Friday, December 6, 2013

မြန်မာ.ခြင်းလုံးနဲ. ရွှေရလို. ရှက်ကြသူများ အတွက်



 
ကျုပ်တို. ဆီက လူတွေ ခုမှ အတော်ရှက်တတ်မှန်း သိရတယ်ဗျို.
အမှန်တရားကို စွဲစွဲလမ်းလမ်းမြတ်နိုးမှန်း သိရတယ်ဗျို.
ဘာတဲ့  မြန်မာနိုင်ငံမှာ လုပ်တဲ့ ၂၇ကြိမ်မြောက် အရှေ.တောင်အာရှ အားကစားပွဲရဲ. ပထမဆုံး ရွှေတံဆိပ်ကို မြန်မာ.ရိုးရာခြင်းနဲ. မြန်မာအမျိုးသမီးတွေက ရယူပေးသွားတာ ရှက်လို.တဲ့ ..အိမ်ရှင် ဖြစ်ပြီး ဒီလိုအခွင်.အရေးယူ အပိုင်လုပ်တာကြီးကတော. မဖြစ်သင်.ပါဘူးတဲ့
ဟုတ်ကဲ့  ရှက်ကြပါတယ် ။တော်တော်လေး ရှက်ကြပါတယ်ခင်ဗျာ ။ သာမာန် လူတွေ ရှက်ကြသလို လိုင်းကားပေါ်မှာ ရဟန်းသံဃာ သက်ကြီးရွယ်အိုတွေ ဘေးလာရပ်ရင် မသိချင်ယောင်ဆောင်နေရဲ သူတွေ ၊ လူကြပ်တာကို နှမသားချင်းမစာ ရရင် ရသလို အခွင်.အရေးယူရဲကြသူတွေ ၊ ကိုယ်နေရာရဖို. ၊ ကိုယ်အခွင်.အရေးရဖို. လုပ်ဖော်ကိုင်ဖက်ချင်း ချောက်တွန်းရဲသူတွေ ၊ ကိုယ်.ရပိုင်ခွင်.အတွက် ဘယ်သူ.ကိုမဆို ခြေသလုံးပြေးဖက်ရဲသူတွေ ၊ လမ်းမှာ ကားပေါ်မှာ ကွမ်းစားပြီး လမ်းပေါ် စည်းကမ်းမဲ့ ထွေးရဲတဲ့သူတွေ ၊ ကိုယ်.ကလေး အဆင်.၁ ရဖို. စာဖိကြိုးစားခိုင်းတာထက် အတန်းပိုင်ဆရာမ ကို ကန်တော.ဖို.ပဲ ဦးစားပေးတတ်သူတွေ ၊ တရားဝင်ဇနီးမယား ရှိလျှက်နဲ. ကိုယ်.ပတ်ဝန်းကျင်က မိန်းကလေးတွေကို ငွေအားကိုးနဲ. ရုပ်အားကိုးနဲ. ရာထူးအားကိုးနဲ. အပြောကောင်းကောင်းနဲ. 
