Thursday, December 12, 2013

ဆီးဂိမ်းဖွင်.ပွဲ ခမ်းနားစွာအောင်မြင်သွားလို. ကြောက်ကြသူများ နှင်. ဂုဏ်ယူကြသူများ



 . 
 ခင်ဗျားတို့မှာ အဆိုးဆုံး အချက်က တခြားအာရှသားတွေလိုပဲ .. မနာလို မရှုစိမ့်မှုသိပ်ကြီးတဲ့ကိစ္စပဲ .. ခင်ဗျားတို့က တခြားအာရှသားတွေထက် ပိုဆိုးတယ်လို့ ကျွန်တော်ထင်တယ်။ ခင်ဗျားတို့ အချင်းချင်းကြားထဲမှာဒါဟာ သိပ်ကြီးမားကျယ်ပြန့်တယ်။ ကျွန်တော်တို့လို အပြင်လူတွေအတွက် မသိသာဘူး။ ဒါဟာ ခင်ဗျားတို့အတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ အံ့သြစရာကောင်းတာက ခင်ဗျားတို့လူမျိုး ပညာတတ် ၊ အဆင့်မြင့်တွေ ကြားထဲမှာပါ ဒီလိုသဘောထား သေးတာတွေ့ရတာပဲ။ . . . . . . ဒုတိယ .. ခင်ဗျားတို့ မညီညွတ်ကြဘူး . . သမိုင်းစဉ်ထဲက ညီညွတ်ခြင်းကလဲ အချိန် နေရာ အရ လိုအပ်ချက်ကွက်လပ်ပေါ်လာလို့ ညီညွတ်သွားခြင်းမျိုးပဲ . . Intentionally, စိတ်ပါလက်ပါ ရည်ရွယ်ချက်ရှိရှိ ညီညွတ်ခြင်းမျိုး မဟုတ်ဘူး . . ညီညွတ်ခြင်း အကြောင်းကိုတောင် သေချာနားမလည်သေးတာမျိုးပဲ . . ကျွန်တော် စိတ်မကောင်းပါဘူး။. အတွင်းကျကျ ကြည့်မြင်မယ်ဆိုရင်  ခင်ဗျားတို့ အများစုက အဆိုးမြင်စိတ်ကဲတယ် ..

 ဖတ်ဖူးတဲ့ အနောက်နိုင်ငံသား ပြောစကားကို ခဏခဏ ကိုးကားနေရတာတော.လည်း သိပ် မဟုတ်သေးဘူးဗျာ ။ ဒါပေမယ်.လည်း ဒီအတိုင်းပဲဖြစ်ဖြစ်နေတော. ခက်သားကလား ။ ကျုပ်တို.မှာက ကြိုက်တဲ့ခေါင်းစဉ် တစ်ခုတင်လိုက် သေချာတယ် အကွဲကြီးနဲ. အကွဲလေးပဲ ။ သိပ်သွေးခွဲစရာ သိပ်ရန်တိုက်စရာမလို အလိုလို ကွဲပြီးသား ။ ဒါကို လွတ်လပ်စွာ ကွဲလွဲခွင်.တို. နှစ်သက်ရာ လက်ခံပိုင်ခွင်.တို.ဆိုတဲ့စကားလုံးကြီးတွေတပ် ကိုယ်ကိုတိုင်ရဲ. သမိုင်း ၊ လက်ရှိရော ဘာတွေ ဘယ်လောက်လုပ်နေလဲ ..လုပ်နေတာရော နည်းလမ်းမှန်လား မှန် / မမှန်ကိုရော ဘာနဲ.တိုင်းတာဆုံးဖြတ်တာလဲ ဆိုတာတွေ ကျတော. အတိတ်မေ.သလို ရွှေပျောက်သလိုဖြစ် ၊ မကောင်းဘူး တစ်လုံးကလွဲရင် ဘာကြောင်.မကောင်းတာ ဘာဆိုပိုကောင်းမှာဆိုတဲ့ စကားကို ယုတ္တိရှိရှိ နည်းမှန်လမ်းမှန်လေးတောင် မပြောတတ်ပဲ ၊ မပြောနိုင်ပဲ လွတ်လပ်စွာထင်သလိုပြောနိုင်ခွင်.လက်ကိုင်ထားသူများ ကတော. ခုလည်း မျိုးချစ်စိတ် ရှိသူတိုင်း ငါတို.လည်း လုပ်နိုင်တယ်ကွ လို. ဂုဏ်ယူခဲ့ကြရတဲ့ Sea Game ဖွင်.ပွဲကြီးကို တစ်ချို.ကငွေတွေဖြုန်းတာပါလို.ပြော ၊အချို.က တရုတ် ကြောင်.ပါကွာလို. ဆိုသူဆို  တစ်ချို.က ကြိုတွေးပြီးကြောက် အင်းသူတို.ရဲ. တကယ်.တိုင်းပြည်ချစ်စိတ်သာဆိုရင် ကျုပ်တို.နိုင်ငံ ဒီ.ထက်မကတိုးတက်နေပြီဗျ ။ နိုင်ငံရေးကို ပေါ်ပင်မဟုတ်ပဲမိုးထဲရေထဲကာလတည်းက ခံယူချက်စစ်စစ်နဲ. လုပ်ကိုင်နေသူတွေကို ကျုပ်လေးစားပါတယ်ဗျာ ။ဒါပေမယ်.လည်း ဘာပြောပြော စိုးရိမ်စရာ မရှိတော.ပါဘူး  ၊ ဘာလုပ်လုပ် ဖြစ်လည်းခဏပါကွာ ဆိုတဲ့ခောတ်ကျမှ အသံထွက်လာရဲသူတွေ ၊ ကွန်ပြူတာကြီး ဖက်ပြီး နိုင်ငံကို အသေအလဲချစ်ပြနေသူတွေကိုတော. ………………………….

