Wednesday, August 6, 2014

ဝါးခယ်မ သခင်သိန်းဖေ ပညာသင်ဆုရ မအူပင်နည်းပညာတက္ကသိုလ် ကျောင်းသား /သူ များနှင်. Familiar Facing





ဝါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) မှ ၀ါးခယ်မ ဇာတိဖွား နှင်. အနွယ်ဝင်တို.အနက် ထူးချွန် ၊ ချို.တဲ့သော တက္ကသိုလ် / ကောလိပ် အဆင်. ကျောင်းသား / သူများကို ရွေးချယ်ချီးမြှင်.သော ၀ါးခယ်မသခင်သိန်းဖေ ပညာသင်ဆု ( ယခင် မြို.နယ်အသင်း ပညာသင်ဆု ) ချီးမြှင်.ခံထားရသော မအူပင် နည်းပညာတက္ကသိုလ် ရှိ ကျောင်းသား /သူများ ကို ရန်ကုန်ရှိ အမှုဆောင်အဖွဲ.မှ သွားရောက်တွေ.ဆုံ အားပေးဆုံးမ သြ၀ါဒပေးခြင်း အခမ်းအနားကို ၂၀၁၄ ဇူလိုင် ၂၇ ရက် မနက် ၉နာရီ ၃၀ က မအူပင်မြို. စာရေးကုန်းရပ်ကွက်ရှိ ၀ါးခယ်မဇာတိဖွား တစ်ဦးဖြစ်သော ဦးသန်းအောင်အိမ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည် ။

ထိုအခမ်းအနားသို. ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) မှ နာယက ၂ ဦး ၊ ဥက္ကဋ္ဌ ၊ အတွင်းရေးမှုး ၊ တွဲဖက် အတွင်းရေးမှုး ( ၁ ) ၊ ဘဏ္ဍာရေးမှုး ၊ တွဲဖက် ဘဏ္ဍာရေးမှုး ၁ ၊ တွဲဖက် စာရင်းစစ် ၂ ၊ ပညာရေးတာဝန်ခံ ၊ အမှုဆောင် ၂ ဦး ၊ ရုံးအဖွဲ.မှုး အပါအ၀င် ၁၂ ဦး တက်ရောက်ခဲ့ပြီး ပညာသင်ဆုရ ၀ါးခယ်မသား ကျောင်းသား / သူ ၂၆ ဦးတို.အနက် ၂၄ ဦးတက်ရောက်ခဲ့ကြပါသည် ။

အခမ်းအနားတွင် အမှုဆောင် အဖွဲ.၀င်များ နှင်. ကျောင်းသားကျောင်းသူများမိတ်ဆက်ပြီး ဥက္ကဋ္ဌ မှ ရှေးဦးစွာ နှုတ်ခွန်းဆက် သြ၀ါဒ စကားပြောကြားပြီး အမှုဆောင် အားလုံးမှ တစ်ဦးချင်းစီ အသိတရားမျှဝေခြင်း   ၊ မိသားစုဝင်များပမာ ရင်းနှီးနွေးထွေးစွာ အသိပေး ထောက်ပြ ခြင်း ၊ လမ်းညွှန် ဆုံးမခြင်းများ ပြုလုပ်ကာ တက်ရောက်လာသော ကျောင်းသား / ကျောင်းသူများကလည်း တစ်ဦးချင်းစီ   ကျေးဇူးတင်စကား ၊ သိလိုသောကိစ္စရပ် ၊ ဖြစ်စေချင်သောဆန္ဒ တို.ကို ပြန်လည်ပြောကြားကြပါသည် ။

အမှုဆောင်အဖွဲ.၀င်များဆုံးမကြသည်.အနက် ၀ါးခယ်မသားဖြစ်ရတာ ဂုဏ်ယူစရာပါ ဟု စိတ်ထဲအမြဲ ရှိနေဖို.လိုသလို ထိုသို.ဂုဏ်ယူနေနိုင်၇န်လည်း အားလုံးက ကြိုးစားနေဖို.လိုအပ်ပုံ ၊ ယခင်ဝါးခယ်မမြို.နယ်အသင်း (၇န်ကုန် ) ပညာသင်ထောက်ပံ.မှု အစား ၀ါးခယ်မသခင်သိန်းဖေ ပညာရေးဖောင်ဒေးရှင်း ဟု အမည်ပြောင်းလဲထားသည်.အကြောင်း ၊ ဘီလ်ဂိတ် ပြောခဲ့ဖူးသော စကားကဲ့သို. If I Born poor , It is not my mistake . But If I die poor , It is my mistake ဆိုသည်ကို မှတ်သားထားရန်လိုအပ်ပုံ ၊ အညံ.စား လုံ.လ၀ီရိယ နဲ. အမြတ်စားလူ.ဘ၀ကို မရနိုင်ပုံ ၊ အောင်မြင်ရန်အတွက် Teaching , Try , Techanic  &  Training ဟူသော T ၄လုံး လိုအပ်ပုံ ၊ တာဝန်ရှိလာပုံနှင်. တာဝန်သိစိတ် ၊ မိဘထောက်ပံ.မှုဆိုသည်က အရည်အချင်းကြောင်. မဟုတ်ပဲ သွေးသားတော်စပ်မှုကြောင်.အခမဲ့ ထောက်ပံ.မှု ရရှိခြင်းဖြစ်ပြီး ၊ ပညာသင်ထောက်ပံ.ကြေး ရရှိထားကြသူများမှာ မိမိကိုယ်ပိုင်အရည်အချင်းကြောင်. ( မိမိ၏ပညာထူးချွန်မှုကြောင်. ) ရရှိလာသော ထောက်ပံ.ငွေဖြစ်သဖြင်. ဂုဏ်ယူစရာတောင်ဖြစ်ကြောင်း ၊ အချင်းချင်းညီညွတ်စွာ ဖေးမကူညီဖို.လိုသလို မတော်တဆ လမ်းမှားသွေဖယ်နေပါကလည်း ၀ိုင်းဝန်းဖျောင်.ဖြ တည်.မတ်ပေးကြဖို.လိုအပ်ကြောင်း စသည်ဖြင်. ရှုထောင်.ပေါင်းစုံ မှ ပြောကြားခဲ့ကြပါသည် ။

