Sunday, December 29, 2013

ကျေးဇူးတရား တို.၏ မှတ်ကျောက် (သို. ) မြို.လေးနှင်. MJS's Educational Supporting Program


ဝါးခယ် မတည်းခိုခန်းတွင် အမှတ်တရ


 တကယ်တော. ဤအစီအစဉ်များသည် ဘာသာတရားဆိုင်ရာ ပင်စည်ကြီး၏ ခက်ဖြာအသီးအပွင်. များဟုပြောရမည်ဖြစ်သည် ။မြို.ကို အမှန်တကယ်ချစ်မြတ်နိုးပြီး တတ်နိုင်သည်.ဘက်မှ ၀င်ရောက်စွမ်းဆောင်ကြသူတို.၏ မှတ်တမ်းကောင်းတစ်စောင်ဖြစ်သည် ။

Mr Steeve ဆိုသော အနောက်တိုင်းသား တစ်ဦး မြန်မာပြည် ရန်ကုန်မြို. မဟာစည် သာသနာ.ရိပ်သာတွင် ရဟန်းခံ၍ ၁၉၈၅ မှ ၁၉၉၀ အထိ ၅ နှစ်တိုင်တိုင် တရားကျင်.ကြံ အားထုတ်ခြင်းက အစပြုခြင်းဖြစ်သည် ။ထိုသို. ကျင်.ကြံအားထုတ်ပြီးနောက် အမေရိကားသို. ပြန်ရောက်ပြီးနောက် သူကိုယ်တိုင် ကျင်.ကြံ ကြိုးကုတ် အားထုတ် ရရှိလာသော တရားထူးတို.ကိုသင်တန်းများဖွင်.ကာ  ပြန်လည်မျှဝေရင်း သူတို.အားလုံး တစ်ခုတွေးတောမိကြ၏ ။ မိမိတို.အားလုံးတရားထူး တရားမြတ်များ ရရန် ကျင်.ကြံကြိုးကုတ် အားထုတ်နားလည်နိုင်စွမ်း ရှိအောင်  ၊ဘ၀အတွက် အကျိုးများစွာ ရှိအောင် နည်းပေးလမ်းပြ လုပ်ပေးခဲ့သော မြန်မာနိုင်ငံကို စိတ်ဝင်စားရာမှ တစ်ဆင်. မြန်မာပြည်ကိုကျေးဇူးတုန်.ပြန်လိုစိတ်များ ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်သည် ။

ထိုသို.ကျေးဇူးပြုရာတွင် သူတို.ရွေးချယ်လိုက်သော နည်းလမ်းက ချို.တဲ့သော ဒေသများတွင် စာသင်ကျောင်းများ နှင်. ပတ်သက်ထောက်ပံ.ရန် ဖြစ်သည် ။ထိုအစီအစဉ်အတွက်  ကနေဒါ နိုင်ငံသား Mr John Steven တို. ဇနီးမောင်နှံက ထိုင်းနိုင်ငံ ချင်းမိုင် ( ဇင်းမယ် ) ဒေသ အခြေပြုကာ မြန်မာနိုင်ငံအတွင်း မကြာခဏ၀င်ရောက်လေ..လာပြီး သက်ဆိုင်ရာတို.နှင်.ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ။ သူတို.အဖွဲ.ဆောင်ရွက်နေသည်က ယခုဆိုလျှင် ဆယ်စုနှစ် တစ်စု  ပင်ကျော်ခဲ့ပြီဖြစ်သည် ။သူတို. Project ၏ အမည်ကို Mandalay John Steven ဟုပေးပြီး NGO အဖွဲ.အစည်းတစ်ခုအဖြစ်ဆောင်ရွက်လျှက်ရှိပြီး ကျောင်းပေါင်း ၁၀၀ တည်ဆောက်ရန် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည် ။ထိုအဖွဲ.၏ Main Donor အဖြစ် ၀ိပဿနာ နှင်. ဘာသာရေးဆိုင်ရာ သင်တန်းများ ပို.ချနေသော Mr Steeve နှင်. ဓမ္မမိတ်ဆွေများ ၊ တပည်.များက ဆောင်ရွက်နေခြင်းဖြစ်ပြီး Fund ၏ ၈၀% ကို တာဝန်ယူပေးနေခြင်းဖြစ် သည်ဟု သိရသည် ။ လှုဒါန်း လိုသူများက မိမိတို.လှုဒါန်းနိုင်မည်. ငွေပမာဏ အကြောင်းကြားလျှင် သူတို.အဖွဲ.မှ ထိုပမာဏ နှင်. ကိုက်ညီသော ကျောင်းဆောင်ဆောက်နိုင်မည်.နေရာတွင် ကိုယ်တိုင်ဆောင်လုပ်ပေးကြခြင်းဖြစ်သည် ။ ကိုယ်တိုင်ဆိုသည်.နေရာတွင် ကြီးကြပ်ရုံသာမက ကိုယ်တိုင် သစ်မှအစ ၀င်ထမ်းပိုးပြီး စေတနာပါပါ ကူညီပေးကြခြင်းဖြစ်သည် ။