 
Issue အတော်များများကို ချဉ်းကပ် ရှုမြင်ရာမှာ ၀ါဒစွဲ ၊ ပုဂိုလ်စွဲ မခွာနိုင်ပဲ အသိတရားနဲ. ဆင်ခြင်နိုင်မှု ဘက်အလေးမသာပဲ ခံစားချက်ဦးစားပေး သုံးသပ်မှုတွေဟာ ဘယ်တော.မှ အားလုံးစုစည်းညီညွတ်ကြသည်ဆိုတဲ့ခောတ်ကို ရောက်နိုင်မှာမဟုတ်တဲ့အပြင် လမ်းစတောင် နင်းမိမှာ မဟုတ်ပါဘူး ။ ကိုယ်တိုင်ကျတော. မီးလေး ချွေတာသုံးပါ ဒါဆို မီးမရတဲ့ဘယ်နယ်မြို.တွေ မီးလင်းနိုင်တာပေါ.ဆိုတော. ကိုယ်.ပိုက်ဆံနဲ.ကိုယ်သုံးတာ သူတို.ကျတော. ဘယ်သူ.ကိုဘာရောင်းပြီးတော.ဆိုပြီး လက်ညှိုးထိုး. အစိုးရက ပြည်ပကိုရောင်းစားလို. ငါတို.ကလည်း သုံးချင်သလိုသုံးမယ် မင်းတို. နယ်ကကောင်တွေ မှောင်ထဲမှာပဲနေ  ဆိုတဲ့ သူတွေ ၊ ဘာမှမဟုတ်တဲ့နေရာမှာ တံတားတွေသွားထိုးတယ် ရထားလမ်းဖောက်တယ် မြို.ကြီးတွေက လမ်းပြဿနာတွေ တော.မရှင်းပဲနဲ.ဆိုတဲ့ မြို.ကြီးပြကြီး ကလူမှ လူထင်သူတွေ .သူတို.တွေလည်း ပါးစပ်လေးနဲ.ထစိုး၇ိမ်ပြနေကြပါတယ် ။ အလကားတောသားတွေပါကွာ ဘာနကန်းတစ်လုံးမှ နားမလည်ပဲနဲ.ဆိုသူတွေကလည်း အမျိုးသားပြန်လည်သင်.မြတ်ရေးဆိုတဲ့ စာလုံးတွေနဲ. အင်တာနက် နိုင်ငံရေး သူရဲကောင်း လုပ်နေကြတဲ့ခောတ်ဆိုတော.လည်း မပြောလို.  ပါမပြောလို  ပါ  ပေါ.ဗျာ



