Thursday, August 21, 2014

ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၅ )


မွန်ဆရာတော်များနှင်. မွန်အမျိုးသားများ မေတ္တာပြု ဆုတောင်း

 ခေါင်းလောင်းဆယ်ယူမှုအပေါ် ခန်.မှန်းမှုနှင်.အမြင်အယူအဆများ

ရေငုပ်သမား၏ပြောပြချက်အရ ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုလုပ်ငန်းစတင်လုပ်ဆောင်နေပြီဖြစ်
ကြောင်း နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တပညာတေဇကသြဂုတ် ၁၈ ရက်တွင် စံတော်ချိန်သို့ မိန့်ကြားခဲ့သည်။'ရေငုပ်သမားက ခေါင်းလောင်းတွေ့တယ်ဆိုလို့ ဒီနေ့
စတူးဖော်နေတယ်။ အဖြူအမည်းတော့ မသဲကွဲသေးဘူး'  ''ဓမ္မစေတီခေါင်းလောင်းရှာ တဲ့နေရာမှာ သူတို့က ခေါင်းလောင်း ကြီးကို သင်္ဘောပျက်ကြီးအောက် မှာလို့မိန့်တယ်။ ဆရာတော့်အမြင်က သင်္ဘောပျက် နဲ့ပေ၂၀ ၊ ၃ဝအကွာမှာ ရှာပါဆိုတော့ ဩဂုတ်၁၆ရက်နေ့က ဓမ္မစေတီခေါင်းလောင်း ကို တွေ့ထား ပါပြီ။ သို့သော်လဲ ဓမ္မစေတီခေါင်း လောင်း ရဲ့အသေးအကြီးကို ဆရာ တော်မခွဲနိုင်ပါဘူး။ နောက်လေးငါး ဆယ်ရက်အတွင်း မှာဆိုရင် ထင်ထင် ရှားရှားပေါ်လွင်လာပါလိမ့်မယ်''ဟု နတ်စင်တစ်ရာ ဆရာတော် က မိန့် ကြားသည်။


ခေါင်းလောင်းဆယ်ယူစဉ်ကာလ အတွင်း စိတ်ပူပန်စိုးရိမ်ကြောင့်ကြမှုများ၊ နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နိုင် မည်ဖြစ်ကြောင်း၊ အင်္ဂါသားဦးစံလင်း၏ မွေးနံအရ ယခင်ဆယ်ယူခဲ့ခြင်းများထက် အောင်မြင်မှုပိုမိုရနိုင်ကြောင်း၊ လက်ရှိ ဆယ်ယူမှုမှာ အောင်မြင်မှုရာခိုင်နှုန်း ၆၀ ခန့်ရှိနိုင်ကြောင်း နက္ခတ်သိပ္ပံပညာရှင် ဦးဇေယျာကိုက မီဒီယာသို့ ထုတ်ဖော် ပြောကြားထားခဲ့သည် ။

မြစ်သုံးခုဆုံရာနေရာတွင် ပြုလုပ်နေသည့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူခြင်းလုပ်ငန်းသည် စတင်ခဲ့သည့် နေ့ (သြဂုတ် ၁၀) ရက်သည် မြန်မာအယူအဆအရ မကောင်းသည့်နေ့ဖြစ်သည့်အတွက် ဆယ်ယူရာတွင် အခက်အခဲများဖြစ်တတ်သည်ဟု ဗေဒင်ဆရာ စံဇာဏီဘိုက သြဂုတ် ၁၄ ရက်တွင် ပြောဆိုသည်။ “အခက်အခဲတွေ ဖြစ်တတ်တယ်။ တစ်ပိုင်းတစ်စ ဖြစ်တတ်တယ်။ အပြည့်အ၀မရသလို ဖြစ်တတ်တယ် ။ ဆယ်ယူပြီး ကုန်းပေါ်တက်တဲ့ အချိန်ကို ကြည့်ပြီးရင်တော့ ပြန်လည် မွေးဖွားခြင်းရဲ့နောက် ကွယ် မှာ ဘာတွေဖြစ်မယ်ဆိုတာကို ဟောပြောနိုင်လိမ့်မယ်” ဟု ထပ်မံပြောဆိုသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေတူးဖော်ရေးလုပ်ငန်းကို သြဂုတ်၁၈ရက်မွန်းလွဲပိုင်း၌စတင်လုပ်ဆောင်ခဲ့ပြီး ယင်းသို့တူးဖော်မှုမှာ ခေါင်းလောင်းတွေ့၍ တူးဖော်နေခြင်းမဟုတ်ဘဲ ရှိနိုင်သည်ဟု ယူဆရသည့်နေရာတွင် တူးဖော်နေခြင်းဖြစ်ကြောင်း ဂမ္ဘီရ၊
ဗေဒင်ပညာရှင် ဆရာဇင်ယော်နီက ပြောဆိုခဲ့သည်။



