Thursday, December 5, 2013

Sea Game , နိုင်ငံတော် သမ္မတ , ဒေါ်အောင်ဆန်းစုကြည် တို.၏ ဇာတာ နှင်. နက္ခတ် သတိပြုစရာ





နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှု၊ သဘာဝဘေးရန်များ၊ နိုင်ငံတော် လုပ်ကြံမှုများနှင့် နိုင်ငံ၏သမိုင်းဝင် ထင်ရှားသော အဖြစ်အပျက်တို့က အချိန်တိုင်း နှစ်တိုင်း၌ မဖြစ်တတ်ပေ။ ထိုအဖြစ်အပျက် တို့မှာ နိုင်ငံတော် ဇာတာနှင့် နိုင်ငံတော်သမ္မတ သို့မဟုတ် မင်းအုပ်ချုပ်သူတို့၏ ဇာတာတော်များ ပေါ်သို့ အားကောင်းသော ပါပဂြိုဟ်ကောဇာ အစီးအနင်း Combination တို့က တစ်ထပ်တည်း သို့မဟုတ် အဆိုးအမြင် အယှဉ်များ ရှိလာသည့် နှစ်အချိန် လပိုင်းတို့၌သာ ဖြစ်ပျက်လေ့ ရှိတတ်ကြကုန်၏။

သို့ဖြစ်၍ နက္ခတ်ဗေဒင် ဆိုသည်ကားလည်း မင်းတိုင်ပင်ခံပညာ ပေမို့ မင်းတို့၌ ဖြစ်ပျက်လာနိုင်သော အခြေအနေ များကို ကြိုတင် မီးမောင်းထိုးပြရန် မှာက ပညာရှင်တို့၏ တာဝန်ပင် ဖြစ်ပေသည်။ သို့ဖြစ်၍ စာရေးသူက နိုင်ငံရေးနက္ခတ္တဗေဒ အလိုအရ အောက်ပါ အချက်အလက်တို့ကို ကြိုတင် မီးမောင်းထိုးပြရန် တာဝန်ရှိလာပါသည်။

မြန်မာနိုင်ငံ၏ သမိုင်းကို ရေးနေသော အဓိကဇာတ်ကောင် ဂြိုဟ်တို့က စနေ-Uranus နဲ့ Mars အင်္ဂါ တို့ဖြစ်ကြပြီး ယင်းတို့၏ Combination အမြင် အယှဉ်တစ်ခုက နိုင်ငံတော်ဇာတာ အပေါ်သို့ လည်းကောင်း၊ မင်း၏ဇာတာ အပေါ်သို့ လည်းကောင်း တိုက်ရိုက်ဆက်သွယ်မိပြီ ဆိုမှဖြင့် တိုင်းပြည်နှင့် မင်းတို့အတွက် လည်းကောင်း ထိုက်ထိုက်တန်တန် ဆိုးကျိုးများကို ပေးလာ တတ်ပါသည်။

နိုင်ငံတော်၌ ယနေ့ ထူးခြားနေသည်မှာ နိုင်ငံတော်ဇာတာရယ်၊ သမ္မတကြီး ဇာတာရယ်၊ အတိုက်အခံ ခေါင်းဆောင် ဇာတာရယ် ယင်းဇာတာပါ စန်းသုံးပါး စလုံးက Virgo ကန်ရာသီ၌ တစ်ထပ်တည်းကျလို့ ရပ်တည်နေ ကြပါသည်။ ဤသို့ စန်းသုံးပါးလုံး အသွင်တူနေတာမို့ အတိုက်အခံ ခေါင်းဆောင် ကလည်း သမ္မတကြီးဦးသိန်းစိန် လက်ထက်ကျမှ Reunion ဖြစ်လာခဲ့ရခြင်းပင် ဖြစ်ပေသည်။

ယနေ့ နိုင်ငံတော်တွင် ကျွန်းဆွယ်ပွဲကြီးကို တစ်ခဲနက် အားရပါးရ ဂုဏ်ရှိရှိ ကျင်းပဖို့ နိုင်ငံတော်က ဘက်စုံ ပြင်ဆင်ထားပြီး အသင့်အနေအထား မှာရှိနေသလို မြန်မာတို့ ရွှေတွဲလဲငွေတွဲလဲနှင့် ဂုဏ်ယူဝင့်ကြွားစရာ တို့ကလည်း တာစူလို့ နေပေသည်။ သို့သော် ယနေ့ အာကာသမှ Mars အင်္ဂါ ဂြိုဟ်၏ Transit တစ်ခုကတော့ နိုင်ငံတော်ဇာတာ၊ သမ္မတကြီးနှင့် အတိုက်ခံခေါင်းဆောင် တို့၏ စန်းများပေါ်သို့ နိုဝင်ဘာလ ၂၇ ရက် ၂၀၁၃ မှ စတင်ဝင်ရောက်လာနေပြီး တစ်ခါ ယင်း Mars အင်္ဂါက မတ်လ ၃ ရက် မှ ဇူလိုင်လ ၁၅ ရက် ၂၀၁၄ အတွင်းမှာတော့ နိုင်ငံတော်ဇာတာ၊ သမ္မတကြီး ဇာတာနှင့် အတိုက်ခံဇာတာ တို့၏ ကန်စန်းပေါ်သို့ ဗျဂ္ဃစာ ကျင့်ခြင်းနှင့်အတူ ရက်ရှည်လများ ကန်ရာသီ၌ ဖြတ်သန်းလို့ နေမည်ဖြစ်သလို ပိုလို့အံ့ဖွယ် ထူးခြားချက်ကတော့ ၂၀၁၄ မတ်လ ၃ ရက်မှာ Mars အင်္ဂါနဲ့အတူ စနေဂြိုဟ်ကြီးကပါ Retrograde Motion ဗျဂ္ဃစာ ကျင့်မည် ဖြစ်သောကြောင့် နိုင်ငံတော်တွင် ထူးခြားသော ဖြစ်ပျက်သမိုင်းတစ်ခုက ဧကန်ဖြစ်ပျက်လာဖို့ များနေပါသည်။


