နိုင်ငံကို အမှန်တကယ်ချစ်မြတ်နိုးသူတို.ကား မည်သူပြုသည်ဖြစ်စေ
မပြုသည်ဖြစ်စေ ( လူပုဂိုလ်စွဲ ၊ ၀ါဒစွဲ မပါပဲ ) နိုင်ငံတော်အတွက် မိမိတတ်နိုင်သမျှ
မှန်ကန်သော နည်းလမ်းဖြင်. အစွမ်းကုန်ပေးဆပ်ရင်း မည်သည်.အကျိုးတစ်စုံတစ်ရာကိုမျှ မတွက်ချက်
မမျှော်ကိုးပဲ ကျရာတာဝန်ကိုပင်ကျေနပ်စွာထမ်းဆောင်ခဲ့ကြသူများ ၊ ထမ်းဆောင်နေကြသူများ
ဟုမြင်မိပါသည် ။
မြို.လေးတွင်လည်း မျိုးချစ်စိတ်ဓါတ် ပိုင်းနှင်. ပတ်သက်၍ မည်သည်.အခါကမျှ
အားမနည်းခဲ့ကြောင်း သမိုင်းကြောင်းများ စွာ ရှိခဲ့ပါသည် ။ မြို.နယ်အဆင်. မြို.လေးတစ်ခုတွင်
နိုင်ငံ.ဂုဏ်ရည် ပထမဆင်. ၄ယောက် ၊ ဒုတိယဆင်. ၁ယောက် ၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင်.
၁၀ ယောက် ၊ ဒုတိယဆင်.၂၉ ယောက် ၊ တတိယဆင်. ၄၁ယောက် ပေါ်ထွန်းခဲ့သည်ကိုကြည်.လျှင် မြို.လေး
၏ နိုင်ငံတော်အတွက်၊ လွတ်လပ်ရေးအတွက် စွှန်.လွှတ်ရဲမှုများကို သတိပြုမိလိမ်.မည် ဖြစ်ပါသည်
။ထိုသို.စွန်.ရဲခဲ့သူ အားလုံးလိုလိုသည်လည်း နိုင်ငံတော်အတွက် ၊ လွတ်လပ်ရေးအတွက် လိုအပ်ချိန်တွင် အစွမ်းကုန်စွန်.စားခဲ့ကြပြီး ဘ၀၏
လက်ကျန်အချိန်များကို အေးချမ်းစွာသာ ဖြတ်သန်း ခဲ့ကြသူများက အများစုဖြစ်ခဲ့သည် ။ ထိုကြယ်ပွင်.များအနက်
အချို.ကကြွေ ၊အချို.ကနွမ်း အချို.ကတော. ….
,ယခုအချိန်မရွေး ကြွေလွင်.သွားနိုင်သည်. ကြယ်အနွမ်း တစ်ပွင်.အကြောင်း
ဂုဏ်ပြုဖော်ပြပါမည် ။
သူ.အမည်က ဦးညွန်.ရွှေ ၊ ထိုစဉ်ကတော.မောင်ညွှန်.ရွှေ
ဇာတိက ၀ါးခယ်မမြို.နယ်
ကြာဖြူကျေးရွာ ၊အသက်က ၁၆ မပြည်.သေး သို.သော်
နိုင်.ငံ.လွတ်လပ်ရေးအတွက်ဟူသောစိတ်ကား မိဘမျိုးဘက်လိုက်သည်ဟု ပြောရမလား ၊ အဖက ဦးမဲ ..အမိက ဒေါ်မယ်ကန် ဟူသော သခင်မ ( လွတ်လပ်ရေးမော်ကွန်းဝင်
ဒုတိယဆင်. - ကွယ်လွန် ) ၊ ဦးလေးက ဦးလှရွှေ
( လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင်. - ကွယ်လွန် ) ၊ အဒေါ်က ဒေါ်ရွှေ ( လွတ်လပ်ရေးမော်ကွန်းဝင်
ဒုတိယဆင်. - ကွယ်လွန် ) ဆိုတော. မျိုးရိုးက
အထက်တန်းစားတွေ ဟုပြောလို.ရသောမျိုးရိုး ။ ပထမအကြိမ် စစ်ထဲဝင်မည် ဆိုတော. အသက်က တအားငယ်နေသေးတော.
ဝင်မရ ၊ အချိန်အနည်းငယ်စောင်. ပြီးနောက်တစ်ကြိမ် ထပ်ကြိုးစားတော. မှ ၀င်ခွင်.ရသည် ။
၁၆ နှစ်သား အသက်ကို နိုင်ငံအတွက် ကိုယ်.သဘောနှင်.ကိုယ်တိုးပြီး ၀င်ခွင်.ရခဲ့ခြင်းဖြစ်သည်
။ မိဘဆွေမျိုးများက လည်း အဘယ်မျှနိုင်ငံတော်ကိုချစ်သနည်း ဆိုလျှင် ထိုသား စစ်ထဲဝင်ဖို.သွားမည်ဆိုတော.