 ကူညီအားပေးကြသူများ
 
ဘုရားပစ္စည်း ဆိုသည် တကယ် တမ်းကြည့်မည်ဆိုလျှင် ငရဲမီးဖြစ် ပြီး အတ္တဝိသမလောဘ စိတ်များဖြင့် ဓမ္မစေတီခေါင်းလောင်း ကြီး ကို ပေါ် အောင်ဖော်မည် ဆိုပါက မည်သည့် အခါမှရရှိမည်မဟုတ်ကြောင်း ရဟန်း၊ ရှင်လူပြည် သူများအနေဖြင့်လည်း ယခု တစ်သက်ဖူး မြော်ခွင့်ရရှိမည် မဟုတ်ကြောင်း၊ မွန်အဖွဲ့နှင့်ဦးစံလင်း တို့အဖွဲ့သည် ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ရဟန်းရှင် လူပြည်သူအများ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်သို့ လှူဒါန်းမည့်အဖွဲ့ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။

မွန်ဓမ္မစေတီမင်းခေါင်းလောင်း တော်ကြီး အမြန်ဆုံးအောင်မြင်စွာ ဆယ်ယူနိုင်ရန်အတွက် ဩဂုတ် ၁၇ ရက်တွင် နတ်စင်တစ်ရာ ဆရာတော် ကြီးနှင့် သံယာတော်များ၊ မယ်သီလရှင် ဆရာလေးများနှင့် ဓမ္မစေတီမွန် ခေါင်းလောင်းတော်ကြီး ဆယ်ယူ ရေး အထောက်အကူပြု ဆပ်ကော် မတီ အဖွဲ့တို့မှ မြစ်အတွင်းဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ် ယူနေရာ ပတ်ပတ်လည်လှည့်၍ ပရိတ်တရား တော်များ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ပြီး ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။

မြစ်အတွင်းတွင်နတ်စင်တစ်ရာ ဆရာတော်မှ သမ္ဗန်တစ်စင်း၊ နေ့ နာမ်အလိုက် သံယာတော်သုံးပါးစီမှ သမ္ဗန်တစ်စင်းစီဖြင့် သမ္ဗန်ရှစ်စင်း၊ မယ်သီလရှင် ဆရာလေးလေး ပါးမှ သမ္ဗန်တစ်စင်းစီဖြင့် သမ္ဗန်နှစ်စင်း၊ ဓမ္မစေတီ မွန်ခေါင်းလောင်းတော် ကြီး ဆယ်ယူရေးအထောက်အကူပြု ဆပ် ကော်မတီ အဖွဲ့တို့မှလည်း သမ္ဗန်များ ဖြင့် မြစ်အတွင်း ပရိတ်တရားတော် များ ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ပြီး ဆု တောင်းမေတ္တာပို့ခဲ့ကြကြောင်း သိရ သည်။

သမ္ဗန်များဖြင့် ဆုတောင်း မေတ္တာ ပို့ခဲ့ကြသည့်အချိန်တွင် ရာသီ ဥတု သည် ကောင်း မွန်လျက်ရှိပြီး မိုးရွာသွန်းမှုလည်း မရှိခဲ့ကြောင်းသိ ရသည်။

ထိုမတိုင်ခင်ကလည်း ဇင်ယော်နီ နှင်.အဖွဲ.မှ သွားရောက်အားပေးခဲ့ကြသလို ပထမဆုံးအနေဖြင်. မွန်ဆရာတော်များကလည်း ရွှေတိဂုံစေတီတော်တွင် ရွတ်ဖတ်ပူဇော်ခဲ့ကြသေးသည် ။