တော်ပါပြီလေမင်းကွန်းဆရာတော်ကြီးပြောတဲ့ ဝေဒစေတနာရှင်တွေရဲ. စကားတွေ မေ.ပြီး ဒီပွဲပေါ် အကောင်းမြင်ကြသူများအမှန်တရားကို အစွဲတွေဖယ်ပြီး နိုင်ငံရေး ယုံကြည်ချက် ၀ါဒရေးရာအစွဲအလမ်းတွေဘယ်လိုရှိရှိ နိုင်ငံတော် အတွက်အမှန်တရားကိုလက်ခံတတ်သူများရဲ. Facebook ပေါ်က Status & Comment လေးတွေပဲဖတ်ရင်း ပီတိဖြစ်ကြတာပေါ. ။



သက်တန့်ချို
Sea Games ကို ဂုဏ်မယူတဲ့အပြင် မချီးကျူးတဲ့အပြင်
အပေါက်မရှိ အပေါက်ရှာပြီးကြံဖန်အပြစ်ပြောနေတဲ့သူတွေ အွန်လိုင်းမှာ ရှိနေတာ တကယ်အံသြမိတယ် ။
တစ်ပိုင်းတစ်စသာ ကြည့်လိုက်ရတဲ့ ဖွင့်ပွဲမှာ ကျွန်တော်ကတော့ မြန်မာပြည်ကို နိုင်ငံတကာအလယ်မှာ တန်းတူနီးပါးအဆင့်တစ်ခုရောက်နေပြီလို့ ခံစားသိလာရတယ် ။
ဘယ်သူတွေဘာပြောပြော
Sea Games ကို မြန်မာ့မြေပေါ်မှာ ကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူတယ် ၀မ်းသာတယ် ကြည်နူးတယ် ။
အပြစ်ပြောနေတဲ့သူတွေကတော့ ကောင်းသထက်ကောင်းစေချင်တဲ့စေတနာထက် ... မြန်မာပြည်တိုးတက်လာတာကို မနာလိုတာ ပိုများနေသလားလို့ ။

Kristen Malik
အော် လူတွေနဲ့လဲခက်တော့တာပါပဲsea game ဖွင့်ပွဲအတွက် အားလုံးဝိုင်းပြီးဂုဏ်ယူနေချိန်မှာ အဆိုးမြင်သမားတွေကတမှောင့်ခမ်းနားထည်ဝါစွာကျင်းပတော့လဲ
ဒီလောက်ဆင်းရဲမွဲတေနေချိန်မှာဒီလိုအကုန်ကျခံလို့တဲ့သာမာန်ဖြစ်ကတတ်စမ်းသာလုပ်ကြည့်ပါလား
တိုင်းပြည်သိက္ခာကျတယ်ဆိုပြီး သူတို့ပဲထိပ်ဆုံးကကဲ့ရဲ့ကြမှာမြင်ယောင်သေး ~~~
Lae Yee Myint
အစိုးရကို ချစ်တဲ့အထဲတော့ ကျနော် မပါဘူးကျနော့ကို မွေးဖွားခဲ့ပြီး
ကျနော် နေထိုင်နေတဲ့မြန်မာပြည်တော့ အရမ်းချစ်တယ်...တရုတ်အကူအညီယူလို့
Sea Game ကိုဆီယို အပေါက်ရှာတစ်ခုပြီးတစ်ခုအပြစ်အနာအဆာ လိုက်ရှာပြီး
တရားရသလို ဝမ်းနည်းသလိုဆိုက်ကိုပညာရှင်လိုဖလော် ပညာရှင်လိုတွေးပြီး
ထောင့်စေ့အောင်အဆိုးဘက်က ကြည့်ပြီးတင်သမျှ negative ဖြစ်နေတာတော့
ဘယ်လိုမှ ဆက်ပြီးသည်းခံ ကြည့်မနေနိုင်တော့လို့
လူတစ်ယောက် ကိုblock လိုက်ပြီဒီတစ်ခါ ကျနော့စိတ်နဲ့ ကျနော်ပါအရမ်းကို စိတ်ပျက်မိလို့