 
လက်တည်.စမ်းရဲသူတွေ ၊အခွင်.အရေးအတွက်ဆို ယုံကြည်ချက်ကို အချိန်မရွေး အရောင်ပြောင်းရဲသူတွေ ၊တရားဝင် ရသင်.ငွေထက့် အောက်ဆိုက် ဆိုတာကြီးကို လောက်မှမလောက်တာဆိုတဲ့ အကြောင်းပြချက်နဲ. အစိုးရအလုပ် Company အလုပ်မရွေး ရဲရဲဝင်.၀င်. ရှာဖွေ သုံးစွဲရဲသူတွေ ၊On Line ပေါ်ကနေ အခွင်.အရေး ရရင်ရသလို မိန်းကလေးတွေအပေါ် ပါးစပ်အရသာ မျက်စိအရသာ ခံရဲသူတွေ ၊ဖန်တီးရဲသူတွေ .ကာရာအိုကေဆိုင်တွေမှာ ကိုယ်.နှမအရွယ် ကိုယ်.သမီးအရွယ်တွေကို အရက်ငှဲ.ခိုင်းရင်း ပွတ်သီးပွတ်သပ် လုပ်ရဲသူတွေ ၊အပိုရည်းစား ..အပိုလင်ယောက်င်္ကျား အပို ဖနီးမယား အပြင် အရံတွေပါ ထားရဲသူတွေ ၊လမ်းဘေးမှာ ထိုင်ပြီး အရက်ကို မျက်နှာပြောင်တိုက် သောက်ရဲသူတွေ ၊ဘီယာ နဲ.၀ိုင်ဆိုတာ မိန်းကလေးတွေ သောက်ဖို.လို. ရဲ.ရဲ.၀င်.၀င်.ပြောကြသူတွေ ၊ ကိုယ်.ခန္ဒာကိုယ် အလှကို တပြားမှပေးစရာမလိုပဲ လူတောသူတောကြားထဲသွားရင်းလာရင်းပြရဲသူတွေ ၊ ကိုယ်.ဘ၀အတွက် ခန္ဒာကိုယ်ပါ ထိုးဆပ်ပြီး အထက်ကို တက်ရဲသူတွေ ၊ လက်မထပ်ခင် အတူနေတာ ကိုယ်.လွတ်လပ်ခွင်.လို.ကြွေးကျော်ရဲသူတွေ ၊ ကိုယ်.ရောင်းကုန်ပစ္စည်း ရောင်းကောင်းဖို. ဘယ်လိုပဲ မသမာရ မသမာရ အရင်းအနည်းဆုံးနဲ. အမြတ်အများဆုံး၇ဖို.ရက်စက်ရဲသူတွေ ၊ ကားမောင်းလို.စည်းကမ်းအတိုင်းသာဆို ဒိနေ.အဖို.ဘယ်မှရောက်မှာမဟုတ်ဘူးဆိုပြီး လမ်းကြောပြောင်းပြန် ၊ လမ်းကြောကန်.လန်. မောင်းရင်း စည်းကမ်းဆိုတာ ခပ်တုံးတုံးလူတွေ လိုက်နာတဲ့ စာအုပ်ထဲကမှတ်ချက်များလို. ကြွေးကျော်ရဲသူတွေ ၊VIP ဆိုတာတွေကို ရှုတ်ချရင်း ကိုယ်ကိုတိုင်ကတော. စည်းကမ်းတကျ တန်းစိချင်းဆိုတာကိုတောင် ဘယ်နေရာမှမလုပ်ချင်ပဲ အဆင်ပြေအောင် လုပ်ပေးပါနော်လို. သူများကိုပါအကျင်.ဖျက်ရဲသူတွေ ၊ ဘယ်သူ.ယူယူ လင်ကလင်ပဲဆိုပြီး လူမျိုးဘာသာမရွေး ယောက်င်္ကျားတော်စပ်ရဲသူတွေ ၊ လောင်းကစား လုပ်တာကို လုပုံအလည် ဂုဏ်ယူဖွယ် လုပ်ပြီးပြောနေရဲသူတွေ ၊ မိဘတွေကို အသက်ကြီး အိုမင်းမစွမ်းချိန် ရောက်မှ ပြုစုရတာကို ငြူစု ၊ဆောင်.