Wednesday, January 1, 2014

အကယ်ဒမီပေးပွဲ ဂယက် - ၂၀၁၂ခုနှစ်အတွက် မြန်မာ.ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအပြီး

From MOI

 ဂယက်   နားလည်ထားသည်မှာ နောက်ဆက်တွဲလှုပ်ခတ်မှု

၂၀၁၂ အတွက် အကယ်ဒမီ ပေးပွဲ ကို ယခု ၂၀၁၃ ဒီဇင်ဘာ ၂၉ ရက်နေ.က အမျိုးသား အားကစားပြိုင်ပွဲရုံ ၁ တွင် ကျင်းပခဲ့ပြီးဖြစ်သည် ။ ရုပ်ရှင်အစည်းအရုံးမှ ဦးဆောင်ကျင်းပခြင်း ၊ ရန်ကုန် မြို.တွင် ပြန်လည်ကျင်းပခြင်း ၊ Stage Design မှအစ ထူးခြားဆန်းသစ်စွာ ဖန်တီးထားခြင်း ၊ ယခင်ပြုလုပ်နေကျဖြစ်သော အသားကျနေသည်. အခမ်းအနား အစီအစဉ်မျိုး မဟုတ်ခြင်း စသဖြင်. ထူးခြားမှု အတော်များများ ရှိခဲ့သော ပွဲလည်းဖြစ်ခဲ့သည်။



From MOI

ထိုကိစ္စများနှင်. ပတ်သက်၍လည်း ကောင်းမွန်သည် ။ သင်.တင်.ပါသည် ။ မကောင်းပါ စသဖြင်. အမြင်အမျိုးမျိုးပေါ် ထွက်ခဲ့ကြသည် ။ စစချင်း ပွဲတက်ခွင်. လက်မှတ်ကိစ္စနှင်.ပတ်သက်၍ ခင်လှိုင် နှင်. ဒိန်းဒေါင် ပွဲတွက်အင်တာဗျုးတွင် ခက်ခဲခဲခဲ ရယူခဲ့ရကြောင်း ရယ်မောပြောသွားခဲ့သည် ။ထိုကိစ္စနှင်. ပတ်သက်၍ လူမင်း၏ Facebook Account ဖြစ်သော ဧရာဝတီ လူမင်း( ထို Account ကို လူမင်း၏ ဇနီး က ကိုင်တွယ်စီမံပေးနေသည်ဟု သိရသည် ) မှနေ၍  နှစ်တိုင်းအကယ်ဒမီဖိတ်စာကိစ္စ..........အဓိကအခက်အခဲကတော.ရှပ်ရှင်လောကသား(၅)ထောင်ကျော်လောက်ရှိပြီး..ဖိတ်ကြားနိုင်တဲ.အရေအတွက်က(၁)ထောင်ကျော်ပဲရှိတဲ.အတွက်ကြောင်.
ဦးစားပေး 

                1.ဇကာတင်(၇)ကားမှာပါဝင်ကြတဲ.ပါဝင်သူများ ....
                2.၂၀၁၂ခုနှစ်အတွင်းမှာဇာတ်ကားများမှာပါဝင်သူများ ...
                3.ဝါရင်.အနုပညာရှင်အတတ်ပညာရှင်ကြီးများ ....
                4.စီစစ်ရေးအကဲဖြတ်အဖွဲ.ဝင်များအစရှိသဖြင်. .... သတ်မှတ်ပြီးဖိတ်ကြားရပါတယ်
နှစ်စဉ်အစည်းအရုံးမှာအကယ်ဒမီဖိတ်စာလာရောက်ထုတ်ယူရတာပာာလဲ အချို.သူများပာာကိုယ်တိုင်မတက်ရောက်ဘဲလက်လွဲပေးအပ်ခြင်း......ငွေကြေးဖြင်.ရောင်းချခြင်းများပြုလုပ်ကြသဖြင်.အနုပညာသည်များနေရာတွင် အပြင်လူများရောက်ရှိနေခြင်း...မလိုလားအပ်သောပြသနာများဖြစ်ခြင်းတို.ကြောင်.စီစစ်ရွေးထုတ်ပေးရခြင်းဖြစ်ပါတယ်
 ဟု ပြန်လည်ရှင်းလင်းခဲ့သည် ။


