Thursday, February 20, 2014

ကျုံမငေး မြို.ဖြစ်ပြီ .. Congratulation Kyonemangae !



၂၀၁၄ ဖေဖော်ဝါရီလ ၁၈ ရက်နေ.တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၁၄ ရက်မြောက်နေ.တွင်ဝါးခယ်မမြို.နယ်အပိုင် ကျုံမငေး အား မြို.အဖြစ် တရားဝင် သတ်မှတ်ခွင်. ပြု လိုက်ကြောင်း သိရပါသည် ။

တိုင်းဒေသကြီးဝန်ကြီးချုပ် ၊၀ါးခယ်မမြို.နယ် အမှတ် ( ၂ ) မဲဆန္ဒနယ်မြေ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်သှူ ကြံ.ခိုင်ရေးအမတ် ဦးကျော်လွင်၊ ကျုံမငေး အုပ်ချုပ်ရေးမှုး ဦးစိုးဝင်း တို.နှင်. သက်ဆိုင်ရာ မြို.မိ မြို. ဖများနှင်. တာဝန်ရှိသူတို.တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ခဲ့ကြခြင်းကြောင်. ထိုသို.အောင်မြင်ခဲ့ခြင်းဖြစ်သည်ဟုဆိုကြသည် ။ 




ထိုသို. ခွင်.ပြုခဲ့ရာတွင် ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်းရှိ ကျေးရွာ ၂ ရွာအား စုစည်း၍ ရပ်ကွက် ၅ ရပ်ကွက် ပါဝင်သော ကျုံမငေး မြို.အဖြစ် တိုးချဲ. ဖွဲ.စည်းခြင်း ၊ကျေးရွာအုပ်စု ၄စုအားပြင်ဆင် ဖွဲ.စည်းခြင်း တို.ကို လွှတ်တော်က မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး ၄င်းနှင်. အတူ ကျုံပျော်မြို.နယ် ဆင်ခေါင်းကျေးရွာအား ဆင်ကောင်းကျေးရွာအုပ်စုအဖြစ် ပြင်ဆင် ဖွဲ.စည်းခြင်း ခွင်.ပြုခဲ့ခြင်းဖြစ်သည် ။




ရပ်ကွက် ၁၄ ခု ကျေးရွာ ၁၂၆ ရွာ ဖြင်.ဖွဲ.စည်းထားသည်. ၀ါးခယ်မမြို.နယ်တွင် ရွှေလောင်းတိုက်နယ် ၊ ကျွန်းကုန်းတိုက်နယ် ၊ ကျုံမငေးတိုက်နယ်ဟု ရှိပြီး ရွှေလောင်း မှာ ယခင်က ၀ါးခယ်မမြို. မဖြစ်ခင်ကပင် ကုန်စည်ကူးသန်းရာ မြို.အဖြစ် စည်ကားခဲ့သော်လည်း ယခုတွင်မူ တိုက်နယ်အဆင်.သာရှိတော.သည် ။ ကျုံမငေးမှာ မြို.နယ်အတွင်း ရှိ တိုက်နယ်တို.အနက် စည်ကားသော ဒေသ တစ်ခုဖြစ်ခဲ့ပြီး ယခင်က ကျုံမငေး ၊ မအူချောင်း ၊ ကုန်းကြီး ၊ ကျွဲချောင်း ၄ ရွာ ပေါင်း ၍ ကျုံမငေး ကျေးရွာအုပ်စုဟု ခေါ်တွင်ပြီး ချောင်း တစ်ဖက်ကမ်း အုန်းပင် ၊ ပန်းကူး ၊ ရေလယ်ကျွန်း ၃ ရွာ ပေါင်း ၍ အုန်းပင်ကျေးရွာအုပ်စုဟု ခေါ်ပြီး ထိုကျေးရွာအုပ်စု ၂ခု တစ်ဆက်တစ်စပ်တည်း တည်ရှိနေခြင်းဖြစ်သည်




ယ္ခု အခါ မြို့ အဖြစ် သတ်မှတ်ရာတွင် စည်းမျဉ်းအရ လန / ၃၉ ကျပြီး သည့် ကျုံ မငေး နှင်. အုန်းပင်ကျေးရွာအုပ်စု သာ ပူးပေါင်း၍ မြို့အဖြစ်သတ်မှတ်ခြင်းဖြစ် ပါသည်။ စည်းမျဉ်းအရ လန / ၃၉ မကျသော လယ်ယာမြေ များ မပါဝင် ရ သဖြင်.လယ်ယာမြေ များဖြစ်သော မအူချောင်း ကို ငှက်ကျ သို့ ၎င်း ၊ ကုန်းကြီး ကျွဲချောင်း ကို အောက်ပေကုန်း သို့ ၎င်း ၊ ပန်းကူးကို ရေလယ်ကျွန်း သို့ ၎င်း ရွှေ.ပြောင်းထည်.သွင်းဖွဲ.စည်း ခဲ့ပါသည် ။ 




ထိုမြို.အဖြစ် ဖွဲ.စည်းခွင်.အမိန်.စာ ကို တရားဝင် ရရှိပြီးနောက်ပိုင်းတွင် လိုအပ်သော ဋ္ဌာနဆိုင်ရာ များတည်ဆောက်ရန် အချိန် ၂ နှစ်ခန်.ယူရမည်ဟု သိရပြီး မြို.နယ်ခွဲအဆင်.သို.တိုးမြှင်.လျှောက်ထား၇န် ရည်ရွယ်ထားသည်ဟုလည်း သိရပါသည်။


Data & Photo from ကိုစိုးဝင်း Facebook

No comments:

Post a Comment