Tuesday, February 18, 2014

SS Avenue of WKA Group ( အေးချမ်းရိပ်ငြိမ် ) ၏ လ ၃၀ အတွင်း လုပ်ဆောင်နိုင်ခဲ့မှုများ


ပထမဆုံး ပညာသင်ထောက်ပံ.ကြေး အတွက်သဘောတူ ကတိလက်မှတ်ရေးထိုးခဲ့ရာ မဟာပုည တန်ဆောင်း နှင်. ပညာသင်ထောက်ပံ.ကြေး ဆိုင်ရာ ဂတိဝန်ခံလွှာ

http://wakhama.blogspot.com/ ဖြစ်ပေါ်လာစေရေး ရှေ.ပြေး ဖန်တီးခဲ့သော ၀ါးခယ်မ Page … ထို ၀ါးခယ်မ Page ၏မူလအစ ဖြစ်သော Secluded Serene Avenue of WKA Group ( SS Avenue – အေးချမ်းရိမ်ငြိမ် ) ဟူသော Group ကို မူလက WKA Group ( ၀ါးခယ်မသူ/၀ါးခယ်မသားများ ) ဟူသော အမည်ဖြင်. ၂၀၁၁ စက်တင်ဘာ ၉ ရက်နေ.က Open Style Create လုပ်ဖြစ်ခဲ့ပါသည် ။

ထိုစဉ်က ရည်ရွယ်ချက်က ကမ္ဘာကြီး၏ မည်သည်.နေရာတွင်မဆို ရှိနေနိုင်သော ၀ါးခယ်မဖွား ၊၀ါးခယ်မသားများခြင်း အလယ်တကူချိတ်ဆက်နိုင်စေ၇န် ၊ မြို.လေး၏ အကြောင်းများကို မည်သည်.နေရာမှမဆို သိရှိနေနိုင်စေရန် ရည်ရွယ်ရင်းဖြစ်သည် ။ သို.သော် နောက်ပိုင်း အယူဝါဒရေးရာ ၊ ယုံကြည်မှုများဆိုင်ရာ ဆွေးနွေးအငြင်းပွားဖွယ်ရာ နေရာတစ်ခုမဖြစ်လိုပဲ မြို.လေးအတွက် တတ်နိုင်တာလေးကူလုပ် ၊ သတိရစရာတွေ ပြော ၊ သိချင်တာတွေမေး မြို.လေး၏ အကြောင်းအရာ သက်သက်ကိုသာအဓိကထားပြီး ညီညွတ်နွေးထွေး ယဉ်ကျေးစွာ ပြောဆိုနေထိုင်လိုသူများသာ စုဖွဲ. ဆက်ဆံလိုသော ဆန္ဒကြောင်. ၂၀၁၂ ဖေဖော်ဝါရီ ၂၂ ရက်နေ. တွင်မူ ယခုလက်ရှိနာမည်သို.ပြောင်းပြီး Secret Style Group အဖြစ်ဖွဲ.တည်ထားခဲ့ပါသည် ။

SS Avenue of WKA Group ၏ မူလနာမည် WKA Group လက်ထက်က ပထမဆုံးလှုဒါန်းခဲ့သော ဆရာဝန်သုံး စားပွဲနှင်. ကုလားထိုင်

ပရဟိတ ကျောင်းသို. ၂၀၁၂ ဇွန် ၃ ရက် လှုဒါန်းစဉ်

ယခင် နာမည်နှင်.ရော ယခုနာမည်နှင်.ပါ ရပ်တည်ခိုက် မြို.လေးနှင်.တိုက်ရိုက်သက်ဆိုင်သောဘာသာရေး ၊ ကျန်းမာရေး နှင်. အထူးသဖြင်. ပညာရေးကိစ္စများကို မိမိတို.အဖွဲ.လေးအတွင်းရှိ Member များ၏ ပူးပေါင်းပါဝင်မှု ၊ Group Collector များ၏ ကြိုးပမ်းမှု ၊ မိတ်ဆွေများ၏ စေတနာဖြင်.ဖြည်.ဆည်းမှုများ ဖြင်. အတိုင်းအတာ တစ်ခုအထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါသည် ။

