Thursday, December 26, 2013

ဆီးဂိမ်းဖွင်.ပွဲ နဲ.ပတ်သက်တဲ့အမြင် ခံစားချက် နှင်.ရှင်းလင်းမှု - ဆီးဂိမ်းလက်ကျန် မှတ်စု

from Yahoo Sport

မိမိကိုယ်တိုင် ရှက်တက်ကြပါ(Or) 27th Sea Game Opening Ceremory 

27th Sea Game Opening Ceremory မှာ တရုတ်အပါအ၀င် ပြည်ပမှ အတက်ပညာများစွာရယူခဲ.ခြင်းအပေါ် အစိုးရအား အပြစ်တင်ပြောဆိုမှုများစွာ ဖတ်ခဲ.ရပါတယ်.. လောကမှာ အလွယ်ဆုံးအလုပ်တခုက သူများလုပ်တဲ.ကိစ္စကို ဝေဖန်အပြစ်တင်ခြင်းပါဘဲ အဲဒီအလုပ်ကိုတော.ကျွန်တော်တို.မြန်မာလူမျိုးတွေ ကောင်းစွာ တက်ကျွမ်းကြပါတယ် ကျွန်တော်ကတော. ဘယ်သူကိုမှ အပြစ်မတင်နိုင်ပါဘူး..ကိုယ်ကိုကိုယ်ဘဲ အပြစ်တင်မိပါတယ် ကျွန်တော် လွန်စွာရှက်မိပါတယ်..သူများနိုင်ငံက အတက်ပညာရယူခဲ.တာက ကျွန်တော်တို. မလုပ်တက်တဲ့အတွက်ညံ့ဖျင်းမှုတွေအတွက်ကြောင်.ပါ..အဲလိုနည်းပညာတွေ ကျွန်တော်တို.ကိုယ်တိုင်သင်ယူတက်မြောက်ခဲ့နိုင်ရင် ဘယ်နိုင်ငံ ဘယ် တရုတ်မှ အားကိုးစရာမလိုပါဘူး..ကျွန်တော် ဒီလို ပညာတွေမသိ၊ မလေ.လာ မဆည်းပူး မတက်မြောက် ခဲ.လို. အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပတဲ. Sea Game ဖွင်.ပွဲမှာ 100% မြန်မာ.လုပ်အား မဖြစ်ခဲ.ရလို. စိတ်မကောင်းပါဘူး... 27th Sea Game အတွက် Voluteer တွေ အလိုရှိကြောင်း သတင်းစာတွေ Media တွေမှခေါ်နေတဲ.အချိန်မှာ ကိုယ်. ရဲ.အလုပ်အခြေအနေ စားဝတ်နေရေးကြောင်. ဘာတခုမှ ပါဝင် မကူညီနိုင်ဘဲ လျှစ်လျူရူ.ခဲ.မိတဲ.အတွက်လည်း အလွန်ရှက်မိပါတယ်။ ဒိနိုင်ငံမြေပေါ်မှာ နေ ဒီရေသောက်နေတဲ. နိုင်ငံသားတစ်ယောက်ရဲ.တာဝန် မကျေပွန်ခဲ.မိပါဘူး... ဒီဂုဏ်ယူစရာကောင်းတဲ.ဖွင်.ပွဲမှာ ငွေကုန်ကြေးကျများတာ မှန်ပေမယ်. ဒီလိုမှ မလုပ်ရင် ဘယ်နိုင်ငံကို သွားသွား ကမ္ဘာအလယ်မှ မျက်နှာငယ်ရအုံးမှာပါဘဲ..ပြည်.သူငွေကို ပြည်သူအတွက် ဒီလို အကျိုးရှိရှိ သုံးစွဲရင် ဘယ်လောက်ကုန်ကုန် သုံးရကျိုးနပ်ပါတယ်..ဖြုန်းတီးတာမဟုတ်ဘူး ငွေကို အကျိုးရှိစွာ သုံးခဲ.တာပါ.. နည်းပညာ ဆိုတာတော. လိုအပ်ရင် ပြည်ပမှ ယူသင်. ယူရမှာပါဘဲ..မီးရူးမီးပန်းဗျောက်အိုးပြုလုပ်တဲ.အတက်ပညာကို တရုတ်လူမျိုးတွေက အတော်ဆုံးလို. ကမ္ဘာကတောင် အသိအမှတ်ပြုထားလို. သူတို.ဆီက ယူသုံးခဲ.တာ အပြစ်မဟုတ်ပါဘူး ..နောက်ပြီး အခုကျွန်တော်တို.သုံးနေတဲ့ ဇိမ်ခံပစ္စည်းမှန်သမျှ Electronic မှန်သမျှ ယခု သုံးနေတဲ. Facebook ကအစ Computerအဆုံး မီဒီယာသမားတွေသုံးနေတဲ. Camera Recorder အပါအ၀င် အားလုံးက ပြည်ပနိုင်ငံမှ နည်းပညာ ကို ငွေနဲ.၀ယ်ယူခဲ.