Thursday, July 31, 2014

Ooredoo Sim Card ၀ယ်မယ်ဆို ဒါလေးတွေတော. သိထားဖို. လိုမယ်


From Shwe Naingan b/s


 ထိပ်တန်း စိတ်ဝင်စားစရာ အကောင်းဆုံး သတင်းတစ်ပုဒ် ဖြစ်လာနေတဲ့ Ooredoo နဲ.ပတ်သက်လို. သိထားသင်.တဲ့ သတင်းအချက်အလက်အချို.ကို ရသလောက် စုစည်းဖော်ပြပေးခြင်းပါ ။ ဒါနဲ.ပတ်သက်လို. အချက်အလက်အားလုံးမှန်ပါတယ်ဆိုတဲ့ သီးခြား အတည်ပြုချက် မ၇ှိပေမယ်. အချို. အချက်အလက်တွေကတော. ခိုင်မာတဲ့ သတင်းရင်းမြစ်အချို.က လာတာကိုတွေ.ရပါတယ် ။

လက်ရှိ ထုတ်ဝေနေတဲ့ Ooredoo Sim Card ကို ရန်ကုန်မှာ ၁ ရက်နေ.စတင်ရောင်းမယ်လို. ပြောထားပေမယ်. မန္တလေးမှာတော. ၂၉ ရက် မနက်တည်းက စတင်ရောင်းချခဲ့သလို နေပြည်တော်မှာလည်း ၂၉ ရက်နေ.က အရောင်းဆိုင်တွေကို ကဒ် ဖြန်.ဝေခြင်းအခမ်းအနား ကို သင်္ဂဟ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ် ။



မန္တလေးမှာ ရောင်းချတဲ့နေရာမှာ ကဒ် တစ်ကဒ်ကို ၁၅၀၀ ရောင်းပေးပြီး Handset နှင်. တွဲရောင်းခြင်းမျိုး မဟုတ်ကြောင်း ၊ ကဒ် အတွက် 3G ရှေ. ကင်မရာ ပါသော Handset များသာ အသုံးပြု၍ ရပြီး အနည်းဆုံး တန်ဘိုး ၉၀၀၀၀ ခန်.ရှိ Handset များနှင်.သာ အဆင်ပြေကြောင်း ဆိုကြပါတယ် ။ Ooredoo ကဒ်ချင်းခေါ်မယ်ဆိုရင် တစ်မိနစ် ၂၅ ကျမှာဖြစ်ပြီး  MPT , MEC ရဲ.ဖုန်းတွေကို ဆက်ရင်တော. တစ်မိနစ် ၃၅ ကျပ်ပါ ။စာပို.ခ ၂၅ ၊ Data ( IBM ) အတွက် ၂၅ ကောက်မယ်လို.သိရပြီး စမ်းသပ်ကာလ သြဂုတ် ၂ ရက်ကနေ ၁၅ ရက်အထိ Ooredoo ကဒ်ချင်းအတွက် မိနစ် ၉၀၀ Message ၉၀၀ အခမဲ့ ဆက်သွယ်နိုင်မှာဖြစ်ပြီး  MPT , MEC ရဲ.ဖုန်းတွေကို ဆက်သွယ်ရင်တော. မိနစ် ၉၀ အခမဲ့ SMS ၉၀ အခမဲ့ ပို.ခွင်.ရမှာဖြစ်ပါတယ် ။ ဒါ.အပြင် အင်တာနက် 20 MB နဲ. Facebook အခမဲ့ သုံးစွဲခွင်.တွေကို ၀န်ဆောင်မှုအဖြစ်ထည်.သွင်းပေးထားတယ်လို.ဆိုပါတယ် ။ ငွေဖြည်.ကဒ်ကတော. ၁၀၀၀ ၊ ၃၀၀၀ ၊ ၅၀၀၀ ၊ ၁၀၀၀၀ ၊ ၂၀၀၀၀ ဆိုပြီးထုတ်ဝေမှာဖြစ်ပေမယ်. လတ်တလောတော. ၅၀၀၀ ကဒ် တစ်မျိုးပဲ ထုတ်ဝေသေးတယ်လို. သိရပါတယ် ။

