မြန်မာလူမျိုးတို.တွင်
၁၂လရာသီ တွင် သက်ဆိုင်ရာ အချိန်အခါလိုက် ပွဲတော်များ ရှိသည်. အနက် အချို.က ရာသီဥတု
ကိုအကြောင်းပြု၍ ၊ အချို.က ဘာသာရေးဆိုင်ရာ ယုံကြည်မှုကိုအကြောင်းပြု၍ ၊အချို.က နိုင်ငံတော်၏
ကာကွယ်ရေး ၊ လူမျိုး၏ယဉ်ကျေးမှု စသည်ဖြင်. နယ်ပယ်စုံ ကိုအကြောင်းပြု၍ ပေါ်ပေါက်လာသည်.
ပွဲတော်များ အနက် မြန်မာ.ရိုးရာအစားအသောက်အမည်တစ်ခု တပ်လျှက် ပြုလုပ်သည်က တော. တပို.တွဲလ
ထမနဲ ပွဲ တစ်ခုသာ ရှိသည် ။
မြန်မာ.
၁၂ လအနက် တပို.တွဲလပြည်.သည် ထူးခြားသော ဂုဏ်ပုဒ်တို.ရှိနေခဲ့သည် ။ ထိုနေ.တွင် * * * အရှင်သာရိပုတ္တရာ
ရဟန္တာဖြစ်တော်မူသောနေ့ ဖြစ်ခြင်း။
* အရှင်သာရိပုတ္တရာ
နှင့် အရှင်မဟာ မောဂ္ဂလာန် ဧတဒဂ် ရတော်မူသော နေ့ဖြစ်ခြင်း။* အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိတ် သတ်တို့ အလိုအလျှောက် စုဝေးမိသော နေ့ဖြစ်ခြင်း။
* ဘုရားရှင်တိုင်း သြဝါဒပါတိမောက် ပြတော်မူသော နေ့ဖြစ်ခြင်း (အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမကို သြဝါဒဟု ခေါ်ပါသည် ထိုသြဝါဒ မိန့်ကြားတော်မူခြင်းကို သြဝါဒပါတိမောက်ပြသည်ဟု ခေါ်ဆိုပါသည် )
ထိုသို. သြ၀ါဒပါတိမောက် ပြ ရာတွင်လည်း ဘုရှားရှင်တိုင်းသည် သြဝါဒပါတိမောက်ကို အင်္ဂါလေးချက်နှင့် ညီသော်အခါမှသာ ပြတော်မူသည်….
* တပို့တွဲ လပြည့်နေ့ဖြစ်ခြင်း
* ဧဟိဘိက္ခု ရဟန်းတော်ချည်းသာ စုဝေးမိခြင်း
* ဆဠဘိညပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်းသာ စုဝေးမိခြင်း
* မည်သူကိုမျှ မပင့်ဖိတ်ဘဲ အလိုလိုသာ စုဝေးမိသော အခါဖြစ်ခြင်း
ဂေါတမမြတ်စွာဘုရားသည် ပထမဦးဆုံးသော ပါတိမောက်ကို မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ် တပို့တွဲလပြည့်နေ့ တွင် အထက်ပါ အင်္ဂါတို့နှင့် ပြည့်သည်ဖြစ်၍ ကဿပညီနောင် ရှင်တစ်ထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် နှင့် တပည့် ၂၅ဝ- စုစုပေါင်း ရဟန္တာ၁၂၅၂-ပါးတို့အား ဂါထာသုံးပုဒ်ဖြင့် သြဝါဒပါတိမောက်ကို ပြတော်မူပါသည်။
