Wednesday, July 31, 2019

အင္​းစိန္​ရြာမ ဆရာ​ေတာ္​ဘုရားႀကီး ဘဒၵႏၱတိ​ေလာကာဘိဝံသ






ဖြားျမင္​​ေတာ္​မူျခင္​း

ဆရာ​ေတာ္​ဘုရားကို ဧရာဝတီတိုင္​း၊ဇလြန္​ၿမိဳ႕နယ္​၊​ေညာင္​ပင္​သာရြာမွာ ခမည္​း​ေတာ္​ ဦးဘ​ေဖ ၊မယ္​​ေတာ္​ ​ေဒၚစိန္​ တို႔မွ (၁၈.၂.၁၉၃၉) ​၊ ၁၃၀၀ျပည္​့ႏွစ္​၊တ​ေပါင္​းလဆန္​း ၁ ရက္​​ေန႔မွာ စတုတၳ ​ေျမာက္​သားရတနာအျဖစ္​ ဖြားျမင္​ခဲ့ပါတယ္​ ..

႐ွင္​၊ ရဟန္​းအျဖစ္​သို႔ ​ေရာက္​႐ွိ​ေတာ္​မူျခင္​း

ဆရာ​ေတာ္​ ​ေလာင္​းလ်ာဟာ (၆) ႏွစ္​သားအရြယ္​တြင္​၁ ႀကိမ္​ ၊ (၁၅) ႏွစ္​သားအရြယ္​တြင္​ ၁ ႀကိမ္​႐ွင္​သာမ​ေဏ အျဖစ္​သို႔ ​ေရာက္​႐ွိ​ေတာ္​မူခဲ့ၿပီးဘြဲ႔​ေတာ္​မွာ ႐ွင္​တိ​ေလာက ျဖစ္​ပါတယ္​ ..သက္​​ေတာ္​ (၂၀) အရြယ္​တြင္​
၁၃၂၀ ခုႏွစ္​ ၊ ကဆုန္​လဆန္​း ၁၀ ရက္​​ေန႔မွာ​ေညာင္​ပင္​သာ​ေက်ာင္​း ၊ ခ႑သိမ္​​ေတာ္​၌ျမင္​့ျမတ္​​ေသာ ရဟန္​း အျဖစ္​သို႔ ​ေရာက္​႐ွိ​ေတာ္​မူခဲ့ပါတယ္​

စာ​ေပ၊ ပရိယတၱိ သင္​ၾကားဆည္​း​ေလ့လာျခင္​း

၂၀၁၆ ဧၿပီ ၄ ရက္ က  ရြာမ ေက်ာင္းတိုက္သို. လာေရာက္ေတြ.ဆံုစဥ္ ( Photo Credit to ဧရာ၀တီ )


ဆရာ​ေတာ္​​ေလာင္​းလ်ာဟာ ​ေညာင္​ပင္​သာ၊
ရြာဦး​ေက်ာင္​းဆရာ​ေတာ္​ ႏွင္​့ ​ေညာင္​ဦးၿမိဳ႕နယ္​ ၊ကံႀကိးကုန္​း ရြာ​ေတာင္​ေက်ာင္​းဆရာ​ေတာ္​ ဦးဝါသဝ၊ဦး​ေတဇနိယ တို႔ထံတြင္​ ပဋကတ္​အ​ေျခခံက်မ္​းစာမ်ားကိုသင္​ယူဆည္​းပူး​ေတာ္​မူခဲ့ၿပီး ျမင္​းျခံၿမိဳ႕ ၊ ကိုး​ေဆာင္​တိုက္​ဆရာ​ေတာ္​အဘိဓဇ အဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာ
သဒၶမၼ​ေဇာတိကတဇ၊ ႏိုင္​ငံ​ေတာ္​သံဃမဟာနာယကအဖြဲ႔ဥကၠဌ ဘဒၵႏၱ​ေသာပိတ ထံမွ အစိုးရ ဓမၼာစရိယ
ၿပီးသည္​့တိုင္​​ေအာင္​ (၉) ႏွစ္ခန္​႔ ပိဋကတ္​က်မ္​းစာမ်ားကိုသင္​ယူဆည္​း​ေပၚ​ေတာ္​ မူခဲ့ပါတယ္​ ..