Ooredoo Sim Card သုံး၍ရသော Handset များ
 ရန်ကုန်မှာတော. ဇူလိုင် ၃၀ ရက် ညနေပိုင်းကစလို. အချို.ဆိုင်တွေမှာ စတင်ရောင်းချနေပြီး ၃၁ ရက်နေ.မှာတော. ဆိုင်တွေမှာ ဆိုင်းဘုတ်တင် ရောင်းလာကြတာမျိုးတွေ.ရပါတယ် ။ ကျပ် ၁၅၀ဝ နဲ.ရောင်းချမယ်.အော်ရီဒူးဆင်းကတ်တွေ ကို စတင် ရောင်းချ ခဲ့ရာမှာဝယ်ယူလိုသူများ ပြားခဲ့တာကြောင့် ဆိုင်အချို့မှာ ဆင်းမ်ကတ် တစ်ကတ်ကိုကျပ် ၅၀၀ဝနှုန်းဖြင့် ရောင်းချခဲ့ကြတယ်လို.လည်း သိရပါတယ် ။ တစ်ချို.ဆိုင်တွေ ရဲ. အပြောအရ  ၂ ရက်နေ.မှ စရောင်းမယ်ဆိုပေမယ်. ကြိုရောင်းလို.ရအောင် ကဒ်တွေ ချလာပေးတာကြောင်. ရောင်းတာဖြစ်ကြောင်း ၊ ခွဲတမ်း ဘယ်လိုချတယ်ဆိုတာမသိသလို ၊ ကဒ်ချပေးတာတွေနဲ. ပတ်သက်လို. တစ်ခြားသူတွေကို မပြောရဘူးလို. လည်းပြောထားတယ်ဆိုပါတယ် ။ ၃၀ ရက် ရက်နေ.မှာ သန်လျှင် ၊ ဒလ ၊ ပန်းဘဲတန်း စတာတွေမှာရောင်းနေပြီး ၃၁ ရက်နေ.မှာတော. ဆိုင်ငယ်လေးတွေက အစ နေရာအတော်များများ ရောင်းချနေတာကိုတွေ.ရပါတယ် ။ Company အနေနဲ.  Partner ၂မျိုးရှိတဲ့အနက် Gold Partner တွေကို အရင်ချပေးတာဖြစ်ပြီး အရင်ဆုံးချပေးတဲ့ ကဒ် ၄၀၀ ကုန်ရင် လိုသလောက်လှမ်းမှာပြီးချက်ချင်းလာချပေးမယ်ဆိုတာမျိုး သိရပါတယ် ။ Handset ကတော. 3G အစစ်မှရမှာမို. အချို.ဆိုင်တွေကတော. Handset ၀ယ်ရင် Card Free ပေးတဲ့ စနစ်စသုံးနေပါပြီတဲ့ ။

Ooredoo Sim Card သုံး၍ရသော Huwai နှင်. မရသော Huwai Handset များ

 ဒါ.အပြင် နည်းပညာ ပိုင်းနဲ.ပတ်သက်တဲ့ မှတ်သားဖွယ်ရာ အချို.ကိုလည်း ဖော်ပြအပ်ပါတယ် ။

၁။ 2230 ကိုမက်ဆေ့ခ်ျပို့ပါ query လို့ရိုက်ပို့ပါ။ ငွေကျန် အင်တာနက် mb ကျန် expire date အသေးစိတ်ပြန်ပို့ပါတယ်

၂။ *133# ကိုရိုက်ရင် main manage box ကျလာပါမယ် အဲဒီထဲမှာ မြန်မာဘာသာပြောင်းတာဘာညာ:)

၃။ 3131 က်ု ခေါ်ပြီး free voice message က်ု activate လုပ်လို့ရပါတယ် mpt က ၁၀၀၀၀ တောင်းတဲ့ဟာမျိုးပေါ့ လူကြီးမင်းခေါ်သောဖုန်းမအားသေးပါသဖြင့် voice message ထားခဲ့နိုင်ပါတယ်ချင့် တို့ဘာတို့:-D

၎။ 3G အပြည့်ရတဲ့ ဖုန်းတွေဆို ooredoo အချင်းချင်း video call ခေါ်လို့ရပါသတဲ့။

၅။ စပြီး ချပေးထားတဲ့ ဖုန်းတိုင်း onnet( ooredoo အချင်းချင်းခေါ်ဆိုမှု) ၁၅ နာရီ။ offnet (ooredoo မှ mpt ) ၁း၃၀ မိနစ်။ high speed internet (1mb/s၀န်းကျင်) တနေ့ 20mb။ normalspeed internet (50 kb/s၀န်းကျင် )5120mb။ onnet sms အစောင်၉၀၀။ offnet sms အစောင် ၉၀။ အလကား (FREE) သုံးလို့ရပါသတဲ့။

