Wednesday, June 26, 2013

ပြီးသွားပြန်ပေါ. ဆရာကန်တော.ပွဲ တစ်ခု



တ၇ုပ်ကျောင်း @ ဈေးကျောင်း @ ဈေး အမက တွင်တက်ရောက်ခဲ့သော ကျောင်းသားဟောင်းများက မိမိတို.၏ ကျေးဇူးရှင် ဆရာအို ဆရာမအိုတို.အား ကျေးဇူးတုန်.ပြန် ပူဇော်ကန်တော.ပွဲကို ၂၃ ရက် ဇွန်လ ၂၀၁၃ ရက် တနင်္ဂနွေနေ. က ပြုလုပ်ခဲ့ကြပါသည်





ထိုနေ.နံနက် အာရုဏ်တက် တွင်ကွယ်လွန်သွားနှင်.ကြရှာပြီဖြစ်သော ကျေးဇူးရှင် ဆရာ / ဆရာမ ကြီးတို.၏ သံသရာ ကောင်းကျိုးအဖို.ငှာ ဆရာတော် သံဃာတော် အပါး ၂၅၀ တို.အား အာရုဏ်ဆွမ်း လောင်းလှု ပူဇော်ခဲ့ကြပါသည်... သူတို.နှင်. လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ကြသော မိတ်ဆွေ ဆရာ..ဆရာမ ဟောင်းကြီးတို.နှင်. သူတို.ပညာသင်ကြားပေးခဲ့ကြပြီး လူ.လောက၀ယ် နေရာ တစ်ခုရနေကြသော တပည်.ကျောင်းသားဟောင်းတို.က သူတို.အတွက် သတိတရ ဒါနကုသိလ်ပြုနေကြသော မြင်ကွင်းကို သူတို.သာ မြင်ခွင်.ပြန်ရကြမည်ဆိုလျှင်...................


ထိုနေ. နံနက် ၉နာရိတွင်တော. ကျောင်းလေး၏ အပေါ်ထပ် ဟိုးးးး ယခင်ကာလများဆီက ဘုရား စု ၀တ်ပြုကြရာနေရာဝယ် ဆရာကန်တော.ပွဲ အခမ်းအနားလေးကို ကျင်းပခဲ့သည်...ယမန်နေ.ကပင် ကော်မတီအစီအစဉ်ဖြင်. ၇န်ကုန်မှရောက်ရှိလာသော ကျောင်းသားဟောင်းများ ..မြို.လေးရှိ ကျောင်းသားဟောင်းများ က အပေါ်ထပ် တစ်ခုလုံးခြေချဖို.ပင် ခပ်ခက်ခက်.....


အခမ်းအနားမစတင်မှီ ကျောင်းသားငယ်လေးတို.၏ ဖျော်ဖြေမှုများကို ကြည်.ရင်း ဒါဘယ်သူ.သား  ဒါဘယ်သူ.သမီး  စသည်တို.ကိုအမျိုးစပ်ရင်း ရှေးဟောင်းနှောင်းဖြစ်များက အခမ်းအနား စတင်ချိန်တိုင်အောင်ပြော၍ မကုန်...


ထို.နောက်တော. ဆရာကန်တော.ပွဲ တစ်ခု၏ အခမ်းအနားထုံးစံအတိုင်း ဖွင်.လှစ်ကြောင်း...ရှင်းလင်းခြင်း...ကန်တော.ချိုး...ရှိခိုးကန်တော. ...ဆုံးမသြ၀ါဒ...ကျေးဇူးတင်...လှုဒါန်း...ပြီးဆုံး ...
မူ အတိုင်း ကျင်းပသွားခဲ့ပါသည်...


ဆရာအို ဆရာမအို တို.၏ သြ၀ါဒ ဆုတောင်း စကားများတွင် အများဆုံးအသုံးအနှုံးကား ၀မ်းသာမှုနှင်. ကျေးဇူးတင်ခြင်း
တကယ်တော. တစ်ဦးလျှင် ၉လခန်. (အချို.က နှစ်နှစ်ဆက်သင်ဆိုတော. ၁၈လခန်.) သူတို.သင်ကြားပေးခဲ့သော တပည်.များက ယခုလို နှစ်ပေါင်းမည်မျှ ကြာပြီမှန်းမသိသည်.အချိန်ကျမှ တစ်ကြိမ် ကန်တော.နိုင်ခဲ့ကြသည်ကို သူတို.တအားကျေနပ်နေသည်.