ဘုန်းတော်ကြီးများပင်. ဆွမ်းကပ် သရဏဂုံတင်၍ လွှတ်လိုက်သည် ။ ( ဂျပန်နိုင်ငံရှိ ကာမီကာဇေ
သွားမည်. တိုက်လေယာဉ်မှုးများအတွက် မိဘများ ၊ချစ်သူဇနီးမယားများက ကျေကျေနပ်နပ်ကြီး
လိုက်လံနှုတ်ဆက်ပို.ဆောင်ပုံတွေ ၊ အရိုးအိုးကို ပိတ်စဖြူဖြူနှင်. ဂုဏ်ယူစွာ ကြိုဆိုကြပုံ
များနှင်.ယှဉ်တွေးမိသော်လည်း အနှစ်သာရခြင်းကား……..)
ထိုအချိန်က ဖက်စစ်တော်လှန်ရေး အမှီ တပ်မတော်အတွင်း ၀င်ခဲ့ခြင်းဖြစ်သည်
။ ကျရာနေရာတွင် ပေးအပ်သော တာဝန်တို.ကိုကျေပြွန်စွာ ထမ်းဆောင်ရင်း တိုင်းအမှတ် ၆ မှနေ၍
ဖက်စစ်တော်လှန်ရေးကို ထူးထူးချွန်ချွန် ပါဝင်ဆင်နွဲခဲ့သည် ။ထို.အတွက်လည်း ၁၉၄၅ အောက်တိုဘာ
၂ ရက်နေ.တွင် နိုင်ငံတော် ကိုယ်စား ဖက်စစ်တော်လှန်ရေး တိုင်းအမှတ် ၆ တိုင်းမှုး လက်မှတ်ရေးထိုးချီးမြှင်.သော
မျိုးချစ် ဗမာ.တပ်မတော် တိုင်းအမှတ်၆ ဖက်စစ်တော်လှန်ရေး အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ်
ဖြင်. စွမ်းရည်နှင်. စာရိတ္တတို.ကို အသိအမှတ်ပြုခံခဲ့ရသည် ။ ထိုစဉ်က သူ.အသက် ၂၂နှစ်
… ထိုနှစ်
ထိုလ ၏ ၅ ရက်နေ. ( ၁၉၄၅ အောက်တိုဘာ ၅ ) တွင် မျိုးချစ် ဗမာ.တပ်မတော်၏ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း
ကိုယ်တိုင် လက်မှတ်ရေးထိုးချီးမြှင်.သော တပ်သားကျော်မောင်ညွန်.ရှိန်အတွက် မျိုးချစ်ဗမာ.တပ်မတော်၏
အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ်စသည်တို.ကား သူ.အဖို.တော. ဘယ်အရာနှင်.မှ မလဲနိုင်သော ၊ တန်ဖိုး
မဖြတ်နိုင်သော အမြတ်နိုးဆုံးအရာ ဖြစ်ခဲ့သည် ။
ထို ၁၉၄၅ ခုနှစ်တွင်ပင် ဗိုလ်ချုပ်က တပ်ထဲကျန်ခဲ့ရမယ်.သူနဲ.
နိုင်ငံရေး လုပ်မယ်. အုပ်စုတွေခွဲတော. သူတို.က တပ်ဖျောက်ခဲ့ရသည် ။ဒုတိယသေနာပတိ ဗိုလ်မှုးအောင်၏
လမ်းညွှန်မှုဖြင်.သူတို.၏နာမည်ကျော် တပ်ရင်း ၅ တစ်ခုလုံး တောင်ညို ၊ပျဉ်းမနားနယ်တစ်ဝိုက်
တပ်ဖျောက်ခဲ့ကြရပြီး တပ်မတော်အတွက် လူသူစုဆောင်းရေးပိုင်း
၊ထောက်ပံ.ရေးပိုင်းတာဝန်ယူခဲ့ကြရသည် ။အနီးတစ်ဝိုက်ရွာများတွင် စာရင်းငှား ၊အိမ်အကူ
၊ စသည်ဖြင်. ပုံစံစုံနေထိုင်ကြရသည် ။သူတို.ကို ဒေသခံအာရှ လူငယ်များက ကူညီကြသည်။ထို.နောက်တော.