ရူးနေကြလားမသိဘူး တရုတ်ဖြစ်ဖြစ် အမေရိက ဖြစ်ဖြစ် ဘယ်သူကူကူ ပိုက်ဆံပေးလို့ လာလုပ်ပေးတာ ကိုယ်က ငှားနိုင်လို့ ငှားတာ အလကားလုပ်ပေး ပိုတောင်ကောင်းသေး ကိုယ်နီုင်ငံလှလှပပဖြစ်တာ မမြင်နီုင်ကြဘူး အကုသိုလ်ဖုံးနေကြတယ် ဝေဖန်စရာပွင့် လင်းရင် ချီးကျူး စရာလည်း ပွင့် လင်းသင့် တယ် တပြည်တရွာရောက်နေတဲ့ အချိန်မှာ ဘယ်လောက်ဂုဏ်ယူပြီး ၀မ်းသာကြသလဲ အားလုံးတီဗွင်္ီရှေ့ မှာ မျက်ရည်တွေဝိုင်းနေကြတာ ပျော်လို့ ဂုဏ်ယူနေတာ ဘယ်လောက် ကြီးမားတဲ့ နိုင်ငံဖြစ်ဖြစ် နည်းပညာဖလှယ်ကြတယ် ဆိုတာမကြားဘူး ကြဘူး လား အကုသိုလ်တော်တော်များတဲ့ ဟာတွေ မြန်မာဟန်ဆိုပြီး လုပ်မယ် အဲလူတွေကို ကွင်းထဲဝင်ပြီး ဗောက်အိုးလည်ပင်းဆွဲဖောက်ခိုင်းရမယ်

အားလုံးဂုဏ်ယူနေရတဲ့အချိန်မှာ တစ်ချို့လူတွေက
မုဒိတာမပွါး နိုင်ကြပါလားကိုယ်တိုင်ပါဝင်မကူညီနိုင်ပေမယ့်
ကြိုးစားပမ်းစား လုပ်ဆောင်သွားတဲ့ ညီအကိုမောင်နှတွေကို လေးစားမိပါတယ်..

အာ မျက်ရည်လည်တာလေးတောင်ပျောက်သွားတယ် ဒီကကွန်မန့်တွေဖတ်လိုက်တာ ဘယ်နယ့် ပျော်လို့ သတင်းဆိုက်အကုန် ဂူးဂဲပြီးဖတ်နေတာ ဘာကောင်တွေမှန်းကိုမသိဘူး ဂလန့်လွန်းရင် ဂလန့်ထိုးတဲ့နေရာမှာဘဲ နေရမှာဘဲမယုံမရှိနဲ့

Aung Ko
မြန်‌မာပက်‌စပို့ကိုကိုင်‌ပြီးအလုပ်‌လုပ်‌ရတာဂုဏ်‌မငယ်‌
ရ‌တော့ဘူး ကြည့်‌‌နေရင်းနဲ့မျက်‌ရည်‌‌တောင်‌ကျတယ်‌..အဲဒါမြန်‌မာလို့
မြန်‌မာကွဒီနိုင်‌ငံသားဖြစ်‌ရတာဂုဏ်‌ယူတယ်‌

ဘာတွေဘဲပြောပြော မြန်မာဟာ မြန်မာပါပဲ။နိုင် ငံတော်သီချင်း ဆိုတဲ့ အချိန် မြန်မာအားကစားသမားတွေ ဝင် လာတဲ့ အချိန် ရင် ထဲမှာ ငိုချင်သလို ထခုန်ချင်သလိုဖြစ်ခဲ့ ရ တယ်။မြန်မာဆို တဲ့လူတိုင်း ခံစား ခဲ့  ရ မှာပါ။ ဒါဟာ မြန်မာပါ။

 ဖြုံးတယ်မခေါ်ဘူးဗျ ဒါသုံးတာ ဒီနောက်ကွယ်ကနေရလာမယ့် အကျိုးအမြတ်က များပါတယ် နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ရေးအရရော . စီးပွားရေးအခွင့်အလမ်းအရရော . ခရီးသွား လုပ်ငန်းအတွက်ပါ သိပ်အကျိုး များပါတယ် .. ငါတို့လည်းလုပ်နိုင်ခဲ့တယ်ဆိုတဲ့ confidence ကော ရလာတယ် ... တိမ်လှချည်လား နားထင်မသုံးတဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းပဲဖြစ်ရမယ် 44 နှစ်ကြာပြီးမှ ဒါမျိုး ပြန်ကျင်းပခွင့်ရတာ ..အတွေ့အကြုံရှိပြီးသားနိုင်ငံဆီက အကူအညီအနည်းနဲ့အများတွေလိုမှာပဲ အားကျိုးမာန်တက်ဖျော်ဖြေသွားတဲ့ ကလေးတွေမျက်နှာတောင်မထောက်ပြောရဲတယ် .. အသုံးမကျတဲ့ ဘေးထိုင် ဘိုင်ပြောတွေ