ထို႔​ေနာက္​မွ မႏၱ​ေလးၿမိဳ႕ ၊ခ်မ္​းသာႀကီးတိုက္​၊​ေညာင္​ကန္​တိုက္​ ၊ ရန္​ကုန္​ၿမိဳ ့၊ ​ေျခာက္​ထပ္​ႀကီးတိုက္​တို႔တြင္​
လွည္​့လည္​သတင္​းသံုးလ်က္​စာခ်အ​ေက်ာ္​၊ဆရာ​ေတာ္​မ်ားထံမွပရိယတၱိစာ​ေပမ်ား​ေလ့လာသင္​ယူခဲ့ပါတယ္​

​ေအာင္​ျမင္​​ေတာ္​မူခဲ့​ေသာ စာ​ေမးပြဲမ်ား

ႏိုင္​ငံ​ေတာ္​အစိုးရ ပထမငယ္​၊ပထမလတ္​၊ပထမႀကီးတန္​းႏွင္​့ သာသနဓဇဓမၼာစရိယဘြဲ႔ (တစ္​ႏိုင္​ငံလံုး ဒုတိယ)ရ႐ွိ​ေအာင္​ျမင္​ခဲ့ၿပီး ထူးခြၽန္​ထက္​ျမက္​​ေသာ ၊ထိပ္​တန္​းပညာဝရိယ႐ွိသူတို႔သာ ရ႐ွိႏိုင္​သည္​့ သာသနဓဇသိရီပဝရဓမၼာစရိယဘြဲ႔ ၊ မႏၱ​ေလး သက်သီဟ ဓမၼာစရိယာ(အဘိဝံသ) ဘြဲ႔ တို႔ကို ရ႐ွိ ​ေအာင္​ျမင္​​ေတာ္​မူခဲ့ပါတယ္​ ..

စာ​ေပက်မ္​းဂန္​မ်ား သင္​ၾကားပို႔ခ်​ေတာ္​မူျခင္​း

​ေညာင္​ဦးၿမိဳ႕နယ္​၊ ကံႀကီးကုန္​းရြာ၌ ၁၃၂၈-၂၉ တြင္​အစိုးရမူလတန္​းဆရာအျဖစ္​လည္​း​ေကာင္​း၊ျမင္​းျခံၿမိဳ႕၊
ကိုး​ေဆာင္​တိုက္​၌ ၁၃၂၉ ခုႏွစ္​တြင္​စာခ်ဂဏဝါစကအျဖစ္​လည္​း​ေကာင္​း၊ အင္​းစိန္​ၿမိဳ႕နယ္​၊ရြာမပရိယတၱိ
စာသင္​တိုက္​၌ ၁၃၃၂ခုႏွစ္​မွ ယ​ေန႔တိုင္​​ေအာင္​တာဝန္​ခံစာခ်အျဖစ္ လည္​း​ေကာင္​းစာေပပရိယတၱိမ်ားကို ပို႔ခ်​ေတာ္​မူလ်က္​႐ွိၿပီး ..ႏိုင္​ငံ​ေတာ္​ပရိယတၱိ သာသနာ့တကၠသိုလ္​(ရန္​ကုန္​)စတင္​ဖြင္​့လွစ္​ခ်ိန္​မွစ၍ ၄ ႏွစ္​ခန္​႔ အဘိဓမၼမဟာဌာနပါ​ေမာကၡ ႏွင္​့ ဒုတိယ ပါ​ေမာကၡခ်ဳပ္​ အျဖစ္​ တာဝန္​ယူၿပီး စာ​ေပက်မ္​းဂန္​မ်ားကို သင္​ၾကားပို႔ခ်​ေတာ္​မူခဲ့ပါတယ္​.