သာမာန်အရပ်သား ဘ၀နှင်.သာ ဆရာဖြစ်သူ ..ဗိုလ်မှုးသန်းမောင် (နိုင်ငံ.ဂုဏ်ရည် -မော်ကွန်းဝင်
ပထမဆင်. …)
ထံတွင်သာ
စုစည်းနေထိုင်ခဲ့ကြသည် ။ထို.နောက် သီးခြားစီအခြေချနေထိုင်ကြ၇န်
အတွက် ရွေးချယ်ကြရင်း ကလောဘက်အထိ ရောက်ခဲ့ကြသော်လည်း ထိုကျင်လည်ခဲ့ရာ အထက်အညာဝန်းကျင်တွင်သာ
အခြေချဖို.ဖန်လာခဲ့သည် ။
မျိုးကိုချစ်သလို မြို.ကို မမေ.သူက အိမ်ထောင်ပြုတော.လည်း ၀ါးခယ်မ
မြို.သူ နှင်. ပင်လက်ထပ်ခဲ့သည် ။နဖူးစာ ရွာလယ်သည်ဟုလည်းပြော၍ရသည် ။သူ.အိမ်ထောင်ဖက်ဖြစ်လာမည်.သူက မြို.လေးဆီကနေ အထက်အညာဘက်
ကုန်သွယ်ရင်း တွေ.ဆုံ လက်တွဲ ခဲ့ကြသည်. အချိန်က ၁၉၇၁ ခုနှစ် သူ.အသက်က ၅၀နီးပါးပင်ရှိပြီဖြစ်သည်
။ ငယ်စဉ်ဘ၀ နိုင်ငံနှင်. လူမျိုးအတွက် အရာအားလုံးပေးဆပ်ထားခဲ့ရသူမို. သာမာန်လူတို.အဖို.အတော်လေးနောက်ကျသည်ဟု
ပြောရမည်.အရွယ်ကျမှ ကိုယ်ပိုင်ဘ၀ တည်ဆောက်ဖြစ်ခဲ့ရသူ ။ အိမ်ထောင်ဖက်အမည်က ဒေါ်လှကြည်
ဝါးခယ်မမြို.နယ် ဓနုံးချောင်းရွာသူ .. ထို.သို.အိမ်ထောင်ပြုပြီးနောက်တော. ဘ၀၏အချိန်အတော်များများ
ရင်းနှီးခဲ့ရာ အထက်မြန်မာပြည်တွင်တော. အခြေချဖြစ်တော.သည် ။
ထိုနေရာကား အဆိုတော် ဦးအံ.ကြီး
သီချင်းကြောင်. နာမည်ကျော်ခဲ့ရသည်. (မင်းဂံ ဘုတ် ရွာသူများ အသားတော် ၀င်းးးလို. ၀ါဝါရည်ရွှင် ကြည်ကြည်လင်လင် ဆိုသောသီချင်း ) မင်း ဂံ ၊ ဘုတ် စသောရွာများအနီးရှိ
တောစုဆိုသော ရွာလေး ဖြစ်သည် ။ ထိုရွာလေးကား အဘယ်မျှအေးချမ်း ရိုးသားကြသနည်းဆို ၂၀၀၄
ခုနှစ်အထိ အိမ်ခြေ ၈၀ ခန်.သာရှိပြီး မည်သည်.အိမ်တွင်မျှ တံခါးမရှိ ၊ သူခိုး ၊သူဝှက်
ဆိုသည်ကား ကြားဖူးရူံသက်သက် သာ ။
ထိုရွာလေးတွင် ၁၉၇၂ မှစအခြေချပြီး မွေးမြူရေး လုပ်ငန်းများ
စတင်လုပ်ဆောင်ခဲ့သည် ။ထို.နောက် စိုက်ပျိုးရေး လုပ်ငန်းများဘက်ခြေဦးလှည်.ကာ ပန်းမုန်လာ
၊ သြဇာ ၊ သင်္ဘော စသောအပင်များ ထိုမှ နှစ်ရှည်ပင်များဖြစ်သော မကျီး ၊သရက် ၊ သနပ်ခါးစသော
နှစ်ရှည်ပင်များ စိုက်ပျိုးရင်း ဘ၀ကို အေးချမ်းစွာ မှန်မှန်ကန်ကန် ကြိုးစားရင်း နေထိုင်ဖြတ်သန်းခဲ့သူ
။ မည်.သည်.အခမ်းအနား မျှစိတ်မ၀င်စားပဲ လက်ကျန်ဘ၀အချိန်အားလုံးကို သစ်ပင်ပန်းမန် များကြားတွင်သာ
ကုန်ဆုံးစေခဲ့သည် ။သားထောက်သမီးခံ ကလည်းမရှိတော. လက်တွဲဖော် နှင်.သူတစ်ပြန် ကိုယ်တစ်ပြန် အားကိုးကြရင်း အတူနေ တူတစ်ဦးနှင်.ထိုတူ၏မိသားစုလေး တို.ဖြင်.သာ နေထိုင်ခဲ့ကြသည် ။ ၁၉၇၅ ခုနှစ် မတ်လ ၂၇ ရက်နေ.တွင်တော. နိုင်ငံတော်က သူ၏ စွန်.လွှတ်စွန်.စားမှုများအတွက် လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယဆင်. ချီးမြှင်.ခဲ့သည် ။
ယခုတော.သူ.အသက် က ၉၀ကျော်သွားပြီဆိုတော. လူကြီးနာ ၊ ခန္ဒာကိုယ်တစ်ခြမ်းကလည်း လေက ဖြတ်ထားဆိုတော. မေးတာလောက်သာသိပြီး
ဘာမှတော.မပြောနိုင်တော. ၊တကယ်တော. သူအိပ်ရာထက်လျောင်းစက် ဖြစ်သည်က ယခုလေဖြတ်ခံရပြီး
လပိုင်းမျှသာ ရှိသေးသည် ။အေးချမ်းစွာ နေခဲ့သူမို.သက်တမ်းစေ. နေရသော်လည်း ၊ ရိုးသားစွာကြိုးစားခဲ့သူမို.