ရတာချည်.ပါဘဲ..ဒါကို သတိပြုစေချင်တယ်.. ကိုယ်.မြန်မာ မလုပ်တက်လို.လေ..မြန်မာက ဘယ်သူလည်းလို.မေးရင် ကျွန်တော်တို.ကိုယ်တိုင် အသုံးမကျလို.ပါဘဲ..ဒါကြောင်. ကိုယ်.ကိုကိုယ်သာ ရှက်ကြပါဗျာ... နောက် ဒီStatus နဲ.တွဲ၇ပ်ပုံက ကျွန်တော်ကိုယ်တိုင် သံဇကာကြားက ရအောင်ရိုက်ခဲ.တဲ.ပုံပါ အဲဒီ Sea Game ဖွင်.ပွဲ Control ခန်းမှာ တရုတ်တွေသာမက မြန်မာ.အတက်ပညာရှင် အမျိုးသမီး တွေပါ ပါဝင် ဆောင်ရွက်ခဲ.ကြတာပါ.. လူဆိုတာ ချီးကျူးစရာရှိရင် ချီးကျုးတက်ရတယ်ဗျ.. 2012က Londonလိုနိုင်ငံကြီး မှာကျင်းပတဲ. the opening ceremony of the London 2012 Olympic Games မှာတောင် တရုတ်အကူအညီ ယူသုံးခဲ.ကြတာ ဘယ်သူမှ ဘာမှမပြောကြပါဘူးဗျာ..ကျွန်တော်တို.နိုင်ငံက မြန်မာလူမျိုးတွေဘဲ အချင်းချင်း အသားထဲက လောက်ထွက်ပြီး ကဲ.ရဲ.အပြစ်တင်နေကြတယ်..ပြည်သူ.စိတ်ဓါတ်မမြင်.မားရင် ဘယ်အစိုးရတက်တက် ဒီလိုဘဲဖြစ်နေကြအုံးမှာပါဘဲ.. နောက်ပြီး ဒီလို မြန်မာဟေ့လို. ကြက်သီးဖြန်းဖြန်းထအောင် ပြည်တွင်းမှာသာမက ပြည်ပကပါ Live ထုတ်လွှင်.အားပေးနေရတဲ.ပွဲကို လုံခြုံရေး တာဝန်အရ နေပြည်တော်မှာ ဆင်းရဲပင်ပန်းကြီးစွာ လာရောက်တာဝန်ထမ်းဆောင်နေကြတဲ. ရဲဝန်ထမ်း မော်တော်ပီကယ်အစ မီးသတ် လုံခြုံရေးအဆုံး ကပြနေတဲ.ခလေးတွေအပါအ၀င် တိုက်ရိုက်ကြည်.ခွင်.မရဘဲ ဗောက်အိုးဖောက်သံနှင်. လက်ခုတ်သံသာ နားထောင်ရပြီး ကျရာတာဝန်မှာ လစ်ဟင်းမှုမရှိအောင် တာဝန်ထမ်းဆောင်နေတဲ.လူတွေကလည်း ဒု နဲ.ဒေး ပါ..ကျွန်တော်နေပြည်တော်မှာ ရောက်နေလို. မြင်တွေနေရပါတယ်.. ကပြပါဝင်တဲ.ခလေးတွေဆို မီးပန်းဖောက်တာတောင် လုံးဝ လှည်.မကြည်.ကြပါဘူး..သူတို.ငေးနေတဲ.အချိန် Camera က ရိုက်တဲ.အချိန်နဲ.ကြုံရင် နိုင်ငံသိက္ခာကျမှာစိုးလို.ထင်ပါတယ်.. ဆလိုက်မီးအမှောင်ချလိုက်တဲ.အချိန်မှာ ဘောလုံးကွင်းထဲမှာ အချိန်Delayမဖြစ်အောင်အသည်းအသန် ပြေးလွှာနေတဲ. ခလေးတွေရဲ.ကြိုးစားမှုကို ကွင်းထဲမှာ သွားကြည်.တဲ. လူတွေ ကပိုသိကြမယ်လို.ထင်ပါတယ်ဗျာ. . လူမျိုးဂုဏ်နိုင်ငံဂုဏ်အတွက် နိုင်ငံချစ်စိတ်နဲ.အဘက်ဘက်မှ ဆောင်ရွက်ခဲ.တဲ.လူတွေအပေါ် ကျေးဇူးမတင်ချင်နေကြပါ ကျေးဇူးမကန်းကြပါနဲ.ဗျာ..ရှက်တက်ရင် ရှက်ကြစမ်းပါဗျာ... ပိုက်ဆံတွေကုန်လို.ပြောနေတဲ. ဖြုတ်ဦးနှောက်နဲ. အဆိုးမြင်ဝါဒီတွေကိုတော. သူတို.သမ္မတ ဖြစ်မှဘဲ Sea Game ဖွင်.ပွဲကို အကုန်အကျ သက်သာအောင် ရွာက လယ်ကွင်းထဲမှာအုန်းလက်နဲ.တဲထိုးပြီး အရူးကို အရက်မူးအောင် တိုက်ပြီး ကွေးအောင် က ခိုင်းပြီးသာ နိုင်ငံတကာကို ချပြကျပါလို