လန်ဒန်အိုလံပစ်တောင် တရုတ်နည်းပညာအကူအညီရယူခဲ့တာ မသိဘူးလား


ဘယ်ကပဲကူညီ ကူညီအဓိက ကအခမ်း အနားအောင်မြင်ဖို့ လိုတယ် တကတည်းမှပဲ ဘယ်ကူညီတယ်ညာကကူညီတယ်နဲ့ မင်းတို့လုပ်လို့ ရမလား ရရင် တခြားမှာအကူညီရှာစရာမလိုဘူး

လန်ဒန်အိုလံပစ်တောင် တရုပ်နဲ့ကင်းလို့လား စာလေးပေလေးဖတ်ပါအုံး အဲ့ဒီအမတ်ရဲ့အိမ်မှာ တရုတ်ပစ္စည်းမရှိလို့လား အနည်းဆုံးမီးခြစ်တစ်လုံးတော့ရှိတာပဲ သမ္မတကြီးပြောတဲ့ ပတ်မကြီးထိုးဖောက်ချင်တဲ့စိတ်တွေပေါ့ ပါဝင်ကပြတဲ့ကလေးတွေကိုမှ အားမနာ

ဘယ်အရာမဆိုကိုယ်တိုင်လုပ်ကြည့်မှသိတာ အားအားယားယားသူများဘာလုပ်လဲထိုင်ကြည့်ပြီ မကောင်းပြောနေတဲ့ သူတွေ သာရှက်ဖို့ကောင်းတာ ဘာဘဲပြောပြောကိုယ့်နိုင်ငံ အတွက်ဂုဏ်ယူနေရတဲ့ အချိန်မှာ နည်းနည်းလောက်တော့ အကောင်းမြင်စိတ်လေးထားကြပါအုံး။

အော် မြန်မာလူမျိုးတွေလဲ ခက်တာပဲ ကိုယ့်နိုင်ငံက နိုင်ငံတကားအားကစားပွဲတော်တစ်ခုကို အောင်မြင်စွာကျင်းပနေတာကို မုဒိတာမပွားကြပဲ အချင်းချင်းကိုက်နေကြသေးတယ် ဘေးထိုင်ဘုပြောနေယုံနဲ့တော့ တိုင်းပြည်ကြီးတိုးတတ်မလာဘူး အချင်းချင်းမှမညီညွတ်မှတော့ ဘယ်လိုလုပ်သူများနိုင်ငံတွေနဲ့ရင်ဘောင်တန်းမလဲ လေပါ့ကွာ

မလေးရှားမှာ ဗျာ စားသောက် ဆိုင်တွေ မှာ ပရိုဂျက်တာကြီး တွေ နဲ့ ပြထားတာ...... လှသလား မမေး နဲ့ ဗျာ....... ကျနော်တောင် စက်ဘီးလေး ရပ်ပီး ငေး မိတယ်။.

 မြန်မာ ကွ ... အခုငါတို့ဘာလဲ ဆိုတာ မြင်ကြပီမလား ???

ဒီပွဲမှာ ပါဝင်ခဲ့တဲ့ကလေးတစ်ယောက်ရဲ.အဖြေက သူ.ထက်ပညာတတ်တဲ့ သူ.ထက် အတွေ.အကြုံရှိတဲ့ သူ.ထက်ချမ်းသာတဲ့ သူ.ထက်နိုင်ငံတော်ကိုချစ်ပါတယ်ဆိုတဲ့သူတွေထက်……




လင်းအောင်
သမီးတို့ က ကိုယ်ပိုင်အချိန်မှာ မနားဘဲ ဘာလို့ ညကြီးမှာ ထပ် လေ့ကျင့်ကြတာလဲ ´´