ထိုတပို.တွဲလပြည်.နေ.တွင် မြန်မာ.ရိုးရာ အစားအစာ တစ်မျိုးဖြစ်သော ၊ အစားအသောက် ဆိုသည်ထက် ညီညွတ်မှု၏ ပြယုဂ် တစ်ခု လည်းဖြစ်သော ထမနဲ (သို.) နှမ်းမနဲ ထိုး၍ ဘုရားရှင်ကို ဆက်ကပ်လှုဒါန်းခြင်း ၊ စတုဒိသာပြုခြင်းများ ကို အစဉ်အဆက်ပြုလုပ်ခဲ့ကြပါသည် ။တစ်ခုတိုက်ဆိုင်နေသည်က ညီညွတ်ခြင်းဖြင်.သာ တင်.တည်အပ်သော ထမနဲပွဲ ရာသီကား ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြိး ခန်.ထည်စွာဖြစ်တည်လာရေးအတွက် အရေးပါသော ပြည်ထောင်စုနေ. နှင်. မနိးမဝေး ရက်တွင် ကပ်လျှက် တည်ရှိနေခြင်းဖြစ်သည် ။
ထမနဲပွဲ ပေါ်ပေါက်လာရပုံ နှင်. ပတ်သက်၍ လေ.လာမိသည်မှာ
တပို့တွဲလသည်
မြန်မာလ၏၁၁လမြောက်သောလဖြစ်၏ဆောင်းဥတု၏ကုန်ဆုံးရန်နောက်ဆုံးလထဲလည်းပါ၏
တပိုလ၏နောက်ဆုံးအပတ်သည် အချမ်းဆုံးအချိန်ဟူပင်ဆိုကြသည် ။ ထို့ကြောင့်
တပို့တွဲလ၌
အချမ်းပိုသည် ။ မြတ်စွာဘုရားရှင်၏လက်ထက်၌ တပို့တွဲမှတပေါင်းသို့အကူးအကြား ရှစ်ရက်သည်
အလွန်အေးမြသည် ။ ၀ိနည်းတော်အရဘုရားရှင်သည် ရဟန်းတို့ကို
မီးမလှူံရန်တားမြစ်ပိတ်ပင်ထားသည် ။ တားမြစ်ရခြင်းအကြောင်းမှာ မိးနှင့်
မျက်စိမသင့်ခြင်း ၊ မီးလှုံခြင်း ကြောင့်အဆင်းပျက်ခြင်း ၊ ခွန့်အားဆုတ်ယုတ်ခြင်း ၊မီးလှုံရင်းအပေါင်းအဖော်တို့နှင့်မွေ့လျော်နေခြင်း၊ ယင်းတို့နှင့်အကျိုးမရှိသောစကားများကို ပြောဆိုခြင်းဟု၍ဖြစ်သည်။ သို့ရာတွင် အဆိုပါ တပို့တွဲလအကုန် တပေါင်းလအကူး ကြားရှစ်ရက်သည် အလွန်အေးမြသောကြောင့် ထိုရက်များ အတွင်း ရဟန်းမီးလှုံရန်ခွင့်ပြုတော်မူရုံမျှမကသေး ၊မိမိကိုယ်တော်တိုင် လည်းမိးလှုံတော်မူလေ့ရှိ၏။ဤသည်ကိုအစွဲပြု၍ တပို့တွဲလ၌ မီးပုံပွဲ သဘင်ကို ဆင်ယင် ကျင်းပကြသည် ။