အောင်. တစ်ချို.ဆီ လမ်းဘေးစွန်.ပစ်ရဲသူတွေ ၊ ငါတို.နိုင်ငံက လာဘ်ပေးလာဘ်ယူ ကိစ္စ တွေကတော. လွန်ပါတယ်ကွာပြောရင်း ကိုယ်.သားသမီးတွေကို အပိုဝင်ငွေများများရမယ်. နေရာတွေဆီရအောင် ငွေနဲ.လိုက်နေသူတွေ ၊ဘယ်နှစ်မှာ ဒီလိုပွဲမျိုး ဘယ်နိုင်ငံမှာ လုပ်ပြီး ဘာအားကစားနည်းတွေ ပါတယ်ဆိုတာ လုံးဝမသိခဲ့သူတွေ ၊ ဘာအားကစားနည်း တစ်ခုမှ ယောင်လို.တောင်မလုပ်ဘူးပဲ မကောင်းဘူး မကောင်းဘူး ဘာပဲလုပ်လုပ်မကောင်းဘူးပြောရဲသူတွေ ဟုတ်ကဲ့ သူတို.တွေလည်း တော်တော်လေး အရှက်၇ကြပါတယ်ဗျာ ။မြန်မာက ဒီ Sea Game ရဲ. ပထမဆုံးရွှေကို ရိုးရာခြင်းလုံးနဲ. ယူလိုက်လို.တော်တော်လေး ရှက်နေကြတယ်တဲ့ဗျာ ။ ဟုတ်ကဲ့  ရှက်ပါဗျာ ခုလို ဒီမိုကရေစီခောတ်မှာ ဒါလည်း ကိုယ်.လွတ်လပ်ခွင်.မို.ကိုယ် လွတ်လွတ်လပ်လပ်ရှက်ကြပါဗျာ ။မှန်မှန်ကန်ကန်နည်းလမ်းနဲ.ပဲ အနိုင်ယူသင်.တယ် ဆိုသူတွေလည်း ဟုတ်ကဲ့ အမှန်တရားကို စွဲစွဲ မြဲမြဲ ဆက်ချစ်နိုင်ကြပါစေဗျာ ။
ခုလိုရှက်ကြသူတွေ အတွက် ၀ိုင်းဝန်းဖျောင်.ဖျ သူတွေရဲ. စာတွေ ၊Facebook Comment လေးတွေကို ထုတ်နှုတ် စုစည်းပေးထားပါတယ်ဗျာ ။ ဒါလေးတွေ ဖတ်ပြီး အရှက်တွေ မပျောက်သွားတောင် နည်းနည်းတော. ပြေနိုင်သွားပါစေလို. ဆုတောင်းရင်း..
 ကျွန်တော်အမြင်တွင် အချို.သူများ.  က တစ်ခါတစ်လေ အမှန်တရားခေါင်းစဉ်အောက်ဝင်ပြီး သူရဲကောင်းဖြစ်လိုစိတ်က လွန်လွန်ကျုးကျုး ရှိတတ်ကြသည် ။ ကိုယ်.ပေါင် ကိုယ်လှန်ထောင်းရဲခြင်းကို ကြီးမြတ်သော စွန်.လွှတ်မှုအဖြစ် မှတ်ယူတတ်ကြသည် ။ ဖြစ်စဉ်တိုင်းကို အတိတ် ၊ ပစ္စုပ္ပာန် ၊ အနာဂတ် တို.ထက် ကိုယ်လိုသော တစ်နေရာကိုသာ ဆစ်ပိုင်းကြည်.တတ်ကြသည် ဟုမြင်မိသည် ။ယခုကျွန်တော်တို. ၂၇ ကြိမ်မြောက် အရှေ.တောင် အာရှ အားကစားပြိုင်ပွဲ၏ ပထမဆုံး ရွှေတံဆိပ်ကို မြန်မာ.ရိုးရာခြင်း ( အမျိုးသမီး ) ဖြင်. အရ ယူနိုင်ခဲ့ပြီဖြစ်သည် ။ ရမှာပေါ. ဒါကို ဘယ်သူမှမှ မကစားတတ်တာ ၊ ကိုယ်.နိုင်ငံမှာ လုပ်တယ်ဆိုပြီး မတရားလုပ်ယူတာဟု အပေါ်တွင်ပြောခဲ့သော ကိုယ်.