Wednesday, December 25, 2013

ထူးခြားမှုများဖြင်.၀ါးခယ်မ မြို.နယ်အသင်း နှစ်ပတ်လည် အစည်းအဝေး

Photo by Dr Aye Aye Myint
ဝါးခယ်မမြို.နယ် အသင်း  ( ရန်ကုန် ) ၏ ၆၃ ကြိမ်မြောက် နှစ်ပတ်လည်နှင်. သင်းလုံးကျွတ်အစည်းအဝေး ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ.က ရန်ကုန်မြို. ပန်းဘဲတန်း သိမ်တော်ကြီးတွင် ကျင်းပခဲ့ပါသည် ။


ထိုနေ. နံနက်ပိုင်းက သိမ်တော်ကြီးကျောင်းတိုက်ရှိ သံဃာတော်များကို ၀ါးခယ်မ မုန်.ဟင်းခါး ဖြင်. အာရုဏ်ဆွမ်း ဆက်ကပ်လှုဒါန်းခဲ့ပြီး မနက် ၇နာရီခန်.မှစကာ အစည်းအဝေးသို.တက်ရောက်လာကြသော ရန်ကုန်ရောက်ဝါးခယ်မဖွား ၀ါးခယ်မသား များနှင်. အနွယ်ဝင်များအား ၀ါးခယ်မမုန်.ဟင်းခါးစစ်စစ်ဖြင်.ဧည်.ခံခဲ့ပါသည် ။ ၀ါးခယ်မမှ ငါး ၊ မုန်.ဖတ် ၊အကြော်မှစကာ အားလုံးသယ်ယူလာပြီး ၀ါးခယ်မ၏ နာမည်ကြီင်္း မုန်.ဟင်းခါးတစ်ဆိုင်ဖြစ်သော တံတားအောက် မုန်ဟင်းခါး.ဆိုင်မှ လာရောက်ချက်ပြုတ်ပေးပြီး အလှုရှင်မှာ ဦးအောင်မင်း မိသားစု ဖြစ်ပါသည် ။


ဝါးခယ်မသားတို. ၀ါးခယ်မအကြောင်း အမှတ်တရ ပြန်ပြောင်းပြောရင်း ၀ါးခယ်မမုန်.ဟင်းခါး စားပြီးနောက် ၀ါးခယ်မသား ဇာတိဖွား ၊ဇာတိသား များနှင်.. အနွယ်တော်တို.၏ ၀ါးခယ် သီချင်းများ ၊ အေးချမ်းငြိမ်.ညောင်းသော မြန်မာသံစဉ်များဖြင်. ဖျော်ဖြေခဲ့ပါသည် ။ထိုအစီအစဉ်ကို တာဝန်ယူကျင်းပသော တာဝန်ခံ ၀ါးခယ်မ ဦးရဲမောင်၏ တက်ကြွ သွက်လက်စွာ ဦးဆောင်မှုဖြင်. တက်ရောက်လာသူတို.ကိုစိတ်ကျေနပ်စေခဲ့သော ဖျော်ဖြေမှု ဖြစ်ခဲ့သည် ။ နှင်းရည်သန်. ၊ ရီရီသန်. ၊ မဉ္စူသင်း ၊ ခင်ပိုးပန်းချီ တို.အပြင် ရဲ.မှုးကြီး(ငြိမ်း )မောင်မောင်သန်း လည်းပါဝင်ဖျော်ဖြေခဲ့သည် ။

