Thursday, January 16, 2014

MNL 2014 ရာသီအတွက် Ayeyawady United FC ၏ အ၀င်အထွက်များ


ဧရာဝတီယူနိုက်တက် FC သည် အသင်း၏ စီမံမန်နေဂျာ ဦးဇော်မြင့် အား 
 (၁၀.၁.၂၀၁၃ သောကြာနေ့) တွင် တာဝန်မှ အနားပေးခဲ့သည်။

ဦးဇော်မြင့်သည် ဧရာဝတီယူနိုက်တက် FC တွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ စီမံမန်နေဂျာ တာဝန်အား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် ၂၀၁၃ ရာသီ၏ ဒုတိယ အကျော့တွင် အသင်းပိုင်ရှင်များ၏ တာဝန်ပေးမှုအရ စီမံမန်နေဂျာ၏ လုပ်ငန်း တာဝန်များအပြင် အသင်းအုပ်ချုပ်သူ ရာထူးကိုပါ ပူးတွဲ တာဝန်ယူခဲ့သူ ဖြစ်သည်။

၎င်းနောက် ဒုတိယအကျော့ပွဲစဉ် (၃) ပွဲ ကျန်ရှိသည့်အချိန်တွင် အသင်းအုပ်ချုပ်သူနေရာတွင် ဦးလင်းရောင်အား ပြောင်းလဲခန့်အပ်ခဲ့သည်။ ဦးဇော်မြင့်သည် ပြီးခဲ့သည့် ၂၀၁၃ MNL Cup မတိုင်ခင်ကပင် အသင်းမှ နှုတ်ထွက်ခွင့် တောင်းခဲ့သော်လည်း အသင်းပိုင်ရှင်များက ဆက်လက်တာဝန်ပေးထားခဲ့ပြီး  (၁၀.၁.၂၀၁၃) နေ့တွင် နှုတ်ထွက်ခွင့်ပေးခဲ့ခြင်း ဖြစ်ပါသည်။

အသင်းမှ နှုတ်ထွက်ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ ဦးဇော်မြင့်က “Professional လောကမှာတော့ ဘောလုံးအသင်း တစ်သင်းမှာ အလုပ်ခန့်တယ်၊ ထွက်ခွာခွင့်ပြုတယ်ဆိုတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျနော့်အနေနဲ့ အရင်က ထွက်ခွာခွင့်တောင်းခဲ့တယ် ဆိုပေမယ့်လည်း ဘောလုံးပွဲတွေ ရှိနေသေးတာက တစ်ကြောင်း၊ တစ်ခြားလုပ်ဆောင်စရာတွေ ရှိနေသေးတာတွေကြောင့် အရင်က ခွင့်မပြုခဲ့တာ ဖြစ်မှာပါ။ အခုတော့ နောက်ရာသီလည်း စတော့မယ်ဆိုတော့ အသင်းကို ပြန်လည်ဖွဲ့စည်းရမယ့် အချိန်ဆိုတော့ အခုလို ထွက်ခွာခွင့်ပြုလိုက်တာလို့ ထင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ အလုပ်ရှင်ဖြစ်ခဲ့တဲ့ အသင်းပိုင်ရှင်တွေကို ကျေးဇူးတင်ပါတယ်။ ဧရာဝတီယူနိုက်တက်ရဲ့ နည်းပြ၊ အုပ်ချုပ်အဖွဲ့နဲ့ ကစားသမားတွေကိုလည်း ချစ်ခင်မှု ရှိပါတယ်။ ရှေ့ဆက်ပြီး အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်” ဟု ဖွင့်ဟ ပြောကြားခဲ့သည်။



ဧရာဝတီယူနိုက်တက် FC သည် ဦးဇော်မြင့်၏ နေရာတွင် ယခင် လက်ထောက် စီမံမန်နေဂျာဖြစ်သော ဦးအောင်ချိုအား မန်နေဂျာစီမံရာထူးဖြင့် ပြောင်းလဲတာဝန်ပေးအပ်လိုက်ပါသည်။


ထို.အပြင် ဧရာဝတီယူနိုက်တက် FC သည် အောက်ဖော်ပြပါ စာချုပ် သက်တမ်းကျန်ရှိနေသေးသည့် ကစားသမား (၄) ဦးအား (၁.၁.၂၀၁၄) နေ့မှ စ၍ စာချုပ်ဖျက်သိမ်းခဲ့သည်။

၎င်းတို့မှာ -



၁) ပြည့်ဖြိုးဦး (ဂိုး)
၂) ထူးကျော် (နောက်တန်း)
၃) မျိုးဇော်ဦး (နောက်တန်း) နှင့်
၎) ညီညီမင်း (အလယ်တန်း)
တို့ ဖြစ်ကြသည်။