ပေါင်ကိုယ်လှန်ထောင်းရင်း အမှန်တရားမြတ်နိုးသူများ ခေါင်းစီးတပ် ပုဂိုလ်တို.က ဆိုကြပေမည် ။ ဟုတ်ပါသည် ။ဒါမျိုး ကျွန်တော်တို.က ခုမှ လုပ်တာ ၊သူများနိုင်ငံတွေက လုပ်လာတာ ၄၄ နှစ် ရှိနေပါပြီဟုပင်ပြောရမည်ဖြစ်သည် ။ အားလုံးက အမှန်တရားတစ်ခုတည်းကိုသာ မြတ်နိုးနေသည်ဟု မထင်ပါနှင်. ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ကို မထိခိုက်သမျှတော. ဘယ်နိုင်ငံမဆိုအမှန်တရားကို ၊ လူပုဂိုလ်ကို ၊ ၀ါဒရေးရာကိုချစ်ပြတတ်ကြပါသည် ။………………………………….တကယ်ကလည်း ယခုမိမိတို.အိမ်ရှင် ဘ၀ တွင် ဤ အားကစားကို ထည်.သွင်းခွင်.ရဖို.ကြိုးစားခဲ့ကြသည် ။သို.သော် ကျွန်တော်တို.၏ ရိုးရာ ခြင်းလုံးသည်အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်း၏ အစိတ်အပိုင်း တစ်ခုအဖြစ်သာ ရပ်တည်ခွင်.ပေးခဲ့ခြင်းဖြစ်သည် ။ ထို.အတူ မြန်မာ.စစ်တုရင်ဆိုလျှင်လည်း ယခုပြိုင်ပွဲတွင် ထည်.သွင်းခွင်္င်. ပြုခဲ့သော်လည်းထိုနာမည်နှင်.ပင် ရပ်တည်ခွင်.မရခဲ့ပါ ။အခြားနိုင်ငံတို.က သူတို.အိမ်ရှင်ဖြစ်ချိန်တွင် သူတို.ရိုးရာကစားနည်းမျိုးစုံ ထည်.သွင်းကြသလို သူတို.အားသာချက်မရှိသော ကစားနည်းတို.ကိုချန်ထားခဲ့စဉ်က မိမိတို.အနေဖြင်. ဘာသံမှမထွက်ခဲ့ ။ ၄၄ နှစ်ကြာမှ အခွင်.အရေးလေး တစ်ကြိမ်ပြန်၇သောအခါ အခြားနိုင်ငံအချို.က အသံထွက်လာသလို အမှန်တရားမြတ်နိုးလွန်းသည်ဆိုသူများကလည်း အသံထွက်ခဲ့ကြသည် ။တကယ်က သူတို.တွေ လုပ်သမျှခံခဲ့ရပြီးဖြစ်ပါသည် …………………….သချာသည်က ကျွန်တော်တို.ဒိုင်တွေနှင်.ပေါင်း၍ တစ်ဖက်သတ် အနိုင်ယူသော နည်းဖြင်.ရွှေရယူခဲ့ကြခြင်းမဟုတ် ။ ကိုယ်.ရိုးရာ အားကစားနည်းကို အရှေ.တောင်အာ၇ှမှ တစ်ဆင်. ပျံ.နှံ.ဖို. ကြိုးစားရင်း ယခုနှစ် Sea Game ၏ ပထမဆုံးရွှေကို ရယူနိုင်ခဲ့ခြင်းဖြစ်သဖြင်. ကျေနပ်ပါသည်
သီဟမျိုး  @ http://mandalaygazette.com/190301
Soe Nay       မင်္ဂလာသတင်းမီဒီယာ
ဘယ်သူတွေ ရှက်ကြလဲမသိပါ... ကိုယ့်ကတော့ ဂုဏ်ယူပါတယ်...
