Tuesday, July 22, 2014

ဧရာဝတီရဲ. ဖလားတစ်လုံးအိမ်မက် ခရီးဆက်ခွင်.ရခဲ့ပြီ

Photo by Ayeyawady United FC
ဧရာဝတီ ယခုရာသီအတွက် နောက်ဆုံး ဖလားတစ်လုံး မျှော်လင်.ချက်ကတော. ရောင်ခြည်သမ်းလာခဲ့ပြီဟုပြောရမည် ။

Photo by Ayeyawady United FC

ယနေ. ညနေ ( ၂၀၁၄ ဇူလိုင် ၂၁ ရက် ) ၄ နာရီက YTC တွင် Ayeyawady United FC နှင်. တို.Ooredoo Cup ကွာတားဖိုင်နယ် ရှုံးထွက် အဆင်. ကစားခဲ့ကြပါသည် ။
မူလက အောင်ဆန်းကွင်းတွင် တနင်္ဂနွေ ယှဉ်ပြိုင်မည်ဟု သိထားသော်လည်း နောက်တော. တနင်္လာနေ. ပြောင်းသွားတော. အလုပ်တစ်ဖက် နှင်.အားပေး၇မည်. ပ၇ိသတ်အချို.အတွက်တော. အဆင်မပြေဖြစ်သွားကြသည် ။

Photo by Ayeyawady United FC
ပွဲကတော. တအားသွက်လှသည်မျိုးတော.မဟုတ် ။ ၁၁မိနစ်ခန်.တွင် ဇွဲကပင် ဂိုးသမား ဘယ်ဘက်ထောင်.သို. ပိတ်သွင်းယူခဲ့သော်လည်း ဂိုးတိုင်ဘယ်ဘက်ဘေးမှ ချော်ထွက်သွားခဲ့ပါတယ် ။ ၁၉မိနစ်မှာ အနီးကပ် ပိတ်သွင်းခွင်.ရခဲ့ပေမယ်. မဂိုးခဲ့ပါဘူး ။ တစ်ဆက်တည်းမှာပဲ ဇွဲကပင် တိုက်စစ်မှုး ဆွဲပြေးလာပြီး ဧရာဝတီ ကစားသမား တစ်ဦးပြီး တစ်ဦးကျော်ဖြတ်ကာ ကန်သွင်းခဲ့သော်လည်း နောက်တန်းကစားသမား ရဲ. သေချာတဲ့ ဖျက်ထုတ်မှုကြောင်. ဂိုးမပေးခဲ့ရပါဘူး ။ ၂၃ မိနစ်မှာတော. မင်းမင်းသူ အ၀ါကဒ် ပြခံခဲ့ ရပါတယ် ။ ဇွဲကပင်ကတော. အဝေးကန်ချက်တွေကိုသာ အဓိကထား အသုံးပြုခဲ့ပြီး ဧရာဝတီကတော. ဂိုးစည်းအတွင်းထိ အနီးကပ်ဆွဲသွင်း ဂိုးယူဖို.ကြိုးစားတာကိုတွေ.ရပါတယ် ။ မိနစ် ၃၀ ခန်.မှာတော. ဧရာဝတီ ကစားသမား ကျောနံပါတ် ၇ နဲ. ၈ တို. ဇွဲကပင် ဂိုးစည်း ဘယ်ဘက်ထောင်.ကနေဖန်တီးကန်သွင်းပြီး လျှံထွက်လာတဲ့ဘောလုံးကို ကျောနံပါတ် ၁၀ တိုက်ရိုက်သွင်းယူဖို. တုံ.ဆိုင်းနေတာကြောင်. တစ်ဂိုးနစ်နာခဲ့ရပါတယ် ။ ၃၃မိနစ်မှာ ရတဲ့ ပြစ်ဒါဏ်ဘောကို ဆာဆာ ကန်သွင်းရာမှာ ဂိုးတိုင်ဘယ်ဘက်ဘေး ကပဲထွက်သွားပြန်ပါတယ် ။ ၄၂ မိနစ်မှာ ရလာတဲ့ ထောင်.ကန်ဘောကိုလည်း ဂိုးအဖြစ်မပြောင်းလဲ နိုင်ခဲ့ကြပါဘူး ။ ကျောနံပါတ် ၁၁ အနေနဲ. အပိုင်ပိတ်သွင်းခွင်.ရတဲ့ တစ်လုံးကလည်း ဂိုးမဖြစ်ခဲ့ပြန်ပါဘူး ။ ဒါကြောင်. ပထမပိုင်း အပြီးမှာ ၀-၀ ပဲ ရှိနေခဲ့ပါတယ် ။ ဧရာဝတီ အနေနဲ. သာသလို ရှိပေမယ်. ထိရောက်တဲ့ ကန်သွင်းမှုတွေ ပထမပိုင်းမှာ သိပ် မလုပ်နိုင်ခဲ့ပဲ ဇွဲကပင် ရဲ.ကန်ချက်တွေကိုတော. သိပ်အန္တရာယ်ကြီး လှတဲ့ အနေအထားမဟုတ်ပေမယ်. ဧရာဝတီ ဂိုးသမား အကြိမ်အတော်များများ ဖမ်းယူခဲ့ရပါတယ် ။