.အလွန်ဝမ်းသာနေသည်...ပညာတတ်တစ်ဦး ဖြစ်ဖို.အခြေခံ အကျဆုံးလမ်းကို ခင်းပေးကြခဲ့ကြသော်လည်း နေရာဒေသအတော်များများတွင် မေ.လျော.ခံ ဖြစ်နေကြသော ထိုမူလတန်းဆရာအို/ဆရာမအို တို.အတွက်တော. နောက်ကျနေသော်လည်း ထိုက်သင်.သည်. ပူဇော်မှု တစ်ခုပင်....အများချစ်ကြသော လေးစားကြသော ဆရာအချို.ပင်လျှင် ထိုပီတိကို ခံစားခွင်.  ...ထိုလုပ်ဖော်ကိုင်ဖက်တို.ကို ပြန်လည်တွေ.ဆုံခွင်. ...သူတို. မွမ်းမံ တည်.မတ် ပေးခဲ့ကြသော တပည်.တို.နှင်. ပြန်လည်တွေ.ဆုံ ဆုံးမခွင်. တို.ကို ရမသွားခဲ့ကြရရှာပဲ လူ.လောကမှ ထွက်ခွာသွား နှင်.ခဲ့ကြပေပြီ...


အသက်အရွယ်ကြောင်. ဆရာအို..ဆရာမအို တို.၏ သြ၀ါဒတို.က ဘာသာရေးအဆုံးအမတို.ဘက် အလေးသာနေခဲ့သည်...အချို.ကတော. သူတို. မထင်မှတ်ပဲ ရသည်.ပါဝင်ခွင်.အတွက် ပီတိများ...အချို.က ဤပွဲလေး အတွက် မဖြစ်မနေ စိတ်ပါလွန်း၍ ကြိုးစားလာရောက်ခဲ့ပုံများ ...မည်သည်.အကြောင်းအရာများကိုပြောပြော သူတို.အသံက အတန်းရှေ. စာသင်ဘောနားရပ်လျှက် မြေဖြူကိုင်ကာ ပြောနေတုန်းကလို တက်ကြွနေသည်..နုပျိုနေသည်...ပျော်ရွှင်နေသည်...အသက်အရွယ်ကြောင်. တော. အသံတို.က မာကျောမှုထက် နူးညံ.တိုးသက်မှုဘက် အနည်းငယ်တော.ရောက်နေကြပြီဖြစ်သည်


ဆရာကန်တော.ပွဲပြီးမှ ဆရာတပည်. တွေ.ဆုံပွဲ စသည်ဟုပြောရမည်...
ဆရာအို ဆရာမအို တို.ကို ပွေ.ဖက် နှုတ်ဆက်... ကိုယ်.ကိုမှတ်မိအောင်ပြန်အစဖော်...မှတ်မိသမျှ လေးတွေပြန်ပြော....အချို. အသက်အနည်းငယ်ရှိအမျိုးသမီးတို. နှစ်ပေါင်းမည်မျှကြာပြီမှန်းမသိပဲ ပြန်ဆုံတွေ.ခွင်.ရသော ဆရာမအိုတို.ကို လက်ချင်းထွေးဆက်ရင်း လှိုက်ကနဲ တက်လာသည်. ပီတိရော လွမ်းဆွတ်မှု တို.အတွက် ဝေ.တက်လာသည်.မျက်ရည်တို.ကို နှုတ်ခမ်းကို ဖိကိုက်ရင်း ထိမ်းထားပေမယ်. မျက်နှာပေါ်ရှိ အကြောမျှင်တို.က လူသိရလောက်အောင် တဖျတ်ဖျတ် ခါနေကြသည်... ဆရာမအိုတို.ကလည်း ဝေ.သီစိုစွတ်နေသော မျက်ဝန်းများဖြင်. ဟိုးးးးးးးးးးးးးးးးးးးးးးးးးးး ငယ်ငယ်ကလေးလေးတွေတုန်းကလို ဆံပင်လေးတွေကို သပ်ပေးလို.  ....
တစ်ဦး၏သံယောဇဉ်နှင်.တစ်ဦး၏ မေတ္တာ...ကျေးဇူးတရား ပြုပေးခဲ့သူနှင်. ၀မ်းသာအားရပြန်လည်ပေးဆပ်သူ တို.ကြားက အသံမဲ့ နားလည်မှု .........
ဖျတ်ကနဲပြန်ရောက်သွားကြသော လွန်ခဲ့သည်.နှစ် ၃၀..၄၀..၅၀..........


