Monday, December 23, 2013

ငွေရှာဖို.သာ စိတ်ဝင်စားရင်း သေလွန်ခဲ့သော်


တကယ်တော. လူသားအားလုံးက သေခြင်းတရားကို များသောအားဖြင်. အမှုမဲ. အမှတ်မဲ့ သာနေကြရိုးထုံးစံရှိသည် ။ မိမိနှင်. နီးစပ်သော နေရာအထိ ထိုးဝင်လာသည်.အခိုက်သာ ပူဆွေး ၊သတိရ ၊ စိုးရိမ် ပြီး ပြင်ဆင်လိုစိတ်ပေါ်လာသော်လည်း ခဏတာသာ ။ စီးပွားရှာသူတို.က ရလာမည်.ငွေကြေးအကျိုးအမြတ်များ ၊ ဂုဏ်သိက္ခာ မက်မောသူတို.က သူတို.နာမည် တစ်နည်းတစ်ဖုံ ကျန်နေရစ်ခဲ့ဖို. စသည်တို.အတွက်သာ ရုန်းကန်လှုပ်ရှားရင်း ပြန်လည်မေ.လျှော. သွားတတ်မြဲပင် ။
ယခု Video File လေးကိုကြည်.မိပါက အချို.တော. သတိကပ်သွား အသိကပ်သွားနိုင်ပါသော်လည်း အချို.အတွက်တော. ကိုယ်.အတွက် အသိတရားပေးသောအရာကို မည်သို.အကျိုးရှိအောင်အသုံးချရမည်ဆိုသည်ထက် ဟုတ်ရဲ.လား ၊ ဘာကတော. ဘယ်လိုစသည်ဖြင်. အားနည်းချက်ရှာ အပြစ်တင်ဖို.သာ တွေးတောစဉ်းစားမိနေပါလိမ်.မည် ။ဤသည်ကပင် ပေးသောအရာ တူညီသော်လည်း ခံယူသည်.ခွက်.. ခံယူသည်.ပုံစံ ..အသုံးချသည်. နည်းလမ်း တို. ကွဲပြားရင်း အဆုံးသတ်ရရှိမှုတို. မတူညီကြခြင်းပင်ဖြစ်သည် ။

ဤ Video File လေးတွင် ငွေကိုသာ ရှာဖို.စိတ်ဝင်စား ၊ လောကီအပျော်အပါးတို.တွင်သာ နစ်မြုပ်နေသူတစ်ဦး ကွယ်လွန်ပြီး နောင်တတရားများ ရနေပုံ ၊ သူ.အတွက် သူ.အမေနှင်. ညီမတို.က အောင်လ့ဆရာတော် ဘုရား၏ဘုန်းတော်ကြီးကျောင်းသို. ဒါနလာပြုရင်း ညီမထံ ၀င်ပူးကပ်ကာ ပြောကြားပုံ ၊ နောက်ဆုံးသာဓုခေါ်ခွင်.ရသွားပုံတို.ကို ရိုက်ကူးထားခြင်းဖြစ်သည်။ဤနေရာတွင် အရွယ်လွန် မိခင်ကြီး၏ မကျွတ်မလွတ် ဖြစ်နေရသော သားအပေါ် စိတ်မကောင်းဖြစ်နေပုံကား ရင်နင်.စရာကောင်းလှသလို သေခြင်း၏ အခြား တစ်ဖက်အတွက် ပြင်ဆင်မှု တစ်စုံတစ်ရာ မရှိကြသေးသူတို.အဖို. စို.ရွံ.ဖွယ်ရာများလည်းဖြစ်သည် ။

အထူးကျေးဇူးတင်သင်.သည်က ဤလိုအခြေအနေမျိုးကို အများအကျိုးအတွက် မျှဝေခွင်.ပြုခဲ့သော အောင်လံမြို.မှ ကာယကံရှင် မိသားစုနှင်. ၇ိုက်ကူးဖြန်.ဝေပေးသူတို.ဖြစ်ပါသည် ။Video Up Loadto Youtube  by `Kotseik Kosit

No comments:

Post a Comment