Thursday, February 27, 2014

တပ်မတော် ကြည်း /လေ အမြှောက်နှင်. သံချပ်ကာ တပ်တို.၏ ပူးပေါင်းစစ်ရေးလေ.ကျင်.မှု ( အနော်ရထာ - ၂၀၁၄ )


ယခင်ထက် ပို၍ သိသိသာသာ ပွင်းလင်းမြင်သာ လာနေချိန်တွင် ၂၀၁၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ.က တပ်မတော်(ကြည်.း) တပ်မတော် ( လေ )  ၊ အမြောက်နှင်. သံချပ်ကာ တပ်ဖွဲ. တို. ပူးပေါင်းပြုလုပ်သော စစ်ရေး လေ.ကျင်. မှု တစ်ရပ်ကို မိတ္ထီလာ လွင်ပြင်ဒေသတွင် ကျင်းပခဲ့ပြီး Media များမှလည်း တရားဝင် ဖော်ပြခဲ့ကြပါသည် ။



ထိုစစ်ရေးလေ.ကျင်.မှုကို အနော်ရထာ ဟုအမည်ပေးခဲ့ပြီး တပ်မတော်(ကြည်း)မှ တပ်မ(၈၈)နှင့် လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များ၊ အမှတ်(၈)စစ်မြေပြင် စစ်လက်နက်ပစ္စည်းတပ်တို့ပါဝင်ခဲ့ပါပြီး တပ်မမှူးမှ Joint Force Commander အဖြစ် ဆောင်ရွက်ပါသည်။  ။

 MiG-29SE တိုက်လေယာဉ်များ

 တပ်မတော်(လေ) အနေဖြင်.  လေတပ်စခန်းဌာနချုပ် (၆)ခုမှ စတုတ္တမျိုးဆက် ဘက်စုံသုံး ဂျက်တိုက်လေယာဉ်များ၊ ကြားဖြတ်တိုက်လေယာဉ်များ၊ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်များ စသည်ဖြင့် လေယာဉ်အမျိုးအစား(၈)မျိုး ပါဝင်ခဲ့သည်။ လေ့ကျင့်ခန်းတွင် လေကြောင်းလုပ်ငန်းတာဝန်များအနေဖြင့် တိုက်ပွဲဝင်ကင်းထောက်ပျံသန်းခြင်း၊ အနီးကပ်လေကြောင်းပစ်ကူပေးခြင်း၊ လေကြောင်းချီသယ်ယူပို့ဆောင်ခြင်းနှင့် အမြောက်ချိတ်ဆွဲခြင်း၊ အထူးတပ်ဖွဲ့ဝင်များ တင်ဆောင်လေ့ကျင့်ပျံသန်းခြင်း စသဖြင့် လှုပ်ရှားဆောင်ရွက်မူ(၁၄)မျိုး လေ့ကျင့်နိုင်ခဲ့ကြောင်း သိရသည်။




 သံချပ်ကာယန္တယားအနေဖြင့် သံချပ်ကာနည်းဗျုဟာ(၁)ခု၊ တင့်တပ်ရင်း(၁)ရင်း၊ သံချပ်ကာတိုက်ခိုက်ရေး တပ်ရင်း(၂)ရင်း ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရှိရပါသည်။အမြောက်တပ်ဖွဲ.များ အနေဖြင်.စက်အမြောက်များ  ၂၅မမ၊၅၇မမ လေယာဉ်ပစ်အမြောက်များနှင့် ဒုံးလက်နက်အဖြစ် တပ်မတော်ထုတ် Igla မျိုးကွဲ ပုခုံးထမ်းဒုံးများ ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရပါသည်..။