သာသနာ​ေရး အား​ေပး​ေဆာင္​ရြက္​​ေတာ္​မူျခင္​း



ဂိုဏ္​း​ေပါင္​းစံု သံဃာ့အဖြဲ႔စည္​း ပထမအႀကိမ္​ၿမိဳ႕နယ္​ႏွင္​့တိုင္​း ဝိနည္​းဓိုလ္​ ၊ဒုတိယအႀကိမ္​ အင္​းစိန္​ၿမိဳ႕နယ္​ သံဃာ့နာယကအဖြဲ႔ဒုတိယ ဥကၠဌ ၊တတိယအႀကိမ္​ ႏိုင္​ငံ​ေတာ္​ဗဟိုသံဃာ့ဝန္​​ေဆာင္​ ႏွင္​့​ေတာင္​တန္​းသာသနာျပဳ ၾသဝါဒါစရိယ ၊အင္​းစိန္​ၿမိဳ႕နယ္​ ပထမျပန္​စာ​ေမးပြဲ ႀကီးၾကပ္​​ေရး​ေကာ္​မတီ ဥကၠဌ ၊ႏိုင္​ငံ​ေတာ္​ ပရိယတၱိ သာသနာ့တကၠသိုလ္​ (ရန္​ကုန္​)အဘိဓမၼ ပါ​ေမာကၡ ၊ ဒုတိယ ပါ​ေမာကၡခ်ဳပ္​ပဥၥမ အႀကိမ္​ ႏိုင္​ငံ​ေတာ္​ဗဟို သံဃာ့ဝန္​​ေဆာင္​၊ႏိုင္​ငံ​ေတာ္​ သံဃာ့မဟာနယက အဖြဲ႔ဝင္​၊တြဲဖက္​အက်ိဳး​ေတာ္​​ေဆာင္​၊ဒုတိယဥကၠဌစသည္​့တာဝန္​မ်ားကို ထမ္​း​ေဆာင္​​ေတာ္​မူခဲ့ၿပီး ..ႏိုင္​ငံ​ေတာ္​ ၾသဝါဒါစရိယတာဝန္​၊​ေရႊတိဂံု ​ေစတီ​ေတာ္​ ​ေဂါပကအဖြဲ႔ ၾသဝါဒါစရိယတာဝန္မ်ားကို ထမ္​း​ေဆာင္​​ေတာ္​မူဆဲ ျဖစ္​ပါတယ္​ ..

၎တို႔အျပင္​ ​ေႏြရာသီ အဆင္​့ျမင္​့ ဗုဒၶအဘိဓိမၼာ(ယမိုက္​၊ပ႒ာန္​း၊ဆန္​းစ​ေသာ)သင္​တန္​းမ်ားကိုမဟာဗ်ဴဟာအသင္​း၌ (၃) ႏွစ္​ ၊ အင္​းစိန္​ရြာမပရိယတၱိ စာသင္​တိုက္​၌ အႏွစ္​ (၂၀) ၊ပဲခူး၊ မႏၱ​ေလး ၊​ေတာင္​ႀကီး ၊ က​ေလးၿမိဳ႕တို႔၌ အခါအား​ေလ်ာ္​စြာလွည္​့လည္​ ပို႔ခ်​ေတာ္​မူခဲ့ပါတယ္​ ..

လူဝတ္​​ေၾကာင္​မ်ားအတြက္​ အဘိဓမၼာသင္​တန္​းမ်ားကိူလဲ အဘိဓမၼာ စာ​ေမးပြဲမ်ား ​ေျဖဆိုႏိုင္​သည္​အထိ (၁) ႏွစ္​လ်ွင္​ (၂) ႀကိမ္​ ပို႔ခ်​ေတာ္​မူခဲ့ၿပီး၊ရြာမစာသင္​တိုက္​၌ သၾကၤန္​တြင္​း တရားစခန္​းမ်ားတြင္​လဲ ႏွစ္​စဥ္​ သတိပပ႒ာန္​တရားျပ​ေပးျခင္​း၊ရဟန္​းခံ၊သိမ္​သမုတ္​ စ​ေသာ ကံႀကီး၊ကံငယ္​ သံဃာ့ကိစၥ မ်ားႏွင္​့ ဆက္​စပ္​သည္​့ ​ေနရာတိုင္​း ဦး​ေဆာင္​၊ဦးရြက္​ျပဳကာ အ​ေလးထား​ေဆာင္​ရြက္​​ေတာ္​မူခဲ့ပါတယ္​..