written by Engr Paing Phyo Thu

From Channel News Asia

ဦးရဲထွဋ် ၏ တုန်.ပြန်မှု

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကြီးကို ထည်ထည်ဝါ၀ါ လုပ်နိုင်တာဟာ တရုတ်နိုင်ငံက နည်းပညာတွေ အကူအညီယူတဲ့အပေါ် ဝေဖန်နေကြတာကို သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က အခုလို တုံ့ပြန်ထားပါတယ်။

၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ အသံ၊ မီး နဲ့ မီးရှုး မီးပန်း များနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှ နည်းပညာကို အသုံးပြုတဲ့အပေါ် ဝေဖန်နေတာ တွေ့ရ ပါတယ်။

မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ အစိုးရ က လုပ်တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေက အိမ်ရှင်အဖြစ်ကျင်းပတာဖြစ်ပါတယ်။ အစိုးရက ဒီတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပေးတာပါ။


ဒါ့ကြောင့် ဒီပွဲကြီးအောင်မြင်စွာကျင်းပနိုင်ခြင်းဟာ မြန်မာပြည်သူများရဲ့အောင်ပွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ခမ်းနားစွာဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တဲ့နည်းပညာမှန်သမျှ အသုံးပြုမှာပဲဖြစ်ပါတယ်။

အသံ၊မီး၊နဲ့ မီးရှုးမီးပန်းများနဲ့ပတ်သက်ရင် တရုတ်နိုင်ငံက နည်းပညာ ကို အသုံးပြုခဲ့သလို ရုပ်သံ ရိုက်ကူး ထုတ်လွှင့်ရေးနဲ့ပတ်သက်ရင် အမေရိကန်နိုင်ငံက Grass Valley ကုမ္ဗဏီက ပစ္စည်းများနဲ့ နည်းပညာကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒီလိုပါပဲ ရိုက်ကူးရေးဝန်ထမ်းများကို လေ့ကျင့်ပေးဖို့ အတွက် ပြင်သစ် CFI အဖွဲ့အစည်းနဲ့ ဗြိတိန်နိုင်ငံက BBC Media Action တို့က အကူအညီပေးခဲ့ပါတယ်။