မီးပုံဟူသော အသုံးအနှူန်းမှာအရပ် စကားဖြစ်သည်။ စာပေအမှတ်အသားမှာမူ မီးဖုန်းသဘင်ဟုရေးရသည် ။ အလှူရှင်ဒကာ ဒကာမတို့သည် မီးဖုံးပွဲကို ကျင်းပရန်အလို့ငှါတောသို့တက်၍ နံ့သာစသောထင်းများကို လူစုလူဝေး နှင့်ခုတ်ကြသည် ။ထို့နောက်ထိုထင်းများကို စုပုံမီးရှို့၍ ဘုရားကျောင်းတန်ဆောင်းတို့၌ အပူဓာတ်ကို လှူဒါန်းပူဇော်သည် ။ အချို့ကလည်း မီးမယ်ဖျူးခေါ် မီးလင်းဖို၌အမွှေးနံ့သာ ထင်းများကို ထည့်၍ မီးဖိုကာ ပူဇော်ကြသည်။ ယခုခေတ်၌ပင်လင် ရွှေတိဂုံဘုရားပေါ်တွင် တပို့တွဲလဆန်း၁၄ ရက် အဖိတ်နေ့၌ မီးခဲများပေါ်တွင်း နှံ့သားမှုံ့များကျဲဖြန့်၍ ဘုရားရှင်အား အမွှေးနံ့သာ အပူဓာတ်တို့ဖြင့် ပူဇော်ကြသေးသည်ကို တွေ့ရှိုနိုင်ပေသေးသည်
ဤပွဲသဘင်ကိုစီရင်ကျင်းပရာ၌ ဆောင်ရွက် ရမြဲထုံးစံမှာ လူ ၁၀၀၀။ ယာဂုအိုး၁၀၀၀ ၊ ထန်းစင်၁၀၀၀တို့ကိုစီမံပြီးလျင် ဘုရား၊ ကျောင်း ၊တန်ဆောင်းများ၌ မီးအပူဓာတ်ကိုလှူဒါန်းပူဇော်ကြသည် ။
တပို့တွဲ လပြည့်နေ့မတိုင်မီ လဆန်းရှစ်ရက်နေ့ကစပြီး မီးပူဇောိသူ တို့သည် စင်းလုံးချောသက်ရင်းပင်များကို ခုတ်ယူ ပြီးလျှင်အခွံခွာ၍ နနွင်းဖြင့် လိမ်းကျံကာသုံးဆင့်စည်းနှောင်ထားကြ၏ ။
ခြောက်သွေ့သောအခါ မီးပုံပွဲကျင်းပရာသို့ လပြည့်နေ့ မတိုင်မီလာရောက်စုပုံကြ၏ ။
မီးပုံတိုင်များစိုက်ထူရန်မြေကွက်လပ်တွင် အတောင်၃၀ -အရှည်ရှိသော ဥရူတိုင်ကြီးငါးတိုင်စိုက်ထား၏ ။ထိုတွင်ထင်းစည်းမီးပုံစည်းများကိုမှီ၍စိုက်ထူ၏ ။
နံနက်လေးနာရီတွင် ဆရာတော်က ၀တ်ပြုဆုတောင်းရာရဟန်းရှင်လူတို့သည်ရှိခိုးကန်တော့ကြ၏။ထို့နောက်ဆရာတော်က မီးစတင်ရှို့လေရာ ရဟန်းရှင်လူတို့လည်းနီးရာမီးပုံတွင် သူ့ထက်ငါဥိးအောင်ရှို့ ကြလေသည်။ ရှေးခေတ်က ကျင်းပသောမီးပုံပွဲတွင် ယာဂုအိုး1000 လှူဒါန်းလေ့ရှိကြောင်း အထက်၌ပြဆို ခဲ့သည်ကို ကျွန်ုပ်တို့အထူးသတိမူကြရန်ရှိသည် ယင်းကိုထောက်ရှု့လျှင်မီးပုံပွဲနှင့်ယာဂုပွဲဆက်စပ်နေသည်ကိုတွေ့ရပေလိမ့်မည်၊မီးပုံပွဲကျင်းပရင်းနှင့် ယာဂုအလှူပွဲဖြစ်ပေါ်လာလေသလော ၊ ယာဂုပွဲကျင်းပရင်းနှင့်မီးပုံပွဲဖြစ်ပေါ်လားလေသလော ။ ဤနှစ်လီကိုမဝေခွဲနိုင်ပါ ။
