Saturday, June 29, 2013

SS Avenue of WKA Group၏ တာဝတိ'သာ ကျောင်းသို. အလှု


သဲကွင်းကျောင်းလေးမှအပြန် တာဝတိ' သာ ကျောင်း သို.ဆက်သွား၇န် လှုဒါန်းရမည်. ပစ္စည်းများ ၀င် ယူပြီး ခေတ္တ အနားယူကြသည်..

တကယ်တော. ထိုတာဝတိ'သာ ကျောင်းဆိုသည်က အစဉ်အလာ တော.သိပ်မသေး ...ဟိုးယခင်က ၀ါးခယ်မမြို. မြူရုံးလမ်း ရေကျော် ရပ်ကွက် တွင် တည်ရှိနေပြီး ထိုတာဝတိ'သာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တည်ရှိနေသောကြောင်. တာဝတိ'သာ ကျောင်းဟု ခေါ်ခြင်းဖြစ်သည်..ထိုစဉ်က စည်းကမ်းပိုင်းတွင်လည်း နာမည်ကြီးသကဲ့သို. နာမည်ကျော်များလည်း ထွက်သော ကျောင်းဖြစ်သည်..စတီရီယို အဆိုတော် ဂျေညီညီ ဆိုလျှင်လည်း ထိုကျောင်းထွက်ပင်ဖြစ်သည်...နောက်ပိုင်းတွင်မှ မူလဆရာတော်ကြီး၏ ကျန်းမာရေးကြောင်. ကျောင်းအမည်ကို မြို.မ ကျောင်းဟုပြောင်းလဲခဲ့ပြီး စာသင်ကျောင်းကိုမူ ယခုလက်ရှိနေရာသို.ရွှေ.ပြောင်းခဲ့ရခြင်းဖြစ်သည်......


ကျောင်းသို.ရောက်သည်နှင်. စိမ်းလန်းသော ပတ်ဝန်းကျင်က လူကို ပိုမို လတ်ဆတ်သွားစေသည်...ဆရာမကြီးနှင်. ဆရာမ တစ်ဦးတို.က ကျောင်းရုံးခန်းသို. ကြိုဆို ခေါ်ဆောင်သွားကြပြီး စကားခေတ္တပြောဖြစ်သည်..ဘာမှအထူးဧည်.မခံ၇န် ကြိုမေတ္တာရပ်ခံထားသဖြင်. ရေအေးအေး များသာ အဆင်သင်.လုပ်ထားပြီး ထိုရေကပင်လျှင် အားလုံးအတွက် လိုအပ်သော လုံလောက်သော အခြေအနေပင်....အခမ်းအနား အစီအစဉ်ညှိုနှိုင်းပြီး ကျောင်း၏ တွေ.ကြုံနေရသော အခြေအနေတို.ကို ကျောင်းအုပ်ဆရာမကြီးက ထပ်မံပြောကြားသည်....


မိမိတို.ကျောင်းမှကလေးငယ်များသည် ချို.တဲ့သူ အလွန်များကြောင်း..သို.သော်လည်း လှုဒါန်းသူများလည်း လှုဒါန်းနိုင်ရုံ အထူးချို.တဲ့သူများကိုသာ ရွေးချယ်ပေးထားကြောင်း...ယခုလိုမိုးတွင်းတွင် ထီးပြဿနာ မှာ အထူးကြီးကြောင်း...မိုးရွာနေသဖြင်. ကျောင်.ခေါ်ချိန် စောင်.နေရခြင်း...မိုးရွာကာနီးသဖြင်. ကျောင်းဆင်းချိန် စောဆင်းပေးရခြင်း..ကလေးငယ်များ မိုးမိသဖြင်. ဖျားနာကာ ကျောင်း ၃/၄ ရက်ပျက်ခြင်း...ကျောင်းဆင်းချိန် ထီးလုံးဝမရှိသဖြင်. ကျောင်းမှ ပလတ်စတစ်စများစီစဉ်ပေးရခြင်း...အချို.အိမ်နီးချင်း များကို လွယ်အိတ် ပေးလိုက်ရပြီး လူကတော. မိုးရေထဲဒိတိုင်းပြန်ရခြင်းစသည်တို.က မိုးတွင်းကာလ ကြုံနေကျ ပြဿနာများဖြစ်ကြောင်း အသေးစိပ်ရှင်းပြသည်