ဘာတွေလုပ်နိုင်ခဲ့တယ်ဆိုတာကို အသိအမှတ်မပြုနိုင်ပဲ ဘယ်သူလုပ်တာဆိုတာကိုပဲ ကြည့်ပြီး ပြောနေသူ များ လန်ဒန်အိုလံပစ်မှာလည်း တရုတ်နည်းပညာများသုံးခဲ့ကြောင်း အောက်ပါ လင့်ခ် များမှာ လေ့လာ ကြည့်စေလိုပါတယ်။ 





China-made fireworks light up London Olympics |Industries |chinadaily.com.cn

http://www.chinadaily.com.cn/business/2012-07/28/content_15625669.htm


London Olympic Games made in China Anne McClain

http://www.ministryoftofu.com/2012/08/london-olympic-games-made-in-china/

China-made fireworks to light up London Olympics

http://www.thaindian.com/newsportal/sports/china-made-fireworks-to-light-up-london-olympics_100633895.html

မသိတဲ့လူတွေပြောတာ နားလည်ပေးနိုင်ပေမယ့် စာဖတ်ပြီး သိအောင်လုပ်ရမယ့် နိုင်ငံရေးလောက က ပုဂ္ဂိုလ်များက ပြောတာကိုတော့ သူတို့ ၀မ်းစာ မပြည့်မှု အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ 





ဖွင်.ပွဲအခမ်းအနား နှင်. ကိုယ်တွေ. ခံစားမှု


ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်.. အလုပ်နားချိန်မှာ ... စပ်စုစိန် ကိုရွှေဖိုခေါင်းက မဆီမဆိုင် လာမေးတယ် ``ငါတို့ရိုးရာဝတ်စုံ ကီမိုနိုလို .. မင်းတို့ ရိုးရာဝတ်စုံက ဘယ်လိုမျိုးလဲ`` တဲ့ ကျွန်တော်တစ်ချက်ကြောင်သွားတယ်... ပြီးတော့ ပျော်သွားတယ် ရိုးရာဝတ်စုံတင်မကဘူး ..မြန်မာ့ရိုးရာ ယဉ်ကျေးမှုကိုပါ ပြဖို့ မနေ့တနေ့ကမှ ကြီးကြီးကျယ်ကျယ်ဖွင့်လှစ်ထားတဲ့ ဆီးဂိမ်းပွဲကြီး ရှိနေတာပဲ ဒါနဲ့ youtube ကဒေါင်းထားတဲ့ ... SEAGAME ဖွင့်ပွဲ အခမ်းအနားကို ဖွင့်ပြလိုက်တယ် ဆီးဂိမ်းဖွင့်ပွဲလုပ်တဲ့ ကွင်းကြီးရယ်.. လှပဆန်းပြားတဲ့ မီးရှူးမီးပန်းတွေရယ်.. နောက် မြန်မာ့ဆိုင်း မြန်မာ့ဂီတ..မြန်မာ့စောင်း..အဲဒီ စောင်းကြိုးတွေကို ညင်သာစွာတီးခတ်နေတဲ့ မြန်မာမိန်းမပျိုလေးများရဲ့ ကျက်သရေရှိတဲ့ 