အဖွင်.ဂိုး ပိုင်ရှင် ရဲ.အောင်ပွဲ ခံ ဟန် Photo by Ayeyawady United FC
ဒုတိယပိုင်းစလို. တစ်ဖက်အသင်း ကစားကွက်ကောင်းကောင်း မတည်နိုင်သေးခင် ၄၇ မိနစ်မှာပဲ ဇွဲကပင် ဂိုးသမားရဲ. ဘယ်ဘက်ထောင်.ကနေ နန္ဒ ပိတ်သွင်းလိုက်တဲ့ ဘောလုံး ဧရာဝတီ အတွက် အဖွင်.ဂိုး ဖြစ်သွားခဲ့ပါတယ် ။ အဲ့ဒီနောက်ပိုင်းတော. ဧရာဝတီဟာ ဘောလုံးကို ပိုင်ဆိုင်မှုအသာယူပြီး ကိုင်ကစားလာခဲ့ပါတယ် ။ မိနစ်၅၀ ကျော်ကျော်မှာ ဇွဲကပင် ရဲ. အနီးကပ် ကန်သွင်းချက်တွေ ဂိုးမဖြစ်ခဲ့ပဲ  ၅၄ မိနစ် ဇွဲကပင်ရဲ.ထောင်.ကန်ဘောကိုလည်း ဧရာဝတီ ဂိုးသမား မိခဲ့ပါတယ် ။ မိနစ် ၅၀ ကနေ ဇွဲကပင်ဟာ တောက်လျှောက် ဖိထားခဲ့တာမို. ထောင်.ကန်ဘောတွေ ၊ ပြစ်ဒါဏ်ဘောတွေ ကန်ခွင်.ပေးနေခဲ့ရပါတယ် ။ မိနစ် ၆၀ လောက်မှာတော. ဇွဲကပင် ရဲ. ကွင်း တစ်ဝက်သာသာ ကနေ ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ဧရာဝတီ ကစားသမား မြေထောက်ဘော ခေါင်းနဲ. တိုက်ချလိုက်ပေမယ်. ဇွဲကပင် ဂိုးသမား ပုတ်ထုတ်လိုက်နိုင်လို. ဇွဲကပင်အဖို.သက်သာသွားပါတယ် ။ 