---------------------------------------------------------------------

မြန်မာတွေ ခြင်းလုံးမှာ ရွှေတံဆိပ်ရတယ်ဆိုတာ ကိုယ့်အားကစားကို ဒေသတွင်း နိုင်ငံကလူတွေ စိတ်ပါဝင်စားလာအောင် လုပ်နိုင်တာ ဖြစ်သလို တခြားနိုင်ငံတွေဟာလည်း သူတို့ အသီးသီးအားသာတဲ့ အားကစားနည်းတွေကို အရင် ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာ ထည့်သွင်း ကျင်းပခဲ့တာဖြစ်လို့ ရှက်စရာမဟုတ်ပါဘူး။ ရှက်စရာ မဟုတ်တာကို ရှက်နေတာကမှ ရှက်စရာဖြစ်မယ် ထင်ပါတယ်ခင်ဗျာ။

၂၀၁၁ အင်ဒိုနိးရှား Sea Games မှာဆိုရင် အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံဟာ သူတို့ အားသာတဲ့ ကစားနည်းတွေဖြစ်တဲ့ Bridge နဲ့ Paragliding ကစားနည်း နှစ်မျိုးကို ထည့်သွင်းကျင်းပပြီး မိတ်ဆက်ပေးခဲ့တာပါ။ အဲဒီ ကစားနည်းတွေကနေ အိမ်ရှင် အင်ဒိုနိးရှားက Bridge မှာရွှေ (၉)ခု ပေးခဲ့တဲ့အထဲကနေ ရွှေ (၄)ဆု၊ Paragliding ကစားနည်းမှာရွှေ (၁၃) ခုပေးတဲ့အထဲကနေ ရွှေ (၁၁) ဆု ရယူခဲ့ပါတယ်။

၂၀၀၇ ယိုးဒယား (ထိုင်း) Sea games မှာဆိုရင်လည်း သူတို့ အားသာတဲ့ ကစားနည်းတွေဖြစ်တဲ့ Dancesport, Lawn Bowls ဆိုတဲ့ ကစားနည်းနှစ်မျိုးကို ထည့်သွင်းကစားပြီး မိတ်ဆက်ပေးခဲ့တာပါ။ ထိုင်းနိုင်ငံဟာ Lawn Bowls အားကစားနည်းမှာ ရွှေတံဆိပ် (၅)ခု ပေးခဲ့ပေမယ့် တစ်ခုမှ မရခဲ့ဘဲ Dancesport မှာတော့ ရွှေ (၁၀) ခုပေးတဲ့အထဲကနေ (၈) ခုတောင် ရခဲ့ပါတယ်။ (သူတို့ အားသာမယ်ထင်တဲ့ ကစားနည်းမှာတောင် ဆုမရခဲ့ပါဘူး)

အခုလက်ရှိ မြန်မာမှာ ကျင်းပနေတဲ့ Sea Games မှာပါဝင်တဲ့ ခြင်းလုံးအားကစားနည်းမှာ စုစုပေါင်း ရွှေ (၆) ခုပဲ ပေးတဲ့ အားကစားနည်းဖြစ်ပါတယ်။ (အရင်နှစ်တွေက ကျင်းပခဲ့ပြိုင်ပွဲတွေမှာ ထည့်ပေးထားတဲ့ ရွှေတံဆိပ်တွေနဲ့ ယှဉ်ကြည့်နိုင်ပါတယ်)

မြန်မာ့ရိုးရာ အားကစားနည်း တစ်ခုဖြစ်ပြီး မြန်မာတွေ အားသာတဲ့ အချက်ဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့် ဒီခြင်းလုံး အားကစားနည်းကို ကမ္ဘာကနေ သိအောင် လုပ်ဖို့ ဆိုတာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ထည့်သွင်းကျင်းပဖို့က အဆင်အပြေဆုံးပါပဲ။ (၂၀၁၄ ကမ္ဘာ့ဖလားပွဲရဲ့ အဖွင့်ပွဲမှာ မြန်မာ့ခြင်းလုံးကို အလှခတ်ပြဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။)

မြန်မာတွေ ခြင်းလုံးမှာ ရွှေတံဆိပ်ရတယ်ဆိုတာ ကိုယ့်အားကစားကို ဒေသတွင်းနိုင်ငံကလူတွေ စိတ်ပါဝင်စားလာအောင် လုပ်နိုင်တာ ဖြစ်သလို တခြားနိုင်ငံတွေဟာလည်း သူတို့ အသီးသီးအားသာတဲ့ အားကစားနည်းတွေကို အရင် ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာ ထည့်သွင်း ကျင်းပခဲ့တာဖြစ်လို့ ရှက်စရာမဟုတ်ပါဘူး။

ရှက်စရာ မဟုတ်တာကို ရှက်နေတာကမှ ရှက်စရာဖြစ်မယ်ထင်ပါတယ်ခင်ဗျာ...
