Wednesday, February 26, 2014

မင်းခိုက်စိုးစံ ရဲ. ကဗျာ တစ်ပုဒ်



ဆယ့်နှစ်ကြိုးကဝေအတတ်တွေနဲ့
(ငါ့ရင်ထဲက) မီးခတ်တဲ့စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်းပြုစားတတ်တဲ့ရွာသူရေ
ရင်ခုန်သံတွေကိုပဲ ခေါစာပစ်လိုက်တယ်
သခင်မ
ပျော်ပါ၊ ပါးပါ၊ စားပါ၊ သောက်ပါ
မရိုမသေတမ်းတမိတဲ့
ဟောဒီကအမိုက်အမဲကိုလည်း
အပြစ်ကလွှတ်တော်မူပါ
မီးတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မူပါ
တရားဝင်စစ်ကြေငြာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူးဆိုတဲ့
ဟောဒီက ငပျင်းအတွက်
လက်ကြောတင်းအောင် လွမ်းခွင့်ပြုတော်မူပါ

မင်းခိုက်စိုးစံ

No comments:

Post a Comment