၎င်းကစားသမား (၄) ဦးတွင် ပြည့်ဖြိုးဦးနှင့် မျိုးဇော်ဦးတို့မှာ စာချုပ်သက်တမ်း (၁) နှစ်စီကျန်ရှိသေးပြီး ထူးကျော်မှာ စာချုပ်သက်တမ်း (၂) နှစ် နှင့် ညီညီမင်းမှာ စာချုပ်သက်တမ်း (၄) နှစ် အသီးသီး ကျန်ရှိနေသည့် ကစားသမားများ ဖြစ်သည်။ ၄င်းကစားသမားများမှာ စာချုပ်ဖျက်သိမ်းလိုက်သည့် (၁.၁.၂၀၁၄) နေ့မှ စတင်၍ အခြား မည်သည့်ကလပ်အသင်းနှင့် မဆို လွတ်လပ်စွာ ပြောင်းရွှေ့ကစားခွင့် ရှိပြီ ဖြစ်ပြီး စာချုပ်ဖျက်သိမ်းသည့် အတွက် လျော်ကြေးငွေအား ကစားသမားနှင့် အသင်း၏ တာဝန်ရှိသူများ ညှိုနှိုင်းဆုံးဖြတ်သွားမည် ဖြစ်ပါသည်။

ဧရာဝတီယူနိုက်တက် FC သည် ယခုစာချုပ်ဖျက်သိမ်းလိုက်သော ကစားသမား (၄) ဦးမတိုင်မီ ၂၀၁၃ ဒီဇင်ဘာလတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည့် ကစားသမား (၄) ဦးအားလည်း (၁၉.၁၂.၂၀၁၃) နေ့တွင် အသင်းမှ ထွက်ခွာခွင့် ပြုခဲ့သည့်အတွက် အသင်းနှင့် လမ်းခွဲသည့် ကစားသမား (၈) ဦးအထိ ရှိပြီ ဖြစ်ပါသည်။
(၃၁.၁၂.၂၀၁၃) နေ့တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သည့် ကစားသမား (၄) ဦးအား အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ၄င်းတို့ (၄) ဦးမှာ
၁) ထွန်းလင်းအောင် (နောက်တန်း)
၂) ဖြိုးဝေစံ (နောက်တန်း)
၃) ကျော်ဇေယျာမင်း (နောက်တန်း) နှင့်
၎) စည်သူသန်း (ရှေ့တန်း)
တို့ဖြစ်သည် ။


ထိုသို. ခွဲခွာမှု ၊ ပြောင်းရွှေ.မှုများ ရှိသလို ပူးပေါင်းမှု ၊ ခေါ်ယူမှုများလည်း ပြုလုပ်ခဲ့ပါသည် ။
 ၂၀၁၄ ရာသီအတွက် ပြည်တွင်းနှင့် နိုင်ငံခြား ကစားသမားများအား ခြေစွမ်း စမ်းသပ်ခံနေသူများ အနက်မှ (၇.၁.၂၀၁၄ အင်္ဂါနေ့) တွင် နိုင်ငံခြား ကစားသမား (၃) ဦးအား စာချုပ် ချုပ်ခဲ့သည်။

၎င်းတို့ (၃) ဦးမှာ
နာက်တန်း - ကလစ်ဖို့ (Clarke Clifford) (နိုက်ဂျီးရီးယား)
အလယ်တန်း - ကိုနေး (Lassina Kone) (အိုင်ဗရီကို့စ်) နှင့်
ရှေ့တန်း - ကင်မ် (Kim Sungmin) (ကိုရီးယား) ဖြစ်ကြသည်။


ယခု စာချုပ်ချုပ်ဆိုလိုက်သော နိုင်ငံခြားသား ကစားသမား (၃) ဦးတွင် ကလစ်ဖို့မှာ ယမန်နှစ်က ဟံသာဝတီယူနိုက်တက်တွင်လည်းကောင်း၊ ကိုနေးမှာ ရတနာပုံ FC၊ မကွေး FC နှင့် နေပြည်တော် FC တို့တွင် ကစားခဲ့ဖူးသောကြောင့် မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရှိသော ကစားသမားများ ဖြစ်ပြီး ကင်မ် မှာ ယခုနှစ်တွင်မှ မြန်မာနေရှင်နယ်လိဂ်တွင် လာရောက်ကစားသည့် ကစားသမားဖြစ်သည်။ ကင်မ်မှာ အသက် (၂၇) နှစ်အရွယ်ရှိပြီး ၂၀၁၁ ခုနှစ်တွင် ကိုရီးယား K 1 League ၏ Suwon Samsung FC၊ ၂၀၁၂ ခုနှစ်တွင် စင်ကာပူ Home United နှင့် ၂၀၁၃ ခုနှစ်တွင် ကိုရီးယား K 2 League ၏ Kimpo City FC တို့တွင် ကစားခဲ့ဖူး သည့် ကစားသမား တစ်ဦးဖြစ်သည်။

