Tuesday, February 25, 2014

ေလွက်င္း ဦးရွင္ႀကီးပြဲ



ၿမိဳ.ေလးတြင္ အရွင္ႏွစ္ပါး ပူေဇာ္ပသပြဲဆိုသည္က ဇာတိဖြားမ်ား ၊ ဇာတိသားမ်ား သတိတရ ရွိတတ္ေသာ ပြဲေတာ္ တစ္ခုၿဖစ္သည္ ။

ေဆးရံုေရွ. တြင္က်င္းပေသာ ဥိးရွင္ႀကီးပြဲ ၊ ေလွက်င္းတြင္ က်င္းပေသာ ဦးရွင္ႀကီးပြဲႏွင္. တရုပ္တန္းတြင္ က်င္းပေသာ ဦးရွင္ႀကီးပြဲဟူ၍ ႏွစ္စဥ္ ၃ ပြဲ က်င္းပေလ.ရွိသည္ ။ မူလ ပတၱၿမား ရပ္ကြက္တြင္ က်င္းပေလ.ရွိေသာ ဦးရွင္ႀကီး ပြဲမွေန၍ ေနာက္ပိုင္း ေဆးရံုေရွ.တြင္ ဆက္လက္ကၿပေသာ ဦးရွင္ႀကီးပြဲက ၿမိဳ.ေလးတြင္ အဦးဆံုးေသာပြဲၿဖစ္သည္ ။ၿပီးခဲ့သည္. ပြဲကဆိုလွ်င္ ၁၃၁ ႀကိမ္ေၿမာက္ က်င္းပေသာ ပြဲၿဖစ္သည္ ။ေနာက္ဆံုးမွ က်င္းပေသာ ပြဲကား တရုတ္တန္း ဦးရွင္ႀကီးပြဲၿဖစ္ၿပီး ႏွစ္ ၅၀ ေက်ာ္ေနာက္က်သည္ဟု သိရသည္ ။ ေလွက်င္း ဦးရွင္ႀကီးပြဲကား ယခုနွစ္တြင္ ၁၂၁ ႀကိမ္တိုင္ခဲ့ၿပီၿဖစ္သည္ ။


မြို.လေးတွင် အရှင်နှစ်ပါး ပူဇော်ပသပွဲဆိုသည်က ဇာတိဖွားများ ၊ ဇာတိသားများ သတိတရ ရှိတတ်သော ပွဲတော် တစ်ခုဖြစ်သည် ။


ဆေးရုံရှေ. တွင်ကျင်းပသော ဥိးရှင်ကြီးပွဲ ၊ လှေကျင်းတွင် ကျင်းပသော ဦးရှင်ကြီးပွဲနှင်. တရုပ်တန်းတွင် ကျင်းပသော ဦးရှင်ကြီးပွဲဟူ၍ နှစ်စဉ် ၃ ပွဲ ကျင်းပလေ.ရှိသည် ။ မူလ ပတ္တမြား ရပ်ကွက်တွင် ကျင်းပလေ.ရှိသော ဦးရှင်ကြီး ပွဲမှနေ၍ နောက်ပိုင်း ဆေးရုံရှေ.တွင် ဆက်လက်ကပြသော ဦးရှင်ကြီးပွဲက မြို.လေးတွင် အဦးဆုံးသောပွဲဖြစ်သည် ။ပြီးခဲ့သည်. ပွဲကဆိုလျှင် ၁၃၁ ကြိမ်မြောက် ကျင်းပသော ပွဲဖြစ်သည် ။နောက်ဆုံးမှ ကျင်းပသော ပွဲကား တရုတ်တန်း ဦးရှင်ကြီးပွဲဖြစ်ပြီး နှစ် ၅၀ ကျော်နောက်ကျသည်ဟု သိရသည် ။ လှေကျင်း ဦးရှင်ကြီးပွဲကား ယခုနှစ်တွင် ၁၂၁ ကြိမ်တိုင်ခဲ့ပြီဖြစ်သည် ။






