Thursday, December 5, 2013

သမိုင်းဝင် ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း ( ကွမ်းခြံကုန်း ကျောင်းတိုက် ) ပြုပြင်ရန် အလှုငွေ ပေးအပ်ခြင်း


တည်ဆောက်ခဲ့ချိန် နှစ်ပေါင်းကြာမြင်.ခဲ့ပြီမို. မြို.လေးရှိ ရှေးဟောင်းသမိုင်းဝင် ဘုန်းတော်ကြီး ကျောင်း တစ်ဆောင်မှာ ယခုအခါ မဖြစ်မနေ ပြန်လည်တည်ဆောက်ရန်  လိုအပ်လာခဲ့ပြီဖြစ်ပါသည် ။

ထိုကျောင်းတိုက်တော်ကြီးသည် ရှေးကပင်တည်ရှိခဲ့ပြီးသော ဘုန်းတော်ကြီးကျောင်းတိုက်ဖြစ်ပြီး ၀ါးခယ်မသား နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၏မိဘများ ကိုးကွယ်ရာ ဆရာတော် ၏ကျောင်းတိုက်လည်းဖြစ်ခဲ့သည် ။ ဦးနု တာဝန်ထမ်းဆောင်ဆဲကာလ ထိုဆရာတော်ကြီးပျံလွန်တော်မူခဲ့ရာ ဘောလုံးကွင်းအတွင်း နိုင်ငံတော် ယဉ်ကျေးမှ ကဇာတ်အဖွဲ.များဖြင်. အထူးစည်ကားလှသော အန္တိမ ဈာပန အခမ်းအနားများ ကျင်းပခဲ့ဖူးသည် ဟု မှတ်သားရဖူးသည် ။ထို.အပြင် ၁၉၂၀ပြည်. ပထမအကြိမ် University Boycott ပြုလုပ်ရာတွင် ၀ါးခယ်မမြို.သား ၁၂ ဦးခန်. ပါဝင်ခဲ့ပြီး ကျောင်းအုပ်ကြီးအဖြစ် ဦးလှအောင် ၊ ဦးကျော်ကြီး ၊ ဦးဘေ နှင်. ဦးတင်ညွန်.တို.က ဦးဆောင်ကာထိုသပိတ်မှောက် ကျောင်းသား များဦးစီးပြီး အမျိုးသား နေရှင်နယ် ကျောင်းကို ထိုကျောင်းတိုက်တွင်ပင်ဖွင်.လှစ်ခဲ့ဖူးသဖြင်. သမိုင်းတန်ဖိုးအရလည်း မြင်.မားသော ကျောင်းတစ်ခုဖြစ်ပါသည် ။


ထို သမိုင်းဝင် ရှေ.ဟောင်း  ကွမ်းခြံကုန်းကျောင်းတိုက်ကြီးမှာ  တည်ဆောက်ခဲ့သော နှစ် ပ၇ိစ္ဆေဒ ကြာမြင်.လာခဲ့ပြီ ဖြစ်သလိုယိုယွင်းပျက်စိးမှုများ များပြားလာခဲ့ပြီး ကျောင်းဆောင် တစ်ခုဆိုလျှင် လုံးဝပြိုကျပျက်စီးသွားပြီဖြစ်သလို ကျန်ကျောင်းဆောင်မှာလည်း မဖြစ်မနေ ပြုပြင်ထိမ်းသိမ်းရန် လိုအပ်နေပြီဖြစ်သည် ။ထို.ကြောင်. ဆရာတော်ကြီးများ ၊ သံဃာတော်များ ၊ တာဝန်ရှိသူများ ၊စေတနာရှင်များ စုပေါင်းတိုင်ပင်ခဲ့ကြပြီးနောက်နိုင်ငံတော်သြ၀ါဒဆရာတော်ကြီး ၊ မြို့နယ်သံဃနာယကဆရာတော်များဧ၊်သြ၀ါဒခံယူကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး မှဦးဆောင်လျှက်ကျောင်းတိုက်တော်
ကြီးအား ရှေးမူမပျက်အဟောင်းပြုပြင် အသစ်တည်ဆောက်ရန် တိုင်ပင်ဆုံးဖြတ်ခဲ့ကြပါသည် ။ထို.အတွက် ပထမဆုံးအကြိမ် အလှုတော်ငွေပေးအပ်ပွဲကို ၂၀၁၃ ဒီဇင်ဘာ ၁ ရက်  တနင်္ဂနွေနေ့က ကွမ်းခြံကုန်းကျောင်းတိုက်ကြီး
တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုပထမနေ. အလှုတော်ငွေ ပေးအပ်ပွဲအခမ်းအနားတွင် စေတနာရှင် အပေါင်းတို.၏ လှုဒါန်းမှု အစုစုမှာ အလှူတော်ငွေ (ကျပ်) - ၄၉၉၀၀၀၀ (လေးဆယ့်ကိုးသိန်း ကိုးသောင်းကျပ် တိတိ)ဖြစ်သည်ဟု သိရပါသည် ။