 လာရောက်ကြည်.ရှုကြသူများ၏ အမြင်နှင်. ဆန္ဒများ

ဓမ္မစေတီခေါင်းလောင်း ဆယ် ယူခြင်းအား စောင့်ကြည့်သူ များပြားနေပြီး ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးကို လူ တိုင်း စိတ်ဝင်စားလာကြသဖြင့် ဆယ်ယူ ရေးအခြေအနေကို သိရှိရန် ဆယ်ယူရေး လုပ်ငန်းခွင်ရှိရာသို့ နေ့စဉ်သွားရောက်ကြည့် ရှုနေသူများလည်း ရှိနေပြီး ခေါင်းလောင်းဆယ်ယူရေးနှင့် အနီးစပ် ဆုံးနေရာဖြစ်သည့် ရန်ကုန်မြို့ သာကေတ မြို့နယ် ရှုခင်းသာ ပန်းခြံအနီး အေးရှားပွိုင့် ဘိုးလင်းစင်တာဝင်းအတွင်းသို့ သွားရောက် သူများ တစ်နေ့တခြား များပြားနေသည်။ို စိတ်ဝင်စားသူများထဲတွင် သံဃာ တော်များလည်း ပါဝင်နေပြီး ဆယ်ယူရေး လုပ်ငန်းများကို လာရောက်ကြည့်ရှုကြသည်။

လမ်း မတော်သရက်တောအင်းဝကျောင်း မှ ဆရာတော်တစ်ပါးက “ယနေ့ မြင်ရတာအားရတယ်။ သူတို့ဆယ်နေတာ အဆင်ပြေကြတယ်။ ဦးပဉ္စင်းလည်း ဒီလာကတည်းက မေတ္တသုတ်၊ သမ္ဗုဒ္ဓေရွတ်လာခဲ့တာ၊ တို့မြန်မာတွေ ရကိုရရမယ်လို့ ယုံကြည်တယ်။ ဒါဟာ မြန်မာတင် မဟုတ်ဘူး။ ကမ္ဘာ့အမွေအနှစ်ပဲ။ နှစ်ပေါင်း ၄၀၀ ကျော်မှ ဆယ်ယူနိုင် ခဲ့ရင် မြန်မာကို ကမ္ဘာကအံ့ဩမှာ သေချာတယ်။ ရင်ထဲမှာလည်း ပီတိဖြစ်ရတယ်။ အတွင်းရေးမှူး(၁) ဆယ်တုန်းကလည်း ရှုခင်းသာကလှမ်း ကြည့်ခဲ့ရတယ်။ အခုလို အနီးကပ်မြင် ခွင့်မရခဲ့ဘူး။ အခုလို မြင်တွေ့ရတာ အားရပါတယ်” ဟု ပျော်ရွှင်စွာ မိန့်ကြားသည်။

''စိတ်ဝင်စားလို့ လာကြည့်တာ ပါ။ ဘယ်လိုနည်း ဘယ်လိုဟန်နဲ့ ဆယ်မှာ လဲဆိုတာကို ဓမ္မစေတီခေါင်းလောင်းကြီးကို အဖွဲ့အစည်းပေါင်းစုံက ဆယ်ခဲ့ဖူးတယ်။ မအောင်မြင်ခဲ့ဘူး။ ဒီအဖွဲ့က တော်တော် လေး ကျိန်းသေပုံစံနဲ့ပြောလို့ လာကြည့်တာ ပါ။ ဓမ္မစေတီခေါင်းလောင်းက သမိုင်းအရ တကယ်ရှိခဲ့တာ။ အခု ဆယ်လို့ ရ၊ မရတော့ မသိဘူး။ ခေါင်းလောင်းကြီး ဆယ်ပြီးရင် သာသနာတော်အတွက်တော့ ထူးခြားမှု မရှိ ပေမယ့် မြန်မာတစ်နိုင်ငံလုံးအတွက် အကျိုး ရှိပါတယ်။ ဓမ္မစေတီခေါင်းလောင်းကြီးကို ရွှေတိဂုံပေါ် ပြန်ထားနိုင်ရင် မြန်မာ့သမိုင်း ပိုခိုင်မာသွားမယ်'' ဟု ငါးဆူတောင် ဘုန်း တော်ကြီးသင် ပညာရေးကျောင်းတိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