ထို.အပြင် ပမာပြု ဆုံးမရာတွင်လည်း မိမိတို.မြို.မှ ယခင်ကရော ယခုပါ နိုင်ငံရေး ၊ စီးပွားရေး ၊ အနုပညာ နယ်ပယ်တွင် နာမည်ကျော်များ အစဉ်အဆက် ထါက်ခဲ့ပါကြောင်း ယခုမူ အနီးစပ်ဆုံးအနေဖြင်. ယခုအခမ်းအနား ကျင်းပခွင်.ပေးသော အိမ်ရှင်ဖြစ်သူ ဦးသန်းအောင်ဆိုလျှင်လည်း ခရိုင် ထွေ /အုပ်မှုး အငြိမ်းစား ၀ါးခယ်မသားဖြစ်ကြောင်း ၊ မိမိတို.မြို.သားများ ဘယ်နေရာရောက်ရောက်မညံ.ကြကြောင်း ၊ ယခုမြို.ဖွံ.ဖြိုးမှု အားလုံးနီးပါးကို ငွေကြေးစိုက်ထုတ် ၊ အချို.ကို အကြံပေး အသင်းအတွက်လည်း ယခုတိုင် စိတ်ဓါတ်အပြည်. ကူညီပေးနေသော ဂုဏ်ထူးဆောင် နာယက ဗိုလ်မှုးကြီး အံ.ကျော် ဆိုလျှင်လည်း မဲသဝေါဒေသတွင် အံ.ကျော် ကုန်း ဟုပင်အမည်တွင်စေခဲ့သူဖြစ်ပါကြောင်း ၊ ထိုတိုက်ပွဲဒါဏ်ရာတို.ကြောင်. အူအစိတ်အပိုင်းများဖြတ်တောက်ထားရပြီး မျက်လုံးတစ်ဖက်လည်းမမြင်ရ ၊ ခြေထောက်တစ်ဖက်ကလည်းဆွဲ ၊ ထမင်းစားလျှင်တောင် လက်တစ်ဖက်တည်းသာ သုံး၍ရသော်လည်း ယခုအသက် ၇၀ ကျော်သည်.တိုင်မြို.အရေးအတွက်ဆိုလျှင် ရန်ကုန် ၊ ၀ါးခယ်မ အခေါက်ခေါက် အခါခါ သွားနေဆဲဖြစ်သဖြင်. သူလိုလူတောင်မှ ဤမျှလုပ်နေနိုင်ပါလျှင် ကျန်နေသူများအနေဖြင်. မလုပ်နိုင်စရာ မရှိပါကြောင်း စသည်ဖြင်.အတုယူစရာ ထည်.သွင်းပြောကြားခဲ့ကြပါသည် ။

ထို.အပြင် မအူပင်နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသော ၀ါးခယ်မသခင်သိန်းဖေ ပညာသင်ဆုရ ကျောင်းသားများကိုယ်စား Leader ၅ ဦးအား ကိုယ်တိုင် အဆိုပြု ရွေးချယ်စေပြီး ထို၅ ဦး မှ မိမိတို.အချင်းချင်း လိုအပ်သည်များ ရိုင်းပင်းကူညီနိုင်ရန် ၊ ပိုမိုစည်းလုံးညိညွတ်နေစေ၇န် ၊ မြို.နယ်အသင်းနှင်. လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နိုင်ရန် တာဝန်ပေးအပ်ခဲ့ပါသည် ။
ထို.နောက် ကျောင်းသား / သူများမှ အမှုဆောင် လူကြိးများအား ကန်တော.ကြပြီးနောက် ပန်းဝတီစားသောက်ဆိုင်သို.သွားရောက်ကာ မိသားစုနေ.လည်စာ စားသုံးခဲ့ကြပါသည် ။ ထိုအတွင်း ကျောင်းသား / သူ များ နှင်. အမှုဆောင်များ လွတ်လပ်စွာ မေးမြန်း ၊ ပြောဆိုခွင်.ရခဲ့ကြပါသည်

စားသုံးပြီးနောက် မအူပင်မြို. ရွှေဘုန်းမြင်. စေတီတော် မြတ်သို.သွားရောက်ကြကာ စေတီိတော် အားဖူးမြှော်ပြီး အမှတ်တရ ဓါတ်ပုံ စုပေါင်းရိုက်ခဲ့ကြပါသည် ။ အလှုရေစက် မတွန်.သောလက် ပိုင်ရှင်များဖြစ်သော ၀ါးခယ်မသားများပီပီ ထိုနေ.က အခမ်းအနားတက်ရောက်သော ကျောင်းသား / သူများ စုပေါင်း၍ ၀ါးခယ်မသခင်သိန်းဖေ ပညာသင်ဆုရ ကျောင်းသား / သူများ - ၀ါးခယ် ဟူသောအမည်ဖြင်. အလှုငွေ ၂၅၁၀၀ ကျပ်တိတိကို စုပေါင်းထည်.၀င်လှုဒါန်းခဲ့ကြပါသည် ။

ဓါတ်ပုံများကြည်.ရှု၇န်

 

No comments:

Post a Comment