စစ်ရေးလေ့ကျင့်မှုအတွင်း တာတိုပစ် ပုခုံးထမ်းလေယာဉ်ပစ်ဒုံးများဖြင့် (အနိမ့်ပျံ၍ မြန်နှုန်းနည်းသော ရန်သူ့လေယာဉ်၊ရဟတ်ယာဉ်)များအား ပစ်ခတ်တားဆီးခြင်း စစ်ရေးလေ့ကျင့်ခန်း ဆောင်ရွှက်နေကြစဉ်

လေ့ကျင့်ခန်းတွင် သမားရိုးကျစစ်ဆင်ရေး၏ ချီစစ်၊တိုက်စစ်စသည့် အဓိကစစ်ကဏ္ဍကြီးနှစ်ရပ်ကို တိုက်ပွဲလုပ်ငန်းစဉ် Battle Procedure များအတိုင်း ရည်မှန်းချက်(၄)နေရာ ခွဲခြားသတ်မှတ်ပြီး ရန်သူ့ပစ်မှတ်များကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကြိုတင်ချေမှုန်းခြင်း၊ အမြောက်ကြီးများ / အတွဲလိုက်ဒုံးများ / ခြေလျင်အကူလက်နက်ကြီးများဖြင့် ပစ်ခတ်၍ ကြိုတင်ချေမှုန်းခြင်း၊ ရန်သူ့လက်နက်ကြီးများကို အကြမ်းဖက်တပ်ဖွဲ့များဖြင့် စီးနင်းတိုက်ခိုက်ခြင်း၊ တိုက်ပွဲပုံစံ အဆင့်ဆင့်အတိုင်း ခြေလျင်/တင့်/သံချပ်ကာများဖြင့် ရည်မှန်းချက်အသီးသီးကို ဖောက်ဝင် ချေမှုန်းတိုက်ခိုက်ခြင်းများအား အောင်မြင်စွာ လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။




နိုင်ငံတကာ သတင်းဋ္ဌာနတို.က ဤစစ်ရေးလေ.ကျင်.မှု ကို   ပြည်ပက ကျူးကျော်လာတာကို တိုက်ထုတ်ဖို့ လေ့ကျင့်တာဖြစ်ဖွယ်ရှိပါတယ် လို.ရေးသားကြပါသည် ။ မြန်မာ.တပ်မတော် က ဒါဟာ နိုင်ငံတော်ကာကွယ်ရေးစွမ်းရည် မြင့်မားစေ ဖို.ဟု.ဆိုသည် ။ ကာ/ချုပ် ၏အမှာ စကားတွင် ယခုလေ.ကျင်.မှု နှင်. ပတ်သက်၍ စစ်မြေပြင်လို အတွေ့အကြုံများရရှိရေးအတွက် တပ်ဆင်ထားသော စစ်လက်နက်ပစ္စည်းယန္တယားများဖြင့် လေ့ကျင့်ခန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
- စစ်ဆင်ရေးအောင်မြင်နိုင်ရန်အတွက် တပ်များမှာ တိုက်ပွဲစွမ်းအားရှိရန် အရေးကြီးကြောင်း  ထည်.သွင်းပြောကြားခဲ့သည် ။



ယခုစစ်ရေးလေ.ကျင်.မှု ကဲ့သို. Joint Training တစ်ခုတွင် ပါဝင်ခဲ့ဖူးသူတစ်ဦးကလည်း သတင်းဖော်ပြထားသော Post တစ်ခု၏ Comment တွင် ဤသို.ရေးသားခဲ့ပါသည် ။