Photo by Dr Aye Aye Myint
ထို.နောက်အခမ်းအနားကို စတင်ကျင်းပပါသည် ။ အသင်းဥက္ကဋ္ဌ ဖြစ်သူ ဦးအံ.ကျော်မှ ကြိုဆို နှုတ်ခွန်းဆက် အဖွင်.အမှာစကားပြောကြားရာတွင် ၁၉၄၇ ခုနှစ်မှစ၍ ဤအသင်းဖြစ်တည်လာခြင်းအကြောင်း ၊အစဉ်အဆက် တာဝန်ယူခဲ့သော ဥက္ကဋ္ဌ များ ၊နာယက ကြီးများ၏ စွမ်းဆောင်မှု ၊ဘာသာရေးဆိုင်ရာ ဘက်တွင် ၀ါဆိုသင်္က်န်းကပ်သည်.ကိစ္စ မှအစ ရန်ကုန်ကျောင်းထိုင်ဝါးခယ်မအနွယ်ဝင်ဆရာတော် ၁၈ ပါးကျောင်းများတွင် တစ်လှည်.စီ ခင်းကျင်းဖြစ်ပုံ ၊မြို.၏ရှေးဟောင်း ဘုရားတစ်ဆူဖြစ်သော သော်ကစေတီတော်မြတ်ကြီးပြုပြင်ထိမ်းသိမ်းခြင်း လုပ်ငန်းများ ပြီးစီးမှု၊သကျမဟာသီရိဘုရားကြီးစောင်းတန်းအား Zinc အမိုးပြားများဖြင်. လဲရန် စီစဉ်နေမှု ၊ကွမ်းခြံကုန်းကျောင်းတိုက်ပြန်လည်တည်ဆောက်ရေးအတွက် ရန်ကုန်မှ ဗိသုကာ ပညာရှင်များ ခေါ်ဆောင်သွားရောက်တိုင်းတာပြင်ဆင်မှု၊ပညာရေးဆိုင်ရာ ကိစ္စရပ်တွင် ၀ါးခယ်မ သခင်သိန်းဖေက သိန်း၅၀၀ ရန်ပုံငွေထည်.၀င်ပြီး ဦးအံ.ကျော်က ၅၅၅ သိန်းထပ်မံဖြည်.စွက်ကာ အခြားစိတ်ဝင်စားသူများ ထပ်မံဖြည်.စွက် မှုဖြင်. သိန်း၁၃၀၀ ရရှိထားပုံ လက်ရှိ အဆင်.မြင်. ပညာသင်ကျောင်းသား ၄၂ ဦးအား ပညာသင်ကြေးထောက်ပံ.ထားပုံဝါးခယ်မ ဦးနု စာကြည်.တိုက်တွင် အင်တာနက်တပ်ဆင်ရန် စီစဉ်ထားမှုဝါးခယ်မ တွင် နှစ်စဉ်မျက်စိဝေဒနာရှင်၂၀၀ ခန်.အား ရန်ကုန်မှ အထူးကုများဖြင်. သွားရောက်ကုသပေးရင်း ယခုအခါ မျက်စိခွဲစိတ်ခန်း တစ်ခုကို သိန်း ၃၅၀ ခန်.အကုန်အကျခံကာ တည်ဆောက်ပေးခဲ့မှုထိုမျက်စိကုသရေးအတွက် ဆေးပဒေသာပင်ရန်ပုံငွေတည်ထောင်ရန် စီစဉ်နေမှုဝါးခယ်မမြို.တွင် အသင်းတိုက်အတွင်း သွားဆေးကုခန်းဖွင်.လှစ်ပေးထားမှု ။အားကစားအတွက် ၀ါးခယ်မ အရှေ.ပိုင်းတွင် ဘောလုံးကွင်းအသစ်တစ်ခု တည်ဆောက်ထားမှု  စသည်ဖြင်. ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) မှ မြို.နယ် ဖွံ.ဖြိုးရေးအတွက် ဘက်စုံတည်ဆောက်လုပ်ကိုင်နေမှု များကို စုံလင်စွာ ရှင်းလင်းပြောကြားသွားခဲ့သည် ။