ထို႔အျပင္​ ဆရာ​ေတာ္​ႀကီးဟာ
၁.ဗုဒၶစာ​ေပ ပရိယတၱိ သု​ေတသီမ်ားအတြက္​ အလြယ္​တကူ​ေလ့လာ​ေျဖဆိုႏိုင္​​ေစရန္​ ​ေခတ္​မွီ ပုစာၦ အ​ေျဖစံုက်မ္​းမ်ား​ေရးသားျပဳစု​ေတာ္​ မူခဲ့ၿပီး ဗုဒၶစာ​ေပတြင္​ အခက္​ခဲ၊အနက္​နဲဆံုးျဖစ္​တဲ့ (ဓမၼသဂၤဏီ ၊ ဓာတုကထာ ၊ ယမက၊ ပ႒ာနစ​ေသာ) အဘိဓမၼာ ပိဋကတ္​ (၇)က်မ္းကို (၆) လ မွ(၁) ႏွစ္​အတြင္​း ပါရဂူ​ေျမာက္​ ကြၽမ္​းက်င္​​ေအာင္​​ေလ့လာသင္​ယူႏိုင္​သည္​့ သင္​ၾကားနည္​းစနစ္​ အသစ္​မ်ားကို ​ေပါက္​​ေရာက္​​ေအာင္​ျမင္​​ေအာင္​ က်မ္​းျပဳတီထြင္​ႏိုင္​ခဲ့ပါတယ္​ ..၎အျပင္​ (၇)ရက္​ခန္​႔ျဖင္​့ ပါဠိဂါထာ​ေရးသားစီကံုးႏိုင္​​ေသာ နည္​းစနစ္​ကိုလဲ က်မ္​းျပဳတီထြင္​ႏိုင္​ခဲ့ၿပီးပါဠိ ဘာသာကို အ​ေရး၊အဖတ္​၊အ​ေျပာ၊နား​ေထာင္​4 skills တတ္​​ေျမာက္​ ကြၽမ္​းက်င္​​ေစႏိုင္​သည္​့ပါဠိ ဘာသာ ​ေလ့လာနည္​းက်မ္​းမ်ားစြာကို​ေရးသားျပဳစုႏိုင္​ခဲ့ပါတယ္​ ..

၂.ၿမန္​မာဘာသာျဖင္​့ ​ေရးသားျပဳစုခဲ့​ေသာ က်မ္​း​ေပါင္​း(၃၀)၊​ေက်ာ္​မက ပါဠိ ဘာသာျဖင္​့​ေရးသားျပဳစုခဲ့​ေသာ
က်မ္​း (၃)ဆူ ႐ွိၿပီး လက္​႐ွိျမန္​မာႏိုင္​ငံ၏ပရိယတၱိပညာ​ေရးႏွင္​့ အဆင္​့ျမင္​့ အဘိဓမၼာသင္​ၾကားနည္​း ယႏၱရားကို ရာႏႉန္​းျပည္​့ လည္​ပတ္​​ေန​ေသာ စနစ္​မွာ ဆရာ​ေတာ္​ဘုရားႀကီး ရဲ႕ နည္​းစနစ္​မ်ားပဲျဖစ္​ပါတယ္​ ..

