Thursday, August 14, 2014

ဒုတိယမြောက် မိသားစု တွေ.ဆုံပွဲ ၊ ရင်ဖွင်.ပွဲ ၊ အသိတရား မျှဝေခြင်း နှင်. ၀ါးခယ်မသားစိတ်ဓါတ် မြှင်.တင်ခြင်း






 ရန်ကုန်မြို.ရှိ တက္ကသိုလ် / ကောလိပ်များရှိ ၀ါးခယ်မ သခင်သိန်းဖေ ပညာသင်ဆု ချီးမြှင်.ခံထားရသော ကျောင်းသား / သူများ နှင်. ၀ါးခယ်မမြို.နယ် အသင်း ( ရန် ကုန် ) အမှုဆောင်များ တွေ.ဆုံပွဲ ကို ဒုတိယမြောက် မိသားစုတွေ.ဆုံပွဲအဖြစ် ၂၀၁၄ သြဂုတ်လ ၁၀ ရက် ( ၀ါခေါင်လပြည်. မေတ္တာ အခါတော် နေ. ) နေ.တွင် ၀ါးခယ်မမြို.နယ် အသင်း ( ၇န်ကုန် ) ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည် ။( ပထမအကြိမ် မိသားစုတွေ.ဆုံပွဲအဖြစ် ၀ါးခယ်မ သခင်သိန်းဖေ ပညာသင်ဆုရ မအူပင်နည်းပညာ တက္ကသိုလ် မှ ကျောင်းသား / သူ များနှင်. ၀ါးခယ်မမြို.နယ်အသင်း ( ၇န်ကုန် ) အမှုဆောင်တို.၏ မိသားစု တွေ.ဆုံပွဲကို မအူပင်မြို.တွင် ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည် )




ထိုနေ.က ရန်ကုန်မြို.ရှိ ဆေးတက္ကသိုလ် ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ၊ ဆေးဘက်ပညာသည် တက္ကသိုလ် ၊ ရေကြောင်း တက္ကသိုလ် ၊ နိုင်ငံခြား ဘာသာ တက္ကသိုလ် ၊ကွန်ပြူတာ တက္ကသိုလ် ၊   ပညာရေးတက္ကသိုလ် ၊ နည်းပညာတက္ကသိုလ် ၊ ဆေးဝါးကျွမ်းကျင် ၊ အမျိုးသားစီမံခန်.ခွဲမှု ပညာကောလိပ် စသည်တို.တွင် တက်ရောက်နေသော ၀ါးခယ်မ သခင်သိန်းဖေ ပညာသင်ဆု ချီးမြှင်.ခံထားရသော ကျောင်းသား / သူ ၂၆ ဦးနှင်. ၀ါးခယ်မမြို.နယ် အသင်း ( ရန် ကုန် ) အမှုဆောင်များ တွေ.ဆုံ၍ သြ၀ါဒစကားပြောကြားခြင်း ၊ အသိပညာ နှင်. အတွေ.အကြုံများ မျှဝေခြင်း ၊ ၀ါးခယ်မသား / သူ တစ်ယောက်ဖြစ်ရခြင်းအတွက် ဂုဏ်ယူတတ်စေ၇န် နှင်. စိတ်ဓါတ်ခွန်အားမြှင်.တင်ပေးခြင်း ၊ မိသားစု နေ.လည်စာ စားသုံးခြင်း ၊ တက်ရောက်လာသော ကျောင်းသား / သူ တစ်ဦးချင်းမှ ကိုယ်တိုင်မိတ်ဆက်ခြင်း ၊ မိမိတို.တက်ရောက်ပညာသင်ကြားနေရမှု အခြေအနေများ ရှင်းလင်းပြောကြားခြင်း ၊ ၀ါးခယ်မမြို.နယ်အသင်း၏ ပညာသင်ထာက်ပံ.မှု အစီအစဉ်အတွက် မိမိတို. အထောက်အပံ.ဖြစ်ရမှုနှင်. ကျေးဇူးတင်ရှိရခြင်းများ ၊ အသင်းအတွက် မိမိတို. တတ်နိုင်သည်. အခန်းကဏ္ဍ များမှ ပါဝင်ဆောင်ရွက်ပေးလိုမှု စသည်တို.ကို မိသားစုများပမာ ပွင်.လင်း နွေးထွေးစွာ ပြောဆိုခဲ့ကြပါသည်