ဆရာမ ဒေါ်လှလှ Photo by Dr Aye Aye Myint
ထို.နောက်သက်ကြီး ပူဇော်ပွဲ အစီအစဉ် အရ အကန်တော.ခံကြွရောက်လာသော ၀ါးခယ်မသားအဘိုးအဘွားတို.အား ၀ါးခယ်မ ဦးရဲမောင် တိုင်ပေးသော ကန်တော.ချိုးဖြင်. အားလုံးပူဇော်ကန်တော.ကြပါသည် ။ အကန်တော.ခံ အဘိုးအဘွား ၁၁၈ ဦးတို.အား တစ်ဦးလျှင် ငွေသား ၁၀၀၀၀ ကျပ်စီကန်တော.ခဲ့ပြီး အကန်တော.ခံ ဘိုးဘွားများတွင် အဘိုးအသက်အကြီးဆုံး အဖြစ် ဦးခင်မောင် ( ၉၀ ) နှစ် ၊ အဘွား အသက်အကြီးဆုံး ဒေါ်လှတင် (၉၅ ) နှစ်တို. ပါဝင်ခဲ့သည် ။
ထို.နောက်အကန်တော.ခံအဘိုးအဘွားတို.ကိုယ်စား အဘိုးတစ်ဦး အဘွားတစ်ဦးတို.က ဆုတောင်းပီတိစကားမြွက်ကြားခဲ့ရာ အဘွားများကိုယ်စား ဆရာမ ဒေါ်လှလှပြောကြားသည်.အလှည်.တွင် အသက်အရွယ် ကလည်း ကြီးရင်. စိတ်ကလည်း ကျေနပ်ပီတိဖြင်.လှုပ်ရှားနေသဖြင်. စကားလုံးတို.ကို ပီပီပြင်ပြင် မကြားရသော်ငြား ရင်နှင်.တော.ခံစား၍ရခဲ့သည် ။


အခမ်းအနား ကျင်းပနေစဉ်အခိုက်အသက်အားဖြင်. ၉၀ ကျော်နေပြီဖြစ်သော်လည်း ၀ါးခယ်မသားတို.၏ ပွဲကို ၀ါးခယ်မ ဇွဲဖြင်. ကြွရောက်ချီးမြှင်.လာသော ၀ါးခယ်မ သခင်သိန်းမောင်ရောက်သည်.အခိုက် အားလုံးဝမ်းပန်းတသာ တရိုတသေ ခရီးဦးကြိုပြုကြသည် ။

ဦးဝမ်ကြည်အား ဂုဏ်ပြုလက်မှတ်ချီးမြှင်.စဉ် ( Photo by Dr Aye Aye Myint )
၂၀၁၂  နှစ်ပတ်လည် အစည်းအဝေးမှတ်တမ်း ဖတ်ကြားအတည်ပြုခြင်း ၊ ၂၀၁၃ အမှုဆောင်အဖွဲ. အစီရင်ခံစာဖတ်ကြားခြင်း စသည်တို.နောက်တွင် မြို.နယ် ဂုဏ်ဆောင် များအား ဆုချီးမြှင်.ရာတွင် India နိုင်ငံ Banaras Hindu University မှ ဒေါက်တာဘွဲ.ရ B-H-U အရှင်သုန္ဒရ ကိုယ်စား တစ်ဦးမှ လက်ခံရယူပေးခဲ့ပြီး ရန်ကုန်တက္ကသိုလ် မှ Engineering Physics ဘာသာရပ်တွင် ဒေါက်တာဘွဲ.ရခဲ့သော ဒေါက်တာနွယ်နွယ်ဝင်း ရန်ကုန်စက်မှုတက္ကသိုလ် ဧည်.ပါမောက္ခ ဦးဝမ်ကြည် ( အရှေ.တောင်အာရှ အင်ဂျင်နီယာ အသင်းများအဖွဲ.ချုပ် ) ၀တ္ထုတို ဘာသာရပ်ဖြင်. ပခုက္ကူ စာပေဆု ၊၊အမျိုးသမီးရေးရာ စာပေဆု ၊ မြတ်ပန်းရဂုံ ရသစာပေဆု တို.ရရှိခဲ့သော စာရေးဆရာမောင်ခြိမ်. ( ဦးရွှေသိဏ်း) ၊ ၁၂၂ကြိမ်မြောက် သွေးလှုရှင်ဖြစ်သော ဦးကျော်ဝေ ( လူမှုထူးချွန် ပထမ ဆင်. ) တို.က ကိုယ်တိုင်လက်ခံရယူခဲ့ပါသည် ။