''အန္တရာယ်တော့ များတယ်။ ရေ လယ်ကို သွားမကြည့်သင့်ဘူး။ အန္တရာယ်ဆို တာ မြင်ရတဲ့ လေဒဏ်၊ လှိုင်းဒဏ်တွေ ရှိ သလို မမြင်ရတဲ့ အန္တရာယ်တွေလဲရှိနိုင်တယ်။ ပေးဆပ်မှုတွေ ရှိနိုင်တယ်။ လုပ်ငန်းအောင် မြင်ခါနီးအချိန်ဆိုရင် အဖျက်အမှောင့်တွေ ရှိနိုင်တယ်။ ရေလယ်ကို သွားခွင့်မပြုသင့် ဘူး'' ဟု ခေါင်းလောင်းဆယ်ယူရေးကို လေ့ လာကြည့်ရှုနေသော ဆရာတော်တစ်ပါးက မိန့်ကြားသည်။

''ရေလယ်ကို သွားကြည့်တာ ကြောက်ဖို့ အရမ်းကောင်းတယ်။ လှိုင်းလူး ပြီး မျက်နှာကို ရေတွေစင်တယ်။ လေတွေ တအားတိုက်တယ်။ မိုးရွာတဲ့အချိန်ဆို ပို ဆိုးမယ်။ အန္တရာယ်များတဲ့အတွက် မသွား သင့်ပါဘူး။ သမ္ဗန်တစ်ခါစီးရင် တစ်ယောက် ကို ကျပ် ၁ဝဝဝ ကျပါတယ်''ဟု ရေလယ် အထိသွားခဲ့သူ အမျိုးသမီးတစ်ဦးက ပြော သည်။

''ကျွန်တော်က ဒေါပုံမြို့နယ်က ပါ။ ဆယ်ယူတဲ့အချိန်ကစပြီး ကြည့်တယ်။ ၉ ရက်ကစပြီး မနက်တစ်ခေါက် ညနေတစ် ခေါက် လာကြည့်ပါတယ်။ ခေါင်းလောင်း ကြီးကိုတွေ့ရင်တော့ အတိုင်းထက် အလွန် ပေါ့၊ ဝမ်းသာတာပေါ့။ ကျွန်တော့်အထင် ပေါ်ဖို့ ရာခိုင်နှုန်း၅ဝပဲ ၊ ''တစ်နေ့ကို လာလိုက်သွားလိုက် နဲ့ လူတွေ ထောင်ချီရှိတယ်။ အခုခြောက် ရက်မြောက်ရှိပြီ။ ရှစ်ရက်ပဲကျန်တော့တယ်။ သူတို့က သုံးထပ်သင်္ဘောပေါ်မှာ နေကြ တယ်။ ရေထဲကို သွားလို့တော့ရတယ်။ မှတ် တိုင်အမည်းရောင်ကို ကျော်လို့မရဘူး'' ဟု ဓမ္မစေတီခေါင်း လောင်း ဆယ်ယူရေးကို စောင့်ကြည့်နေသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့လေကြောင်း မှ စက်မှုကျွမ်းကျင်(ငြိမ်း)ဦးမြရွှေက ပြော သည်။

ခေါင်းလောင်းကို တွေ.ပြီဟု သတင်းထွက်လာသည်.နောက်ပိုင်း စိတ်ဝင်စား သည့် လူအချို့က ''ခေါင်းလောင်းကြီးတွေ့ တယ်ဆိုတာ လူတွေ လျှောက်ပြောနေတာ ပါ။ ရေထဲမှာတွေ့တဲ့ ခေါင်းလောင်းက ဓမ္မ စေတီခေါင်းလောင်းဆိုတာ ဘယ်သူက ဘယ် လို အတည်ပြုပေးမှာလဲ''ဟု ဆိုသည်။

Ref ; Standard Time Daily , Hot News , MEG , Irrawaddy & 7 Day Daily

ဆက်စပ်ဖတ်ရှုရန်များ

*  ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၁ ) 
ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၂ )
*  ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၃ )
*  ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၄ )

No comments:

Post a Comment