၆၃ မိနစ်မှာ ဇွဲကပင် က ညာတောင်ပံကနေတိုက်စစ်ဆင်လာပြီး ဂိုးရှေ.ကိုဖြတ်တင်တဲ့ဘောလုံးကို ဧရာဝတီ နောက်တန်းကစားသမားများ ဖျက်ထုတ်မှု မပြတ်သားတာကြောင်. ဇွဲကပင် ကစားသမား ကျောနံပါတ် ၇ Kentaro က အနီးကပ်အပိုင်ပိတ်သွင်းပြီး ချေပဂိုး ရယူသွားခဲ့ပါတယ် ။ ၆၉ မိနစ်မှာ ဧရာဝတီ ရဲ. တရစပ် တိုက်စစ်ဆင်မှုတွေဟာ ပ၇ိသတ်ကို အာမေဋိတ်သံတွေ တောက်လျှောက် ညံနေစေခဲ့ပါတယ် ။ ဘောလုံးပွဲက ပထမအခြေအနေတွေထက်တော. သွက်လာနေပါတယ် ။ ဇွဲကပင် ရဲ. ကျောနံပါတ် ၆ ၊ ၁၇ စတာတွေဟာ ဧရာဝတီခံစစ်ကြောင်းကို အတော်လေး အနှောင်.အယှက်ပေးနိုင်ခဲ့ပါတယ် ။ ၇၉ မိနစ်ခန်.မှာတော. ဇွဲကပင် ကွင်း ဘယ်ဘက်အလံတိုင်ထောင်.နားမှာ ရိုးရာမပျက် လှုပ်လှုပ်ရှားရှားလေးဖြစ်ခဲ့ကြပါတယ် ။ ၈၆ မိနစ်မှာ ဧရာဝတီ ရဲ.ဂိုးသွင်းဖို.ကြိုးစားမှုကို ဧရာဝတီ ပရိသတ်အားလုံး အားရပါးရကျေနပ်အားပေးခဲ့ကြပါတယ် ။ နောက်ဆုံးအကြိမ် ကြိုးစားခဲ့ ၃ဆင်.မြောက်ကန်ချက်လောက်ဖြစ်တဲ့ ပီလီကစ်ကိုတော. ဇွဲကပင် ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ် ။ 

ဧရာဝတီ ရဲ. တိုက်စစ် တစ်ကွက် Photo by Ayeyawady United FC

မိနစ် ၉၀ပြည်. ၁-၁ မို.အချိန်ပို ကန်ရပါတော.တယ် ။ ၉၂ မိနစ်မှာ ဧရာဝတီ ရဲ.ကန်ချက် ဇွဲကပင်ဂိုးသမား လှဲပြီး ပုတ်ထုတ်လိုက်တာမို. ဥိးဆောင်ဂိုး မရခဲ့ပါဘူး ။ ၉၅ မိနစ်မှာ ဇွဲကပင် ရဲ. ညာတောင်ပံ ကနေ ဆွဲပြေးပြီးကန်သွင်းလိုက်တဲ့ ဘောလုံးဟာ အတော်လေး အန္တရာယ်များခဲ့ပြီး ထောင်.ကန်ဘောပဲ ဖြစ်သွားခဲ့ပါတယ် ။ အဲ့ဒီလိုပဲ ၁၀၄ မိနစ်မှာ ဇွဲကပင်ရဲ. ကန်သွင်းချက်ကို ထောင်.ကန်ဘောအဖြစ် မနည်းဖျက်ထုတ်ခဲ့ရပြန်ပါတယ် ။

ဧရာဝတီ အတွက် တစ်ဆင်.တက်စေခဲ့သော ၁၁၁ မိနစ်
 ဒီလိုနဲ. ၁၁၁ မိနစ်မှာတော. ဧရာဝတီ ရဲ.မျှော်လင်.ချက် ရောင်ခြည် မြင်ခွင်.ရခဲ့ပြီဖြစ်ပါတယ် ။ ရလာတဲ့ ပြစ်ဒါဏ်ဘောကို ကိုနေး ကတိုက်ရိုက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ် ။ သိပ်မကြာခင်မှာပဲ ဇွဲကပင် ကန်ခွင်.ရတဲ့ ပြစ်ဒါဏ်ဘောကို အပြင်းကန်သွင်းရာမှာ ဧရာဝတီ ဂိုးသမား နှစ်ဆင်.ဖမ်းခဲ့ရပါတယ် ။ ဧရာဝတီ အတွက် ဖလားတစ်လုံးမျှော်လင်.ချက် ….. ရှေ. ခရီးဆက်ခွင်.ရခဲ့ပြီ ဖြစ်ပါတယ် ။ 

ပွဲသိမ်း ဂိုးပိုင်ရှင်ရဲ. အပြုံး Photo by Ayeyawady United FC
အကြို ဗိုလ်လုပွဲမှာတော. ဧရာဝတီ ဟာ ရတနာပုံ နဲ. ယှဉ်ပြိုင်ရတော.မှာ ဖြစ်ပါတယ် ။ 

No comments:

Post a Comment