၃.ျမန္​မာႏိုင္​ငံ၌ သံဃာထု (၄) သိန္း​ေက်ာ္​ႏွင္​့ သီလရွင္​​ေပါင္​း (၆)​ေသာင္း ​ေက်ာ္​ ႐ွိသည္​့အနက္​ ဆရာ​ေတာ္​ထံအဆင္​့ျမင္​့ အဘိဓမၼာ ပဋကတ္​ မ​ေလ့လာမသင္​ၾကားဖူး​ေသာ သံဃာ ႏွင္​့ သီလ႐ွင္​ မ႐ွိသ​ေလာက္​႐ွားပါးၿပီးျမန္​မာႏိုင္​ငံ ဗုဒၶသာသနာ၌ တိပိဋကဓရ တိပိဋက​ေကာဝိဒဓမၼဘ႑ာဂါရိကဘြဲ႔ရ (၁၄) ပါး ​ေပၚထြန္​းခဲ့တဲ့အနက္​အဘိဓမၼာ အရာ၌ ဒိသာ ပါ​ေမာကၡ ပါရဂူအဆင္​့တတ္​​ေျမာက္​ကြၽမ္​းက်င္​သည္​့ တပိဋကဆရာ​ေတာ္​တပည္​့ႀကီး (၂) ပါး ​ေပၚထြန္​းခဲ့ပါတယ္​ ..ၿမန္​မာျပည္​တြင္​သာမက ႏိုင္​ငံတကာမွာပါ သြား​ေရာက္​
ပညာသင္​ၾကား​ေန​ေသာ BA,MA,Ph.D ဘြဲ႔ရတပည္​့​ေပါင္​းမ်ားစြာ႐ွိၿပီး ျမန္​မာျပည္​႐ွိ ​ေအာင္​ျမင္​​ေက်ာ္​ၾကား​ေန​ေသာ Ph.D ဘြဲ႔ရဆရာ​ေတာ္​အမ်ားစုမွာလည္​း ဆရာ​ေတာ္​ဘုရားႀကီး၏ တပည္​့မ်ားပင္ၿဖစ္​ပါတယ္​ ..


၂၀ ရာစု​ေႏွာင္​းပိုင္​း ၂၁ ရာစုအတြင္​းဗုဒၶစာ​ေပအဘိဓမၼာ ပိဋကတ္​ကိုအ​ေအာင္​ျမင္​ဆံုး၊အ​ေကာင္​းဆံုး​ေလ့လာႏိုင္​တဲ့နည္​းစနစ္​ကို တီထြင္​ႏိုင္​ခဲ့တဲ့ဗုဒၶစာ​ေပ ပရိယတၱိ သာသနာအတြက္​ ​ေနမင္​းႀကီးတစ္​ဆူျဖစ္​သလို ၊ ဗုဒၶသာသနာအတြက္​ လမင္​းႀကီးတစ္​ဆူလဲျဖစ္​တဲ့ ဆိုခဲ့ၿပီး​ေသာ အရည္​အခ်င္​း ဂုဏ္​ရည္​မ်ားစြာ
ပိုင္​ဆိုင္​တဲ့ သာသနာ့ အာဇာနည္​ ဆရာ​ေတာ္​ဘုရားႀကီး ၿဖစ္ပါတယ္

 Unicode Version


ဖွားမြင်တော်မူခြင်း


ဆရာတော်ဘုရားကို ဧရာဝတီတိုင်း၊ဇလွန်မြို့နယ်၊ညောင်ပင်သာရွာမှာ ခမည်းတော် ဦးဘဖေ ၊မယ်တော် ဒေါ်စိန် တို့မှ (၁၈.၂.၁၉၃၉) ၊ ၁၃၀၀ပြည့်နှစ်၊တပေါင်းလဆန်း ၁ ရက်နေ့မှာ စတုတ္ထ မြောက်သားရတနာအဖြစ် ဖွားမြင်ခဲ့ပါတယ် ..