  • Thein Htay
 ကြည်း ရေ လေ လေ့ကျင့်ခန်းနှစ်ခုလုံးမှာပါဝင်ဆောင်ရွက်ခဲ့ပြီး၉၄..၉၅.. ပတ်ဝန်းကျင်မှာ..လေ...ကြည်း...လေ့ကျင့်ခန်းပထမဆုံးအကြီမ် လုပ်ခဲ့ပါတယ်..အခုလုပ်တဲ့...ကွင်းမှာပါပဲ...အဲဒီတုန်းကတော့ ...ရှူရပ်ကမြင်းမနက်သေတောင်ထိပ်ဖြစ်ပါတယ်...အဲဒီမှာ 105mm honour တပ်ခွဲမှူးအဖြစ်ပစ်ခဲ့ရပါတယ်...ကာချုပ်ကိုအလေးပြုတဲ့ဒါးမြေကြီးကိုအကျ...လေကွဲ...၈လုံးက..တဂျိမ်းဂျီမ်းနဲ့...ကွဲတာကို..ဖြစ်အောင်လုပ်ခဲ့ရတာပါ...ယာယီကာလဖြစ်လို့...မအောင်မြင်ရင်...အပြုတ်တဲ့...ပစ်တဲ့နေ့မှာ..ရသမျှဘုရားစာတွေကို...လျှာခလုတ်တိုက်အောင်ရွတ်...ဖင်ဘူးတောင်းထောင်...ရှစ်ခိုးပြီးဘုရား...အခါတရာ..တ,ပြီး...ပစ်ထဲ့လိုက်တာ......
စက်ထဲက...''အိမ်း...သိန်းဌေး...ကောင်းတယ်ကွ...''ဆိုတဲ့...ဆရာ.အသံကြားမှ...စိတ်ဒုံးဒုံး..ချပြီးအားလျော့လိုက်တာ...

စစ်ရေးလေ့ကျင့်မှုအတွင်း ၁၂၂မမ အတွဲလိုက်ပစ် ဒုံးများဖြင့် လေ့ကျင့်နေကြစဉ်

ဘယ်ကအလစ်ချောင်းနေမှန်းမသိတဲ့ငှက်ဖျားဒဏ်ကိုခံလိုက်ရတာ...၁၀၆..အထိ အဖျားတက်ပြီးပူလွန်းလို့..drip တွေဖြုတ်ပြီးရှောက်ပြေးတဲ့အထိဖြစ်ခဲ့ပါတယ်..ကျနော့်တပ်ခွဲကစစ်သည်တဦးကတော့.အဲဒီမှာတင်ပဲငှက်ဖျားနဲ့ကျဆုံးခဲ့ပါတယ်..စစခြင်း လုပ်တဲ့လေ့ကျင့်ခန်းဖြစ်တာရယ်..မုန်တိုင်းမိခဲ့တာတွေကြောင့်..စစ်သည်တွေ..အတော်ပင်ပမ်းခဲ့ကြတာပါ...
ဒါက..ကြိုတင်စီစဉ်သော...လေ..ကြည်း..ပါ..ခေတ်သစ်စစ်ပွဲအတွက်..တကယ်ကိုလိုအပ်ပါတယ်..စောစောကတင်ပြခဲ့သလိုပဲ..ဒီလိုလေ့ကျင့်ခန်းဖြစ်ဖို့...ဘယ်သူမှ..မနေရတဲ့အပြင်..ပင်ပမ်းခြင်း..ပစ္စည်း..လူ...ငွေ...ဆုံးရှူံးကုန်ကျခြင်းတွေဒုနဲ့..ဒေး..ပါ..ခင်ဗျာ...။
ဒါကြောင့်...ဆုံး..ရှူံး..ကုန်ကျတာခြင်းတူတူ...ကျနော်တို့ရှေ့တန်းစစ်မြေပြင်နဲ့...တကယ်အကိုက်ညီဆုံးဖြစ်မဲ့ရုတ်ချည်းလေ...ကြည်း..လေ့ကျင့်ခန်း..တနည်းအားဖြင့်...ကြိုတင်စီစဉ်မထားသော..အမြန်..လေ..ကြည်း..တိုက်ပွဲကိုလုပ်တတ်အောင်..လေ့ကျင့်ပေးလျှင်ပိုမိုကောင်းမွန်ပြည့်စုံမယ်လို့,ထင်ပါတယ်ခင်ဗျာ...



No comments:

Post a Comment