ ၁၃၂ ၁ တွင် သာသနာ. ဓမ္မာစရိယ တန်းတို.ကို အစဉ်လိုက် အောင်မြင်တော် မူခဲ့သလို သာသနဓဇ ဓမ္မာစရိယ ၊ စူဋ္ဌ ဂန္တ၀ါစက ပဏ္ဍိတ ဘွဲ.တံဆိပ်တော်များလည်း ရရှိခဲ့ပါသည် ။နိုင်ငံတော်မှ ချီးမြှင်. ပူဇော်တော်မူသော အဂမဟာပဏ္ဍိတ ဘွဲ.ကို ၁၉၉၅ တွင် လက်ခံတော် မူခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အဂမဟာ သဒ္ဒမဇောတိကဓဇ ကိုဆက်လက်လက်ခံတော် မူခဲ့ပါသည် ။ ဆရာတော်မှာ သုဓမ္မာ ဆရာတော် တစ်ပါးဖြစ်ပါသည် ။

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ စည်းဝေးပွဲကြီး ဖြစ်မြောက်ရေးအတွက် ၀န်ဆောင် ၆၆ပါး ရွေးချယ်ရန် ၀ါးခယ်မမြို. အခြေခံဒေသ ၀န်ဆောင်ရွေးချယ်ရေး အဖွဲ.၀င်အဖြစ်ဆောင်ရွက်ခြင်း ၊ သံဃာ.အဖွဲ.အစည်းအဆင်.ဆင်. ရွေးချယ်ပွဲတွင် ဒုတိယနှင်. တတိယ ၅ နှစ်သက်တမ်း သံဃသမ္မုတိရ သံဃာ.ကိုယ်စားလှယ် ၊ ပထမ ၅ နှစ်သက်တမ်း တွင်မြို.နယ် အကျိုးဆောင် ၊ ဒုတိယ ၅ နှစ် သက်တမ်း နှင်. တတိယ ၅ နှစ်သက်တမ်းတွင် မြို.နယ် သံဃာ.နာယက ဥက္ကဋ္ဌ ဆရာတော် အဖြစ်လည်းကောင်း ၊ စတုတ္ထ ၅ နှစ်သက်တမ်းမှစ၍ ယခုအချိန်အထိ နိုင်ငံတော် သြ၀ါဒ စရိယ အဖြစ် ရွေးချယ်ခံရပြီး သံဃာ.အဖွဲ.အစည်းအဆင်.ဆင်. လုပ်ငန်းတာဝန်များကို ကျေပြွန်စွာ ဆောင်ရွက်ခဲ့ပါသည် ။

သာသနာ. ဟိတကာရီကျောင်းတိုက် အား နောက်ဘက်မှ မြင်ရပုံ
 
၁၃၂၉ ခုနှစ် မှစ၍ ၀ါးခယ်မမြို. သံကြိုးတိုင် ရပ်ကွက် သာသနာ.ဟိတကာရီ ကျောင်းတိုက်တွင် စာဝါပို.ချတော် မူခဲ့ပြီး ၁၃၃၇ ခုနှစ် တွင် ယင်းကျောင်းတိုက်၏ ဦးစီးပဓါန နာယက ဖြစ်တော် မူခဲ့သည် ။ လွန်ခဲ့သော ၁၇ နှစ် ခန်.က စာရင်းအရပင်လျှင် စာသင်တိုက် ၆ ခုကို တည်ထောင်တော် မူခဲ့ပြီး သာသနာရေးဆိုင်ရာ အသင်းအဖွဲ.ပေါင်း ၁၆၃ ဖွဲ.တွင် ဥက္ကဋ္ဌ ၊ နာယက ၊ သြ၀ါဒစရိယစသည်ဖြင်. ဆောင်ရွက်တော် မူခဲ့သည် ။

ဆရာတော်သည် သက်တော် ၈၅ နှစ် သိက္ခာတော် ၆၅ ၀ါအရ ၁၃၇၆-ခုနှစ်၊ ၀ါဆိုလပြည့်ကျော်( ၉ ) ရက် ( ၂၀ ရက် ၇လ ၂၀၁၄ ရက် )တနင်္ဂနွေနေ့ ည( ၁၁း၄၅ ) နာရီ တွင် ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့ပါသည် ။

No comments:

Post a Comment