ရှင်၊ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း

ဆရာတော် လောင်းလျာဟာ (၆) နှစ်သားအရွယ်တွင်၁ ကြိမ် ၊ (၁၅) နှစ်သားအရွယ်တွင် ၁ ကြိမ်ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပြီးဘွဲ့တော်မှာ ရှင်တိလောက ဖြစ်ပါတယ် ..သက်တော် (၂၀) အရွယ်တွင်

၁၃၂၀ ခုနှစ် ၊ ကဆုန်လဆန်း ၁၀ ရက်နေ့မှာညောင်ပင်သာကျောင်း ၊ ခဏ္ဍသိမ်တော်၌မြင့်မြတ်သော ရဟန်း အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်
စာပေ၊ ပရိယတ္တိ သင်ကြားဆည်းလေ့လာခြင်း

ဆရာတော်လောင်းလျာဟာ ညောင်ပင်သာ၊ရွာဦးကျောင်းဆရာတော် နှင့် ညောင်ဦးမြို့နယ် ၊ကံကြိးကုန်း ရွာတောင်ကျောင်းဆရာတော် ဦးဝါသဝ၊ဦးတေဇနိယ တို့ထံတွင် ပဋကတ်အခြေခံကျမ်းစာများကိုသင်ယူဆည်းပူးတော်မူခဲ့ပြီး မြင်းခြံမြို့ ၊ ကိုးဆောင်တိုက်ဆရာတော်အဘိဓဇ အဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ

သဒ္ဓမ္မဇောတိကတဇ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန္တသောပိတ ထံမှ အစိုးရ ဓမ္မာစရိယပြီးသည့်တိုင်အောင် (၉) နှစ်ခန့် ပိဋကတ်ကျမ်းစာများကိုသင်ယူဆည်းပေါ်တော် မူခဲ့ပါတယ် .
ထို့နောက်မှ မန္တလေးမြို့ ၊ချမ်းသာကြီးတိုက်၊ညောင်ကန်တိုက် ၊ ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးတိုက်တို့တွင်လှည့်လည်သတင်းသုံးလျက်စာချအကျော်၊ဆရာတော်များထံမှပရိယတ္တိစာပေများလေ့လာသင်ယူခဲ့ပါတယ်

အောင်မြင်တော်မူခဲ့သော စာမေးပွဲများ



နိုင်ငံတော်အစိုးရ ပထမငယ်၊ပထမလတ်၊ပထမကြီးတန်းနှင့် သာသနဓဇဓမ္မာစရိယဘွဲ့ (တစ်နိုင်ငံလုံး ဒုတိယ)ရရှိအောင်မြင်ခဲ့ပြီး ထူးချွန်ထက်မြက်သော ၊ထိပ်တန်းပညာဝရိယရှိသူတို့သာ ရရှိနိုင်သည့် သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ ၊ မန္တလေး သကျသီဟ ဓမ္မာစရိယာ(အဘိဝံသ) ဘွဲ့ တို့ကို ရရှိ အောင်မြင်တော်မူခဲ့ပါတယ် ..

စာပေကျမ်းဂန်များ သင်ကြားပို့ချတော်မူခြင်း

ညောင်ဦးမြို့နယ်၊ ကံကြီးကုန်းရွာ၌ ၁၃၂၈-၂၉ တွင်အစိုးရမူလတန်းဆရာအဖြစ်လည်းကောင်း၊မြင်းခြံမြို့၊
ကိုးဆောင်တိုက်၌ ၁၃၂၉ ခုနှစ်တွင်စာချဂဏဝါစကအဖြစ်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ရွာမပရိယတ္တိစာသင်တိုက်၌ ၁၃၃၂ခုနှစ်မှ ယနေ့တိုင်အောင်တာဝန်ခံစာချအဖြစ် လည်းကောင်းစာပေပရိယတ္တိများကို ပို့ချတော်မူလျက်ရှိပြီး ..နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)စတင်ဖွင့်လှစ်ချိန်မှစ၍ ၄ နှစ်ခန့် အဘိဓမ္မမဟာဌာနပါမောက္ခ နှင့် ဒုတိယ ပါမောက္ခချုပ် အဖြစ် တာဝန်ယူပြီး စာပေကျမ်းဂန်များကို သင်ကြားပို့ချတော်မူခဲ့ပါတယ်.

သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း

ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့စည်း ပထမအကြိမ်မြို့နယ်နှင့်တိုင်း ဝိနည်းဓိုလ် ၊ဒုတိယအကြိမ် အင်းစိန်မြို့နယ် သံဃာ့နာယကအဖွဲ့ဒုတိယ ဥက္ကဌ ၊တတိယအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နှင့်တောင်တန်းသာသနာပြု သြဝါဒါစရိယ ၊အင်းစိန်မြို့နယ် ပထမပြန်စာမေးပွဲ ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ၊နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)အဘိဓမ္မ ပါမောက္ခ ၊ ဒုတိယ ပါမောက္ခချုပ်ပဉ္စမ အကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊နိုင်ငံတော် သံဃာ့မဟာနယက အဖွဲ့ဝင်၊တွဲဖက်အကျိုးတော်ဆောင်၊ဒုတိယဥက္ကဌစသည့်တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပြီး ..နိုင်ငံတော် သြဝါဒါစရိယတာဝန်၊ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယတာဝန်များကို ထမ်းဆောင်တော်မူဆဲ ဖြစ်ပါတယ် 

၎င်းတို့အပြင် နွေရာသီ အဆင့်မြင့် ဗုဒ္ဓအဘိဓိမ္မာ(ယမိုက်၊ပဋ္ဌာန်း၊ဆန်းစသော)သင်တန်းများကိုမဟာဗျူဟာအသင်း၌ (၃) နှစ် ၊ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်၌ အနှစ် (၂၀) ၊ပဲခူး၊ မန္တလေး ၊တောင်ကြီး ၊ ကလေးမြို့တို့၌ အခါအားလျော်စွာလှည့်လည် ပို့ချတော်မူခဲ့ပါတယ် ..

လူဝတ်ကြောင်များအတွက် အဘိဓမ္မာသင်တန်းများကိူလဲ အဘိဓမ္မာ စာမေးပွဲများ ဖြေဆိုနိုင်သည်အထိ (၁) နှစ်လျှင် (၂) ကြိမ် ပို့ချတော်မူခဲ့ပြီး၊ရွာမစာသင်တိုက်၌ သြင်္ကန်တွင်း တရားစခန်းများတွင်လဲ နှစ်စဉ် သတိပပဋ္ဌာန်တရားပြပေးခြင်း၊ရဟန်းခံ၊သိမ်သမုတ် စသော ကံကြီး၊ကံငယ် သံဃာ့ကိစ္စ များနှင့် ဆက်စပ်သည့် နေရာတိုင်း ဦးဆောင်၊ဦးရွက်ပြုကာ အလေးထားဆောင်ရွက်တော်မူခဲ့ပါတယ်..

ထို့အပြင် ဆရာတော်ကြီးဟာ

၁.ဗုဒ္ဓစာပေ ပရိယတ္တိ သုတေသီများအတွက် အလွယ်တကူလေ့လာဖြေဆိုနိုင်စေရန် ခေတ်မှီ ပုစ္ဆာ အဖြေစုံကျမ်းများရေးသားပြုစုတော် မူခဲ့ပြီး ဗုဒ္ဓစာပေတွင် အခက်ခဲ၊အနက်နဲဆုံးဖြစ်တဲ့ (ဓမ္မသင်္ဂဏီ ၊ ဓာတုကထာ ၊ ယမက၊ ပဋ္ဌာနစသော) အဘိဓမ္မာ ပိဋကတ် (၇)ကျမ်းကို (၆) လ မှ(၁) နှစ်အတွင်း ပါရဂူမြောက် ကျွမ်းကျင်အောင်လေ့လာသင်ယူနိုင်သည့် သင်ကြားနည်းစနစ် အသစ်များကို ပေါက်ရောက်အောင်မြင်အောင် ကျမ်းပြုတီထွင်နိုင်ခဲ့ပါတယ် ..၎င်းအပြင် (၇)ရက်ခန့်ဖြင့် ပါဠိဂါထာရေးသားစီကုံးနိုင်သော နည်းစနစ်ကိုလဲ ကျမ်းပြုတီထွင်နိုင်ခဲ့ပြီးပါဠိ ဘာသာကို အရေး၊အဖတ်၊အပြော၊နားထောင်4 skills တတ်မြောက် ကျွမ်းကျင်စေနိုင်သည့်ပါဠိ ဘာသာ လေ့လာနည်းကျမ်းများစွာကိုရေးသားပြုစုနိုင်ခဲ့ပါတယ် ..