စင်စစ် ဤအလှူနှစ်မျိုးသည် တစ်ခုနှင့်တစ်ခုဆက်စပ်၍ တပြိုင်းတည်းဖြစ်ပေါ်လာသည်ဟုဆိုနိုင်ရာသည် ။ ယာဂုပူဇော်ပွဲအဆင်အလာကို ၀ိနည်း ပိဋကတ်မဟာဝဂ် ပါဠိတော်၌ပြဆိုထားသည်။တစ်ရံခါသော် မြတ်စွာဘုရားသည်များစွာသော သံဃာတော်တို့နှင့်အတူ အန္ဓ၀ိန္ဒရွာသို့ ဒေသစာရီကြွချီတော်မူရာ ဇနပုဒ်၌နေသောသူတို့သည် ဆန်ဆီဆားဆေးစသောလှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရားကြွချီတော်မူရာသို့လိုက်ပြီးလျှင် ဆွမ်းဘောဇဉ် အာဟာရတို့ကို ကပ်လှူပူဇော်ကြလေသည်။ထိုအခါ ပုဏ္ဏားတစ်ယောက်သည်လည်းအလားတူဆွမ်းကျွေးလိုပါသော်အလှည့် မကျနိုင်သော ကြောင့် အရှင်အာနန္ဒာကိုချဉ်းကပ်၍ ယာဂုနှင့်တကွ ပျားသကာမုန့်ချိုတို့ကို မြတ်စွာဘုရား နှင့်တကွ သံဃာတော်တို့အား ဆက်ကပ် ခွင့်ပြုပါရန်တောင်းပန်လေ၏ ။
ရှင်အာနန္ဒာလည်း ဤအကြောင်းကိုမြတ်စွာဘုရားအား လျောက်ထားရာမြတ်စွာဘုရားလည်း ပုဏ္ဏားအလိုရှိသည့်အတိုင်းကပ်လှူပူစေရန် သည်းခံတော်မူလေသည်။ ဤမှစ၍ယာဂုလှူပွဲအစဉ်အလာပေါ်ပေါက်လာလေသည် ၀ိနည်းတော်အရတပို့တွဲနှင့်တပေါင်းစပ်ကြား၌ ရဟန်းတို့မီးလှုံစေရန်ခွင့်ပြုသောအကြောင်း နှင့်ဆက်စပ်လျှင်ယင်းမီးပုံပွဲနှင့်ယာဂုအလှူပွဲမှာ တဆက်တည်းဖြစ်ပေါ်လာသည်ဟုယူဆနိုင်ပေသည် ၊ယာဂုဟူသည်မှာ ခေတ်စကားနှင့်ပြောရလျှင် ဆန်ပြုတ် ပင်ဖြစ်သည် ။ သို့သော်လုံးတော်ဆရာတော်၏အာဘော်အရ မြတ်စွာဘုရားသခင်သည်လေအနာနှိပ်စက်ခြင်းခံရလေသော် အရှင်အာနန္ဒာအား ယာဂုဆွမ်းခံခြေဟုမိန့်တော်မူသဖြင့် ဒကာမတဦးထံအလှူခံရာ ထိုဒကာမသည် ချင်းစိမ်း ငြုတ် ကြက်သွန် နှမ်း တို့ဖြင့်စီရင် ထားသောယာဂုဆွမ်းကိုကပ်သဖြင့် လေနာငြိမ်းသည်ဟု ဆိုသောကြောင့် ယာဂုသည် ငြုတ်ကြက်သွန်နှမ်းတို့ဖြင့်ရောစပ်၍ပြုတ်ထားသောအရာတစ်မျိုးဟုခေါ်ဆို ယူဆနိုင်ပေသည် ။