 Kyaw Kyaw Win         မြန်မာ့ရိုးရာအားကစားနည်းတစ်ခု ဖြစ်တဲ့ ခြင်းလုံးကို နိုင်ငံတစ်ကာအားကစားမှာ ထိုးဖောက်ဝင်ရောက်နိုင်ဘို့ ၂၇ ကြိမ်မှာ ပွဲထုတ်စင်တင်ပေးလိုက်တာလို့မြင်သည်။ မြန်မာနိုင်ငံသားတစ်ဦးအနေနှင့်ဂုဏ်ယူပါသည်။ ဥပမာ တစ်ခြားသောနိုင်ငံများဖြစ်သည့် ဂျပန်က သူ့ရိုးရာဖြစ်သည့် ဂျူဒို--- တရုတ်က ဝူရှုး --- ထိုင်းနိုင်ငံက ပိုက်ကျော်ခြင်း- မွေအားကစားနည်း--- အင်ဒိုနီးရှားက ပန်ဂျပ်ဆီလပ်သိုင်း--- တောင်ကိုရီးယားက တိုက်ကွမ်ဒို---- စသည့် ၎င်းတို့သက်ဆိုင်ရာ ရိုးရာအားကစားနည်းများကို စင်တင်ပေးလိုက်တာ ယနေ့ဆိုလျှင် ကမ္ဘာအနှံ့ပြန့်နှံ့နေပေသည်။ မြန်မာ့ခြင်းလုံးအားကစားလည်း နောင်တစ်ချိန်ကမ္ဘာ့ပြိုင်ပွဲများဆီသို့ အောင်မြင်စွာ
ထိုးဖောက်နိုင်မည်ဟုယုံကြည်မိသည်။
လင်း ယုန်        ဘုပြောဖို့လောက်ပဲတက်တဲ့ကောင်တွေ...ခြင်းလုံးကို ထိုင်းအသင်းကတအားတော်တယ် ပြိုင်ပွဲကိုမကြည့်ဖူးပဲ ဘုပြောဖို့လောက်ပဲ ချောင်းနေတယ် အရင် ဗိုလ်လုပွဲမှာ ထိုင်းက ရွှေရထားတာရော သိကြရဲ့လားးးးးအားအားနေ ကိုယ့်လူမျိုးပဲ အပုတ်ချဖို့စဉ်းစားနေတယ်။ ခင်းဗျားတို့လိုလူတွေက ဘာပဲလုပ်လုပ် မကောင်းတဲ့ဘက်ကိုပဲတွေးတယ်။ပြောတယ်။လုပ်တယ်။ ခင်ဗျားတို့ရလာဒ်က ဘာဖြစ်လာမယ်ထင်သလဲ????
John Htet       ဘာပဲဖြစ်ဖြစ်ကွာ ကိုယ်တွေကို အနိုင်ကျင့်ထားတာ အခု ကိုယ်တွေကလှည့်ပဲ ဘယ်သူဘာပြောပြောကျေနပ်တယ် ဒင်းတို့ကို ပြန်အနိုင်ကျင့်ရလို့ ဒါပဲ မြန်မာမြန်မာမြန်မာမြန်မာမြန်မာမြန်မာမြန်မာ
Zar Li     ဘယ်သူတွေဘာပြောပြောဝမ်းမြောက်စွာနဲ့ဂုဏ်ယူတယ်
အရှေ့တောင်အာရှနိုင်ငံတိုင်းရိုးရာအားကစားနည်းထည့်ကြတာပဲ
ဥပမာ-ပိုက်ကျော်ခြင်းပန်ကျပ်ဆီလက်မွေထိုင်းအကုန်ထည့်ကျတာပဲ
ဒါတောင်ကျွန်တော်တို့မသိတာတွေရှိဦးမှာအာရှအဆငိ့မှာဆိုနဂါးလှေ ဟာတရုတ်ရိုးရာအားကစားနည်းပဲ
ဘယ်သူတွေဘာပြောပြောပြိုင်ပွဲရဲ့ပထမဆုံးရွှေတံဆိပ်ကိုရတဲ့အတွက်ဝမ်းသာစွာနဲ့ဂုဏ်ယူတယ်
Fighting Myanmar
.