ဒေါ်အောင်ဆန်းစုကြည်

အထူးသဖြင့် ယင်းအင်္ဂါဂြိုဟ် ဖြတ်သန်းနေခြင်းက အတိုက်အခံ ခေါင်းဆောင်၏ ဇာတာ MC ဆယ်တန့် စန်းပေါ် ဖြတ်သန်းနေမှာမို့ အတိုက်အခံ ခေါင်းဆောင်အနေနဲ့ ဘက်စုံသတိထား ဆင်ခြင်စရာများက ဧကန် ရှိနေပါသည်။ အစောဆုံး နိုဝင်ဘာလ ၂၇ ရက်မှ စတင် အကျုံးဝင်လာနိုင်သလို ပြဿနာများ စတင်သန္ဓေ တည်လာနိုင်ပါသည်။ သို့ဖြစ်၍ ဇာတာရှင်မှာ အထက်ဖော်ပြပါ လပိုင်းများအတွင်း ဆန္ဒစောမိနေလွန်းခြင်း၊ မခံချင်စရာများကို တွေ့လာခြင်း၊ ဒေါသစိတ်များ လွှမ်းမိုးလာရခြင်း၊ ပြောမှားဆိုမှား ဖြစ်ရခြင်း၊ မထင်မှတ်သော ရှုထောင့်မှနေ၍ မိမိအား တိုက်ခိုက်လာတာမျိုး၊ ဆန့်ကျင်လာတာ မျိုးများနှင့် ရင်ဆိုင်လာရခြင်း၊ အလွယ်ဆုံး ပြောရရင် ကြေးနီတောင်ပြဿနာ မျိုးများ ထပ်မံရှိလာနိုင်ခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ကျန်းမာရေးကို ဒုက္ခပေးလာနိုင်ခြင်း များက ရှိလာနိုင်ပါသည်။ အဓိကရုဏ်း ဖြစ်လာတာမျိုးများ ရှိလာနိုင်တာမို့ ဇာတာရှင်ဘက်မှ (၁) လူထုရှေ့ ထွက်ခြင်း သို့မဟုတ် ဟောပြောခြင်း၊ စည်းရုံးရေး ဆင်းခြင်းများ မပြုအပ်ပေ၊ လူကို သို့မဟုတ် မိမိဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော ကာလ ဖြစ်နေပါသည်၊ (၂) ခရီးဝေးသွားခြင်း၊ ကား-လေယာဉ်-ရထား ခရီးစဉ်များကို ဆင်ခြင်ရမည်၊ (၃) အထက်ပါ လပိုင်းများတွင် မီဒီယာအင်တာဗျူး များကို ရှောင်သင့်ပါသည်၊ (၄) လွှတ်တော်၌ အပြောအဆို ဆင်ခြင်ရန်လည်း ရှိနေမည်၊ (၅) လူယုံ သတ်တတ်သည်၊ ပါတီအတွင်း Inner Conflict ဖြစ်လာနိုင်ပါသည်။ တစ်ခုမဟုတ် တစ်ခုခုတော့ ဧကန် ရှိလာနိုင်တာမို့ ဇာတာရှင်ဘက်မှ စသတိထား ဆင်ခြင်နိုင်ပါမှ တော်ကာကျလိမ့်မည်ဟု မှတ်ချက်ပေးရပါမည်။ ဇူလိုင်လ ၂၀၁၄ အတွင်း ဘက်စုံ သတိထားဆင်ခြင်ရန်တော့ လိုလိမ့်မည်။

