Wednesday, January 23, 2013

သူများအကြောင်းလည်း မပြောတတ်ပါ စပ်မိစပ်ရာ အနုပညာလောက




အနုပညာ လောက ရဲ. သဘောကိုက ပြင်ပက လူတွေ သိပ်နားမလည်နိုင်လောက်တဲ့ ပတ်သက်ဆက်နွယ်မှုမျိုးတွေ ရှိနေတတ်ပါတယ်....ဒါကလည်း သူတို.ရဲ. လုပ်ငန်းသဘောအရ တွေ ဖြစ်နိုင်တာမို. ကိုယ်တွေ လိုက်မမှီနိုင်တာမျိုးတွေလည်း ရှိနေတတ်ပါတယ်...ခုဒါကတော. တွေ.၇တဲ့ သတင်းအပိုင်းအစလေးတစ်ခုကို လိုရင်းလေးတွေ ပြန်ရေးပေးထားတာဖြစ်ပါတယ်...ဘယ်ကလည်း ဆိုတာတော. မသိပေမယ်.Myarnatmg Entertainment က၇လာတဲ့ သတင်းအပိုင်းအစလေးပါ

ရေးထာတာလေးတွေက ..." Top Ten စာရင်းထဲက နာမည်၂လုံးပိုင်ရှင် တိုင်းရင်းသား မင်းသား တစ်ယောက်ရဲ. တစ်ခါမှ နာမည်မထွက်ဖူးတဲ့ ချစ်ရေးချစ်ရာ သတင်းပါတဲ့ ..၂၀၁၂ ခုနှစ်ထဲမှာမှ ကျောင်းတစ်ဖက်နဲ. အနုပညာလောက ထဲကို ခြေချလာခဲ့ပြီး ကြော်ငြာ..Billboard တွေနဲ. VCD တွေမှာပါတွေ.မြင်လာရတဲ့ ကော်ပတ်ရုပ်လေးလို လှပတဲ့ ဆယ်ကျော်သက် မင်းသမီးလေးနဲ. ချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းပါတဲ့...ကောင်မလေး ဘက်က ၀န်ခံပေမယ်. မင်းသားကတော. တွဲနေချိန်ကတော. သူစဖြတ်လိုက်ချိန်ထိ မဟုတ်ပါဘူးတဲ့

Top Ten စာရင်းထဲ က ကိုရီးယား မင်းသားနဲ့ တူတဲ့ နာမည် ၃လုံးပိုင်ရှင်က အဖျော်ဖြေခံ မိန်းကလေး တစ်ဦးနဲ. အတူသွားရောက်...  ကနေ အဲ့ဒီမိန်းကလေးရဲ. မိဘတွေက အမိဖမ်း လိုက် ပေမယ်. သူ.ဘက်ကလည်း ကြည်ဖြူတာမို. လူမသိ..သူမသိ လက်မှတ်ထိုးလိုက်ရတယ်လို. အဲ့ဒီမိန်းကလေး ရဲ. ရပ်ကွက်မှာ သတင်းထွက်နေပေမယ်. အင်တာဗျုး တစ်ခုမှာတော. လက်ထပ်ဖို. လိုသေးကြောင်း အဲ့ဒီသတင်းကိုတော.ဖြေရှင်းမှာမဟုတ်ကြောင်းပြောခဲ့ပါတယ်တဲ့ ..အရင်နှစ်ကလည်း သူ.ရဲ. သူ.ရဲ.ျမဂ်လာ သတင်းတွေ ၇ှင်းလင်းခဲ့ရပါသေးတယ်တဲ့


မျက်ဝန်းတွေ ညှို.အားကောင်းတဲ့ နာမည် ၂ လုံးပိုင်ရှင် မင်းသားဟာ  အသက်ကြီးပေမယ်. အလှအပတွေ ခုထိထိန်းထားနိုင်တဲ့ ဇာတ်ကားတွေမှာတွေ.မြင်ရဆဲ ၀ါရင်.သရုပ်ဆောင်အကယ်ဒမီ မင်းသမီးနဲ.ချစ်ကြိုးသွယ်နေကြတာ ဘယ်သူဖျက်ဖျက် မပျက်ပါဘူးတဲ့

အကြီးတန်းထဲက ပရဟိတ လုပ်ငန်းတွေ လုပ်နေတဲ့ နာမည် ၃ လုံးမင်းသားဟာ သရုပ်ဆောင်လောက ထဲ ၀င်ရောက်လာတဲ့ တက်သစ်စ မင်းသမီးငယ်တွေကို ဆွဲ.....နေတယ်လို.သိရပြီး သူ.လို လက်ရှိအိမ်ထောင်နဲ. ကလေး၂ယောက်အဖေ မင်းသားလည်း ၀င်ကာစ မင်းသမီးတွေ နဲ. အီစီကလီ ဇာတ်လမ်းတွေ လုပ်နေတယ်လို. အနုပညာလောက မှာအသံထွက်နေပါတယ်တဲ့


Written by ချမ်းမြသွေး


No comments:

Post a Comment