.straitstimes.com
အသွင်ဟန်ပန်တွေ.. အနော်ရထားမင်းကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ နန်းသဘင် သရုပ်ဖော်ပြကွက်တွေ .. ပုဂံရဲ့ မှော်ဆန်တဲ့ အလှတရားတွေနဲ့.. မြန်မာ့ရေမြေ မြန်မာ့ရှုခင်း အလှတွေ. အားလုံး ပါးစပ်လေးအဟောင်းသားနဲ့ ..အံ့သြတကြီး ကြည့်နေကြတယ် ပြီးတော့ ... ငြိမ်ငြိမ်သက်သက်နဲ့ တောက်လျှောက်ထိုင်ကြည့်နေတဲ့ ဆိုင်ခေါင်းက ကျွန်တော့်ကို စကားတစ်ခွန်း လှမ်းမေးတယ် ``အဲဒါ မင်းတို့ မြန်မာနိုင်ငံမှာ လုပ်တာလား`` ..... အဲဒီအချိန်မှာ..ကျွန်တော် မညာပါဘူး ... အလိုလို ကော့လိုက်မိတဲ့ ရင်ဘတ်တစ်စုံနဲ့ နှုတ်ဖျားက အသံတစ်စုံက ၀ံ့ကြွားစွာ ထွက်သွားတယ် ``ဟုတ်တယ်... အဲဒါ ငါတို့နိုင်ငံ မြန်မာနိုင်ငံမှာ လုပ်တာ `` ကျွန်တော့် စကားသံ အဆုံးမှာ ... အားလုံးရဲ့ အကြည့်တွေက ကျွန်တော့်ဆီ ရောက်လာတယ်လို့ ကျွန်တော် သိလိုက်တယ်... ပြီးတော့ သူတို့ အကြည့်တွေမှာ ... အံ့သြခြင်းနဲ့အတူ ... ဒီလို ပွဲကြီးကို အံမခန်းဖျော်ဖြေတင်ဆက်မှုတွေနဲ့ ကျင်းပနိုင်တဲ့ မြန်မာနိုင်ငံကို အထင်ကြီးမှုတွေ ရောယှက်ပါဝင်နေတယ်လို့ ကျွန်တော် ခံစားရတယ်ုသူတို့ သေချာ ရေရာ မသိခဲ့တဲ့ မြန်မာဆိုတဲ့ နိုင်ငံတစ်ခုက ခုချိန်မှာ ..ကြီးကျယ်ခမ်းနားတဲ့ ပုံရိပ်တွေ အပြည့်နဲ့ နိုင်ငံတစ်ခုဖြစ်သွားခဲ့ပြီ နိုင်ငံရဲ့ image မြင့်တက်သွားတဲ့အခါ... အဲဒီနိုင်ငံကနေ ပေါက်ဖွားလာတဲ့ .. နိုင်ငံသားတွေရဲ့ image ကပါ မြင့်တက်သွားတယ် တစ်ချိန်က စားသောက်ဆိုင်တစ်ခုအ၀င်...ဆိုင်ဝရပ်လိုက်တာနဲ့ အော်တိုမစ်တစ်ပွင့်တဲ့ မှန်တံခါးချပ်အနား .. ဆိုင်ခေါင်းဖြစ်သူက ကျွန်တော့်ကို နောင်ပြောင်ဖူးတယ် မင်းတို့ နိုင်ငံမှာ ဒါမျိုး ရှိသလားတဲ့ .. အဲဒီ အကြည့်နဲ့ အဲဒီအပြောကို ကျွန်တော် လုံးဝ မမေ့ခဲ့ဘူး ခု .. သူ ကျွန်တော့်ကို ကြည့်နေတဲ့ အကြည့်တွေမှာ ... သူပြောခဲ့တဲ့ စကားအတွက် .. တောင်းပန်တဲ့ အကြည့်တွေပါ ရောယှက်နေတယ် ဒါက .. ခုန သူတို့ကြည့်ခဲ့တဲ့ ဆီးဂိမ်းဖွင့်ပွဲကြီးရဲ့ ကြီးကျယ်ခမ်းနားမှုတွေက မြန်မာဆိုတာ ဘာလဲ .. သူတို့ ခေါင်းထဲ ရိုက်သွင်းသွားခဲ့လို့ပေါ့ ကျေးဇူးတင်ပါတယ် .. တစ်ကယ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် မြန်မာနိုင်ငံရဲ့ image တင်မက .. မြန်မာနိုင်ငံသားတွေရဲ့ image ကိုပါ မြှင့်တင်ပေးနိုင်ခဲ့တဲ့ ဒီလို ပွဲကြီးကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်ဆောင်ပေးခဲ့တဲ့ အစိုးရ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ် ဒီပွဲကြောင့် .. တိုင်းတစ်ပါးမှာ ရောက်နေကြတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ မျက်နှာပွင့်တယ်ဗျာ ... မြန်မာဆိုပြီး လက်မထောင်ခွင့်ရတယ် မြန်မာနိုင်ငံမှာ ကျင်းပတဲ့ 27 ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကြီးက ကျွန်တော်တို့နိုင်ငံသားတွေအတွက် အမြဲတမ်းဂုဏ်ယူနေရမယ့် တန်းဖိုးဖြတ်လို့မရတဲ့ ကြီးမားတဲ့ လက်ဆောင်မွန်တစ်ခုပါ လေးစားစွာဖြင့် 
(ဆရာကြယ်)

