Thursday, December 12, 2013

ဆီးဂိမ်း ဖွင်.ပွဲက မီးမြှား ပြဿနာ


မနေ.က Sea Game ဖွင်.ပွဲမီးရှုးတိုင်ကို မြှားနဲ.ပစ်ထွန်း မီးညှိုတဲ့ အစီအစဉ်လေးက အားလုံးကို သည်းထိတ်ရင်ဖို ဖြစ်စေခဲ့ပါတယ် ။ ဒါပေမယ်.လည်း တစ်ကယ်ပစ်တာ ဟုတ်တယ် ၊ မဟုတ်ဘူး ၊ထိတယ် ၊မထိဘူးဆိုတဲ့ အငြင်းအခုံတွေအတွက် ရှာဖွေတွေ.ရှိတာလေး တင်ဆက်လိုက်ပါတယ်



>> ဆီးဂိမ်းဖွင့်ပွဲရဲ့ လေးသမား << Thursday, December 12, 2013 မနေ့က မီးမြားပစ်တာကို ဟန်လုပ်တာတို့ ... တစ်ကယ် မပစ်ပါဘူးတို့.. ခလုတ်နဲ့ မီးတောက်အောင် လုပ်တာတို့.. မပစ်ခင်ကတည်းက မီးသေနေပြီတို့.. အစရှိသဖြင့် အမျိုးမျိုး သောသောညံအောင် ဝေဖန်နေကြတာ ကြားရတော့ တစ်ကယ် ကြိုးစားခဲ့တဲ့ လေးသမားလေးအတွက် စိတ်မကောင်းမိတာ အမှန်ပါပဲ.. ဒါကြောင့်လည်း ကွင်းထဲမှာ တာဝန်ကျတဲ့ သူငယ်ချင်းတွေရော.. အားကာက သူငယ်ချင်းတွေကိုပါ လှမ်းပြီး စုံစမ်းကြည့်မိပါတယ်.. မြားပစ်တဲ့ ကောင်လေးနာမည်က ဝေလင်းထွန်း ဖြစ်ပါတယ်.. သူပစ်တဲ့ လေးက လက်အားနဲ့ လေးညို့ကို ဆွဲထားပြီး ပစ်ရတဲ့ လေးရယ် ဒူးလေးလို ညို့ကြိုးကို ဆွဲတင်ပြီး ခလုတ်နဲ့ ပစ်ရတဲ့ လေးရယ်ဆိုပြီး နှစ်မျိုး ရှိတဲ့အထဲက ခလုတ်နဲ့ ပစ်ရတဲ့ လေး အမျိုးအစားကို သုံးသွားတာ ဖြစ်ပါတယ်.. သုံးစွဲတဲ့ မြားကတော့ လက်ရှိဆီးဂိမ်းပြိုင်ပွဲမှာ သုံးစွဲနေတဲ့ မြားအမျိုးအစားနဲ့ အတူတူ ဖြစ်ပြီး ကိုးရီးယား နိုင်ငံက တင်သွင်းခဲ့တဲ့ မြားတစ်ချောင်းကို မြန်မာငွေ ၃ သောင်း ကျော်လောက် ကျသင့်တဲ့ မြားကို သုံးစွဲထားတာဖြစ်ပါတယ်.. ပစ်မယ့်နေရာ အကွာအဝေး လမ်းကြောင်းနှင့် လေးရဲ့ ချိန်သီးကို အတိအကျ တွက်ချက်လို့ ချိန်ထားပြီး ထပ်ခါထပ်ခါ အကြိမ်ကြိမ် အဖန်ဖန် လေ့ကျင့်ထားတာ ဖြစ်ပါတယ်.. လက်ရှိ ဆီးဂိမ်းမှာလည်း ပြိုင်ပွဲဝင်နေသူ ဖြစ်တာကြောင့် ပစ်ကွင်းကျယ်တဲ့ မီးရှူးတိုင်ကြီးကို ထိမှန်ရေးအတွက် သူ့အတွက် အခက်အခဲ မရှိပေမယ့် နောက်ဆုံး အကြိမ် လေ့ကျင့်တဲ့ အချိန်ထိ စိုးရိမ်စိတ် ရှိနေခဲ့တာတော့ အမှန်ပါပဲ.. ဒါကြောင့်လည်း တစ်ကယ်လို့များ လွဲများ လွဲသွားခဲ့ရင် ရုပ်ပျက်ဆင်းပျက် ဖြစ်မှာစိုးလို့ အရန် အစီအစဉ်များ လုပ်ထားတာကတော့ အမှန်ပါပဲဗျာ.. ဒါပေမယ့် ဒီ လေးသမားလေး တစ်ကယ်ပစ်ပြီး တစ်ကယ်လည်း ထိပါတယ်.. မီးလည်း ပစ်တဲ့အချိန်မှာ ပါသွားပါတယ်ဗျာ.. သူ့ရဲ့ မီးမြားကြောင့်လည်း မီးတောက်ခဲ့ပါတယ်.. မီးရှူးတိုင်က မီးတောက်တာကတော့ သူအပစ်နဲ့ မီးတောက်တာ ထပ်တူတော့ မကျပါဘူးဗျာ.. အချိန်တော့ ကွာပါတယ်.. မြားဆိုတာ လူထက်တော့ အများကြီး မြန်အောင် သွားနိုင်တာပေါ့ဗျာ.. ဒါပေမယ့် တစ်ခုတော့ ရှိတာက မြားက မီးရှူးတိုင်ကို မရောက်ခင် အရံစနစ်က အသက်ဝင်သွားသလား မြားကြောင့် မီးထတောက်တာလား ဆိုတာကတော့ လူတိုင်းကို ပဟေဠိ ဖြစ်စေခဲ့သလို တာဝန်ရှိသူတွေကိုလည်း ပဟေဠိ ဖြစ်စေခဲ့တာ အမှန်ပါပဲ.. မည်သို့ပင် ဆိုစေကာမှု လေးသမားလေး အနေဖြင့် မီးမြားကို တစ်ကယ်လည်း ပစ်ခဲ့သလို.. မီးလည်း မြားမှာ ပါသွားပြီး မီးရှူးတိုင်ကိုလည်း တစ်ကယ်ကို သက်မှတ်ထားတဲ့အတိုင်း အတိအကျ မှန်ခဲ့ပါတယ်ဗျာ.. ဘာပဲပြောပြော ဒီလို ငြိမ်သပ်မှု မရှိပဲ လှုပ်ရှားနေတဲ့ ပန်းရထားပေါ်ကနေ အလွန်ဝေးကွာတဲ့ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်ခဲ့တဲ့ လေးသမားလေး ဝေလင်းထွန်းကို မြန်မာ့ဂုဏ်ဆောင် အားကစားသမား အနေနဲ့ ဂုဏ်ပြုသင့်တယ် မဟုတ်ပါလားဗျာ.. ချစ်သောမျက်စိဖြင့်သာ ကြည့်တတ်လျှင် ချစ်စရာတွေ ဖြစ်လာသလို အမုန်းမျက်စိနဲ့ အပြစ်ရှာ ကြည့်တတ်သူတွေအတွက်တော့ အပြစ်ရှာစရာ တွေ့တာ မဆန်းပါဘူးဗျာ.. (AERO) Tin Min Latt Source: Myanmar Online News More Photos >> www.myanmarcelebritiesnews.com <<