From MOI

ထို.အပြင် အနုပညာရှင်များ၏လျှောက်လမ်းနှင်. ပတ်သက်၍ ယခင်ပွဲများကဲ့သို. စနစ်တကျမဟုတ်ပဲ တိုးဝှေ.၀င်ရောက်နေရခြင်းကို ပွဲတက် အင်တာဗျုးတွင် မင်းသားကြီး တစ်ဦးကပြောသွားသကဲ့သို. သရုပ်ဆောင်တို.၏ Facebook Page အချို.တွင်လည်းဝေဖန်ထားသည်ကိုတွေ.ရသည် ။ ယခုပွဲတွင် စီစဉ်ပြီးမှ မတက်ရောက်သူများ ၊ နဂိုကပင် တက်ရောက်ရန်အစီအစဉ်မရှိပါဆိုသည်များကြားရခြင်းအတွက် မည်သည်.အကြောင်းတရားတို..ရှိနေသည်ကိုတော. မသိရပေ။သို.သော် ရှပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းက သူ၏ ပြောစကားတွင် သူတို.လောကအတွင်း မညီညွတ်မှုများရှိကြောင်း ဖွင်.ဟ၀န်ခံသွားခဲ့ပြီး အဘယ်ကြောင်. မညီညွတ်ခြင်းပြဿနာများ ယခင်ထက် တိုးလာသည်ကိုမူ မသိရပေ။သူ၏ ပြောကြားမှုများနှင်. ပတ်သက်၍လည်း သဘောကျသူများ ရှိသလို သူများစကားများသာ ယူသုံးနေရသည် ။မိမိတို.လောကသားချင်း ရှင်းလင်းပြောဆိုရမည်.အစား တစ်နိုင်ငံလုံးသို.အထုပ်ဖြေပြသဖြင်. လောကသားများ အရှက်ရကြသည် စသည်မျိုးလည်းကြားလာရသည် ။

From ဧရာဝတီ လူမင်း Facebook

ထို.အပြင် ဂယက်များအနက် အားလုံးအာရုံစိုက်ကြသည်.အပြင် ကိုယ်တိုင်ပါ ပါဝင်ဆင်နွဲကြသော ဂယက်တစ်ခုလည်းဖြစ်ခဲ့သေးသည် ။ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ၏ Facebook မှနေ၍ သူ.အမအတွက် ရည်ရွယ်သော Status တစ်ခုတင်ရာတွင် သူ.အမကဲ့သို. အကယ်ဒမီ ၂ဆုရ ဇာတ်ဆောင်တစ်ဦးအား ဒုတိယတန်းတွင်သာနေရာ ပေးထားသဖြင်. မလာဖြစ်သည်မှာကောင်းကြောင်း အစချီရေးသားမှု က တစ်ဖက်အတွက် ထိရှသွားပုံရပြီး အပြန်အလှန်ပြန်လည် ရေးသားမှုမျိုး ဖြစ်လာတော.သည် ။(ထိုထိုင်ခုံနေရာ စီစဉ်မှုကတော. တကယ်လည်းအဆင်မပြေဖြစ်ခဲ့သည် ။ဥပမာ အကယ်ဒမီဆုများစွာ ရရှိထားသော သက်ကြီးပိုင်း ရှပ်ရှင် ပညာသည် တစ်ဦးဆိုလျှင်လည်း ထိုင်ခုံနေရာက ဟိုးအနောက်ဘက်အလည်ရောက်နေသည် ).။သရုပ်ဆောင်အချို.ကလည်း သူတို.အိမ်ထောင်ဖက်များနှင်. တွဲလျှက်ခုံမရသဖြင်. ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည် .ထိုကိစ္စကို လူမင်း၏ Facebook Account မှနေ၍ ထိုင်ခုံကိစ္စ သူမစီစဉ်ပါ ဟု ပြန်လည်ရေးသားခဲ့သည် ။.ယခုနောက်ပိုင်း Celebrities Conflict များတွင် အားပေးသူများချင်းပါ ပဋိပက္ခ ဖြစ်လာကြခြင်းကလည်း ၂၀၁၃ အကုန်ပိုင်းတွင် သိသိသာသာ တွေ.မြင်လာရသည် ။ ယခုကိစ္စရပ်တွင်လည်း ထိုအနုပညာရှင် ၂ ဦး ၏နှစ်သက်သူများချင်းပါ Comment Quarrel ပုံစံမျိုးဖြစ်လာခဲ့ကြသည် ။ နောက်ပိုင်းတွင် နှစ်ဖက်လုံးက အငြင်းပွားစရာ Status အချို.ကိုပြန်လည်ဖြုတ်ချခဲ့ကြသည် ။သို.သော် On Line ပေါ်ရှိ နာမည်ကျော် သတင်းသမားအချို.ကမူ Screen Shot ဖမ်းထားပြီးဖြန်.ဝေသောကြောင်. ဇာတ်ရှိန်တက်ခဲ့သော သဘောတော.ရှိသည် ။