ပထမဆုံးပြုလုပ်ခဲ့သော ၀ါးခယ်မမြို.ရှိ အခမဲ့ဆေးခန်းဖြစ်သော အာရောဂျတံခွန်ကုသိုလ်ဖြစ်ဆေးခန်းသို. ၂၂ - ၁- ၂၀၁၂ နေ.တွင်ဆက်တီ နှင်. ဆုံလည်ကုလားထိုင် ၊ အောက်ဆီဂျင်အိုး ၊ ဆေးပဒေသာပင် စုစုပေါင်းတန်ဘိုး ၃၁၀,၀၀၀ကျပ် ၊ ၂၉ - ၇ -၂၀၁၂ နေ. ၀ါးခယ်မမြို.နယ်အသင်း ကထိန်ကြွရောက် သံဃာတော် ၁၇ ပါးအတွက် ၀တ္ထုငွေ ၁၀၂၀၀၀ ကျပ် ၊ ၃ ရက် ဇွန်လ ၂၀၁၃ နေ.တွင် ၀ါးခယ်မမြို. ပရဟိတကျောင်း ရှိ ဝေးလံခေါင်သီသော ဒေသမှ လာရောက်နေထိုင်ပညာသင်ကြားနေကြသော ချို.တဲ့ ၊ မိဘမဲ့ ကလေးငယ် ၅၀ နီးပါးတို.အတွက် ကျောင်းအပ်စရိတ်...တစ်နှစ်စာစာရေးကိရိယာ...ကျောင်းဝတ်စုံ..ထီး..ဆယ်တန်းကျောင်းသား၎ယောက်ကျုရှင်စ၇ိတ်အပါအ၀င် စုစုပေါင်း ၁၇၂၇၀၀၀ ကျပ် ၊အေးမြရိပ်ငြိမ် ပညာကုသိုလ်အစီအစဉ်အရ ၀ါးခယ်မ GTI မှ မအူပင် TU သို. GTC တက်ရောက်ရန် ချို.တဲ့ကျောင်းသားတစ်ဦးအား ၂၀၁၃ ပညာသင် တစ်နှစ်လုံးစာအတွက် အလုံးစုံထောက်ပံ.ငွေ ၅၇၀ ၀၀၀ကျပ် . …( ယခု ၂၀၁၄ ပညာသင်နှစ်အတွက်လည်း ဆက်လက် တာဝန်ယူထားပါပြီ်း GTC ပြီးသည်အထိ တာဝန်ယူရန် လတ်တလော သဘောတူထားပါသည် ) ၊ ၂၀၁၄ ဇွန်လ ၂ နေ.က လှုဒါန်းခဲ့သော ၂၀၁၄ ပညာသင်နှစ် ပရဟိတကျောင်းမှကလေးငယ်များအတွက် တစ်နှစ်စာ လိုအပ်မှုထောက်ပံ.ခြင်း ၊ သဲကွင်းကျောင်း ၊ တာဝတိံသာကျောင်း ၊သော်ကကျောင်း စသည်. ချို.တဲ့ မူလတန်းကလေးငယ်များအတွက် ကျောင်းဝတ်စုံ ၊ ထီး ၊ လွယ်အိတ် ၊ ဗလာစာအုပ် ၊ ခဲတံ တို.အပြင် သော်ကကျောင်းရေပိုက်သွယ်တန်းခြင်းတို.အတွက် စုစုပေါင်း ( ၁၂၅၀ ၀၀၀ ခန်.) တို.ကို လှုဒါန်းနိုင်ခဲ့ပြီး SS Avenue Group ၏ အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အစီအစဉ်များအတွက် ရန်ပုံငွေ ၇၅၀ ၀၀၀ ကို ကမ္ဘောဇ ဘဏ်တွင် အပ်နှံထားနိုင်ခဲ့ပါသည် (ထိုသို. အပ်နှံရာတွင် Group Collector ၂ ဦးအမည်ဖြင်. Joint Account ဖွင်.လှစ်ပြီး တတိယမြောက် Collector ထံ့စာအုပ်အပ်နှံ သိမ်းဆည်းထားခဲ့ပါသည် ) ။



ထို.အပြင် Group Collector တစ်ဦးဖြစ်သော မနှင်းဝတ်ရည်ကြိုင်က သူမ၏မွေးနေ.အလှုအဖြစ် ငွေ တစ်သိန်းတိတိ လှုဒါန်းခဲ့ရာ ထိုငွေမှ ၄၀၀၀၀ ကျပ်တိတိအား ၀ါးခယ်မ GTI တွင်ကျောင်းအပ်နှံနိုင်ခြင်းမရှိသဖြင်. ရပ်နားရမည်ကဲ့သို.ဖြစ်နေသော ကျောင်းသူတစ်ဦးကို ၄၀၀၀၀ ကျပ်လှုဒါန်းခဲ့ပြီး ကျန် ၆၀၀၀၀ ကို ပညာရေး၇န်ပုံငွေအတွက် ဘဏ်တွင် ထပ်မံ ထည်.သွင်းထားခဲ့ပါသည် ။ ထို.ကြောင် Group စတင်ဖွဲ.တည်သော ၂၀၁၂ စက်တင်ဘာ ၉ ရက်နေ.မှ ယခု အထိ လ ၃၀ ခန်.အတွင်း ကျန်းမာရေးဆိုင်ရာ လှုဒါန်းနိုင်မှု ၃၁၀ ၀၀၀ ကျပ်၊ ဘာသာရေးဆိုင်ရာ ဒါနအဖြစ် ၁၀၂၀၀၀ ကျပ၊် ပညာရေးဆိုင်ရာ ထောက်ပံ.လှုဒါန်းနိုင်မှု အဖြစ် ၃၅၈၇ ၀၀၀ ကျပ် ( အခြားလိုအပ်မှုများအတွက် ကူညီအလှုခံပေးခြင်း ဥပမာ- ၂၀၁၂ကျောင်းကြီးဆရာကန်တော.ပွဲအတွက် အဖွဲ.မှ ကူညီစုဆောင်းပေးခြင်းမျိုးအား စာရင်းထည်.သွင်းမထားပါ )စုစုပေါင်း လှုဒါန်းနိုင်မှု ၃၉ ၉၉ ၀၀၀ - (သုံးဆယ်.ကိုးသိန်း ကိုးသောင်းကိုးထောင် ) ရှိခဲ့ပြီဖြစ်ပြီး ပညာရေး၇န်ပုံငွေအဖြစ်၈၁၀ ၀၀၀ကျပ်ကိုစုဆောင်းအပ်နှံထားနိုင်ခဲ့ပြီဖြစ်ပါသည် ။