Ko Thein        ဟုတ်တယ်ဗျာ။ ကျွန်တော်လည်း တကယ် ဝမ်းနည်းမိတယ်။ နို်င်တော့လည်းပြောခံရတယ်။ အပြောအဆို လွတ် အောင်ရှုံးအောင် ဆော့ရမလားပဲ။ ခြင်းလုံးအားကစားဆိုတာ ဟိုး ရှေးမြန်မာ ဘုရင်တွေလက်ထက် ကတည်း က ဆော့လာတဲ့ ရိုးရာ ကစားနည်းပါ။ ထွေပြစ်နေတာလည်းမဟုတ်။ ဖန်ခုန်နေတာလည်း မဟုတ်။ ကြိုးခုန်နေတာလည်း မဟုတ်။ ခြင်းလုံးဟာ လွယ်ကူတဲ့ ကစားနည်း မဟုတ်။ ဒါကို ဒီလို ကစားပြနိုင်တာ ဂုဏ်ယူရမှာပါ။
 Thu Ra Tha Wah  သူရသာဝါ
ကျွန်တော်အခု ဝမ်းနည်းနေပါတယ်။ ရွှေအတွက်ပါ။
ခြင်းလုံးကနေ ရွှေရတဲ့အတွက် ညစ်တယ်ဆိုပြီး ဝမ်းနည်းတာ မဟုတ်ပါ။
သူများလည်း သူ့နိုင်ငံလုပ်ရင် ရွှေသေချာတဲ့ ရိုးရာကစားနည်း ထည့်ပြိုင်တာပဲလို့ ခုခံသူတွေအတွက် ဝမ်းနည်းတာမဟုတ်ပါ။
ဘယ်လို ဘယ်ရွှေရရ မြန်မာရဖို့အရေးကြီးတယ် ဆိုသူတွေစကားကို ဝမ်းနည်းတာလည်းမဟုတ်ပါ။
ရွှေအတွက်ဝမ်းနည်းပါတယ်။
ရွှေတံဆိပ်အတွက် ဝမ်းနည်းတာမဟုတ်ပါ။
ရွှေမြန်မာဆိုသူတွေအတွက် ဝမ်းနည်းတာပါ။
ကိစ္စကြီးကြီးသေးသေး အမြဲသဘောထားကွဲလွဲနေကြတဲ့၊
လွတ်လပ်စွာသဘောထားကွဲလွဲခြင်းအပေါ် အပြန်အလှန်လေးစားစိတ်မရှိဘဲ အပြန်အလှန်ဦးအောင် ပုတ်ခတ်ကြဖို့သာ အရင်တွေးတတ်တဲ့၊
နှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲပြီး သုံးယောက်ရှိရင် ငါးဖွဲ့ကွဲတဲ့၊
စည်းလုံးစိတ်နည်းနည်းမှမရှိတဲ့၊
ငါသိ ငါမှန် ငါတကောနဲ့ ငါစွဲပဲရှိတဲ့၊
ပါးစပ်က လူမျိုးကြီးဝါဒတွင်တွင်ပြော.. စိတ်ဓာတ်ညံ့ဖျဉ်းမှုကို အရိုးစွဲအောင် ရင်ထဲလက်ခံထားပြီး မောင်းထုတ်ဖို့မကြိုးစားတဲ့..
အဲဒီ ရွှေမြန်မာတွေကိုကြည့်ပြီး ဝမ်းနည်းပါတယ်။
သေးသေးမွှားမွှားတောင် အချင်းချင်းမညီလို့ ခင်ဗျားတို့မနှစ်သက်တဲ့သူတွေ လက်ထဲ ပြန်မတွန်းနိုင် မလှန်နိုင်ဘဲ ဘယ်လောက်ကြာအောင်နေခဲ့ရပြီလဲ။
ဒီအတိုင်းဆက်သွားကြရင် မြန်မာ့ရေ မြန်မာ့မြေ မြန်မာလူမျိုးဆိုတာ ဘယ်လောက်အကြာမှာ ပျောက်ကွယ်သွားနိုင်သလဲ။
တွေးကြဖို့ကောင်းပါပြီ။
ကျွန်တော်အခုပြောတဲ့အပေါ်လည်း ကြိုက်သလို ကွဲ၊ ကြိုက်သလို ဆဲကြဦးမယ်ဆိုတာ ကြိုသိပါတယ်။
ထပ်ပြောမယ်.. သိပ်ဝမ်းနည်းပါတယ်။
Source ; Eleven Media Group ,Facebook ,27 Sea Game Page , Mandalay Gazette

No comments:

Post a Comment