Wednesday, January 16, 2013

လာပြန်ပြီ ဓါးကို ပေးတဲ့နာမည်က..


မှတ်မိကြပါလိမ်.အုံးမည်   ၂၀၁၂ သြဂုတ်လ ၀န်းကျင်ခန်.က ဖြစ်ခဲ့သည်. ကိစ္စရပ်တစ်ခု... ၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်. အမေရိကန် Icon Shoe Manufacturing Company က ဗုဒ္ဓပုံတော်များ ပါသည်.ဖိနပ်ကို ထုတ်လုပ်ဖြန်.ချီမည် ဆို ၍ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ.အစည်းများ ၏  ပြင်းပြင်းထန်ထန် ကန်.ကွက်မှုများ ပေါ်ပေါက်ခဲ့ကြသည်.အကြောင်း...........

သို့အတွက် ကြောင့် ယင်းတို့ ၏ Website မှ ဗုဒ္ဓ ပုံတော်များ ပါသော ဖိနပ် များကို ပယ်ဖျက်ပြီး ဖြစ်ကြောင်း   ကြေငြာ ခဲ့ရသည်။ ကုမ္ပဏီ ဌာနချုပ် (ကယ်လီဖိုးနီးယား) မှ ပယ်ဖျက် ရခြင်း အကြောင်း ကို မပြော ခဲ့သော် လည်း၊ တစ် ကမ္ဘာလုံး အတိုင်းတာ ဖြင့် ဆန့်ကျင်မှု အကြောင်း ရင်း ကြောင့် ဖြစ်နိုင် သည် ဟု သတင်း များ မှ တင်ပြ ခဲ့သည်။

 
“ဆိုးဝါးသော စိတ်ကူးများဖြင့် ဖန်တီးထားတဲ့ ဒီဖိနပ်တွေကို အွန်လိုင်း ကက် တလောက် မှ ကြေငြာ ခြင်း(https://www.facebook.com/iconshoesandhandbags) ကို ပယ်ဖျက်ခြင်း သည် ပထမအဆင့် ဆောင် ရွက်ချက်ဖြစ် ပြီးထို Icon Shoes ကုမ္ပဏီ သည် ဗုဒ္ဓသာသာ ယဉ်ကျေးမှု ကို လေးစားသော အားဖြင့် နောက်နောင် တွင် ထိုသို့ သော ဘာသာရေး ကို စော် ကားသည် ပြု လုပ်ဆောင်ရွက် မှုများ မပြုလုပ်ရန် ဖြစ် သည်။” - ဟု International Campaign for Tibet မှ Bhuchung Tsering က ပြောခဲ့သလို တိဘက်၊ ဘူတန်၊ နှင့် အခြားသော နိုင်ငံ များစွာ တို့မှ Icon Company သို့ ကန့်ကွက် ရှုံချ သည့် စာ များ ရေးသား ပေးပို့ခဲ့ ကြ သည်။ ကုမ္ပဏီ ဖေ့(စ)ဘွတ် စာ မျက်နှာ တွင်လည်း ကန့်ကွက်မှု များ အ လွန် ပြည့် လျှံ ခဲ့ပြီး၊ ဖုန်းများ ခေါ်ဆို ကန့်ကွက် မှုများလည်း ဆက်တိုက် ဖြစ် ခဲ့ သည်။ နိုင်ငံ တကာ Social Websites များ၊ နှင့် အွန်လိုင်း စာ မျက်နှာ တို့မှ ကန့်ကွက် မှုများ ဆက်တိုက် ဖြစ် ပေါ် ခဲ့သည်။

၂၀၁၀ ခုနှစ် စက်တင်ဘာ လ တွင် လည်း၊ အမေရိကန် ဖိနပ် ကုမ္ပဏီ တစ် ခုဖြစ်သော Converse Shoe Company သည် ဟိန္ဒူ လူမျိုးတို့ အထွဋ် အမြတ် ထားသော နတ်၊ ဘုရား၊ မယ်တော် ပုံ များကို ဖိနပ်များ တွင် ဒီဇိုင်း ဆင်၍ ပြုလုပ် ခဲ့ သောကြောင့် တစ်ကမ္ဘာလုံးရှိ ဟိန္ဒူ ဘာသာ ၀င်တို့ အပြင်း ထန် ကန့်ကွက် ခဲ့ ကြသည်။

ထို.အပြင်မြန်မာနိုင်ငံအတွင်းသို. ဓမ္မစင်္ကြာ ပုံများပါသော ပါတိတ်ထမိန်စများ တင်သွင်လာခြင်းမျိုးလည်း မှတ်မိကြပါအုံးမည်…


ယခုလာပြန်ပါပြီ….ခလုတ်ဓါး ၏ Brand ကို မြတ်ဗုဒ္ဓ ဟု အမည်တပ် ဖြန်.ချီရောင်းချခြင်းများကို မတိုးဆိုင်များ လမ်းဘေးဆိုင်များတွင်တွေ.နေရပြန်ပါသည်တဲ့….ရောင်းချသူများ ကတော. ထိုင်း က ၀င်သလို တရုပ်က ၀င်သလိုပြောနေသော်လည်း ထိုနိုင်ငံများက တကယ်ထုတ်/မထုတ်ကတော. သံသယဖြစ်ဖွယ်ပင်…BUDDHA စာလုံးကို အလွယ်တကူ မဖျက်နိုင်အောင် ဓါးသွားတွင် ထင်ရှားစွာရေးထိုးထားပြီး အသွား ၅ လက်မ အရိုး၅ လက်မ ခန်.ရှိကာ ဓါးသွားအနက် လက်ကိုင်ရိုးအနီ နှင်.ရောင်းဈေး ၃၀၀၀ ခန်.ရှိပါသည်တဲ့
ကဲ မ၀ယ်ပဲနေလိုက်ရုံနဲ.ပြီးမလား….ရောင်းတဲ့သူကိုအရေးယူမလား..သွင်းတဲ့တရားခံ ကို၇ှာမလား….ထုတ်တဲ့သူကိုခြေရာခံမလား

Source ; The Hot News

No comments:

Post a Comment