မင်းတုန်းမင်းလက်ထက်ယာဂုအလှူပွဲအကြောင်းကို ကုန်းဘောင်မင်းဆက်မဟာရာဇ၀င်တော်ကြီး၌ဖတ်ရှုနိုင်ပေသည် ။ ယင်းအလှူပွဲအကြောင်း ၌ရွှေမြို့တော်လေးပြင်လေးရပ် လူတိုင်းလူတိုင်း တိုင်းရင်းသားများမှစ၍ တရုတ်ကုလားမကျန် တိုင်းသူပြည်သားအားလုံးတို့သည် လူတစ်ကိုယ် ဆန်တစလယ်ကျ စုဆောင်း၍ ယာဂုကျိုရာ၊ ယင်းယာဂု ၌ ကောက်ညှင်း ဆန် ဆီ ဆား နှမ်း ချင်းစိမ်း မြေပဲ အုန်းသီး သစ်ကြားသီး စသည်တို့ကို ထည့်၍ကျိုသည်ဟုဆိုသည် ။
ယင်းယာဂုကျိုခြင်းကိုပင်လျှင် ယခုခေတ်၌ ထမနဲထိုးသည်ဟု ဆိုကြောင်း မှတ်သားရသည်။
ထမင်းနဲ (၀ါ) ထမင်းနှဲ ဟူသောစကားသည် (ကောက်ညှင်း)ထမင်းကို နှဲ ခြင်းဟူသောစကား အသုံးအနှုန်းမှ ဖြစ်ပေါ်လာသည် ။ ဤ၌(နှဲ)ဟူသည်မှာ ထိုးကြိတ်၍ မွှေခြင်း နယ်ချင်းကိုပင်ဆိုလိုသည် ။ ရှေ့အရေးအသားအချို့တွင် ထမင်းနှဲဟူ၍ပင်ရေးကြသည် ။အချို့ကလည်း နှမ်းကိုကဲ၍ထည့်ခြင်းကြောင့် နှမ်းမနဲဟူ၍လည်းခေါ်ကြောင်း ဆိုကြသည် ။ ယင်းထမင်းနဲထိုးခြင်းစပ်လျဉ်း၍ လိုသောပစ္စည်းအချိန်အဆကို တေးထပ် စပ်ဆိုရာ အောက်ပါအတိုင်းဖြစ်ပါသည် ။
တေးထပ်
စားတော်ရ ဆန်ပေါက်ဝါ
လေးပြည်သာထည့်မြဲ ။
ချိန်ပိဿာလျှံကြည်ရွှဲအောင်လို့
နှမ်းဆီလည်းထည့်ပြန် ။
မြေပဲဆန်အဋ္ဌသုညငယ်နှင့်
ဒွတ္တိံသ တိလဗီဇံ ။
အုန်းသီးစိတ် ကျပ်ဝီသံငယ်
လောနတံ ချိန်သတ်နှင့်
ချင်းနုဖတ်သိင်္ဂီမျှင်ရွှေ
သုံးကျပ်မသွေ
ရောထည့်လို့မွှေ
ဤကားယာဂုထမနဲဖြစ်ပေါ်လာပုံတည်း ။ဤသဘောကြောင့် ယာဂုနှင့် ထမနဲအတူတူပင်ဟုဆိုရိုးရှိ၏ ။
မြို.လေးတွင်လည်း ယခုရာသီတွင် ထမနဲ ပွဲများ ရှိနေပါသည် ။
ယခုလာမည်. ၁၃၇၅ တပို.တွဲလပြည်.နေ.တွင် ၀ါးခယ်မမြို.ရှိ မြသိန်းတန် စေတီတော်မြတ်ကြိး ၏ ဒုတိယ အကြိမ်မြောက် ထမနဲထိုး လှုဒါန်းပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည် ။ ထိုထမနဲ ထိုးပွဲသို. ဘုရားအမှုးပြု မြို.ပေါ် ကျောင်းတိုက်များမှ ဆရာတော် ၊သံဃာတော်များ အား အာရုဏ် ထမနဲ လှုဒါန်းခြင်း ၊ အလှုရှင်များအား ထမနဲ ဝေငှခြင်း ၊ ဧည်.ပရိသတ်များအား ကျွေးမွေး ဧည်.ခံခြင်းတို.ဖြင်. လှုဒါန်းမည်ဟု သိရပါသည် ။( ထိုသတင်းက ဖေဖော်ဝါရီ ၇ ရက်နေ. စံတော်ချိန် သတင်းစာနှင်. ဖေဖော်ဝါရီ ၉ ရက် မြန်မာ.အလင်းသတင်းစာတွင် ဖော်ပြပါရှိခဲ့ပြိးဖြစ်ပါသည် )