.straitstimes.com

ဒီမိုဝေယံ ရဲ. တိုက်တွန်းမှု
ယနေ့ (၄၄)နှစ်ကြာမှ ကိုယ့်မြေမှာ ပြန်လည်ပြုလုပ်ခဲ့တဲ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးနဲ့ ရေးသားနေကြတာကို မြင်နေရသည်..။
ကျွန်တော်တို့ အမြင်တွေ မရောထွေးဘို့ ခွဲမြင်ဘို့ လိုအပ်လှသည်..။

ကိုယ့်ပြည် ကိုယ့်မြေပေါ်မှာ နိုင်ငံဂုဏ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ အားကစားသမားတွေ အပြင်းအထန် ကြိုးစားယှဉ်ပြိုင်နေကြသည်..။
ဒီကနေ့ မြန်မာ အားကစားသမားတွေ ယှဉ်ပြိုင်နေကြတာ စစ်အစိုးရ Policy ကားရိုက်နေတာမဟုတ် နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ ရေကုန်ရေခန်း ကြိုးစားယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်..။ ဒီအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ ရှုံးရှုံးနိုင်နိုင် ကျရာနေရာက အားဆေးတခွက် အနေဖြင့် အားပေးချီးမြှောက်သင့်ပေသည်..။

အမေရိကန် သမ္မတ ဂျော့ဘုရှ် လက်ထက် အီရတ်နဲ့ အာဖကန်နစ္စတန်ကို ဝင်ရောက်တိုက်ခိုက်တဲ့ အချိန် အမေရိကန် ပြည်သူတွေ သမ္မတဂျော့ရှ်ကို ဆန့်ကျင်ဝေဖန်ကြပေမယ့်..။ အမေရိကန် စစ်သားတွေအတွက်တော့ We support our troop.We love our troop ဆိုပြီး အမေရိကန် ပြည်သူတွေတခဲနက် ထောက်ခံခဲ့ကြသည်..။
ကျွန်တော်တို ခွဲခြားမြင်တတ်ဖို့ လိုအပ်လှပေသည်..။ ကျန်စစ်သားကို ကျန်စစ်သားလို့မြင် စောလူမင်းကို စောလူးမင်းလို မြင်ကြပြီး သမိုင်းတွေ မရောထွေးဖို့ လိုအပ်လှပေသည်..။

ဒီနေ့ ဒီအချိန်မှာ မြန်မာအားကစားသမားတွေ အတွက် အပြည့်အဝ ထောက်ခံပြီး စိတ်ဓာတ်ရေးရာ အရအားပေးဖို့ လိုအပ်လှပေသည်..။
ကျွန်တော်တို့ မြန်မာ့အားကစား ကမ္ဘာမှာ လွှမ်းဖို့ထက် မြန်မာ့မြေပေါ်မှာ ကျင်းပတဲ့ မြန်မာ့အားကစား မြန်မာ့မြေပေါ်မှာ လွှမ်းမိုးအနိုင်ယူနိုင်ဖို့ ...


.gmanetwork.com
We support all of our players.
ဒီမိုဝေယံ

ဆက်စပ်ဖတ်ရှုရန်များ ...

No comments:

Post a Comment