ထို.အပြင်နောက်ထပ်ခြေလှမ်း တစ်ခုအနေဖြင်. ယခု ၂၀၁၄ ပညာသင်နှစ်တွင်လည်း ပရဟိတကျောင်းမှ ဒသမတန်းကိုထူးချွန်စွာ အောင်မြင်ခဲ့ပြီး ပုသိမ် နည်းပညာတက္ကသိုလ်တွင် ၆ နှစ်တက်ရောက်ရမည် ဖြစ်သော ကျောင်းသားတစ်ဦးကိုလည်း ပညာသင်နှစ်ပြီးဆုံးသည်အထိဆက်လက်တာဝန်ယူထားပါသည် ။ထိုကျောင်းသားငယ် နှင်. ကတိက၀တ်ဆိုင်ရာများ ရှင်းလင်းအသိပေးခြင်းကို ၂၀၁၄ ဇန်န၀ါရီ ၁၁ ရက်နေ.ညနေက ပရဟတိတဆရာတော် ရှေ.မှောက်တွင် အေးချမ်း၇ိပ်ငြိမ် ပညာကုသိုလ်အဖွဲ.မှ Collector အချို.နှင်. ကျောင်းသားငယ်တို. ပြုလုပ်ခဲ့ကြပါသည် ။ မိမိတို.အနေဖြင်. မိမိတို. မြို.လေး၏ အကျိုးကို တတ်နိုင်သည်.ဖက်မှ ၀င်ရောက်ထမ်းပိုးပေးခြင်းဖြစ်ပြီး ဘ၀အတွက် အရေးကြီးဆုံးတစ်ခုဖြစ်သော ပညာရေးဆိုင်ရာ တို.ကို အဓိကထား ပံ.ပိုးပေးနေခြင်း ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည် ။

SS Avenue Group - အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အစီအစဉ်များ အောင်မြင်ရေးအတွက် လစဉ်အဓိက တာဝန်ယူ ကုသိုလ်ရှင် ၂ ဦးဖြစ်သော ကိုကျော်နိုင်ဦး ( GFB Construction ) နှင်. ဒေါက်တာအေးအေးမြင်. ၊ ငွေကြေးများတာဝန်ခံ စုဆောင်းပေးနေသော Group Collector များဖြစ်သည်. ကိုဇော်မင်းလွင် ၊ ကိုရဲ ၊ ဒေါက်တာကိုကိုလင်း ၊ ဒေါက်တာအေးအေးမြင်. ၊မနှင်း ၀တ်ရည်ကြိုင် ၊ မဘရဏီကိုကို ၊ မစုဝေဖြိုး ၊ မနွေးဝဿန်လွင်နောင် ၊ အစစအရာရာ စေတနာအပြည်.လှုဒါန်းပေးနေကြသူများ အားလုံးအား SS Avenue Group အနေဖြင်. အထူးကျေးဇူးတင်ရှိပါကြောင်း …….




.( အကယ်၍ Group Collector များအဖြစ် စေတနာဖြင်. ပါဝင်ဆောင်ရွက်လိုပါကလည်း ကြိုဆိုပါသည်ခင်ဗျာ )

ပုံမှာ ၁-၁၁-၂၀၁၄ နေ.က ဒုတိယကျောင်းသားတစ်ဦးအား ကတိက၀တ်ဆိုင်ရာများရှင်းလင်းပြီးGroup ၏ Collector အချို.မှ ထောက်ပံ.ငွေ တရားဝင်စတင်ချီးမြှင်.ခြင်း အခမ်းအနားလေးကျင်းပနေစဉ်ဖြစ်ပါသည် )

ပုံများကို အောက်ပါ Link တွင်ကြည်.ရှုနိုင်ပါသည် ။
https://www.facebook.com/media/set/?set=a.600647126679499.1073742006.259181714159377&type=1

No comments:

Post a Comment