အောက်ထပ်တွင်တော. ဆရာကန်တော.ပွဲ တက်ရောက်လာသော ဆရာအို..ဆရာမဆိုတို.နှင်. ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ
ထောပတ်ထမင်း..ကြက်သားဟင်းနှင်. အတူ မည်သည်.စောင်.ထိန်းမှုမျိုးမှမလိုပဲ ကလေးဘ၀သူငယ်ချင်းများတုန်းကလို စရင်းနောက်ရင်းပြောင်ရင်း စားခွင်.ရခဲ့ကြသော ထမင်းပွဲ
ဇွန်း..ခရင်း ..လက်သုတ်ပ၀ါ တို.နှင်.ဖွဲ.တည်အပ်သော စမတ်ကျကျ အမည်ခံထမင်းစားပွဲ မျိုးမဟုတ်ပဲ ကြိုက်သလိုစား ကြိုက်သလောက်စား လက်နဲ.ကိုင်ကိုင် ဘယ်သူ.မျက်နှာမှကြည်.စရာမလိုသော ထမင်းစားပွဲ
တကယ်က ဖြစ်နိုင်လျှင်  စာသင်ခုံများပေါ်တွင်ပင်လျှင် မျက်နှာချင်းဆိုင် ထိုင်ပြီးမူလတန်းကျောင်းသားနေ.ခင်းထမင်းစားချိန်လို တောင်စားပစ်လိုက်ချင်သေးသည်


လိုလေသေးမရှိ အသီးအနှံ အချိုရည် စသည်တို.ဖြင်. အစာပိတ်ပွဲနွဲပြီးနောက် ရိုးရာမပျက် စုပေါင်းဓါတ်ပုံရိုက်ချင်း...သူငယ်ချင်းအရင်းများသာစုပြီးရိုက်ခြင်း...နှစ်တူသူငယ်ချင်းများစုပြီးဓါတ်ပုံရိုက်ခြင်း...အနားကလူများကို အတင်းဆွဲပြီး ဓါတ်ပုံရိုက်ခြင်း...အခမ်းအနားတစ်ခုရောက်ရှိခဲ့ကြောင်း မိမိဘာသာ မှတ်တမ်းတင်ကြခြင်း  စသော ခေါင်းစဉ်အမျိုးမျိုးတပ် ဓါတ်ပုံ၇ိုက်ခြင်းများကြောင်. တရုပ်ကျောင်းအောက်ထပ်တစ်ခုလုံးက ဘက်စမန်ရုံ (မြို.လေးရှိ စက်ပစ္စည်းတွင်ခုံ အလုပ်ရုံများကို ဟိုယခင်အခေါ်အဝေါ်) တစ်ခုသဖွယ်.....နောက်ဆုံးတော. တက်ရောက်သူအားလုံးစုပြီး ကျောင်းရှေ.တွင် ဓါတ်ပုံရိုက်ကြ....အားလုံးပြီးတော.လည်း အချိန်တန်၍ အိမ်ပြန်ကြပေါ.


ထိုနေ.အလှုအတွက် ကျေးဇူးသိတတ်ကြသော တပည်.ဟောင်းတို.က စုစုပေါင်း ငွေကြေး ၁၀၆ သိန်းခန်. စုပေါင်းထည်.၀င်ခဲ့ကြပါတယ်...အပူဇော်ခံ ဆရာကြီး ဆရာမကြီး ၉ ဦးတို.အား တစ်ဦးလျှင် ၉သိန်းကျပ်စီ ကန်တော.ခဲ့ကြပြီး ၅သိန်းခန်.တန်ဖိုးရှိ ကွန်ပြူတာ တစ်စုံကို ကျောင်းအတွက် လှုဒါန်းခဲ့ခြင်း အပါအ၀င်...ရန်ကုန်-၀ါးခယ်မ ခရီးစဉ်...အာရုဏ်ဆွမ်း...နေ.လည်စာ..အခမ်းအနားပြင်ဆင်စ၇ိတ် အားလုံးအတွက် သိန်း ၂၀ကျော်ခန်. ကုန်ကျခဲ့ကာ ကွယ်လွန်သွားခဲ့ရှာပြီဖြစ်သော ဆရာဦးစန်းမောင်အတွက် ဆရာ.အမျိုးသမီး ဒေါ်အုံးမြင်.သို. ၄သိန်း ပူဇော်ကန်တော.ခဲ့ကာ အစွန်းထွက်ပိုငွေတို.ကို ဝျေးကျောင်း ရန်ပုံငွေအတွင်း ထည်.သွင်းလှုဒါန်းခဲ့တယ်လို. သိရပါတယ်

No comments:

Post a Comment