ထို.အတူ ၁၅ - ၂- ၂၀၁၄ နေ. နံနက် ၅ နာရိတွင် ၀ါးခယ်မမြို. မင်းပိုင်းရပ်ကွက် ကွမ်းခြံကုန်းကျောင်းတိုက်တွင်လည်း မြန်မာ.ရိုးရာ နှမ်းမနဲပွဲ ပြုလုပ်မည်ဖြစ်ပါသည် ။ နှမ်းမနဲ ထိုးပွဲကို တပို.တွဲ လပြည်.နေ.ည ထိုကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်ပြိး တပို.တွဲလပြည်.ကျော် တစ်ရက်နေ.တွင် သာံ.ဒါန အာရုဏ်ဆွမ်း လောင်းလှုပြိး စတုဒိသာ ကျွေးမွေးလှုဒါန်းမည်ဖြစ်ကြောင်း သိရှိရပါသည် ။
ထိုပွဲအတွက် လက်ရှိ ရရှိသောမတည် အလှုရှင် စာရင်းမှာ
ကျထုံးဆရာတော် -ဘဘုန်း ၂၀၀၀၀ကျပ်
က၀ိသိပ်ပန်ကျောင်းဆရာတော် ၁၀၀၀၀ကျပ်
ဝါးကျောင်းဆရာတော် ၂၀၀၀၀ကျပ်
ကွမ်းခြ့ကုန်းကျောင်းဆရာတော် ၂၀၀၀၀ကျပ်
ဦးလှမင်းသူ (ဒု မြိုနယ်အုပ်ချုပ်ရေးမှူး)မိသားစု ၂၀၀၀၀ကျပ်
ဒေါ်က်တာဦးဝင်းရှိန် (မင်းပိုင်း)မိသားစု ၁၅၀၀၀ကျပ်
ဦးမိုးဆွေ (အုပ်ချုပ်ရေးမှူး မင်းပိုင်း)မိသားစု ၅၀၀၀၀ကျပ်
ဦးစိုးတင့်/ဦးကျော်တင့်/ဦးဖိုးတာ ၂၀၀၀၀ကျပ်
ဦးအောင်နိုင် (အုတ်-သဲ-ကျောက် )ရောင်းဝယ်ရေးမိသားစု ၄၀၀၀၀ကျပ်
ဦးအောင်အောင် မိသားစု (မင်းပိုင်း) ၂၀၀၀၀ကျပ်
ဦးချမ်းဝေထိုက် မိသားစု ၂၀၀၀၀ကျပ်
ဦးအေးလွင် (လက်သမား)ဆရာအဖွဲ့ ၂၀၀၀၀ကျပ်
ဦးဝင်းတင့်(ခန့်ညား) မိသားစု ၃၀၀၀၀ကျပ်
ကိုအေးသွင် (အုပ်ချုပ်ရေးမှူး ရေကျော်) ၁၀၀၀၀ကျပ်
ကိုကျော်ထွေး ယူစီ မိသားစု ၃၀၀၀၀ကျပ်
ဦးကောက်ကြီး မိသားစု ၁၀၀၀၀ကျပ်
ဦးဇော်ဝင်း မိသားစု (မင်းပိုင်း) ၅၀၀၀ကျပ်
ကိုကျော်ဇင်လင်းမိသားစု ၅၀၀၀ကျပ်
ဦးဝင်းတင် (မနောပီတိ)့အဖွဲ့ ၂၀၀၀၀ကျပ် တို.ဖြစ်ပါသည် ။
Ref ; TMBSWA & မောင်ထင် ၊ အရှင်သောဘိတ (စိတ်ပညာ )
No comments:
Post a Comment