ဤနေရာတွင် ဇာတ်လိုက်တစ်ဦး ရှိသေးသည် ။  သူ.က မိတ္ထီလာသား တစ်ဦးဖြစ်သောကိုမောင်မောင်ကြီး ။ဇာတိက မလှိုင်သားဖြစ်သော်လည်း မိတ္ထီလာတွင်ကြီးသူ ၊ သူက မန္တလေး တက္ကသိုလ် တွင် ပထ၀ီ ဘာသာရပ်ဖြင်. ဘွဲ.ရခဲ့သူ ၊ ချီးကျုးဖို.ကောင်းသည်က သူ ကျောင်းတက်နေစဉ်ကာလ ကျောင်းစရိတ်အတွက် ဆိုက်ကားနင်းရင်း ကျောင်းစရိတ်ကို ရိုးရိုးသားသား ရှာရဲခဲ့သူ ၊သို.သော်ထိုစဉ်ကသူ.အတွက် လိုင်စင်မှအစ ခက်ခဲနေခဲ့ခြင်းဖြစ်သည် ။ သူကလည်း ရဲဝင်.စွာပင် ထိုကိစ္စကို ပါမောက္ခချုပ်ထံ တင်ပြ ခဲ့ရာ ပါမောက္ခ ချုပ်က လိုအပ်သော အကာအကွယ်များ ရရန် ကူညီ စီမံပေးခဲ့သည် ။ ရဲဝံ.ရိုးသားသူတစ်ဦးအတွက် ရရှိသော ဆုလာဘ် က ထို Mr John က ဆိုက်ကားစီးရင်း ကိုမောင်မောင်ကြီး နှင်. ရင်းနှီးပြီး သူ.ဘ၀အခြေအနေကို သိကာ ပညာသင်ကုန်ကျစရိတ် အချို. ကို မျှဝေကျခံပေးလာခြင်းဖြစ်သည် ။ ထို.နောက် ထိုင်းနိုင်ငံသို.ခေါ်သွားပြီး ကိုမောင်မောင်ကြီးအား သူတို.၏ Donate Program တွင် တာဝန်ပေး ကူညိစေ ခဲ့သည်။ ထိုမှတစ်ဆင်. ကိုမောင်မောင်ကြီးအား မြန်မာပြည်တွင်း လုပ်ငန်များကို တာဝန်ခံကြီးကြပ်စေခဲ့ခြင်းဖြစ်သည် ( တစ်ခုရှိသည်က သူသည်ကား ဇီးသီးသည် မဗျိုင်းနှင်. ဆန်.ကျင်ဘက် ယခုတိုင် ရံဖန်ရံခါ ဆိုက်ကား ၀င်နင်းတတ်သေးသည် )  