ယခင္က ေလွက်င္းဦးရွင္ႀကီးပြဲ က်င္းပရန္ အတြက္ ကြင္းပိုင္မရွိခဲ့ပဲ ယခု GTI ေက်ာင္း၀င္းေနရာ ၊ ပရဟိတ ေက်ာင္း၀င္းေနာက္ဖက္ ၊ ေလွက်င္း ကြက္သစ္ဘက္လယ္ကြင္း မ်ားစသည္ၿဖင္. အဆင္ေၿပရာ ေနရာ ေရြးခ်ယ္ က်င္းပခဲ့ႀကရသည္ ။ သို.ေသာ္ လြန္ခဲ့ေသာ ၇ႏွစ္ခန္. ေလွက်င္းရပ္ကြက္ ရယက အၿဖစ္ ဦးၿမင္.သန္း ၊ဦးၿမင္.စိုး တာ၀န္ယူစဥ္္   ႀကိဳးစားေဆာင္ရြက္ခဲ့ႀကသၿဖင္. ယခု ပြဲက်င္းပရာေနရာကို သတ္သတ္မွတ္မွတ္ ရရွိခဲ့ႀကသည္ ။ထိုမွေန၍ ၿပီးခဲ့ေသာ ၃ ႏွစ္ခန္.တြင္မူ အရွင္ ႏွစ္ပါး နတ္နန္း ၂ခုကိုအခိုင္အမာ တည္ေဆာက္နိဳင္ခဲ့ႀကသည္ ။

ေလွက်င္းဦးရွင္ႀကီးပြဲ၏ ထူးၿခားခ်က္မွာ အၿခားအရွင္ႏွစ္ပါး ပြဲမ်ားထက္ ပူး၀င္ေပ်ာ္ပါးႀကသည္. နတ္အေရအတြက္ ပိုမိုမ်ားၿပားၿခင္းၿဖစ္သည္ ။ ေဖ်ာ္ေၿဖမည္. ဇာတ္ပြဲ မတိုင္မွီ အရွင္ႏွစ္ပါးႏွင္. နတ္မ်ား ပူေဇာ္ၿခင္းကို ည ၇နာရီ ခန္.တြင္ စတင္ေလ.ရွိၿပီး ၉း၃၀ - ၁၀း၀၀ နာရီခန္.အထိ ၿပဳလုပ္ေလ.ရွိသည္ ။ အရွင္ႏွစ္ပါးကိုသာ အစဥ္လိုက္ ပူေဇာ္ပသၿပီး က်န္အတြင္း ၃၇ မင္း အၿပင္ ၃၇ မင္းကိုမူ ႏွစ္သက္ရာ ၀င္ေရာက္ပူးကပ္ေပ်ာ္ၿမဴးခြင္. ၿပဳထားၿခင္းၿဖစ္သည္ ။ အေၿခအေနအရ ပြဲမပါပဲ ပသမွဳ သက္သက္ၿပဳလုပ္ခဲ့ရေသာ ႏွစ္အခ်ိဳ.ရွိခဲ့ၿပီး ထိုကဲ့သို.ႏွစ္မ်ိဳးဆိုလွ်င္ေတာ. နတ္အေတာ္စံုစံု ၀င္ေရာက္ခဲ့ေႀကာင္း သိရသည္ ။နိဳင္ငံေရး ၊ စီးပြားေရး အရ ပသပြဲပါ မလုပ္နိဳင္သည္.နွစ္မ်ိဳးဆိုလွ်င္ အနည္းဆံုးေလးတိုင္စင္ႏွင္.ေတာ. ပူေဇာ္ပသခဲ့ႀကသည္ ။