မီးရှုးတိုင်အား တစ်ကယ်မြှားနဲ့ပစ်ခဲ့သော ကို ဝေလင်းထွန်းMyawady News
ဆီးဂိမ်းရဲ့အခင်းအကျင်းထက် မီးရှုးတိုင်းကိုမြှားနဲ့ပစ်တာ တစ်ကယ်လား မဟုတ်ဘူးလားဆိုပြီးအငြင်းပွားမှုက ပိုများနေတာ Facebook သုံးသူတိုင်းသိမှာပါ .. မြှားနဲ့ပစ်ခဲ့သူရဲ့ အမည်ကတော့ ကိုဝေလင်းထွန်းဖြစ်ပါတယ်... တစ်ကယ်ပစ်ခဲ့ခြင်းဖြစ်ပြီး... ၀န်ကြီးက စိုးရိမ်တဲ့အတွက် မီးရှုးတိုင်မှာ ယမ်းနည်းနည်းဘဲထည့်ခဲ့တယ်လို့လဲပြောပြပါတယ်...ဒါအပြင်မီးရှုးတိုင်ရဲ့ အလယ်ပွင့်ဖတ်ကို မြှားထိတာပါလို့လဲ ထပ်ဆင့်ပြောခဲ့ပါသေးတယ်.. မီးရှုးတိုင်ရဲ့ ပွင့်ဖတ်တွေမျာ ယမ်းတွေကိုထည့်ထားတာဖြစ်ပြီး..မြှားဦးထိပ်မှာ ရှိတဲ့ သံချွန်နဲ့ထိတွေ့စေကာ သံပွတ်အားနဲ့ယမ်းပေါင်းစပ်ပြီးမီးလောင်စေတာဖြစ်ပါတယ်...ဒီလိုအများရှေ့မှာအဆင်ပြေပြေလုပ်နိုင်ဖို့ ရက်ပေါင်းများစွာသေသေချာချာလေ့ကျင့်ခဲ့ရတယ်လို့လဲပြောပါတယ်... ဓာတ်ပုံမှာ တွေ့ရတာကတော့ နေပြည်တော် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဆရာဟန်ဝင်းစိုး နဲ့ မီးရှုးတိုင်ကိုမြှားနဲ့တစ်ကယ်ပစ်ခဲ့သူ ကိုဝေလင်ထွန်းတို့ဘဲဖြစ်ပါတယ်ခင်ဗျာ။

No comments:

Post a Comment