အသင်းဥက္ကဋ္ဌ ၊ နာယက နှင်. အမှုဆောင်များအားလုံး မှ ပြောကြားရာတွင် မိမိတို.အတွေး ၊ အမြင် ၊ ထောင်.စုံမှ ဆွေးနွေး အသိပေး ခဲ့ကြသည် ။ မိမိတို. ၀ါးခယ်မမြို.နယ် အသင်းအနေဖြင်. လွတ်လပ်ရေးမရမီ ၁ နှစ် ၁၉၄၇ ကပင် အမြော်အမြင်ကြီးသော ရန်ကုန်ရောက် ၀ါးခယ်မသားကြီးများက စတင် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ တည်ထောင်ပြီး ၁၀ နှစ်ခန်.မှစကာ ရန်ကုန်တွင် တက္ကသိုလ် / ကောလိပ်တက်ရောက်ကြရသော ထူးချွန် / ချို.တဲ့ ကျောင်းသား / သူများကို ၀ါသနာတူရာ အမှုဆောင်နှင်. ၀ါးခယ်မသားများစုပေါင်း တာဝန်ယူခဲ့ကြရာက စ၍ ၀ါးခယ်မ သခင်သိန်းဖေ ၊ ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း ) တို.၏ အဓိက မတည်မှု ၊ အခြားသော အလှုရှင်များ၏ ပူးပေါင်းမှု ဖြင်. ယခုအချိန်တွင်မူ တစ်လလျှင် ကျောင်းသား/သူပေါင်း ၅၈ ဦး အား စုစုပေါင်း ၂၇ သိန်း နီးပါးခန်.ထောက်ပံ.နိုင်သည်.အခြေအနေရောက်ရှိနေပြီဖြစ်ပုံ ၊ ၀ါးခယ်မသားဆိုသည်က မည်သည်.နေရာေ၇ာက်ရောက် ထိုက်တန်သော နေရာ တစ်ခု၇တတ်ပုံ ၊ မိမိတို.ကိုယ်တိုင်ကျောင်းသားဘ၀ ကလည်း ချို.တဲ့.စွာဖြင်. ထူးချွန်အောင်ကြိုးစားခဲ့ကြရပုံ ၊ မိဘများထံ လက်ဖြန်.တောင်း၍ ကျောင်းတက်ကြရခြင်း မဟုတ်ပဲ မိမိတို.၏ ထူးချွန်သော အရည်အချင်းကြောင်. မိမိတို.ကိုချီးမြှင်.သော ပညာသင်ထူးချွန်ဆုဖြင်. ပညာသင်ကြားခွင်.ရခဲ့မှုအတွက် ဂုဏ်ယူသင်.ပုံ ၊ ပညာသင်ကြားရာတွင် ဖြစ်စေ - ဘ၀တွင်ဖြစ်စေ ကျန်းမာမှသာ စိတ်သွားတိုင်းကိုယ်ပါနိုင်မည်ဖြစ်သဖြင်. ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်ပုံ ၊ ခောတ်သည် အရှိန်အဟုန်နှင်. ပြောင်းလဲနေသဖြင်. မျက်ခြေမပြတ် သိရှိနေစေ၇န် လိုအပ်ပြီး အရာရာတိုင်းအတွက် မိမိတို.အနေဖြင်. အရည်အသွေးပြည်.၀သူများ ဖြစ်နေ၇န် လိုအပ်ပုံ ၊ ၀ါးခယ်မသားဟူသည်က ရောက်လေရာအရပ်တိုင်းပိုမိုစည်းလုံး ကြပုံ - ကိုယ်.မြို.အတွက် ကိုယ်ဂုဏ်ယူတတ်ကြပုံ များနှင်. အမျှော်အမြင်ပိုင်းတွင် အထူးအထွေပြောရန်မလိုပဲ လွန်ခဲ့သော နှစ် ၇၀ နီးပါးက မိမိတို.အသင်းတံဆိပ်နှင်. ယခုနိုင်ငံတော် အလံကို ယှဉ်ကြည်.ရုံနှင်. သိနိုင်ပုံ ၊ အသုံးနှင်. အဖြုန်း ကိုကောင်းစွာ ခွဲခြားနိုင်ပြီး မလိုအပ်သော နေရာများတွင် လွဲမှားစွာယှဉ်ပြိုင်ခြင်းမပြုရ န် လိုအပ်ပုံ ၊ ယခုရောက်ရှိနေသူများသည် လူတော်များဖြစ်သဖြင်. အရာတိုင်းအတွက် လူကောင်းများဖြစ်နေဖို. လိုအပ်ပုံ ၊ မိမိတို.သက်ဆိုင်ရာ ဘာသာရပ်အလိုက် လုံလောက်အောင်တတ်မြောက်ပြီးသူများဖြစ်နေ၇န်လိုအပ်ပုံ ၊ ပေါင်းသင်းဆက်ဆံရေး က အလုပ် ၊ ဘ၀ နှင်. အနာဂတ်အတွက်အရေးကြီးပုံ ၊ ၀ါးခယ်မသားစိတ်ဓါတ်ဖြင်. မိမိတို.မြို.အတွက် ၊ အသင်းအတွက် တတ်နိုင်သည်. ဘက်မှ အစစအဆင်သင်.ဖြစ်နေဖို. ၊ စိတ်ထဲ ရှိနေဖို. လိုအပ်ပုံ စသည်တို.ကို တစ်ဥိးချင်းစီပြောဆို အသိတရား မျှဝေခြင်းများပြုခဲ့ကြပါသည် ။