ကျောင်းအတွင်းပိုင်း တစ်နေရာ
 ထိုနေ.က စေတနာ ထက်သန်စွာ လှုဒါန်းကြ သူများ နှင်. လှုဒါန်းငွေများမှာ
* ဘဒန္တ စန္ဓောဘာသဆရာတော် (သာသနာ့ဟိတကာရီ ကျောင်းတိုက်) (၁)သိန်း
၁။ ဒေါ်ကြည်ကြည်မြင့် (ရွှေမြင်းပျံ မိသားစု) (၁၀)သိန်း
၂။ ဦးအေးသန်း +ဒေါ်စန်းစန်းယု (မြို့နယ်အုပ်ချုပ်ရေးမှူး) (၁) သိန်း
၃။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၁.၅)သိန်း
၎။ မြို့နယ်ရဲတပ်ဖွဲ့ (၃)သိန်း
၅။ မြို့နယ်ကျန်းမာရေးဦးစီးဌာန (၁)သိန်း
၆။ သမဦးစီး (၁)သိန်း
၇။ ဆည်မြောင်းဦးစီး (၁)သိန်း
၈။ ငါးလုပ်ငန်းဦးစီး (၁)သိန်း
၉။ ပညာရေး (၁) သိန်း
၁၀။ ဆောက်လုပ်ရေး (၁)သိန်း
၁၁။ အခွန် (၁)သိန်း
၁၂။ စည်ပင် (၅)သောင်း
၁၃။ စိုက်ပျိုးရေး ဘဏ် (၅)သောင်း
၁၄။ စီးပွားရေး ဘဏ် (၅)သောင်း
၁၅။ တရားရေး (၅)သောင်း


၁၆။ စက်မှုလယ်ယာ (၅)သောင်း
၁၇။ ကုန်တင်ကုန်ချ (၅)သောင်း
၁၈။ ဥပဒေ (၅)သောင်း
၁၉။ တိမွေးကု (၅)သောင်း
၂၀။ တိုင်းရင်းဆေး (၅)သောင်း
၂၁။ စက်မှုသိပံ္ပ (၅)သောင်း
၂၂။ လ၀က (၅)သောင်း
၂၃။ မြေစာရင်း (၅)သောင်း
၂၄။ စိုက်ပျိုးရေး (၅)သောင်း
၂၅။ ရေကြောင်း (၅)သောင်း
၂၆။ သစ်တော (၅)သောင်း
၂၇။ မြို့နယ်အထောက်အကူပြုကော်မတီ (၅) သောင်း
၂၈။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန (၅)သောင်း
၂၉။ လူမှုဖူလုံရေး (၃)သောင်း
၃၀။ စာရင်းရုံး (၃)သောင်း
၃၁။ စီမံကိန်း (၃)သောင်း
၃၂။ မီးသတ်ဦးစီးဌာန (၃)သောင်း
၃၃။ စက်မှုသီးနှံ (၃)သောင်း
၃၄။ မျိုးသန့်ခြံ (၁) (၃)သောင်း
၃၅။ မျိုးသန့်ခြံ (၂) (၃)သောင်း


၃၆။ ဆက်သွယ်ရေး (၃)သောင်း
၃၇။ အား/ကာ (၃)သောင်း
၃၈။ ပြန်ဆက် (၃)သောင်း
၃၉။ ကုန်သွယ်မှုမြှင့်တင်ရေး (၃)သောင်း
၄၀။ သာသနာရေး (၁)သောင်း
၄၁။ လှေကျင်းရပ်ကွက် (၁)သိန်း
၄၂။ မြသိန်းတန်ရပ်ကွက် (၁)သိန်း
၄၃။ ရွာလယ်ရပ်ကွက် (၁)သိန်း
၄၄။ ဆေးရုံရပ်ကွက် (၁)သိန်း
၄၅။ ရေကျော်ရပ်ကွက် (၁)သိန်း
၄၆။ ဈေးရပ်ကွက် (၁)သိန်း
၄၇။ ပတ္တမြားရပ်ကွက် (၁)သိန်း
၄၈။ မင်းပိုင်းရပ်ကွက် (၁)သိန်း
၄၉။ စာရေးကုန်းရပ်ကွက် (၁)သိန်း
၅၀။ သံကြိုးတိုင် ရပ်ကွက် (၁)သိန်း
၅၁။ သော်ကရပ်ကွက် (၁)သိန်း
၅၂။ ရွာသစ်ရပ်ကွက် (၁)သိန်း
၅၃။ တရုတ်တန်းရပ်ကွက် (၁)သိန်း
၅၄။ ထော်ကနွတ်ရပ်ကွက် (၁)သိန်း
၅၅။ ဦးလှမင်းသူ+ ဒေါ်ညွှန့်ညွှန့်ဌေး(ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး) (၅)သောင်း   တို.ဖြစ်ပါသည် ။



ထိုသမိုင်းဝင် ရှေးဟောင်းကျောင်းတိုက်တော်ကြီးအတွက် အလှုဒါန နည်းများမဆို ပါဝင်လှုဒါန်းလိုပါက

ဒွိပိဋကဓရ အရှင်ခေမာစာရဆရာတော် (ကွမ်းခြံကုန်းကျောင်းတိုက် )..၀၉ ၈၅၃၇၀၅၀
ဦးအံ့ကျော် - ဥက္ကဌ ၀ါးခယ်မမြို့နယ်အသင်း (ရန်ကုန် ) ...၀၉ ၅၁၈၅၉၇၂
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ...၀၄၂ ၆၀၀၁၁
ဦးကြည်မြင့် - အုပ်ချူပ်ရေးမှူး (ဘိုးဘွားရိပ်သာ) ...၀၉ ၄၉၇၆၄၃၀၇

တို.ထံသို့ဆက်သွယ်လှူဒါန်းနိုင်ပါသည် ။
Source ; Ko Kyaw Htwe & အောင်တိုး ( ၀ါးခယ်မ မြို.နယ်သူ နယ်သားများ၏ ၀ံသာနုစိတ်ဓါတ် )

No comments:

Post a Comment