သူရိယအလင်း ဂျာနယ် အတွင်းရေး အပိုင်း ( ၁ ) စာအုပ် မျက်နှာဖုံး |
ကျုပ်လဲဗျာ အလုပ်ပေါင်းစုံရှုပ်
ဟိုသွားဒီသွားနဲ့ဘာ မှတောင် မရေးဖြစ်တာကြာပေါ. ။ အဲ့ဒီလိုသွားရင်း လာရင်း စာအုပ်တွေတော.ဖတ်ဖြစ်တယ်ဗျ
။အဲ့ဒီထဲမှာ စိတ်ဝင်စားစရာ စာအုပ်တွေလည်း ပါတာပေါ.ဗျာ ။ စိတ်ဝင်စားစရာတွေထဲကမှ ခုတော.စာအုပ်လေး
တစ်အုပ်အကြောင်း မျှဝေပါအုံးမယ် ။ တစ်ခုရှိတာက ဒါကို ဖတ်မိရင် စိတ်ဝင်စားမယ်.လူရှိမှာဖြစ်သလို
သဘောမကျသူတွေလည်း ရှိနိုင်ပါတယ် ။စာအုပ်လေးနာမည်ကိုက ဆွဲဆောင်မှု တစ်ခုရှိမယ်ထင်ပါတယ်ဗျာ
။ လေပြည်နော.ပြီးရင် မုန်တိုင်းအလှည်.ပဲ သို.မဟုတ် သူရိယအလင်းဂျာနယ်အတွင်းရေး အပိုင်း ( ၁ ) တဲ့ဗျာ
သူရိယအလင်း အယ်ဒိတာ ချစ်နွေမိုး စီစဉ်ပြီး သူရိယ အလင်းသစ်
စာပေတိုက်က ၂၀၁၃ ဒီဇင်ဘာ လ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ပဲဖြစ်ပါတယ်။
ိဒီနေ.တော. ဒီစာအုပ် ကျောဖုံးမှာ ရေးထားတဲ့ High Light လုပ်ထားတဲ့စာသားလေးတွေကိုပဲ
မူရင်းအတိုင်းဖော်ပြလိုက်ပါတယ် ။ နောက်နေ.တွေတော. အဲ့ဒီထဲက စိတ်ဝင်စားဖွယ်အကြောင်းအရာလေးတစ်ချို.ကို
မူရင်းအတိုင်းမျှဝေပါမယ်ဗျာ ။
ခင်ဗျားက မြန်မာနိုင်ငံသား မဟုတ်ဘူး။
အမေရိကန် နိုင်ငံသား ခံယူထားတာ
ရေးချင်သလိုရေး ဖွချင်သလို ဖွပြီး ပြဿနာတက်ရင်
ခါးတောင်းတစ်ခြား ဖင်တစ်ခြားနဲ. ပြန်ပြေးမှာ ။
ခင်ဗျားနောက်မှာ ပြည်သူ သန်း၆၀
ရှိတယ်ဆိုပြီး အထင်ကြီးမနေနဲ.
ရုံးမှာတောင် အလုပ်လုပ်တဲ့ ၀န်ထမ်း ၃၀ ကျော်မှာ
ဝန်ထမ်း ၂၅ ယောက်က ခင်ဗျားဘက်မှာ မရှိဘူး ။
ပြည်သူနဲ. မီဒီယာကို ခုတုံးလုပ်ပြီး
နိုင်ငံရေး ၊ စီးပွားရေး အမြတ်ထုတ်တာ
ထင်ရှားနေတယ် ။
ခင်ဗျားလုပ်ရပ်တွေ ရပ်တန်းက မရပ်ဘဲ
ဆက်မိုက်နေရင်
ပြည်သူနဲ. မီဒီယာ သမားတွေက ဒဏ်ခတ်လိမ်.မယ် ။
ခင်ဗျားဘ၀ သမိုင်းကြောင်း သိတဲ့သူတွေက
သူရိယ အလင်းဂျာနယ်မှာ ရှယ်ယာ ၉၀ ရာခိုင်နှုန်း
ပါတယ်ဆိုတော. ရယ်နေကြတယ် ။
မူရင်းရေးသားသည်. အသုံးအနှုံး အတိုင်းဖြစ်ပြီး မူရင်းရေးသားသူ၏ အာဘော်သာဖြစ်ကြောင်း အသိပေးအပ်ပါသည် ။
ဆက်စပ်ဖတ်ရှု၇န် .... သူရိယအလင်းဂျာနယ် အတွင်းရေး အပိုင်း (၁ ) အခန်း ( က - ၁ )
ဆက်စပ်ဖတ်ရှု၇န် .... သူရိယအလင်းဂျာနယ် အတွင်းရေး အပိုင်း (၁ ) အခန်း ( က - ၁ )
No comments:
Post a Comment