ပူေဇာ္ပသရာတြင္ အရွင္ႏွစ္ပါး ပူေဇာ္ပသပြဲဟု သံုးႏွံဳးႀကၿခင္းမွာ ထိုနတ္ေလာကတြင္ ပင္းယဘိုးဘိုးႀကီး မွာ အေခါင္အခ်ဳပ္ၿဖစ္ေႀကာင္း ၊ ထိုဘိုးဘိုးႀကီး လက္ေအာက္တြင္ ၿမိဳ.ေတာ္ရွင္ ၊ နယ္ေတာ္ရွင္တို.ရွိေႀကာင္း ၊ လက္ရွိပူေဇာ္ပသသည္မွာ ၿမိဳ.ေတာ္ရွင္ ၿဖစ္ေသာ ကိုးၿမိဳ.ရွင္ ႏွင္. နယ္ေတာ္ရွင္ ဦးရွင္ႀကီးတို.အား အမွဳးထား ပူေဇာ္ပသၿခင္းေႀကာင္. ၿဖစ္ေႀကာင္းလည္း သိရသည္။ 

ယခင်က လှေကျင်းဦးရှင်ကြီးပွဲ ကျင်းပရန် အတွက် ကွင်းပိုင်မရှိခဲ့ပဲ ယခု GTI ကျောင်းဝင်းနေရာ ၊ ပရဟိတ ကျောင်းဝင်းနောက်ဖက် ၊ လှေကျင်း ကွက်သစ်ဘက်လယ်ကွင်း များစသည်ဖြင်. အဆင်ပြေရာ နေရာ ရွေးချယ် ကျင်းပခဲ့ကြရသည် ။ သို.သော် လွန်ခဲ့သော ၇နှစ်ခန်. လှေကျင်းရပ်ကွက် ရယက အဖြစ် ဦးမြင်.သန်း ၊ဦးမြင်.စိုး တာဝန်ယူစဉ်   ကြိုးစားဆောင်ရွက်ခဲ့ကြသဖြင်. ယခု ပွဲကျင်းပရာနေရာကို သတ်သတ်မှတ်မှတ် ရရှိခဲ့ကြသည် ။ထိုမှနေ၍ ပြီးခဲ့သော ၃ နှစ်ခန်.တွင်မူ အရှင် နှစ်ပါး နတ်နန်း ၂ခုကိုအခိုင်အမာ တည်ဆောက်နိုင်ခဲ့ကြသည် ။


လှေကျင်းဦးရှင်ကြီးပွဲ၏ ထူးခြားချက်မှာ အခြားအရှင်နှစ်ပါး ပွဲများထက် ပူးဝင်ပျော်ပါးကြသည်. နတ်အရေအတွက် ပိုမိုများပြားခြင်းဖြစ်သည် ။ ဖျော်ဖြေမည်. ဇာတ်ပွဲ မတိုင်မှီ အရှင်နှစ်ပါးနှင်. နတ်များ ပူဇော်ခြင်းကို ည ၇နာရီ ခန်.တွင် စတင်လေ.ရှိပြီး ၉း၃၀ - ၁၀း၀၀ နာရီခန်.အထိ ပြုလုပ်လေ.ရှိသည် ။ အရှင်နှစ်ပါးကိုသာ အစဉ်လိုက် ပူဇော်ပသပြီး ကျန်အတွင်း ၃၇ မင်း အပြင် ၃၇ မင်းကိုမူ နှစ်သက်ရာ ဝင်ရောက်ပူးကပ်ပျော်မြူးခွင်. ပြုထားခြင်းဖြစ်သည် ။ အခြေအနေအရ ပွဲမပါပဲ ပသမှု သက်သက်ပြုလုပ်ခဲ့ရသော နှစ်အချို.ရှိခဲ့ပြီး ထိုကဲ့သို.နှစ်မျိုးဆိုလျှင်တော. နတ်အတော်စုံစုံ ဝင်ရောက်ခဲ့ကြောင်း သိရသည် ။နိုင်ငံရေး ၊ စီးပွားရေး အရ ပသပွဲပါ မလုပ်နိုင်သည်.နှစ်မျိုးဆိုလျှင် အနည်းဆုံးလေးတိုင်စင်နှင်.တော. ပူဇော်ပသခဲ့ကြသည် ။


