Thursday, January 17, 2013

မက်ဆိုပိုတေးမီးယားပြန် ဦးကျော်စိန် (သို.) ရဲမင်းကြီးဦးကျော်စိန်

ဖခင် ဦးကံ နှင်.မိခင် ဒေါ်ငွေစု တို.မှ မွေးဖွားသော ၀ါးခယ်မ ဇာတိသား ဖြစ်ပါသည်....၀ါးခယ်မမြို. ဦးဖေ ကျောင်းတွင် ၇ တန်းထိ ပညာသင်ယူခဲ့ပြီး ရန်ကုန်တွင် ၈ တန်းမှ စ၍ ပညာသင်ကြားပါသည်....အင်္ဂလိပ် တို.က မက်ဆိုပိုတေးမီးယား စစ်မျက်နှာသို. မလိုက်လျှင် ၈တန်းအအောင်မပေး ဆိုသဖြင်. စစ်ထဲဝင်ခဲ့ရပြီး စာတိုက်ဗိုလ်အဖြစ်ဖြင်. စစ်မျက်နှာပြင်သို. ပါသွားခဲ့ရပါသည်....စစ်တပ်တွင် ၂ နှစ် တာဝန်ထမ်းဆောင်ပြီးနောက် ကှန်းမာရေးကြောင်. တပ်မှထွက်ကာ ရာဇ၀တ်အုပ် သင်တန်း တက်ခဲ့ပါသည်...ထိုသင်တန်းများတွင်မူ တက်ရောက်သမျှသော သင်တန်းအားလုံး၌ ပထမ ရအောင်ထူးချွန်ခဲ့ပါသည်...ငယ်ငယ်ရွယ်ရွယ် အသက် ၂၃ နှစ်မှာပင် ရဲဝန်ထောက်ဖြစ်လာခဲ့ပါသည်....ပထမ အိမ်ထောင်ဖက်မှာ ရွာသစ်သူ ဒေါ်မမကြီး ဖြစ်ပြီး ဒုတိယ လက်တွဲဖော်မှာ ဒေါ်ခင်သူ ဖြစ်ပါသည်..မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဒုတိယ ရဲမင်းကြီးတာဝန် ယူခဲ့ရပါသည်.....အလယ်ပိုင်းတိုင်း ရဲမင်းကြီး ရာထူးထိ အဆင်.ဆင်. တာဝန်ထမ်းဆောင်ခဲ့ပြီး ၅၅ နှစ်အရွယ်တွင် အငြိမ်းစား ယူခဲ့ပါသည်.....၀ါးခယ်မ မြို.နယ် အသင်း(ရန်ကုန်) ၏ စတုတ္ထ မြောက် ဥက္ကဌ တာဝန်ကို ၁၉၆၄ မှ ၁၉၆၆ ထိ ထမ်းဆောင်ပေးခဲ့ပါသည်.... ထူးချွန်သော နိုင်ငံသား တစ်ဦးအနေဖြင်.လည်းကောင်း...၀ါးခယ်မအသင်း(ရန်ကုန်) ၏ ဥက္ကဌ ရာထူးကို တာဝန်ယူပေးခဲ့သူ တစ်ဦး အနေဖြင်.လည်းကောင်း ဂုဏ်ပြု ဖော်ပြအပ်ပါသည်.....


.အချက်အလက်များကို ရွှေရတု မဂ္ဂဇင်း မှ မှီငြမ်းပါသည်

No comments:

Post a Comment