**** ကဒ်ကို စက်ထဲ စထည့်ထည့်ချင်း Ooredoo မှ internet setting message ပို့ပါတယ်။ noti bar မှာ setting ပုံ sms ပေါ်ပါမယ်။ အဲဒါနှိပ် INSTALL လုပ် Complete လို့ပြရင် access point ထည့်ထာ ပြီးပါပြီ ကိုယ်တိုင် လိုက်ရိုက်စရာမလိုပါ။

ဝယ်ယူရာမှာတော. နိုင်ငံသားကဒ် မိတ္တူ နဲ. ပတ်စပို. ဓါတ်ပုံတွေ လိုအပ်မှာဖြစ်ပြီး နိုင်ငံသားကဒ် တစ်ခုကို Sim Card တစ်ကဒ် ရတယ်လို.ဆိုပါတယ် ။ ကဒ်ဟာ GSM အမျိုးအစားဖြစ်ပြီး နံပါတ်ကတော. ၉၇ နဲ.စတယ်လို.သိရပါတယ် ။


 ဒါပေမယ်. တစ်ယောက်ကတော. ဒီလို အသိပေးထားပြန်ပါတယ် ။

dvdတကားကြည့်ရင်၂၅၀၀၀ဆိုတော့အင် တာနက်သုံးခကို အူရီဒူးကသူသတ်မှတ်ချင် သလိုသတ်မှတ်တာလား။ဆသရနဲ့ညှိပြီးမှ သတ်မှတ်သ လားစဉ်းစားစရာပဲ။ပြည်သူတွေကိုကုပ်သွေး
စုတ်ရင်တော့ပြည်သူကိုမိဘလိုသ ဘောထားတဲ့ဌာနဆိုင် ရာတွေက ကြည့်နေမှာမဟုတ်ပါဘူး။
ဖတ်မိတာလေးတွေတင် ပေးလိုက်တာပါ။


အော်ရီဒူးဟာ အ ရှေ့တောင် အာရှမှာ ဈေးအကြီးဆုံးလား
(writen by Tawwat Wat)
 
1.5 Gb ကို နှစ်သောင်းခွဲ ဆိုတော့ အင် မတန်ဈေးကြီးတာပေါ့။ Speedသာကောင်းလို့ က တော့1.5 က သီချင်းငါးပုဒ်လောက်ဆိုရင် ပြောင်ပြီ။Video တစ်ကားကြည့်ချင်ရင်တောင် နှစ်သောင်း
ခွဲလောက်ကုန်နေပြီဆိုတော့ ဒါဟာအဆ မတန်ဈေးကြီးတဲ့ အူရီဒူးက ဈေးနှုံး။သြစတျေးလျကကျနော်ကိုင်တဲ့လိုင်းTPG က တော့ တစ်လကိုဒေါ်လာ သုံးဆယ်။
မြန်မာပြည်ကိုဆက် ရင် နှစ် နာရီလာက်ပြောလို့ ရတယ်။သြစီအချင်း ချင်းဆက် ရင် ငါးနာရီကျော်ဆက်လို့ ရတယ်။ အင်တာနက်က1.5 gbရတယ်။ TPG ဖုန်းလိုင်း
အချင်းချင်းဆက်ရင်အခမဲ့။ ဒေါ်လာသုံးဆယ်ဆိုတာ မြန်မာငွေနှစ် သောင်းခွဲနဲ့ ညီမျှတယ်။ သြစီက မိုဘိုင်ဖုန်းက တောင် ထိုင်း၊မလေးရှား၊စင်္ကာပူနဲ့အာရှနိုင်ငတွေထက်ဈေးကြီးတယ်လို့ ဆိုပြီး
သုံးတဲ့သူတွေကဝေဖန်ကြတယ်။အခု အူရီဒူးရဲ အင် တာနက်သုံး ခသြစီထက်တောင် ဈေးကြီးနေမှတော့ ဒါဟာအရမ်းဆင်းရဲတဲ့နိုင်ငံမှာ အမြတ်ကြီး စားဂုတ်သွေးစုတ်တဲ့လုပ် ရပ်တခုပါ။  


Ref ; မြန်မာ.အလင်း ၊ မြန်မာ.သားကောင်း ၊ရွှေနိုင်ငံ ၊  Zar Ni Facebook ၊ Te Tee Facebook ၊ Kham Za Lian Facebook ၊Nay Naw Facebook & DVB .

No comments:

Post a Comment