ပူဇော်ပသရာတွင် အရှင်နှစ်ပါး ပူဇော်ပသပွဲဟု သုံးနှုံးကြခြင်းမှာ ထိုနတ်လောကတွင် ပင်းယဘိုးဘိုးကြီး မှာ အခေါင်အချုပ်ဖြစ်ကြောင်း ၊ ထိုဘိုးဘိုးကြီး လက်အောက်တွင် မြို.တော်ရှင် ၊ နယ်တော်ရှင်တို.ရှိကြောင်း ၊ လက်ရှိပူဇော်ပသသည်မှာ မြို.တော်ရှင် ဖြစ်သော ကိုးမြို.ရှင် နှင်. နယ်တော်ရှင် ဦးရှင်ကြီးတို.အား အမှုးထား ပူဇော်ပသခြင်းကြောင်. ဖြစ်ကြောင်းလည်း သိရသည်။ 






ယခုႏွစ္တြင္ ေဆးရံုေရွ. ဥိး၇ွင္ႀကီးပြဲ ၊ၿပီး တရုတ္တန္း ဦးရွင္ႀကီးပြဲ တို.က်င္းပအၿပီး ေလွက်င္းဦးရွင္ႀကီးပြဲကို ၂၀၁၄ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန.မွ စတင္က်င္းပခဲ့သည္ဟု သိရပါသည္ ။ ယခုႏွစ္္ ပူေဇာ္ပသပြဲ ၀တ္စံုႏွင္. အၿခား လိုအပ္သည္မ်ားကို ကို ခ်စ္ဦး- မမီးမီးႏွင္. မေမရီမိသားစု တို.က တာ၀န္ယူလွဳဒါန္းခဲ့သည္ဟုသိရပါသည္ ။

( ဤ စာစုေလးကို ဘာသာေရးဆိုင္ရာ ယံုႀကည္မွုထက္ ၿမိဳ.ေလး၏ ဓေလ.ရိုးရာ က်င္းပပံု တစ္ခုအေနၿဖင္. အဓိကထား ေဖာ္ၿပပါသည္  )


လိုအပ္ေသာ အခ်က္အလက္မ်ား ရရွိရန္ ခ်ိတ္ဆက္ ေဆာင္ရြက္ေပးေသာ ကိုေအာင္ၿမင္. ၊သိရွိလိုေသာ အခ်က္အလက္မ်ားကို စိတ္ပါလက္ပါ ၿပည္.စံုစြာေၿဖႀကားေပးေသာ ဦးပု @ ဦးၿမင္.သန္း တို.အား ၀ါးခယ္မ Page မွ အထူးေက်းဇူးတင္ရွိပါေႀကာင္း မွတ္တမ္းတင္အပ္ပါသည္ ။

ယခုနှစ်တွင် ဆေးရုံရှေ. ဥိးရှင်ကြီးပွဲ ၊ပြီး တရုတ်တန်း ဦးရှင်ကြီးပွဲ တို.ကျင်းပအပြီး လှေကျင်းဦးရှင်ကြီးပွဲကို ၂၀၁၄ ဖေဖော်ဝါရီလ ၂၀ ရက်နေ.မှ စတင်ကျင်းပခဲ့သည်ဟု သိရပါသည် ။ ယခုနှစ် ပူဇော်ပသပွဲ ဝတ်စုံနှင်. အခြား လိုအပ်သည်များကို ကို ချစ်ဦး- မမီးမီးနှင်. မမေရီမိသားစု တို.က တာဝန်ယူလှုဒါန်းခဲ့သည်ဟုသိရပါသည် ။


( ဤ စာစုလေးကို ဘာသာရေးဆိုင်ရာ ယုံကြည်မှုထက် မြို.လေး၏ ဓလေ.ရိုးရာ ကျင်းပပုံ တစ်ခုအနေဖြင်. အဓိကထား ဖော်ပြပါသည်  )



လိုအပ်သော အချက်အလက်များ ရရှိရန် ချိတ်ဆက် ဆောင်ရွက်ပေးသော ကိုအောင်မြင်. ၊သိရှိလိုသော အချက်အလက်များကို စိတ်ပါလက်ပါ ပြည်.စုံစွာဖြေကြားပေးသော ဦးပု @ ဦးမြင်.သန်း တို.အား ဝါးခယ်မ Page မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ။


No comments:

Post a Comment