ထို.နောက် နေ.လည်စာအဖြစ် ကြက်ဆီထမင်းစားကြရင်း ညီရင်း အကို မောင်ရင်းနှစ်မ မိသားစုများပမာ ရင်းနှီးစွာပြောဆို ခဲ့ကြသည် ။

နေ.လည်စာအပြီးတွင် တက်ရောက်လာသော ကျောင်းသား / သူ များမှ တစ်ဦးချင်းစီ မိမိတို. ပညာသင်ကြားရမှု အခြေအနေများ ၊ မိမိတို.အတွက် ပညာသင်ဆု၏ အထောက်အပံ.ဖြစ်ရပုံ ၊ အသင်းအတွက် မိမိတို. တတ်နိုင်သည်.ဖက်မှ ကူညီ၇န် အသင်.ရှိပုံ ၊ အချို.ကျောင်းသူ များ၏ တစ်ဦးချင်းစီ တွေ.ကြုံရသော အခက်အခဲအချို. ၊ အသင်း၏ ကျေးဇူးတရားအတွက် အလေးအနက်ရှိပုံ ၊ ရင်တွင်းခံစားမှုများ စသည်တို.ကို ပွင်.လင်း ရင်းနှီးစွာ ပြောဆိုခဲ့ကြပါသည် ။



ထို.နောက် အမှတ်တရ ဓါတ်ပုံ ရိုက်ကြပြီး ဒုတိယမြောက် မိသားစုတွေ.ဆုံပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည် ။

ဓါတ်ပုံများ ကြည်.ရှု၇န်

 



ဆက်စပ်ဖတ်ရှုရန်


No comments:

Post a Comment