ကြိုဆိုနေသော အဖွဲံ.တစ်ခု
 ထို Program နှင်. မြို.လေးတို.၏ဆက်စပ်မှုအတွက် မြို.လေးကို ချစ်တတ်သူတို. ၊ မြို.လေ.ကိုမမေ.သူတို. ၊ မြို.လေးကို တိုးတက်စေလိုသူတို.က အဓိက အခန်းမှ ပါဝင်ပေးခဲ့ခြင်းဖြစ်သည်။ယခင်က ထိုအဖွဲ.အစည်းအနေဖြင်. မန္တလေး ၊မကွေး ၊ စစ်ကိုင်းဒေသတို.ကိုသာ အခြေပြုပြီး ထို Donate Program များကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်  မြို.နယ်အသင်း ( ရန်ကုန် ) ၏ အတွင်းရေးမှုး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးမြတ်ထိုက် ၏သမီးဖြစ်သူက ချင်းမိုင် တက္ကသိုလ် တွင်မြန်မာစာဆရာမအဖြစ် တာဝန်ထမ်းဆောင် ရင်း ထို Mr John ကိုမြန်မာစာ သင်ကြားပေးခဲ့ရသည် ။ ထိုမှတစ်ဆင်. Mr John တို.၏ Donate Program ကိုသိရှိကာ မိမိတို.အဖေမှာ ဧရာဝတီတိုင်း ၀ါးခယ်မမြို. ဇာတိဖြစ်ပြီး ထို Donate Program ကို မြို.လေးတွင်လည်း သွားရောက်ကူညီဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုမှုအရ . Mr John ကလည်း စိတ်ဝင်စား စုံစမ်းရာမှ ၀ါးခယ်မမြို.နယ်အသင်း (၇န်ကုန် )၏ ဥက္ကဋ္ဌ ဟောင်း (ယခု- နာယက ကြီး ) ဦးအံ.ကျော်နှင်.တွေ.ဆုံဆက်သွယ် မိပြီး အသေးစိပ်အချက်အလက်များတောင်းခံခဲ့ပါသည် ။
ထို Program အတွက်မြို.နယ်အသင်းမှ ၀ါးခယ်မမြို.နယ် ပညာရေးမှုးထံ မြို.နယ်အတွင်းမှ အချို.တဲ့ဆုံး ကျောင်း ၅ကျောင်း စာရင်းတောင်းခံပြီး ကျန်လိုအပ်သော အချက်အလက်များကိုလည်း သက်တိုင်ရာ အဖွဲ.အစည်းများ အကူအညီဖြင်. စုဆောင်းပြုစုကာ MJS ထံ Project တင်ပြခဲ့ကြခြင်းဖြစ်သည် ။ ထိုတင်ပြသောအချက်အလက်များအရ MJS မှ စိတ်ဝင်စားစွာဖြင်. ကျောင်း ၅ကျောင်းအနက် အနည်းဆုံး၃ကျောင်းကို လာမည်. ၂၀၁၄ ခုနှစ်အတွင်း အပြီးတည်ဆောက်ပေးမည်ဖြစ်သည် ။ 

ပြုပြင်ရန် လိုအပ်နေသော ကျောင်းတစ်ကျောင်း ရှေ. တွင်

တင်ပြခဲ့သော ကျောင်း ၅ကျောင်းမှာ ရှမ်းကုန်းကျေးရွာ မူလတန်းကျောင်း ၊ သော်က တံတားကြီး မူလတန်းကျောင်း ၊ အရှေ. မိုးမခ သက္ကယ် ကျေးရွာမူလတန်းကျောင်း ၊ကြခတ်ကုန်း  ကျေးရွာ မူလတန်းကျောင်းတို.ဖြစ်သည် ။
MJS အနေဖြင်. ၂၀၁၄ နှစ်ဝက်နောက်ပိုင်းတွင် တည်ဆောက်နိုင်မည်ဖြစ်ပြီး ၂၀၁၄ အတွင်း ပြီးစီးအောင်ဆောင်ရွက်မည်ဖြစ်သည်ဟု သိရသည် ။ယခုလက်ရှိတွင် MJS အနေဖြင်. အထက်အညာဒေသတွင် စာသင်ကျောင်း အချို.တည်ဆောက်နေဆဲဖြစ်ကာ အချို.ကျောင်းများ ပညာရေးဝန်ကြီးဌာနထံအပ်ပြီးဖြစ်သော်လည်း ကလောဒေသဘက်တွင် ကျောင်း၁၉ ကျောင်း တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည် ။