၎င်းကစားသမားများအား စာချုပ်ချုပ်ဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ဧရာဝတီယူနိုက်တက် FC ၏ နည်းပြချုပ် ဦးဆန်းဝင်းက-
“အစကတော့ နိုင်ငံခြား ကစားသမား ခေါ်ယူရင် မြန်မာနေရှင်နယ်လိဂ်မှာ မကစားဘူးသေးတဲ့ ကစားသမားကိုပဲ ခေါ်ဖို့ စဉ်းစားခဲ့တာပေါ့။ အခု နိုင်ငံခြားကစားသမား (၁၂) ယောက်လောက်ကိုလည်း ခေါ်ပြီး အသင်းမှာ ခြေစွမ်းစမ်းသပ် လေ့လာပြီးပြီ။ သိပ်ပြီးအဆင်ပြေတာ မတွေ့ရဘူး။ ကလစ်ဖို့တို့ ကိုနေးတို့ကို ခြေစွမ်းလေ့လာလိုက်တဲ့အခါမှာတော့ အခြားကစားသမားတွေထက် အသင်းနဲ့ ပိုပြီး အံဝင်တာ တွေ့ရတယ်။ ဒါကြောင့်မို့ သူတို့ကိုပဲ စာချုပ်ချုပ်ဖြစ်တာပါ။ ဒီအတိုင်းပဲ ကင်မ်ရဲ့ ခြေစွမ်းကလည်း အသင်းနဲ့ အံဝင်မှု ရှိပါတယ်။ ဒါကလည်း ကျနော်တစ်ယောက်တည်း အကြိုက်ရွေးလိုက်တာတော့ မဟုတ်ပါဘူး။ အသင်းရဲ့ တာဝန်ရှိသူတွေကိုယ်တိုင် သူတို့ကစားတာကို လာရောက် ကြည့်ရှုခဲ့ပြီး နှစ်သက် လက်ခံလို့ စာချုပ် ချုပ်ဖြစ်တာပါ။

ဧရာဝတီယူနိုက်တက် FC သည် ၄င်း နိုင်ငံခြားကစားသမား (၃) ဦးအား ၂၀၁၄ ဇန်န၀ါရီလမှ စက်တင်ဘာလ (၃၀) ရက်အထိ (၉)လ သက်တမ်းရှိ စာချုပ်များ အသီးသီးချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားကစားသမား (၄) ဦး ပြည့်အောင် ခေါ်ယူမည် ဖြစ်သည့်အတွက် ကျန်ရှိနေသည့် ကစားသမားတစ်ဦးအား ဇန်န၀ါရီလ ဒုတိပတ်အတွင်း အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ရန် စီစဉ်လျှက် ရှိသည်။


ထို.အပြင် ပြည်တွင်း ကစားသမား ခေါ်ယူမှုအနေဖြင်.
၁။ စံမျိုးဦး (နောက်တန်း) - ယခင်အသင်း (မနောမြေ FC)
၂။ ကိုကိုမောင် (အလယ်တန်း)- ယခင်အသင်း (ချင်းယူနိုက်တက် FC)
၃။အေးကိုကိုမောင် (နောက်တန်း)- ယခင်အသင်း (ချင်းယူနိုက်တက် FC)
၎။ပြည့်ဖြိုးကိုကို (နောက်တန်း) - ယခင်အသင်း (ချင်းယူနိုက်တက် FC)
၅။ ဝေဠု (
ရှေ့တန်း) - ယခင်အသင်း (ရတနာပုံ FC)
၆။ နေလှိုင် (ဂိုး) - ယခင်အသင်း (နေပြည်တော် FC)  
တို.အားစာချုပ်ချုပ်ဆိုခေါ်ယူခဲ့သည် ။
၎င်းကစားသမားများထဲမှ စံမျိုးဦး၊ ကိုကိုမောင်၊ အေးကိုကိုမောင်၊ ပြည့်ဖြိုးကိုကို၊ ဝေဠု တို့အား(၁.၁၂.၂၀၁၃) နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး စာချုပ်သက်တမ်း (၂) စီဖြစ်ကာ နေလှိုင်အား (၁.၁.၂၀၁၄) နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး စာချုပ်သက်တမ်း (၃) နှစ်ဖြစ်သည်ဟု သိရပါသည် ။

Ref ; Ayeyawady United FC & Fan Page @ Facebook

No comments:

Post a Comment