နိုင်ငံတော်သမ္မတ


နိုင်ငံတော်သမ္မတ သည်ကားလည်း ကန်စန်းပေမို့ ကိုင်တွယ်ရန် ခက်ခဲသော ပြဿနာများ မမျှော်လင့်ဘဲ ရှိလာနိုင်သလို လူထုဆန္ဒပြပွဲလို၊ အဓိကရုဏ်းလို ပြဿနာများ သို့မဟုတ် နိုင်ငံခြားနှင့် ရှင်းရမည့်ပြဿနာမျိုးကြောင့် စိတ်နှလုံး မကြည်သာစရာ များက ရှိလာနိုင်ခြင်း သို့မဟုတ် ကျန်းမာရေး ကျဆင်းခြင်းများ ရှိလာနိုင်တာမို့ ထိုကာလတွင် နိုင်ငံခြား ဆေးကု ထွက်ရခြင်းများ ရှိလာနိုင်ခြင်း၊ သဘာဝဘေးရန် သို့မဟုတ် နိုင်ငံရေး မတည်ငြိမ်မှုများ ရှိလာနိုင်ပါသည်။ သို့မဟုတ် မိမိက ASEAN ဥက္ကဋ္ဌဖြစ်နေတာမို့ ASEAN ပြဿနာများကို ဖြေရှင်းပေးစရာ များက ရှိလာနိုင်ပါသည်။

SEA Games


နိုင်ငံတော်မှ SEA Games ကို ဘက်စုံအကောင်းဆုံးဖြစ်အောင် ဖန်တီးပေးထားပါသော်လည်း Mars အင်္ဂါ၏ ဖျက်အားက ပိုများနေသဖြင့် SEA Games လုံခြုံရေးကို ပို၍ တင်းကျပ်ထားဖို့တော့ လိုသလို Mars အင်္ဂါ၏ သဘာဝအရ ပေါက်ကွဲမှု သို့မဟုတ် အဓိကရုဏ်းမျိုးကို ဖန်တီးလာနိုင်ခြင်း သို့မဟုတ် ပရိသတ်တို့၏ တစ်ဖက်သတ် အားပေးမှုတွေ လွန်ကဲ၍ ရုပ်ပျက်ဆင်းပျက် ဖြစ်တာမျိုးတွေအထိ Mars က ဖန်တီးလာနိုင်ပါသည်။ သို့ဖြစ်၍ လုံခြုံရေးကို ပိုမိုတင်းကျပ်လို့ ဘက်စုံ လိုတာထက်ပို၍ ဂရုပြုရန် ရှိနေပါသည်။

ဤကာလအတွင်း တပ်မတော် အခန်းကဏ္ဍမှ စစ်ဆင်ရေးများ ရှိနေပါကလည်း စစ်ဆင်ရေး အားနည်းချက်များက ရှိလာနိုင်ခြင်း သို့မဟုတ် နယ်ခြားလုံခြုံရေး ကိစ္စ စိုးရိမ်စရာ များက ရှိလာနိုင်ပါသည်။ ဤသို့ Mars နှင့် Saturn ပူးတွဲ Retrograde Motion ဗျ ဂ္ဃစာ ကျင့်ခြင်းမျိုးက အလွန် ဖြစ်တောင့်ဖြစ်ခဲ သလို နိုင်ငံတော်နှင့် သမ္မတကြီးအပြင် အတိုက်အခံ ခေါင်းဆောင် တို့၏ စန်းတို့အပေါ် တိုက်တိုက်ဆိုင်ဆိုင် ကျရောက်နေခြင်း မျိုးကလည်း သမိုင်းတွင်သွား နိုင်ပေသည်။

နိုင်ငံတော်ရယ်၊ နိုင်ငံတော်သမ္မတကြီးရယ်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သုံးပါးတို့အနက် အတိုက်အခံ ဇာတာပါ MC ဆယ် တန့် စန်းပေါ် ကျရောက်နေတာမို့ အတိုက်အခံအတွက် ပို၍ အကျိုးသက် ရောက်သွားစေနိုင်တာမို့ အတိုက်အခံ ခေါင်းဆောင်မှ ပို၍ သတိထားဆင်ခြင်ရန် ရှိနေပါသည်။ အားလုံးဖြစ်ရမည်ဟု မဆိုထားပါ နိုင်ငံတော်သမ္မတ၊ SEA Games သို့မဟုတ် အတိုက်ခံခေါင်းဆောင် တစ်ဦးဦး တို့အပေါ် ထင်ထင်ရှားရှား အကျိုးသက်ရောက် နိုင်သည်ဟု ဆိုထားခြင်းပင် ဖြစ်ပါသည်။ အကယ်၍ သဘာဝဘေးရန် တစ်ခုခု ကျရောက်သည်ဆိုပါက အတိုက်ခံ ခေါင်းဆောင်နှင့် နိုင်ငံတော်သမ္မတကြီး တို့အတွက် ဆိုးကျိုးများ လျော့ပါးသွား နိုင်ပါသည်။

နိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီးနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အနိဋ္ဌာရုံ မြင်ကွင်းတို့နှင့် ကင်းဝေးကြပါစေ။

 Written by ဘဲလားလေဘာတီ @  The Voice Weekly



No comments:

Post a Comment