စာသင်ခန်းအတွင်း အရောက်
 MJS အနေဖြင်. အခြား NGO များနှင်. မတူညီသည်. အချက်က သူတို.ကိုယ်တိုင်ကြီးကြပ်ဝင်ရောက်ဆောက်လုပ်ခြင်း ၊ ဆောက်လုပ်ပြီး ကာလများတွင်လည်း နှစ်စဉ်လာရောက်စစ်ဆေးပြီး ကာယကံရှင် ကျေးရွာလူထုတို.၏ စိတ်ပါဝင်စားမှု ၊ပူးပေါင်းဆောင်ရွက်နိုင်စွမ်း စသည်တို.ကိုအကဲဖြတ်ကာ လိုအပ်သလိုပြုပြင်ထိမ်းသိမ်းပေးခြင်း ၊ ကျောင်းအတွင်း လိုအပ်သော စာသင်ခုံအပါအ၀င် သင်ထောက်ကူ ပစ္စည်းများ ပံ.ပိုးပေးခြင်း ၊ ပူးပေါင်းဆောင်ရွက်မှု ကောင်းလျှင်ကောင်းသလို စာသင်ဆောင်များ တို.ချဲ့လှုဒါန်းခြင်း၊ ဆရာ/ဆရာမ/ကျောင်းသားတို.၏၀တ်စုံထောက်ပံ.ပေးခြင်းစသည်တို. ကို လုပ်ဆောင်ပေးခြင်း တို.ဖြစ်သည် ။သူတို.ဆောက်လုပ်ချိန်တွင်လည်း ကျေးရွာ လူထုအနေဖြင်. မိမိတို.ရပ်ရွာအကျိုးမို. မိမိတို.ကိုယ်တိုင် စိတ်ပါလက်ပါ ၀င်ရောက်လုပ်အားပေးဖို.ကိုလည်း ဖိတ်ခေါ်ထားကြသည် ။


 သိရှိရသလောက် သူတို.ဆောက်လုပ်ရာတွင် ငလျှင်ဒါဏ် ခံနိုင်ရန် ၊ နှစ်ရှည် ခံနိုင်ရန် စသည်တို.ပါ ထည်.သွင်း တွက်ချက် ဆောက်လုပ်ကြောင်း သိရသည် ။ထို.အပြင် သူတို.စိတ်ဝင်စားသည်က ကျန်းမာေ၇း ကိစ္စ ၊ကျေးရွာများတွင် သားဖွားဆရာမများ ရှိသော်လည်း ကျေးရွာစေ. ဆေးခန်းမရှိကြောင်း သိထားသည်.အတွက် ဆေးခန်းကိစ္စ ၊ Mobile Clinic များထား၇န်ကိစ္စတို.ကို မေးမြန်းဆွေးနွေးဖြစ်သည် ဟုလည်းသိရပါသည် ။ 

ကျေးရွာ တိုင်းရင်းသားခေါင်းဆောင် တစ်ဦး နှင်. အမှတ်တရ
 ဤအစီအစဉ် အားလုံးသာ အဆင်ပြေချောမွေ.စွာအောင်မြင်ပြီးဆုံးခဲ့ပါက ထိုစာသင်ကျောင်းများသည် ကျေးဇူးတရား အလေးထားသူတို.၏ အမြှော်အမြင်ကြီးစွာ တုန်.ပြန်ကျေးဇူးဆပ်မှုဟု ထင်ရှားသော ပြယုဂ်တို. ဖြစ်လာပါလိမ်.မည် ။ ဘာသာတရား၏ အဆုံးအမ ကိုကျေးဇူးတင်စွာတုန်.ပြန်သူတို.က ဤလှုဒါန်းမှု အစီအစဉ်များကို အကောင်အထည်ဖော်ခဲံ့သည် ။ ဇာတိမြေကို ကျေးဇူးဆပ်လိုသူတို.က  ဤအစီအစဉ်တွင် မိမိတို.မြို. ပါဝင် လာနိုင်စေရန် စေတနာအပြည်. ကြိုးစားပမ်းစား ချိတ်ဆက် ဆောင်ရွက်ပေးခဲ့သည် ။ ကျေးဇူးတရားကိုလည်းသိသည်

။ ကျေးဇူးကိုလည်း ပြန်လည်တုန်.ပြန်သည် ။ တုန်.ပြန်သည်. နည်းလမ်းကလည်း မှန်ကန်စနစ်ကျသည်  ။သေချာသည် ထိုသူတို.၏ ပစ္စုပ္ပာန် ၊ သံသရာ နှစ်ဖြာကား ကောင်းကျိုးဝေဖြာလျှက်……………………………….

Thanks U Than Htay for All Photos & Data Supply .

No comments:

Post a Comment