From MOI

ယခုနှစ်တွင် အသံ ၊ ဓါတ်ပုံ ၊ တည်းဖြတ် ၊ကလေးသရုပ်ဆောင် ၊ အမျိုးသားဇာတ်ဆောင် ၊ အမျိုးသမီး ဇာတ်ပို. ၊ အမျိုးသမီး ဇာတ်ဆောင် ၊ ဒါရိုက်တာ ဆု တို.ချီးမြှင်.ခဲ့ပြီး အမျိုးသား ဇာတ်ပို. ၊ ဇာတ်ညွှန်း ၊ဇာတ်ကား စသော ဆုတို.ချီးမြှင်.ခဲ့ခြင်း မရှိပေ ။ ဤနေရာတွင်လည်း အသံ ၊ ဓါတ်ပုံ ၊ တည်းဖြတ် ၊ကလေးသရုပ်ဆောင် ၊အမျိုးသားဇာတ်ဆောင်ဆု တို.နှင်. ပတ်သက်၍ အားလုံးနီးပါး လက်ခံကြသည် ဟုပြော၇မည်ဖြစ်သော်လည်း အမျိုးသမီး ဇာတ်ပို. ၊ အမျိုးသမီး ဇာတ်ဆောင် ၊ ဒါရိုက်တာ ဆု တို.နှင်. ပတ်သက်၍မူ အငြင်းအခုံ ၊ အယူအဆများ ကြားလာရသည် ။ ဥပမာ အမျိုးသမီး ဇာတ်ပို. ၊ အမျိုးသမီး ဇာတ်ဆောင် ဆုတို.နှင်.ပတ်သက်၍ ထိုသူတို.ထက် မည်သူတို.က ပိုရသင်.သည် ၊ ထိုကဲ့သို.ဖြစ်ရခြင်းမှာ မိုးဇေညိမ်း သတင်းများနှင်. သက်ဆိုင်သည် ဟူသော အသံများကြားရသကဲ့သို. ဒါရိုက်တာဆုနှင်. ပတ်သက်၍လည်း အဲ့ဒီအခန်းဖြတ် ဟူသော အရိပ် ယခုထိရှိနေသေးသည် ဆိုသည်မျိုးကြားရပြန်သည် ။ အချို.ကတော.လည်း အစောပိုင်းကပင် ထိုသူတို.ကို ရစေချခဲ့သည် ။ထိုက်တန်၍ရသည် ဟုမြင်ကြသည် ။

From MOI

ဇာတ်ကားဆု မပေးခြင်းနှင်. ပတ်သက်၍လည်း ငွေကြေး ၊ အချိန် ၊ စေတနာ တို.ကို ရင်းနှီးစိုက်ထုတ်ပြီး ငွေကြေးထက် ရုပ်ရှင်လောက ဂုဏ်သိက္ခာ တန်ဖိုးထား ထုတ်လုပ်နေသူများအတွက် အားလျှော.စေသည် ဟူသော အယူအဆများလည်းပေါ်ထွက်လာသည် ။ (ထိုကိစ္စနှင်. ပတ်သက်၍ ယခင်နှစ်ကလည်း နာမည်ကြီး ဒါရိုက်တာ တစ်ဦး၏ကား နှင်.ပတ်သက်၍ ထိုဒါရိုက်တာက ယခုဆုရွေးချယ်ရေးအဖွဲ.များတွင် လောကသားများပါလာပြီး ထိုသူတို.၏ စည်းမျဉ်းနှင်. မသက်ဆိုင်သော ကိုယ်ပိုင်ခံစားမှုမျိုးသည် ဆုံးဖြတ်ရာတွင် လွှမ်းမိုးမှုရှိသည် ဟူသော အယူအဆမျိုး ပြောခဲ့ဖူးသေးသည် )..အမှန်က ယခုနှစ်တွင် အကယ်ဒမီပွဲမတိုင်ခင်က အမှန်တကယ် ရုပ်ရှင်ဆု ရသင်.သော ကား အနည်းဆုံး ၂ကား ရှိခဲ့သည်ဟု အသံထွက်ခဲ့သေးသည် ။





မည်သို.ပင်ဆိုစေ အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံတော်အဖွဲ.အစည်း များ ၏အခန်းကဏ္ဍကို လျှော.ချလာပြီး သက်ဆိုင်ရာ အစည်းအရုံးများမှသာ စီမံလာသော ယနေ.ခောတ် အခမ်းအနား တစ်ခုကား  ဟိုနားက အသံနည်းနည်း ဒီနားကအသံနည်းနည်းဖြင်.တော. ပြီးဆုံးခဲ့ပြီဖြစ်သည် ။

No comments:

Post a Comment