အဆင်ပြေပြေနေရသော်လည်း ဇရာ၏ သဘော ၊ မရဏ၏ အရိပ် ကိုမလွန်ဆန်နိုင်သည်.နည်းတူ အိပ်ရာထက်
လျှောင်းစက်ရင်း နေ၀င်ချိန်ကို သူနေထိုင်ရာ မန္တလေးတိုင်း ပုသိမ်ကြီးမြို.နယ် မင်းဂံကျေးရွာအုပ်စု
တောစုကျေးရွာလေးဆီက အိမ်လေးဆီကနေ စောင်.မျှော်လျှက် ……………..
( ဇာတိဖွား တော်လှန်ရေး သမားအိုကြီးတစ်ဦး၏ ဘ၀ပုံ၇ိပ် တစ်စွန်းတစ်စ
ကို လက်လှမ်းမှီသမျှ လေ.လာတင်ပြခြင်းသာဖြစ်သဖြင်. သမိုင်းတစ်ရပ် ၊အထ္တုပ္ပတ္တိ တစ်ခု ပြုစုသကဲ့သို.
ပြည်.စုံမည် မဟုတ်သည်ကိုတော. အသိပေး မေတ္တာရပ်ခံအပ်ပါသည် )
{ စာကြွင်း …..ယခုစာသည်
နောက်ဆုံးအဆုံးသတ်နေခိုက် စိတ်မကောင်းစွာထပ်မံထည်.သွင်းခဲ့ရခြင်းဖြစ်ပါသည် ။မိမိတို.ဇာတိဖွား
တစ်ဦးကို အချိန်မှီဂုဏ်ပြု၇န် ကြိုးစားခဲ့ပါသော်လည်း အချို.အချက်အလက်များ ထပ်မံမေးမြန်းနေရခြင်း
၊ သမိုင်း၏ အစိတ်အပိုင်း တစ်ခုမို.မှားယွင်းမည်စိုးသဖြင်. တတ်နိုင်သမျှစိစစ်ရခြင်းတို.ကြောင်.
ယခုညမှသာအပြီးသတ်တင်ရန် ပြင်ဆင်နေခိုက် သတင်းဆိုးတစ်ခုက ၀င်ရောက်လာခဲ့ပါသည် ။ ထိုကြယ်အနွမ်း
တစ်ပွင်.ကား ယနေ.ည (၂၀၁၃ -ဒီဇင်ဘာ -၁၀
ရက် ) ၇နာရီ မိနစ် ၄၀ တွင်ပင် ကြွေလွင်.သွားခဲ့ရပြီဖြစ်ပါသည် ။ဘ၀၏ နောက်ဆုံးအချိန်အမှီ
ဂုဏ်ပြုဖော်ပြနိုင်ရန် ကြိုးစားရင်း နာရီပိုင်း မျှနောက်ကျခဲ့ရခြင်းကြောင်. မချင်.မရဲ
ဖြစ်ရခြင်း ၊စိတ်မကောင်းဖြစ်ရခြင်း ၊အားမလိုအားမရဖြစ်ရခြင်းတို. တစ်ပြိုင်တည်းခံစားရပါသည်
။မူလအရေးအသားအားလုံးကို ခေါင်းစဉ်အပါအ၀င် မပြင်ပဲအမှတ်တရ ဖော်ပြဖြစ်ပါသည် ။ အများအကျိုး စွန်.စွန်.စားစား
သ.ယ်ပိုးခဲ့သလို ဘ၀ကိုရိုးရိုးသားသားဖြတ်သန်းခဲ့သူမို. မည်သူ.ဆုတောင်းမှမလိုပဲ ကောင်းရာမွန်ရာ ဘုံဘ၀သို.
ရောက်ရှိမည်ဟု ယုံကြည်လျှက် ………
နှမြောတသခြင်း များစွာဖြင်. …….
}
Data Supply by Sophie Phyo
No comments:
Post a Comment