၂.မြန်မာဘာသာဖြင့် ရေးသားပြုစုခဲ့သော ကျမ်းပေါင်း(၃၀)၊ကျော်မက ပါဠိ ဘာသာဖြင့်ရေးသားပြုစုခဲ့သော

ကျမ်း (၃)ဆူ ရှိပြီး လက်ရှိမြန်မာနိုင်ငံ၏ပရိယတ္တိပညာရေးနှင့် အဆင့်မြင့် အဘိဓမ္မာသင်ကြားနည်း ယန္တရားကို ရာနှူန်းပြည့် လည်ပတ်နေသော စနစ်မှာ ဆရာတော်ဘုရားကြီး ရဲ့ နည်းစနစ်များပဲဖြစ်ပါတယ် ..

၃.မြန်မာနိုင်ငံ၌ သံဃာထု (၄) သိန်းကျော်နှင့် သီလရှင်ပေါင်း (၆)သောင်း ကျော် ရှိသည့်အနက် ဆရာတော်ထံအဆင့်မြင့် အဘိဓမ္မာ ပဋကတ် မလေ့လာမသင်ကြားဖူးသော သံဃာ နှင့် သီလရှင် မရှိသလောက်ရှားပါးပြီးမြန်မာနိုင်ငံ ဗုဒ္ဓသာသနာ၌ တိပိဋကဓရ တိပိဋကကောဝိဒဓမ္မဘဏ္ဍာဂါရိကဘွဲ့ရ (၁၄) ပါး ပေါ်ထွန်းခဲ့တဲ့အနက်အဘိဓမ္မာ အရာ၌ ဒိသာ ပါမောက္ခ ပါရဂူအဆင့်တတ်မြောက်ကျွမ်းကျင်သည့် တပိဋကဆရာတော်တပည့်ကြီး (၂) ပါး ပေါ်ထွန်းခဲ့ပါတယ် ..မြန်မာပြည်တွင်သာမက နိုင်ငံတကာမှာပါ သွားရောက်

ပညာသင်ကြားနေသော BA,MA,Ph.D ဘွဲ့ရတပည့်ပေါင်းများစွာရှိပြီး မြန်မာပြည်ရှိ အောင်မြင်ကျော်ကြားနေသော Ph.D ဘွဲ့ရဆရာတော်အများစုမှာလည်း ဆရာတော်ဘုရားကြီး၏ တပည့်များပင်ဖြစ်ပါတယ် ..

၂၀ ရာစုနှောင်းပိုင်း ၂၁ ရာစုအတွင်းဗုဒ္ဓစာပေအဘိဓမ္မာ ပိဋကတ်ကိုအအောင်မြင်ဆုံး၊အကောင်းဆုံးလေ့လာနိုင်တဲ့နည်းစနစ်ကို တီထွင်နိုင်ခဲ့တဲ့ဗုဒ္ဓစာပေ ပရိယတ္တိ သာသနာအတွက် နေမင်းကြီးတစ်ဆူဖြစ်သလို ၊ ဗုဒ္ဓသာသနာအတွက် လမင်းကြီးတစ်ဆူလဲဖြစ်တဲ့ ဆိုခဲ့ပြီးသော အရည်အချင်း ဂုဏ်ရည်များစွာပိုင်ဆိုင်တဲ့ သာသနာ့ အာဇာနည် ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်

မူရင္းေရးသားပူေဇာ္သူ - ေအးခ်မ္းမင္း Aye Chan Min

No comments:

Post a Comment