ထို.နောက်အခမ်းအနား ကျင်းပရန် စီစဉ်ထားသော စာသင်ခန်းဆီသွားကြသည်...
လက်ခံရယူမည်. ကလေးငယ်များအပြင် သူတို.၏ မိဘများပါ အခမ်းအနားကို တက်ရောက်ဖို.ကျောင်းကစီစဉ်ပေးထားသည်...ရှေးဦးစွာ SS Avenue of WKA ၏ Collector တစ်ဦးမှ မိမိတို.အလှုအတွက် ဤ ကျောင်းကို ရွေးချယ်ခဲ့ပုံ..Collector များမှတစ်ဆင်. မြို.ဇာတိဖွားများထံ နှင်.ပြင်ပ မိတ်ဆွေများထံ အကူအညီယူ ငွေကြေးစုဆောင်းကောက်ခံပုံ..ဧရာဝတီ ဘောလုံးအသင်းသားများထံမှလည်း အကူအညီတောင်းကောက်ခံပုံ...ထို.ကြောင်.ထီးတွင် အဖွဲ.၏ နာမည်နှင်.အတူ မိမိတို. ဒေသကိုယ်စားပြု ဧရာဝတီ ဘောလုံးအသင်းနာမည်ပါ ပူးတွဲ ရိုက်နှိပ်ထားပုံ..မိမိတို. လှုဒါန်းသူများအနေဖြင်. တတ်နိုင်သမျှ များကို စုဆောင်းလှုဒါန်းကြပုံ...ယခုလှုဒါန်းမှုကို လက်ခံထားသော ကလေးငယ်များအနေဖြင်. မိမိတို. အရွယ်ရောက်ချိန် ..ပညာရေးအရ..စီးပွားရေးအရ ထူးချွန်သူ အောင်မြင်သူများ ဖြစ်လာချိန်တွင်လည်း ယခုကဲ့သို. မိမိတို.မြို.မှကျောင်းသားငယ်များအတွက် မဖြစ်မနေ ပြန်လည်ထောက်ပံ.၇န် တာဝန်ရှိပုံတို.ကို ကလေးငယ်များအား အဓိကထား ပြောကြားခဲ့သည်


ထို.နောက်ဆရာမကြီးမှ လှုဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း..ယခုလို လမ်းမကြီးပေါ်ရှိ မြင်သာထင်သာကျောင်းမျိုးမဟုတ်သော အတွင်းပိုင်းရှိ ချို.တဲ့ကျောင်းတစ်ခုကို ရွေးချယ်မှုအတွက် ၀မ်းသာကြောင်း...ယခုလို ကာလအမှန်တကယ်လိုအပ်နေသော ထီးကဲ့သို.ပစ္စည်းမျိုး လှုဒါန်းပေးလာခြင်းအတွက်လည်း အထူး ကျေနပ်မိပါကြောင်း  ...ကျောင်းသားငယ်တို.အနေဖြင်.လည်း မိမိတို.အလှည်.ပြန်လည် ပြုလုပ်ပေး၇မည်. တာဝန်တို.ကို ကျေပြွန်ကြရမည်ဖြစ်ကြောင်း..ချို.တဲ့သူများကိုသာရွေးချယ် ပေးရခြင်းမှာ အတော်များများ လိုအပ်နေသည်ကိုသိသော်လည်း အလှုရှင်အချို.မှာအားလုံးအတွက် မတတ်နိုင်၍ ပြန်သွားရသည်များရှိသဖြင်. ရသူလည်းသိသာစေ အလှုရှင်လည်း တတ်နိုင်စေရန် စာရင်းကို ဂရုပြုရွေးချယ်ပေးခဲ့ကြောင်း ..ကျောင်းသား ၂ယောက်ရှိ မိသားစုက တစ်လက်ရလျှင် တွဲဆောင်း၍ရနိုင်ပြီဖြစ်ကြောင်း..အပါအ၀င် ကျောင်းကိစ္စအချို.ပါ ထည်.သွင်းရှင်းလင်းပြောကြားခဲ့ပါသည်..


လှုဒါန်းမှု အစီအစဉ်တွင်တော. ကျောင်းအုပ်ကြီးမှ နာမည်စာရင်းအတိုင်း အတန်းလိုက် အတိအကျ ခေါ်ယူကာ လက်ခံရယူစေပါသည်..အလှုရှင် အားလုံးကိုယ်စား Red Waves Member (၀ါးခယ်မ) .. Group Member အချို. ..ကျောင်းအုပ်ဆရာမကြီးနှင်. ဆရာမများ က လက်ရောက်လှုဒါန်းပေးခဲ့ကြသည်


အခမ်းအနားပြီးနောက် ကျောင်းရုံးခန်းသို.သွားရောက်ပြီး ဧည်.သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြရကာ ထင်မြင်ချက်အချို.လည်း ရေးသားပေးခဲ့ရပါသည်...ဆရာမ ကြီးနှင်. ဆရာတို.က ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းဝထိ လိုက်လံပို.ဆောင် ပို.ဆောင်ပေးခဲ့ကြပါသည်

ကျောင်းမှချို.တဲ့ကလေးငယ်များအတွက် ထီး အလက် ၄၀  ဗလာစာအုပ် ဒါဇင် ၂၀ နှင်. ခဲတံ ဒါဇင် ၄၀ လှုဒါန်းခဲ့ကြပါသည်

ပုံများကို ဤ Link တွင်ကြည်.ရှုနိုင်ပါသည်...https://www.facebook.com/media/set/?set=a.489681757776037.1073741881.259181714159377&type=1

No comments:

Post a Comment