  Photo by Dr Aye Aye Myint 
ထို.နောက် ၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ၀ါးခယ်မသား ၊ ၀ါးခယ် ဇာတိဖွားတို.၏ အနွယ်ဝင်များ ဖြစ်ကြသော ၄ဘာသာ ဂုဏ်ထူးရှင် ၄ ဦး ၊ ၃ဘာသာ ဂုဏ်ထူးရှင် ၂ ဦး ၊ ၁ဘာသာ ဂုဏ်ထူးရှင် ၅ ဦးတို.အားဆုများချီးမြှင်.ခဲ့ပြီး ၀ါးခယ်မမြို.နယ်အသင်းတွင် ကူညီလုပ်အားပေးရင်း ၃ဘာသာဂုဏ်ထူးရှင်အဖြစ် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားတစ်ဦးအား အမှုဆောင်များမှ သီးခြားထပ်မံ ဆုချီးမြှင်.ခဲ့ပါသည် ။ ထိုထူးချွန်ဆုမျာချီးမြှင်.ရာတွင် ၀ါးခယ်မမြို.နယ်အသင်း အဆင်.မြင်. ပညာသင်ဆု အစီအစဉ် တွင်ပါဝင်သော ပညာရေးတက္ကသိုလ် ကျောင်းသူ ၂ ဦးဖြစ်သည်. ရီမွန်သန်. နှင်. သဲစုဝေတို.က ကူညီပေးခဲ့ပါသည် ။


ထို.နောက် အလုပ်အမှုဆောင် အသစ် ရွေးချယ်တင်မြှောက်ရန်အတွက် အစည်းအဝေးသဘာပတိအဖြစ် ဒေါက်တာချစ်ဆိုင် ကိုတင်မြှောက်ကြပါသည် ။ သဘာပတိမှ အမှာစကားပြောကြားပြီးနောက် ၂၀၁၂-၂၀၁၃ အမှုဆောင်အဖွဲ. နှုတ်ထွက်ကြောင်းကြေငြာပြီး ၂၀၁၄-၂၀၁၆ အတွက် အမှုဆောင် အဖွဲ.သစ် ဥက္ကဋ္ဌ အဖြစ် ဦးသန်းဌေး အားတာဝန်ပေးအပ်ကြောင်း နာယက မှကြေငြာပါသည် ။ ထို.နောက် အမှုဆောင် အဖွဲ.သစ် ဥက္ကဋ္ဌမှ ၃၅ ဦးပါအမှုဆောင် အဖွဲ.အမည်စာရင်း ကို တင်သွင်းပြီး အစည်းအဝေး၏ သဘောတူညီမှုကို ရယူကာ နာယက အဖွဲ.၏ အတည်ပြုချက်ဖြင်. ခန်.အပ်တာဝန်ပေးအပ်ကြောင်း ကြေငြာပါသည် ။အမှုဆောင် အဖွဲ.သစ် ဥက္ကဋ္ဌ ၏ နှုတ်ခွန်းဆက် စကားများအပြီး အမှတ်တရ ဓါတ်ပုံရိုက်ခြင်း အစီအစဉ်များဖြင်. အခမ်းအနားအစီအစဉ်များ ရပ်နားခဲ့သည် ။

ဝါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ၏ နာယက အချို.နှင်. ၂၀၁၄ -၂၀၁၆ အမှုဆောင် အဖွဲ.သစ်
ယခုအမှုဆောင် အသစ် ၃၅ ဦးတွင် လူကြီးပိုင်းများအပြင် လူလတ်ပိုင်းများပါ ပါဝင်လာပြီး ဥက္ကဋ္ဌ အဖြစ် ဦးသန်းဋ္ဌေး ၊ဒုဥက္ကဋ္ဌ ၁ ၀ါးခယ်မ ဦးရဲမောင် ၊ဒုဥက္ကဋ္ဌ ၂ ဦးဝင်းကြွယ် ၊ ဒုဥက္ကဋ္ဌ ၃ ဆရာမ ဒေါ်ဝင်းတင်. အတွင်းရေးမှုးအဖြစ် ဦးမြင်.သန်း ၊တွဲဖက် ၁ အဖြစ် ဦးကျော်ဇော ၊တွဲဖက် ၂ အဖြစ် ဦးသိန်းလှိုင် ၊ တွဲဖက် ၃ အဖြစ် ဒေါက်တာခင်မောင်ကြိုင်၊ ဘဏ္ဍာရေးမှုးအဖြစ် ဒေါ်ခင်ဆွေရီ ၊ တွဲဖက် ၁ အဖြစ် ဒေါ်ခင်အေးမူ ၊၂ အဖြစ် ဒေါ်ခင်ငြိမ်းရီ ၊ ၃ အဖြစ်ဒေါ်နွဲ.နွဲ.ရီ ၊ စာရင်းစစ် အဖြစ် ဦးသက်ဆွေ ၊ တွဲဖက် ၁ အဖြစ် ဒေါ်ဌေးယုမေ ၊ တွဲဖက် ၂ အဖြစ် ဒေါ်ခင်မိမိ တို.က ၃နှစ်တာ သက်တမ်း တာဝန်ယူကာ အသင်း၏ဆောင်ပုဒ်ဖြစ်သော ပညာ ၊ကျန်းမာ ၊သာယာ ဟူသည်.အတိုင်းမြို.နယ်ဖွံ.ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားကြမည်ဖြစ်သည် ။ စိတ်ဓါတ်ရေးရာအရ မာကျောပြင်းထန်နေသေးသော်လည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအရ ချင်.ချိန်ဆောင်ရွက်ရမည်ဖြစ်သဖြင်. ဥက္ကဋ္ဌ အဖြစ် မှအနားယူကာ နာယကကြီးအဖြစ် ဆက်လက် တာဝန်ယူပံ.ပိုးပေးနေမည်. ဦးအံ.ကျော်အား အမှုဆောင်သစ်များမှ နှုတ်ဆက် ကန်တော.ခဲ့ကြပြီး အခမ်းအနားကို မင်္ဂလာရှိရှိ အဆုံးသတ်ခဲ့ပါသည် ။

ထိုနေ.က ကျင်းပခဲ့သောနှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးတွင် ပထမဆုံး ထူးခြားချက်က ယခင်နှစ်များထက် ပိုမိုကောင်းမွန်သည်ဟု ချီးကျုးကြသည်. ၀ါးခယ်မမုန်.ဟင်းခါး ဖြစ်ပြီး ဒုတိယထူးခြားချက်မှာ ၂၀၁၂-၂၀၁၄ ကော်မတီအနေဖြင်. ဥက္ကဋ္ဌ ၏ ကျန်းမာရေးအရ နှင်ကိုယ်တိုင်. မေတ္တာရပ်ခံချက်အရ တစ်နှစ်စော ပြောင်းလဲဖွဲ.စည်းခဲ့ခြင်းဖြစ်သည် ။တတိယ အနေဖြင်. လူလတ်ပိုင်းများ ပါဝင်လာသော အမှုဆောင်အဖွဲ.သစ်ကို ဖွဲ.စည်းပေးခဲ့ခြင်းဖြစ်သည် ။စတုတ္ထအနေဖြင်. ယခင်နှစ်များထက် ပိုမိုစိတ်ဝင်စားပြီး ယခုပွဲမှ စတင်တက်ရောက်ဖူးသူများ ပါဝင်လာခြင်းဖြစ်သည် ။

အစည်းအဝေး ဓါတ်ပုံများကို အောက်ပါ Link များတွင် သွားရောက်ကြည်.ရှုနိုင်ပါသည် ။ဝါးခယ်မမြို.နယ်အသင်း ၆၃ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး


No comments:

Post a Comment