``သမီးတို့ မညီရင် ...
သမီးတို့ နိုင်ငံကို အထင်သေး သွားကြမှာပေါ့
´´
=============
နေပြည်တော်က နေပူပူမှာ ....အချိန်မဟုတ် ရွာချတဲ့ မိုးစက်တွေကြား ...
အသားတွေမည်းနေအောင် လေ့ကျင့်ခဲ့ကြတဲ့ ....ဆယ်ကျော်သက် သားငယ် သမီးငယ်တွေ ...
ညနေ ၆ နာရီ တန်းဖြုတ်ပြီးလို့ ...ရေချိုး ထမင်းစားပြီးတာတောင် မနားနိုင်ပဲ ...
ကိုယ့်အစီအစဉ်နဲ့ ကိုယ် သူငယ်ချင်းတွေ စုပြီး ...တည်းခိုရေး စခန်းကွင်းထဲမှာ လေ့ကျင့်ခဲ့ကြတဲ့ ...သမီးငယ်လေးတွေကို မေးခဲ့တဲ့ မေးခွန်းနဲ့ သူတို့ အဖြေပါ ......ကျနော့်တသက်လုံးဘယ်တော့မှ မေ့လို့ရမှာ မဟုတ် တော့တဲ့ စကား .....။


မြန်မာတို.အတွက် ဂုဏ်ယူစရာ ၂၇ကြိမ်မြောက် အရှေ.တောင်အာရှ အားကစားပြိုင်ပွဲ ဖွင်.ပွဲ အခမ်းအနား အစ/အဆုံးကို အောက်ပါ You Tube Link တွင်သွားရောက်ကြည်.ရှုနိုင်ပါသည် ။Singapore Sport မှပြသသော ၃နာရီ ၇ မိနစ် ၄၁ စက္ကန်.ကြာ Video မို. Link သာတင်ပေးနိုင်ခြင်းဖြစ်ပါသည် ။
ဓါတ်ပုံများကို အောက်ပါ Link များတွင်လည်း သွားရောက်ကြည်.ရှုနိုင်ပါသည်



1 comment:

  1. Maria Lwin Coz တင်ထားတဲ့ပို့စ်လေး :D
    နိုင်ငံမွဲတေနေတဲ့အချိန်မှာ ပိုက်ဆံတွေ အများကြီးသုံးပြီး sea game လုပ်တယ်???

    ပာုတ်ကဲ..နောက်ရွေးကောက်ပွဲကျ ကျွန်တော်ဝင်ပြိုင်ရင် ကျွန်တော့်ကို သမ္မတ မဲပေးပေးပါ...

    ကတိပေးပါတယ်..နိုင်ငံတကာ က တတ်ရောက်တဲ့ပွဲကြီးတွေကို ဘုရားပွဲဈေးတန်းက
    မိုးပျံပူပေါင်း ..၄..၅လုံးလောက်ဝယ်ပြီး ကပ်ကြီးနဲ့ဘဲညှပ်ပြီးဖွင့်ပွဲလုပ်ပေးပါ့မယ်...

    ကတိပေးပါတယ်...နိုင်ငံတကာက လာယှဉ်ပြိုင်တဲ့ ဘောလုံးပွဲတွေ ဘာတွေကို ဘောလုံးကွင်းတခမ်းတနားမဆောက်ဘဲ...လမ်းထိပ်ထွက်...ဖိနပ်လေးရံ ပိာုဘက် ဒီဘက်ချပြီး ကန်ခိုင်းပေးပါ့မယ်..

    ကတိပေးပါတယ်...မီးရှုးမီးပန်းတွေ ကိုတရုတ်ကိုမဆင်ခိုင်းဘဲ..ကွမ်းယာဆိုင်က မီးခြစ်လေးတွေ ၀ယ်ပြီး ဂျစ်ဂျစ်ဂျစ်နဲ့ ထိုင်ခြစ်ပြီး လာကြည့်တဲ့ ပရိတ်သတ်တွေ ပာင်ကနဲပာာကနဲ့ ဖြစ်စေမယ့် ပါဖောမန့်တွေ ချပြပါ့မယ်

    လှေလော်ပြိုင်ပွဲလား...ငွေဆောင်တွေဘာတွေလုပ်မနေနဲ့ပိုက်ဆံကုန်တယ် အိမ်ရှေ့မြောင်းထဲ
    စက္ကူလှေလေးတစ်ယောက်တစ်ခုစီ ခေါက်ပေးထားမယ် ပြိုင်ပွဲဝင်တွေ ပါးစပ်လေးနဲ့ထိုင်ပြီး
    မှုတ်...ဘယ်သူအရင်ရောက်လည်းပြိုင်ကျမယ်လေ ..

    ထောက်ခံတယ်ဆို...၂၀၁၅ ကျ ကျွန်တော်ဝင်ပြိုင်မယ်နော်
    Credit - Teddy Prince
    ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပို့စ်တင်ထားတာသဘောကျလို့ ...

    ReplyDelete